← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

Chapter 220

သူမ အရွယ်အလွန်ငယ်စဉ်ကပင် မိဘများက သူမကို အိမ်တွင် တစ်ယောက်တည်း ထားရစ်ခဲ့ကာ အခြားမြို့များသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်။

မိုးရွာသော နေ့များတွင် ကျယ်လောင်လှသော မိုးခြိမ်းသံများကြောင့် သူမ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ခဲ့ရပြီး တံခါးကို ဘယ်အချိန်ပဲ ဖွင့်ကြည့်ဖွင့်ကြည့် မှောင်မိုက်နေသော အိမ်ထဲတွင် သူမ တစ်ယောက်တည်းသာ အမြဲ ရှိခဲ့သည်။

အသက် ငါးနှစ် ခြောက်နှစ် အရွယ်ရောက်သောအခါ သူမက ထိုင်ခုံပုလေးပေါ်တွင် မတ်တပ်ရပ်ကာ ထမင်းဟင်းချက် ပြုတ်တတ်ခဲ့ပြီ ဖြစ်သည်။ အရွယ်ရောက်လာသည်နှင့်အမျှ သူမက မိဘများကို မလိုအပ်တော့သော်လည်း တစ်ခါတစ်ရံတော့ လွမ်းဆွတ်မိတတ်သည်။

သူမ ဆယ်နှစ်ကျော်ကြာပြီးနောက် မိဘများ ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့သော် သူတို့နှင့်အတူ သူတို့ အလွန် အလိုလိုက်ထားသော အဖိုးတန်ရတနာလေးဖြစ်သည့် အသက်များစွာ ကွာဟသော မောင်လေးတစ်ယောက် ပါလာသည်။

ယွီရွေ့ကျူးက ထိုသက်လတ်ပိုင်း ဇနီးမောင်နှံနှင့် အခန်းထဲတွင် ငိုကြွေးနေသော ဆွေမျိုးများကို တစ်လှည့်စီ ကြည့်ပြီး ရုတ်တရက် အရာအားလုံးကို စိတ်ပျက် ငြီးငွေ့သွားသလို ခံစားရသည်။

'ဘာလို့များ ဒီအကြောင်းတွေကို ရုတ်တရက် အိပ်မက် မက်ရတာလဲ၊ ဒီလို ဟန်ဆောင်ကောင်းတဲ့ လူတွေကို ထပ်ကြည့်နေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ'

"သူသာ ငါတို့စကားကို နားထောင်ပြီး ခေါင်းမာတာတွေကို ရပ်တန့်ခဲ့မယ်ဆိုရင်၊ အိမ်ထောင်ပြု ကလေးယူတဲ့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လျှောက်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ အခုချိန် သူ့မှာ ရည်းစားတစ်ယောက်လောက် ရှိနေလောက်ပြီ"

"သူ အိမ်ထောင်ကျပြီး မိသားစုတစ်ခု တည်ထောင်လိုက်ရင် သူ့မောင်လေးကို ထောက်ပံ့ပေးနိုင်မယ်လို့ ငါတို့ ထင်ထားခဲ့တာ၊ ဒါပေမယ့် အခုတော့ အနာဂတ်မှာ အရာအားလုံးအတွက် ငါတို့သားလေးကိုပဲ အားကိုးရတော့မှာပဲ"

"ဒါပေမယ့် သူ့လို ခေါင်းမာတဲ့ အကျင့်စရိုက်နဲ့ဆိုရင် အိမ် ထောင်ပြုပြီး ကလေးရရင်တောင် ယောကျ်ားနဲ့ သဘောထား ကွဲလွဲနေဦးမှာပါပဲ"

ထိုသက်လတ်ပိုင်း ဇနီးမောင်နှံက မကျေနပ်ဟန်ဖြင့် ခေါင်းယမ်းမိသည်။ ချိတ်ဆွဲထားသော အဖြူအမည်း ဓာတ်ပုံထဲမှ ပြုံးနေသော မိန်းကလေးကို ကြည့်ကာ သူတို့က သက်ပြင်း‌ချနေသည်။

