← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

Chapter 227

ကောင်းကင်ကြီးက ယခုမှ စတင် လင်းလာကာ ယွီရွေ့ကျူး နက်မှောင်တောက်ပသော မျက်လုံးများကို စုန့်ချင်းရှန်း ရှင်းလင်းစွာ မြင်တွေ့နိုင်လောက်ပြီ ဖြစ်သည်။

သူမ လှပသော မျက်လုံးများက သူ့ အတွင်းစိတ်လျှို့ဝှက်ချက်များ အားလုံးကို ဖောက်ထွင်းမြင်နေရသည့်အလား သူ့ကို စိုက်ကြည့်သည်။ စုန့်ချင်းရှန်းက မျက်နှာလွှဲပြီး သူ့ မျက်မှန်ကို ပင့်တင်သည်။

"မင်း ငါ့ဆီ ဘာလို့ လာတာလဲဆိုတာ ငါ သိပါတယ်ရွေ့ကျူး၊ ဟော်ချန်ယဲ့ရဲ့ အခြေအနေကို ငါ သိပေမယ့် ငါ သူ့ကို မကူညီနိုင်ဘူး"

"ငါက ကိုယ်ကျိုးအတွက် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်နိုင်ဘူးလေ၊ ငါတို့က ဟော်ချန်ယဲ့ကို အခက်တွေ့အောင် လုပ်ချင်နေတာ မဟုတ်ပါဘူး

လူတစ်ယောက်က သူ ရေထိုးထားတဲ့ ဝက်သားတွေ ရောင်းတယ်လို့ တိုင်ကြားခဲ့လို့ ငါတို့ စုံစမ်းစစ်ဆေးကြည့်တော့ တကယ်ပဲ ပြဿနာရှိနေတာကို တွေ့ရတာပဲ၊ ငါတို့က စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်ရုံပါပဲ"

"မဖြစ်နိုင်တာ"

ယွီရွေ့ကျူး မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိဘဲ သူ့ကို တည်ငြိမ်စွာ မော့ကြည့်သည်။

"ချန်ယဲ့က ဒီလိုကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး၊ သူ့စရိုက်ကို တခြားသူတွေထက် ကျွန်မ ပိုသိတယ်

ရှင် တစ်ယောက်ယောက်ကို ချောက်ချချင်တယ်ဆိုရင် တောင် စုန့်ချင်းရှန်း... ရှင် လူရွေးမှားသွားပြီ"

စုန့်ချင်းရှန်း အကြည့်များတွင် သနားညှာတာမှု အရိပ်အ ယောင်များ ပါဝင်ပြီး သူမကို ငုံ့ကြည့်သည်။

"ရွေ့ကျူးရယ်... လူတွေဆိုတာ ပြောင်းလဲတတ်ကြတာပဲ၊ အရင်က ဆင်းရဲတဲ့ ကောင်လေးက ရိုးသားပြီး တစ်ခါမှ မလိမ်ညာခဲ့ဖူးရင်တောင်မှ သူ့စီးပွားရေး ကြီးထွားလာတာနဲ့အမျှ လည်လုံးလေး နည်းနည်းသုံးလိုက်ရင် သူ့အမြတ်တွေက နှစ်ဆတိုးလာနိုင်တာပဲလေ"

"ပြီးတော့ အခု သက်သေအထောက်အထားတွေကလည်း ခိုင်လုံနေပြီ၊ အရည်အသွေး စစ်ဆေးမှု အစီရင်ခံစာအရ ဝက်သားမှာ ရေပါဝင်မှုက သိသိသာသာကို လွန်ကဲနေတာ ပြနေတယ်၊ ဟော်ချန်ယဲ့ကိုလည်း စုံစမ်းစစ်ဆေးဖို့ ဖမ်းခေါ်သွားပြီးပြီ၊ ရွေ့ကျူး မင်း... မင်းကိုယ် မင်း ဂရုစိုက်ပါ"

