← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

Chapter 230

စုန့်ချင်းရှန်းက ဘာမျှမပြောဘဲ တံခါးဝရှိ ယွီရွေ့ကျူးကိုသာ စူးစိုက် ကြည့်လေသည်။

"ရွေ့ကျူး..."

သူ့ အသက်ရှူသံများက လေမှုတ်တံကြီးလို မြည်ဟီးနေပြီး မျက်လုံးများက နီရဲလျက်ပင်။

သူ လုံးဝ စိတ်ပျက်သွားပုံရသည်။

"မင်း ငါ့ကို ဒီလို ဆက်ဆံလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး၊ နောက်ဆုံးတော့ မင်း ငါ့ကို မုန်းနေတုန်းပဲကိုး

ဒီလောက်အထိ လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား ရွေ့ကျူး၊ ငါတို့ရဲ့ အတိတ်က ပြီးဆုံးသွားပြီလို့ ငါ ထင်ခဲ့တာ

ငါ့ကို ချောက်ချဖို့ ဒီလောက်အထိ တကယ်ပဲ လုပ်ဖို့ လိုလို့လား၊ ငါနဲ့ အတူရှိနေဖို့ အခွင့်အရေးတစ်ခု မင်းကို ပေးနိုင်မယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမယ့် ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး..."

ယွီရွေ့ကျူး မျက်လွှာပင့်မိသည်။

"ရှင့်ကို မုန်းတယ် ဟုတ်လား၊ တကယ်တော့ ကျွန်မ ရှင့်အပေါ်မှာ ဘယ်လို ပြင်းထန်တဲ့ ခံစားချက်မျိုးမှ မရှိပါဘူး

ကျွန်မ အမြင်မှာ ရှင်က သူစိမ်းတစ်ယောက်ပါပဲ၊ ဒီနေ့ကိစ္စက ရှင်က မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဟော်ချန်ယဲ့ကို ချောက်ချခဲ့လို့ပဲ

ကျွန်မက ရှင့်ကို ဥပဒေအရ အပြစ်ပေးခံရအောင် လုပ်ရုံသက်သက်ပါ"

"ဒါနဲ့ စကားမစပ်..."

ယွီရွေ့ကျူးက မျက်လွှာချကာ သူမ ဗိုက်ကို ညင်သာစွာ ပွတ်သပ်ပြီး သူ့ကို ပေါ့ပေါ့ပါးပါးပင် ကြည့်သည်။

"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ၊ ဒါက ဟော်ချန်ယဲ့နဲ့ ကျွန်မရဲ့ အချစ်အသီးအပွင့်လေးပဲ၊ ဒါကြောင့် ကျေးဇူးပြုပြီး ရှေ့ ဆက်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးမနေပါနဲ့တော့၊ နားလည်လား"

စုန့်ချင်းရှန်းမှာ မှင်သက်သွားပြီး သူ့ အကြည့်များက ယွီရွေ့ကျူး ဗိုက်ဆီသို့ အလိုအလျောက် ရောက်ရှိသွားကာ မယုံ ကြည်နိုင်စွာဖြင့် သူ့ မျက်လုံးများက အပြင်းအထန် တုန်ယင်သွားသည်။

စုန့်ချင်းရှန်း အဆုံးတော့ အဖမ်းခံသွားရပြီဖြစ်ရာ အခန်းထဲရှိ လူတိုင်းနီးပါး ပျော်ရွှင်သွားသည်။ ဆိုလိုသည်မှာ ဟော်ချန်ယဲ့ မကြာမီ ပြန်လွတ်လာတော့မည်ဖြစ်ပြီး သားသတ်ရုံလည်း ပိတ်သိမ်းခံရတော့မည် မဟုတ်ပေ။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ အခြေအနေကို မေးမြန်းချင်သဖြင့် ရဲစခန်းမှ ရဲအရာရှိများ နောက်သို့ လိုက်သွားခဲ့သည်။

အမှန်တော့ ထိုညက တာဝန်ကျသော ရဲအရာရှိ သိပ်မများလှပေ။ ရဲအရာရှိငယ်လေးက သူ့ လုပ်ဖော်ကိုင်ဖက်များကို စုန့်ချင်းရှန်းအား စခန်းသို့ ခေါ်သွားစေပြီးနောက် ခေါင်းကို ကုတ်ကာ ယွီရွေ့ကျူးကို အနည်းငယ် အနေခက်စွာဖြင့် ကြည့်သည်။