"ထားလိုက်ပါတော့လေ၊ သူလည်း မရှိတော့တဲ့ဟာ၊ ဒီအ ကြောင်းတွေ ပြောနေလည်း ဘာထူးတော့မှာလဲ"

အိပ်မက်ထဲတွင်ပင် ယွီရွေ့ကျူးက သူမ ထုံးစံအတိုင်း အေးစက်စွာ ရယ်မောမိသော်လည်း ထိုသက်လတ်ပိုင်း ဇနီးမောင် နှံကမူ ယခုအခါတွင် သူမကို မကြားနိုင်တော့ပေ။

နှမြောစရာပင်။

အကယ်၍ အိပ်မက်များကသာ ဆန္ဒများကို အမှန်တကယ် ပြည့်ဝစေနိုင်မည်ဆိုပါက ယွီရွေ့ကျူးသည် ထိုလူနှစ်ယောက်ကို သူတို့မရှိဘဲ သူမ ကောင်းကောင်း နေထိုင်နေကြောင်းနှင့် မည်သို့ပင်ဖြစ်စေ သူမ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း ပြောပြချင်မိသည်။

သူမ ပတ်ဝန်းကျင်မှ ငိုကြွေးသံများက တဖြည်းဖြည်း တိတ် ဆိတ်သွားပြီး ထိုသက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီး ပုံရိပ်များမှာလည်း ပိုဝေဝါးလာသည်။

၎င်းမှာ အိပ်မက်တစ်ခု ဖြစ်သဖြင့် ယွီရွေ့ကျူးက အဝေးသို့ လှမ်းကြည့်ရာ အခန်းပြင်ပ မြက်ခင်းပြင်တွင် ဘောလုံးကို ပျော်ရွှင်စွာ ကန်နေသော သူမ မောင်လေးကို မြင်လိုက်သည်။

ဤမျိုးရိုးဆက်ခံမည့် မောင်လေးက သူမအပေါ် သံယောဇဉ် မရှိပုံရရုံသာမက အခြားမည်သူ့အပေါ်တွင်မျှလည်း သံယောဇဉ် ရှိပုံမပေါ်ပေ။

ဒီလိုထူးချွန်တဲ့ သားတစ်ယောက်က သူလုပ်သမျှ ပြဿနာများကို လိုက်လံ ရှင်းလင်းပေးမည့် သူမ မရှိတော့သည့်တိုင်...၊ အာ... သူမက သူ့ပြဿနာများကို တစ်ခါမှ လိုက်မရှင်းပေးခဲ့ဖူးဘူးပဲ'

မည်သို့ပင်ဖြစ်စေ ထိုဇနီးမောင်နှံသည်တော့ အလွန် သက်တောင့်သက်သာ ရှိသော ဘဝကို ဖြတ်သန်းသွားကြမည်မှာ သေချာသည်။

သူတို့ မပျော်ရွှင်ဘူးဆိုလျှင်တော့ ယွီရွေ့ကျူး ပျော်ရွှင်ရမည် ဖြစ်သည်။

ဤရှင်းပြ၍မရသော အိပ်မက်က အလွန် ထူးဆန်းလွန်းသဖြင့် အခြားကမ္ဘာတစ်ခုတွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အရာလား သို့မဟုတ် သူမ မသိစိတ်က ဖန်တီးထားခြင်းလားဆိုတာကို ယွီရွေ့ကျူး ခွဲခြား၍ပင် မရတော့ပေ။

သူမ သွေးသားရင်းချာ သံယောဇဉ် ခေါင်းပါးမှုကို ထောက် ရှု၍ ထိုလူများကို သူမ ဘာကြောင့် ရုတ်တရက် အိပ်မက် မက်ရသနည်းဆိုသည်ကိုပင် နားမလည်နိုင်အောင် ဖြစ်ရသည်။ သူမ မျက်လုံးများ ဖွင့်လိုက်ချိန်တွင် ယွီရွေ့ကျူး၏ အသိစိတ်များ ဝေဝါးနေဆဲပင်။

ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကြီးမှာ မှောင်မိုက်လာပြီ ဖြစ်သည်။