သူက သက်ပြင်းချလိုက်သည်။

"တကယ်တော့လေ ရွေ့ကျူး... မင်း ဒီလိုတွေ ခံစားနေစရာ မလိုပါဘူး၊ ဟော်ချန်ယဲ့ ပြဿနာတက်လို့ မင်း စိတ်ထိခိုက်နေတယ်ဆိုတာ ကိုယ် သိပါတယ်

အခုဖြစ်နေတဲ့ အခြေအနေက ကိုယ်နဲ့လည်း သက်ဆိုင်တော့ မင်းကို နှစ်သိမ့်ပေးဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ကိုယ် အတော်လေး ခေါင်းစားနေခဲ့ရတာ

အကယ်၍များ အဲဒီတုန်းက မင်းကို လက်ထပ်ဖို့ ကိုယ် မငြင်းခဲ့ဘူးဆိုရင်၊ ကိုယ်တို့သာ အတူတူ ရှိနေခဲ့ကြမယ်ဆိုရင် ဒီလိုတွေ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး"

"ရွေ့ကျူး..."

သူက ယွီရွေ့ကျူးအနားသို့ တစ်လှမ်း တိုးကပ်လာပြီး သူမကို နှစ်သိမ့်သည့်အနေဖြင့် ပခုံးပေါ်သို့ လက်တင်ရန် မဝံ့မရဲ ပြင်သည်။

"မင်းလည်း မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်၊ မင်းကိုယ် မင်းအတွက် ပိုပြီးစဉ်းစားပေးပါ"

သူ့မျက်လုံးများထဲရှိ အချစ်များက ပြည့်လျှံကျလုမတတ် ဖြစ်ပြီး သူမအနီးသို့ ကိုင်းညွတ်လာချိန်တွင် သူ့ အသက်ရှူသံများ ပိုမိုပြင်းပြလာသည်။

သူ ဆိုလိုရင်းက အလွန် သိသာထင်ရှားလှသည်။ ဟော်ချန်ယဲ့မှာ ထောင်ထဲရောက်ပြီး မကြာမီ အချိန်အတွင်း ပြန်ထွက်လာမည် မဟုတ်ကြောင်း သူမကိုယ် သူမအတွက် စဉ်းစားကာ တခြားတစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဘဝကို ဖြတ်သန်းတာက ပိုကောင်းကြောင်းပြောအား အရိပ်အငွေ့ပြကာ သူ့ကို ရွေးချယ်သင့်ကြား ယွီရွေ့ကျူးကို တိုက်ရိုက် ပြောချင်သည့်အလားပင်။

ယွီရွေ့ကျူး အော့အန်ချင်လာသည်။ သူမ တုံ့ဆိုင်းမနေဘဲ နောက်သို့ တစ်လှမ်းဆုတ်ပြီး သူမ ဝမ်းဗိုက်အောက်ပိုင်းကို မသိမသာ ပွတ်သပ်ကာ သူ့ကို မျက်စောင်းထိုး ကြည့်သည်။

ယွီရွေ့ကျူး အေးစက်စွာ ရယ်မောလိုက်သည်။

"စုန့်ချင်းရှန်း... ရှင့်ရဲ့ လက်ရှိ အခြေအနေကို ရှင် တော်တော်လေး ကျေနပ်နေပုံရတယ်၊ ဒါပေမယ့် ရှင် တစ်ခုခုကိုတော့ လျစ်လျူရှုထားမိသလိုပဲ

ဟော်ချန်ယဲ့ရဲ့ စက်ရုံက နေ့တိုင်း ပုံမှန် စစ်ဆေးမှုတွေ လုပ်တယ်လေ၊ ရှင် လုပ်ခဲ့တာတွေကို ဘယ်သူမှ မမြင်လိုက်ဘူးလို့ ရှင် ထင်နေတာလား၊ ပြီးတော့ ရှင် ချန်ထားခဲ့တဲ့ အရာတွေကော..."

