← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

Chapter 229

ယွီရွေ့ကျူးမှာ အိပ်ချင်မူးတူး ဖြစ်ဆဲဖြစ်ပြီး မျက်မှောင် ကြုတ်လျက် အပြည့်အဝ နိုးမလာသေးပေ။ သို့တိုင် စုန့်ချင်းရှန်း နာမည်နှင့် ဖမ်းမိပြီ ဟူသော စကားလုံးများကို ကြားလိုက်ရချိန်တွင် သူမ ချက်ချင်းပင် မျက်လုံးများ ပွင့်လာပြီး သူမ လက်ချောင်းထိပ်များမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။

သူမ မျက်လုံးများက အလွန် တောက်ပလာပြီး ယွီရှား လက်မောင်းကို ဆုပ်ကိုင်သည်။

"လာ... သွားကြည့်ရအောင်"

အပြင်ဘက်တွင် ညဉ့်နက်နေပြီဖြစ်ပြီး ရာသီဥတုက အေးစိမ့်လှသည်။ ယွီရှားက ကုတ်အင်္ကျီတစ်ထည်ကို သူမ ပခုံးပေါ်တွင် ခြုံပေးပြီး လက်မောင်းကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

အိမ်ထဲမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ယွီရွေ့ကျူးမှာ လရောင်ကြောင့် မျက်စိကျိန်းသွားရသည်။

အလွန် တောက်ပသော လမင်းကြီးက ကောင်းကင်ယံတွင် တွဲလောင်းခိုနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ရှင်းလင်းစွာ လင်းထိန်စေသည်။

သူမက တီးတိုးရေရွတ်သည်။

"လင်းထိန်နေတဲ့ ညပဲ၊ လရောင်က လှလိုက်တာ"

ယွီရှား ဝမ်းသာမျက်ရည်များ ကျဆင်းလာသည်။

"ဟုတ်တယ်၊ ဘုရားကတောင် ငါတို့ကို ကူညီနေတာပဲ"

တံခါးဝတွင် လူအများအပြား ရပ်နေသည်။ ယင်းယန်၊ စွန်းရှို့ရှို့နှင့် အခြားသူများမှာ စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေမိသည်။ သူတို့ နှစ်ယောက် ထွက်လာသည်ကို ကြားသောအခါ ကမန်းကတန်းပင် ပြောလိုက်သည်။

"အစ်မရွေ့ကျူး၊ အစ်ကိုလျန်စစ်တို့ အဖွဲ့က သူ့ကို ဖမ်းမိသွားပြီ၊ ရဲစခန်းကို သွားခေါ်ဖို့ လူတစ်စု လွှတ်လိုက်ပြီ၊ မြန်မြန်သွားရအောင်၊ သူ့ကို အလွတ်ပေးလို့ မဖြစ်ဘူး"

"အေး"

ယွီရွေ့ကျူးက ခေါင်းကို အပြင်းအထန် ညိတ်ပြသည်။

ထူးဆန်းသည်မှာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းက ပင်ပန်းနွမ်း နယ်ကာ နေရထိုင်ရ ခက်နေခဲ့သော သူမ ခန္ဓာကိုယ်မှာ ကူးစက်လွယ်သော စိတ်လှုပ်ရှားမှုများကြောင့်လားမသိ မည်သည့် ဆိုးရွားသော သက်ရောက်မှုမျှ မရှိတော့ပုံရသည်။ သူမက အလွန် မြန်ဆန်စွာ လမ်းလျှောက်နေပြီး လေပေါ်ပျံနေသည့်အလားပင်။

ယွီရှားက သူမကို အနောက်မှ ကမန်းကတန်း ကာကွယ်ကာ ဆွဲထားရသည်။

"ကျူးအာ... ဖြည်းဖြည်းသွား၊ ဖြည်းဖြည်း... နင့်မှာ ကိုယ်ဝန် ရှိတယ်လေ"

ယွီရွေ့ကျူး ဘာမှ မကြားနိုင်တော့ပေ။ ညလေပြေက သူမ ဆံနွယ်များကို ဖြတ်သန်းတိုက်ခတ်သွားရာ ဖြည်းလျှော့ထားသော သူမ ဆံပင်ရှည်ကြီးများက လွင့်ဝဲနေပြီး ဖော်ထုတ်ထားသော နှာခေါင်းနှင့် ပါးပြင်များမှာ အနည်းငယ် နီမြန်းနေသော်လည်း သူမ ရင်ထဲတွင်တော့ နွေးထွေးကာ ရင်ခုန်သံများ မြန်ဆန်လာသည်။

သူမနှင့် ယွီရှားတို့ နေထိုင်သော အငှားအခန်းမှာ သားသတ်ရုံနှင့် သိပ်မဝေးလှဘဲ ထောင့်ချိုး အနည်းငယ် ကွေ့လိုက်ရုံမျှပင်။