အခန်းထဲတွင် တိတ်ဆိတ်ပြီး သူမ တစ်ယောက်တည်းသာ ရှိသည်။ သူမ အိပ်စက်မှု အရည်အသွေး ကောင်းမွန်စေရန်အတွက် ဟော်ချန်ယဲ့က အေးစက်ပြီး မာကျောသော ခန်းပေါ်တွင် နူးညံ့ပြီး စပရင်ပါသော မွေ့ရာတစ်ခုကို ခင်းပေးထားသည်။

သူမ မျက်လုံးဖွင့်ချိန်တွင် အချိန်အတော်ကြာအောင် အိပ်မောကျခဲ့သလို ခံစားရပြီး တစ်ကိုယ်လုံး တောင့်တင်းနေကာ ထ၍ပင် မရနိုင်တော့ပေ။

လေပြေကြောင့် ကန့်လန့်ကာများက အနည်းငယ် လွင့်ဝဲကာ လှိုင်းလေးများ ဖြစ်ပေါ်နေပြီး ယွီရွေ့ကျူး ဆံနွယ်များကိုလည်း လေက ညင်သာစွာ တိုက်ခတ်သွားသည်။

သူမ ထထိုင်ပြီး တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ကြည့်ကာ လောကကြီးဆီမှ စွန့်ပစ်ခြင်းကို ခံရသလို ခံစားမိသည်။

သူမက မသိမသာ မတ်တပ်ရပ်ကာ ဖိနပ်စီးပြီး ဟော်ချန်ယဲ့ကို သွားရှာရန် တွေးလိုက်သည်။

အချိန်အများကြီး ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဟော်ချန်ယဲ့ ပြန်မရောက်လာသေးပေ။ သူ ဘာလုပ်နေသနည်းဟု သူမ တွေးမိသည်။ ယခုအချိန်ဆိုလျှင် ပြောင်းဖူးများ သယ်ပြီး ပြန်ရောက်သင့်သည်။

သူမ အပြင်ထွက်ချိန်တွင် မြေပြင်ပေါ်ရှိ ပလတ်စတစ်စပေါ်၌ ပြောင်းဖူးပုံများကို တွေ့ရသော်လည်း သိပ်မများလှပေ။ ပြောင်းဖူးများကို အခွံထူထူများဖြင့် ဖုံးအုပ်ထားရာ သိမ်း ဆည်းရန်အတွက် တစ်ခုချင်းစီ အခွံခွာရဦးမည်။

ယွီရွေ့ကျူးက သေချာပင် မကြည့်တော့ဘဲ အပြင်သို့ ထွက်လာခဲ့သည်။ သူမ သိပ်မဝေးသေးဘဲ ထောင့်ချိုးတစ်ခုကို ကွေ့လိုက်ချိန်တွင် လေဆင်နှာမောင်းတစ်ခုအလား အပြေး အလွှား လာနေသော လျန်စစ်ကို တွေ့လိုက်ရပြီး သူက ပြာယာခတ်နေသဖြင့် ဖိနပ်တစ်ဖက်ပင် ကျွတ်ကျန်ရစ်ခဲ့သည်။

သူ့ မျက်နှာမှာ ထိတ်လန့် တုန်လှုပ်ပုံပေါ်သည်။

"မရီး... အစ်ကိုချန်ယဲ့ ဖမ်းခေါ်သွားခံရပြီ"

ယွီရွေ့ကျူးမှာ လန့်ဖြန့်သွားပြီး နားမလည်နိုင်စွာဖြင့် ပြန်မေးသည်။

"ဖမ်းခေါ်သွားတယ် ဟုတ်လား"

"ဒီက ဝက်သားတွေကို ရေထိုးထားတဲ့ ဝက်သားတွေနဲ့ ရောနှောထားတယ် ဆိုပြီး မိသွားတာတဲ့၊ အစ်ကိုချန်ယဲ့ အဖမ်းခံရပြီ၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ မရီး"

ယွီရွေ့ကျူး ခန္ဓာကိုယ်လေး ယိမ်းယိုင်သွားပြီး သူမ ဗိုက်ထဲတွင် ပိုလှိုင်းထန်လာကာ အော့အန်ချင်စိတ်များ တဟုန်ထိုး တက်လာပြီး လဲကျတော့မလို ခံစားလိုက်ရသည်။

All Chapters