သူမက မျက်ခုံးတစ်ဖက် ပင့်ကာ သူ့ကို မသိမသာကြည့် သည်။

"စုန့်ချင်းရှန်း... ကျွန်မတို့ရဲ့ အတိတ်က ပတ်သက်မှုကို ထောက်ထားပြီး ကျွန်မ အရမ်းကြီး ရက်ရက်စက်စက် မလုပ်ချင်ဘူး၊ ရှင်သာ သတိထားနေသင့်တာ"

ကောင်းကင်ကြီးက စတင် လင်းလာပြီဖြစ်ပြီး ယွီရွေ့ကျူး လက်ဖဝါးများတွင် ချွေးအနည်းငယ် စို့လာသည်။

သူမ မျက်နှာအမူအရာကတော့ ပြောင်းလဲခြင်း မရှိပေ။ စုန့်ချင်းရှန်း၏စကားများကို သူ့ထံပြန်လည် ပစ်ပေါက်လိုက်ပြီးနောက် သူမက သူ့မျက်နှာကို မသိမသာ အကဲခတ်သည်။

ပတ်ဝန်းကျင်က မှောင်ရီပျိုးနေဆဲဖြစ်ရာ အမြင်အာရုံ အသားကျရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

ယွီရွေ့ကျူးက စုန့်ချင်းရှန်း မျက်နှာပေါ်ရှိ အမူအရာကို ရှင်းလင်းစွာ မမြင်ရဘဲ အနည်းငယ် ပြင်းပြလာသော သူ့ အသက်ရှူသံများနှင့် တင်းကျပ်စွာ ဆုပ်ထားသော လက်သီးများကိုသာ မြင်နိုင်သည်။

သို့သော်လည်း ချက်ချင်းလိုလိုပင် စုန့်ချင်းရှန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားရာ သဘာဝကျလွန်းသဖြင့် ယွီရွေ့ကျူးပင်လျှင် သူမဘာသာ ထင်ယောင်ထင်မှား ဖြစ်သွားသည်ဟု တွေးမိမလိုပင်။

စုန့်ချင်းရှန်း အသံက နှေးကွေးပြီး နူးညံ့နေသည်။

"ရွေ့ကျူး... မင်း ဘာတွေ ပြောနေတာလဲ၊ မင်း ကြားချင်တဲ့ စကားတွေကို ကိုယ့်ဆီက ထွက်လာအောင် လုပ်နေတာလား

ဒါပေမယ့် မင်း တကယ်ကို အထင်လွဲနေတာပါ၊ ဟော်ချန်ယဲ့ ကိစ္စက ကိုယ်နဲ့ ဘာမှမဆိုင်ပါဘူးလို့ တစ်ခါမက ငါ ပြောပြီးပြီလေ

ရေထိုးထားတဲ့ ဝက်သား ပြဿနာက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး၊ နောက်ပိုင်း ဒဏ်ရိုက်တာတွေလည်း ရှိလာနိုင်တယ်၊ တကယ်လို့ မင်းမှာ အခက်အခဲ တစ်ခုခုရှိရင် ကိုယ့်ဆီသာ လာခဲ့ပါ

ဘာပဲဖြစ်ဖြစ် ကိုယ်တို့က အရင်းနှီးဆုံး သူငယ်ချင်းတွေလေ၊ အတူတူ ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား"

ယွီရွေ့ကျူး ဘာမျှ မပြောတော့ဘဲ ရယ်မောကာ မတုံ့ဆိုင်းဘဲ ထွက်ခွာရန် လှည့်ထွက်လာသည်။

အကြည့်တစ်ခုက အရိပ်တစ်ခုလို သူမနောက်သို့ လိုက်ပါလာပြီး စေးကပ်ပူလောင်စွာဖြင့် သူမကို တင်းကျပ်စွာ တွယ်ကပ်နေသည်။

ယွီရွေ့ကျူးက သူမ လက်မောင်းများကို ပွတ်သပ်ပြီး ဝက်သားနှပ်ဆိုင်သို့ သွားကာ အနောက်ပေါက်ကို ဖွင့်လိုက်သည်။ စွန်းမော်နှင့် သူ့အစ်မတို့မှာ အထဲတွင် အိပ်မောကျနေဆဲပင်။ သူမ ခြံဝင်းထဲတွင် အတန်ကြာ ထိုင်သည်။