သူမက အနောက်မှ လူအုပ်ကြီးထက် ဦးစွာ ရောက်ရှိသွားသည်။ ထိုနေရာသို့ ရောက်သောအခါ အခြေအနေများမှာ အလွန် တင်းမာနေကြောင်း တွေ့လိုက်ရသည်။

ရှဲ့ချီတို့နှင့် သူ့လူများမှာ ဂေါ်ပြားနှင့် သစ်သားတုတ်များကို ကိုယ်စီကိုင်ဆောင်လျက် နံရံတစ်လျှောက်တွင် မှောက်ခုံ ဝပ်နေသည်။ ကျော်တက်ရန် ကြိုးစားသူတိုင်း အရိုက်ခံရမည် ဖြစ်သည်။

ယွီရွေ့ကျူး ရှုထောင့်မှ ကြည့်လျှင် နံရံပေါ်နှင့် အက်ကွဲကြောင်းများကြားမှ ဆန့်ထွက်လာသော လက်များနှင့် ကိရိယာများစွာကို မြင်တွေ့နိုင်သော်လည်း မည်မျှပင် ကြိုးစားစေကာမူ အပြင်သို့ ထွက်မလာနိုင်ကြပေ။

လျန်စစ်နှင့် သူ့လူများမှာ အလွန် စိတ်လှုပ်ရှားနေမိသည်။ အစောပိုင်း ကင်းစောင့်ရ၍ ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားပြီး ၎င်းနေရာတွင် ပြင်းထန်သော ဒေါသများက အစားထိုး ဝင်ရောက်လာတော့သည်။

လူတစ်စုက အဆက်မပြတ် ဆဲဆိုနေသည်။

"အဲ့ကောင်စုတ်လေး... မင်း ဒီကနေ ထွက်သွားနိုင်မယ် ထင်နေလား၊ မင်း အခု ဘယ်မှ ထွက်လို့မရတော့ဘူး"

"သားသတ်ရုံ တံခါးတွေကို သေချာပိတ်ထားတာတောင် မင်းက ဝင်ရဲသေးတယ်ပေါ့၊ အရင်က ငါတို့ နံရံတွေကို မင်း အကြိမ်ကြိမ် ကျော်တက်ခဲ့တာ မဟုတ်လား၊ ဒီနေ့တော့ မင်း ထွက်လို့မရဘူး၊ ငါတို့ ဒီမှာ ရှိနေသရွေ့ ယင်ကောင်တစ်ကောင်တောင် အပြင်ကို ထွက်လို့ မရစေရဘူး"

"ညာဘက်က လူ... သတိထား၊ သူ နံရံကျော်ဖို့ လှေကား ယူနေတယ်၊ မြန်မြန် လှေကားကို ရိုက်ချလိုက်"

"အဲဒီကောင် အနောက်ဘက်ကို ပြေးသွားပြီ၊ ခွေးဝင်ပေါက်... အဲဒီနားမှာ စောင့်နေတဲ့သူ ရှိလား၊ မြန်မြန်ဖြန့်ပြီး သူ့ကို သေချာ စောင့်ကြည့်ထား"

"တောက်... နောက်ဆုံးတော့ မင်းကို မိပြီ၊ ဒီလူယုတ်မာ... ပိုက်ဆံရှာဖို့ မကြိုးစားဘဲ ဒီလို မကောင်းတဲ့ အကျင့်တွေကို သင်နေတယ်ပေါ့

မင်းလည်း အသုံးမကျတဲ့ ကောင်ပါပဲ၊ ရော့... ဒီတုတ်နဲ့သာ စားပေတော့"

စုန့်ချင်းရှန်းကို ဝိုင်းရံထားသူ အများစုမှာ မွေးမြူရေးခြံနှင့် ဝက်သားဆိုင်မှ လူများ ဖြစ်သည်။

သားသတ်ရုံ ကိစ္စကြောင့် မွေးမြူရေးခြံမှ ဝန်ထမ်းများမှာလည်း ထိတ်လန့်နေကြသလို ဝက်သားဆိုင်လည်း အလားတူပင်။

ဝက်သားဆိုင်ကို မပိတ်သိမ်းရသေးသော်လည်း သားသတ်ရုံတွင် ပြဿနာ တစ်ခုခု ရှိခဲ့မည်ဆိုပါက ဝက်သားဆိုင်လည်း သေချာပေါက် ပိတ်သိမ်းခံရမည်။