ညနက်ပြီး နှင်းစက်များက လေးလံလာသည်။ ယွီရွေ့ကျူးက လက်ဖဝါးများကို ဆုပ်ကာတွေးမိသည်။ မိုးလင်းလာပြီး အလုပ်စလုပ်ရမည့် အချိန်ရောက်သောအခါ သူမ အနောက်ဘက်ရှိ တံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။

စွန်းရှို့ရှို့နှင့် အခြားသူများ အလန့်တကြား အော်သံများကို လျစ်လျူရှုကာ ယွီရွေ့ကျူးက စွန်းမော်ကို တိုက်ရိုက် ကြည့်လိုက်ပြီး သူမ နက်မှောင်သော မျက်လုံးများက အလွန် တည်ငြိမ်နေသည်။

"ရှဲ့ချီနဲ့ လျန်စစ် အပါအဝင် တခြား ဝန်ထမ်းတွေကိုပါ ခေါ်လိုက်၊ ဒီနေ့ကစပြီး သူတို့ သားသတ်ရုံ တစ်ဝိုက်မှာကင်း စောင့်နေရမယ်၊ တစ်ယောက်ယောက် အထဲဝင်သွားတာကို တွေ့တာနဲ့ အထွက်ပေါက်တွေကို ချက်ချင်းပိတ်ပြီး အကူအ ညီ ခေါ်..."

စွန်းမော် အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာပင် သဘော ပေါက်သွားသည်။ ယွီရွေ့ကျူး မျက်နှာကို စိုက်ကြည့်ရင်း သူ့ရင်ထဲတွင် တင်းကျပ်သွားကာ ခေါင်းကိုအပြင်းအထန် ညိတ်ပြသည်။

ဤသည်မှာ သူမက သူ့အား ပေးအပ်သော ပထမဆုံး အရေး ကြီးသည့် တာဝန်ဖြစ်ပြီး လူတိုင်းအတွက်လည်း အရေးကြီးလှသည်။

စွန်းမော်ကမူ ပြတ်သားစွာ ပြန်ဖြေသည်။

"ဟုတ်ကဲ့ သူဌေး၊ စိတ်မပူပါနဲ့၊ ကျွန်တော် သေချာ စီစဉ်လိုက်ပါ့မယ်"

"အင်း"

ယွီရွေ့ကျူး စကားပြောပြီးနောက် အသိစိတ် ပြန်ဝင်လာကာ ဗိုက်ကို ပွတ်သပ်ပြီး သူမ မျက်နှာအမူအရာက တည်ငြိမ်စွာဖြင့် မျက်လွှာချထားသည်။

သူမတွင် သက်သေအထောက်အထား ဘာတစ်ခုမျှ မရှိဘဲ လောင်းကစား လုပ်နေခြင်း ဖြစ်သော်လည်း စုန့်ချင်းရှန်း စရိုက်ကို သူမ ကောင်းကောင်း နားလည်သည်။

စုန့်ချင်းရှန်း မိဘများပင်လျှင် သူမလောက် သူ့ကို နားလည်မည် မဟုတ်ဟု ပြော၍ရနိုင်ပေသည်။

မည်သို့ပင်ဆိုစေ ခန္ဓာကိုယ်ပိုင်ရှင် အစစ်မှာ ကလေးဘဝ ကတည်းက စုန့်ချင်းရှန်း နောက်သို့ တစ်ကောက်ကောက် လိုက်ခဲ့ပြီး နောက်ပိုင်းတွင် သူ့အတွက် အဝတ်လျှော် ထမင်း ချက်ပေးရင်း အရာများစွာကို ကြုံတွေ့ခဲ့ရကာ သူ့ အမှောင် မိုက်ဆုံး အခြမ်းများကိုပါ နက်နက်ရှိုင်းရှိုင်း သိရှိထားသည် မဟုတ်ပါလား။