မည်သို့ပင်ဆိုစေ ၎င်းမှာ မူလက တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သော် လည်း စုန့်ချင်းရှန်းမှ အသားထဲသို့ ရေထိုးသွင်းခဲ့မှုကြောင့် နေရာသုံးခုစလုံး ပျက်စီးသွားရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဝန်ထမ်းဒါဇင်ပေါင်းများစွာမှာ ဒေါသထွက်လွန်း၍ ယားယံနေခဲ့ကြပြီး အမျက်ဒေါသများ ဆူပွက်နေခဲ့သည်။

ဟော်ချန်ယဲ့နှင့် အချိန်အတော်ကြာ အတူအလုပ်လုပ်ခဲ့ကြသဖြင့် သူ့ စရိုက်ကိုသိထားကြပြီး အသားထဲသို့ ရေထိုးသွင်းခြင်းကဲ့သို့ ကျေးဇူးကန်းသော လုပ်ရပ်မျိုးကို သူ လုပ်မည်မဟုတ်ကြောင်း၊ သူ ချောက်ချခံရခြင်း ဖြစ်နိုင်ကြောင်း သူတို့ သိထားသည်။

ဤယုတ်မာကောက်ကျစ်သော ကြိုးကိုင်သူက သူတို့သူဌေး စက်ရုံကို ပိတ်သိမ်းခံရစေရုံသာမက သူတို့ အလုပ်အကိုင်များကိုပါ ဆုံးရှုံးစေခဲ့သည်။ သူ့ကို ဘယ်လိုလုပ် မမုန်းဘဲ နေနိုင်ကြပါမည်နည်း။

ယခု သူ့ကို ဖမ်းမိသွားပြီဖြစ်ရာ လူအုပ်ကြီးမှာ အလျှော့မပေးတော့ဘဲ သူ့ကို ဝိုင်းရံကာ ယွီရွေ့ကျူးထက်ပင် ပိုရန်လိုစွာ ပြုမူကြတော့သည်။

လူဒါဇင်ပေါင်းများစွာက သူ့လမ်းကို ပိတ်ဆို့ထားသဖြင့် စုန့်ချင်းရှန်း လွတ်မြောက်ရန် လမ်းစမရှိတော့ပေ။

တုတ်များမှာ မျက်စိမပါပေ။ စုန့်ချင်းရှန်း အကြိမ်ပေါင်းများစွာ ရိုက်ခံရပြီး ရိုက်ချက်တိုင်းက သူ့ ခန္ဓာကိုယ်ပေါ်သို့ အားပါးတရ ကျရောက်သွားသည်ကို ယွီရွေ့ကျူး ရှင်းလင်းစွာ မြင်နိုင်ရသည်။ အဝေးမှပင်လျှင် အသားကို တုတ်များ ရိုက်ခတ်သည့် တုံးတိတိ အသံများကို သူမ ကြားနေရသည်။

ကြည့်နေရုံဖြင့်ပင် နာကျင်လွန်းသဖြင့် သူမ အလိုအလျောက်ပင် တွန့်လိမ်သွားမိသည်။

မထင်မှတ်ထားဘဲ ကြက်ကလေးတစ်ကောင်လို ပိန်လှီနေသော စုန့်ချင်းရှန်းမှာ လုံး အသံမထွက်ဘဲ တိတ်ဆိတ်နေ သည်။

သားသတ်ရုံအတွင်းတွင် ပိတ်မိနေပြီး မည်သည့် လားရာမှ ထွက်ပြေးရန် ကြိုးစားစေကာမူ ဝိုင်းရံထားသူများက သူ့ကို ပြန်မောင်းထုတ်ခဲ့သည်။

ခေါင်းဖြတ်ခံထားရသော ယင်ကောင်တစ်ကောင်လို စိုးရိမ်ပူပန်မှု၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများဖြင့် သူ ကျန်ရစ်ခဲ့ရသည်။

သို့သော် နာကျင်မှုက ပြင်းထန်လွန်း၍မျက်ရည်များ ဝဲတက်လာသည့်တိုင် သူ အသံမထွက်ရဲဘဲ လက်များကို တင်းကျပ်စွာ ဆုပ်ထားကာ သူ့ ဒေါသများကို ဖိနှိပ်ထားသည်။

မည်သို့ပင်ဆိုစေ ယခုအချိန်တွင် ခိုးထွက်ပြီး အသက်ရှင်ရန် အခွင့်အရေး အမှန်တကယ် ရှိနေသော်လည်း စကားပြောလိုက်ပါက သူ ဘယ်သူလဲဆိုတာ ပေါ်သွားမည် ဖြစ်သည်။

သို့သော်ငြား ပတ်ဝန်းကျင်မှ လူများဆဲဆိုမှုများက ရိုင်းစိုင်းလွန်းလှသည်။

စုန့်ချင်းရှန်း မျက်နှာမှာ တင်းမာနေပြီး ဒေါသများ ပြည့်နှက်နေမိသည်။ အပြင်ဘက်ရှိ အခြေအနေကို မြင်သောအခါ ယွီရွေ့ကျူးက အဆုံးတော့ သက်ပြင်းတစ်ချက် ချနိုင်သွားတော့သည်။

ဆူညံသံများကြားတွင် အဆုံး၌ ရဲများ ရောက်ရှိလာချိန်တွင်တော့ သူမ စိတ်အေးသွားပြီး ခွန်အားများ လျော့ကျသွားတော့သည်။ သူမက နံရံကို အားပျော့စွာ မှီပြီး သူမ နှုတ်ခမ်းထက်တွင် အပြုံးယောင်လေး သန်းနေသည်။

'ကောင်းတယ်၊ သူမ နိုင်သွားပြီ'

အစပိုင်းတွင် ရှုပ်ထွေးနေသော ရဲအရာရှိများမှာ သားသတ်ရုံ ကိစ္စက ချောက်ချခံရခြင်းဖြစ်ကြောင်းနှင့် အထဲရှိလူများမှာ ပြီးခဲ့သည့်အကြိမ်က ပြဿနာရှာခဲ့သူများဖြစ်ကြောင်း ပတ်ဝန်းကျင်မှ ဒေါသတကြီး ပြောဆိုရှင်းပြသံများကို ကြားပြီးမှသာ နားလည်သွားကြသည်။

တံခါး ပွင့်သွားပြီး လူတစ်စုက စုန့်ချင်းရှန်းကို ရှာဖွေရန် ဝင်လာသည်။

စုန့်ချင်းရှန်းက သူတို့ ဝင်လာချိန်တွင် နံရံကျော်၍ ထွက်ပြေးရန် အစပိုင်း၌ ကြိုးစားခဲ့သော်လည်း အပြင်ဘက်တွင် ကင်းစောင့်နေသော ရဲအရာရှိများက လက်ပူးလက်ကျပ် ဖမ်းဆီးလိုက်လေသည်။ သူ့ မျက်နှာမှာ တောင့်တင်းသွားပြီး ပြာနှမ်းသွားတော့သည်။

"ဒါ စုန့်ချင်းရှန်း မဟုတ်လား"

သူတို့အားလုံးက မြို့တစ်မြို့တည်းတွင် အတူတူ အလုပ်လုပ်ကြပြီး တည်ငြိမ်သော အလုပ်အကိုင်များရှိကြသဖြင့် ရဲအရာ ရှိများက စုန့်ချင်းရှန်းကို သဘာဝကျကျပင် မှတ်မိကြပြီး ဤမျှ သေးငယ်သော နေရာလေးတွင် နေ့စဉ် မြင်တွေ့နေရသူ ဖြစ်သည်။

ယနေ့ သူတို့ လက်ပူးလက်ကျပ် အလွယ်တကူ ဖမ်းမိသူမှာ စုန့်ချင်းရှန်း ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

သူ့ ခုခံလိုသော မျက်နှာအမူအရာနှင့် ငြင်းခုံရန် ကြိုးစားမှုများကို မြင်သော်လည်း ရဲအရာရှိများက ဘာမျှမပြောဘဲ လက်ထိတ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတော့သည်။

စုန့်ချင်းရှန်း ခေါင်းကို ငုံ့ထားပြီး အလွန် ဖရိုဖရဲဖြစ်နေသည်။ သူ့ ရွှေရောင်ကိုင်း မျက်မှန်မှာ တစ်ဝက်ခန့် ကျိုးပဲ့နေပြီး ဆံပင်များကလည်း ရှုပ်ပွနေကာ တစ်စုံတစ်ခုက သူ့ မျက်လုံးကို ခြစ်မိသွားသဖြင့် မှည့်လေးကို တိုက်ရိုက် ထိခိုက်သွားပြီး အဝတ်အစားများမှာလည်း ဖရိုဖရဲနှင့်ပင်။

ယနေ့ ဖြစ်ရပ်များက သူ့ကို ထိတ်လန့်သွားစေခဲ့သည်မှာ ထင်ရှားလှသည်။ ဒေါသကြောင့်လား၊ ကြောက်ရွံ့မှုကြောင့်လားမသိ၊ ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် သူ တုန်ယင်နေဆဲပင်။

ထွက်ခွာလာပြီးနောက် ရဲအရာရှိများက သူ့ကို ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်သွားရန် ကြိုးစားသော်လည်း စုန့်ချင်းရှန်းမှာ ခြေလှမ်းမရွေ့တော့ကြောင်း တွေ့လိုက်ရသည်။

"လာပါ စုန့်ချင်းရှန်း၊ မင်း ဘာလုပ်နေတာလဲ၊ ဒီမှာ တစ်ညလုံး နေတော့မလို့လား"

All Chapters