စုန့်ချင်းရှန်းမှာ သဘောထားသေးသိမ်ပြီး အရည်အချင်းမရှိကာ မနာလိုဝန်တို တတ်သူ တစ်ဦးဖြစ်သည်။

ကျောင်းတုန်းက တစ်စုံတစ်ယောက်က သူ့ထက် အမှတ်ပိုများနေလျှင် သူကိုယ်တိုင် စွမ်းရည်များကို ယုံကြည်မှုရှိနေသည့်တိုင် နောက်စာမေးပွဲ မတိုင်မီ တစ်ဖက်လူ သောက်ရေထဲတွင် ဆေးခတ်ခြင်းနှင့် သူ ပထမရဖို့ သေချာစေရန် အခြားသူကို စာခိုးချသည်ဟု မဟုတ်မမှန် စွပ်စွဲခြင်းမျိုး ပြုလုပ်တတ်သည်။

သူမက စုန့်ချင်းရှန်းကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည့်အပြင် ဟော်ချန်ယဲ့နှင့် သူမတို့ စီးပွားရေး အောင်မြင်မှုများက သူ့အပေါ် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများ ကျရောက်သွားစေသည်။

စုန့်ချင်းရှန်းက ဘယ်လို အောင်မြင်အောင် လုပ်ရမလဲ၊ တခြားသူတွေထက် ဘယ်လို သာလွန်အောင် လုပ်ရမလဲ၊ သို့မဟုတ် ဘယ်လို အမီလိုက်ရမလဲ ဆိုတာကို မတွေးခဲ့ပေ။

သူတို့ကြားမှ ကွာဟချက်က သိသာထင်ရှားနေချိန်တွင် စိတ်နှလုံး မည်းညစ်သူ တစ်ဦးမှာ အတွေးတစ်ခုတည်းသာ ရှိတော့သည်။

သူတို့ကို အောက်ဆွဲချဖို့ပင်။

ယခု သူက ဟော်ချန်ယဲ့ကို ကိုင်တွယ်နေခြင်း ဖြစ်သည်။

အကယ်၍ ဟော်ချန်ယဲ့ ပြဿနာတက်ပြီး ယွီရွေ့ကျူးက သူ့ကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ငြင်းဆန်ပါက စုန့်ချင်းရှန်းသည် သူမ စီးပွားရေးကိုပါ ပစ်မှတ်ထားလာဖွယ် ရှိသည်။

ထို့နောက် သူမ အောက်ဆုံးအခြေအနေသို့ ရောက်သွားချိန်တွင် သူက ဟန်ဆောင်ပန်ဆောင် ကူညီပြီး သူမကို သနားညှာတာမှု၊ မောက်မာမှု၊ လှောင်ပြောင်မှုများဖြင့် ငုံ့ကြည့်လာလိမ့်မည်။ သူမ တုံးအမှုကိုပင် လှောင်ပြောင်ကောင်းလှောင် ပြောင်လိမ့်မည်။

သူမက ဟော်ချန်ယဲ့ကို စွန့်ပစ်ပြီး သူနှင့်သာ နေမည်ဆိုရင် ဤအကျပ်အတည်းတွေ ပြေလည်သွားမှာကို ယခုလို ဖြစ်အောင် သူမ ရွေးချယ်ခဲ့တာဟုပင် ပြောလာလိမ့်မည်။

ထို့နောက် ခန္ဓာကိုယ်ပိုင်ရှင် အစစ်ကို လုပ်ခဲ့သလိုမျိုးပင် သူတို့က သူမကို အပျိုစင် မဟုတ်တော့ဘူးဟုဆိုကာ ရွံရှာစရာ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုများပြုလုပ်လာနိုင်သေးသည်။

စုန့်ချင်းရှန်းကမူ သံသယဖြစ်စရာ မလိုအောင်ပင် လူယုတ်မာ တစ်ယောက်ဖြစ်သည်။

All Chapters