"ယွီရွေ့ကျူး မဟုတ်လား၊ တကယ်တော့ ခင်ဗျား အဲဒီလောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး၊ ဟော်ချန်ယဲ့ အထဲမှာ အဆင်ပြေပါတယ်၊ ဒီနေ့ ဒီကိစ္စတွေသာ မဖြစ်ခဲ့ဘူးဆိုရင်တောင် ဟော်ချန်ယဲ့က မကြာခင် ပြန်လွတ်လာမှာပါ"

ယွီရွေ့ကျူး အံ့အားသင့်စွာဖြင့် မော့ကြည့်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း သက်သေအထောက် အထားကို အလေးထားလို့ပါပဲ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ခင်ဗျား ပေးခဲ့တဲ့ သက်သေတွေကို ရဲစခန်းက ရှာဖွေစစ်ဆေးပြီးပါပြီ

ဟော်ချန်ယဲ့ ကိုယ်တိုင်ကလည်း သတင်းအချက်အလက်တွေ အများကြီး ပေးခဲ့တယ်လေ၊ ရေထိုးထားတဲ့ ဝက်သားတွေ ထုတ်လုပ်တဲ့ စက်ရုံက ခင်ဗျားတို့ဟာ မဟုတ်ဘူး

စစ်ဆေးရေး လုပ်နေတုန်း ဝန်ထမ်းတွေရဲ့ အမှား ဒါမှမဟုတ် မသမာမှုကြောင့် ဖြစ်သွားတဲ့ နားလည်မှုလွဲတာ သက်သက်ပါ

သူ့ကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ ချောက်ချခဲ့တဲ့ အတွင်းလူကို ဖမ်းချင်လို့သာ ခင်ဗျားတို့ကို အရင်က မပြောခဲ့တာပါ

ဒီနေ့ အားလုံးက ဒီလောက်အထိ အပင်ပန်းခံပြီး ကျွန်တော်တို့ ရှေ့မှာတင် တရားခံကို ဖမ်းချုပ်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ရဲအရာရှိငယ်လေးမှာ အနည်းငယ် ရှက်ရွံ့နေပြီး ယွီရွေ့ကျူးကို မဝံ့မရဲ ကြည့်သည်။

"ဒီနေ့တော့ ဟော်ချန်ယဲ့ကို ကျွန်တော်တို့ လွှတ်ပေးလို့ မရသေးဘူး၊ မနက်ဖြန် ထပ်ပြီး အတည်ပြုဖို့လိုသေးသလို အထက်က ခွင့်ပြုချက်လည်း လိုအပ်တယ်လေ

ခင်ဗျား တကယ်ပဲ စိတ်ပူပြီး သူ့ကို လွမ်းနေတယ်ဆိုရင် သွားတွေ့လိုက်ပါလား"

မည်သို့ပင်ဆိုစေ ယခုအခါ စုန့်ချင်းရှန်းကို ဖမ်းမိသွားပြီဖြစ်ရာ သတိပေးစရာ အကြောင်းမရှိတော့ပေ။

ယွီရွေ့ကျူးမှာ သူမ ရင်ထဲက ခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်းပင် မသိတော့ပေ။ သူမ ပခုံးပေါ်မှ ဧရာမဝန်ထုပ် ဝန်ပိုးကြီးတစ်ခု ကျသွားသလို ခံစားရပြီး သက်ပြင်းတစ်ချက်ချမိသည်။

တစ်ကိုယ်လုံး ကြီးမားစွာ ပေါ့ပါးသွားပြီး လှည့်စားခံလိုက်ရသဖြင့် အနည်းငယ် မွန်းကျပ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အထိတ်တလန့် ဖြစ်ရုံသက်သက်သာ ဖြစ်ခဲ့ပြီး အရာအားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဟော်ချန်ယဲ့မှာ အန္တရာယ်ကင်းစွာ ရှိနေခဲ့သည် မဟုတ်ပါလား။

သူမက ရဲအရာရှိငယ်လေးကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့"

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို မတွေ့ရသည်မှာ အတန်ကြာပြီ ဖြစ်သည်။ အမှန်တွင် အတန်ကြာခဲ့ခြင်းဆိုသည်မှာ သိပ်မကြာလှပေ။

ရက်အနည်းငယ်မျှသာ ဖြစ်သော်လည်း ထိုရက်များအတွင်း ယွီရွေ့ကျူး စိတ်ခံစားချက်များမှာ အလျင်အမြန် ပြောင်းလဲနေသည်။

အထူးသဖြင့် ဟော်ချန်ယဲ့ ပထမဆုံး အဖမ်းခံရချိန်က သူက နှုတ်ဆက်စကားပင် မပြောနိုင်ခဲ့ပေ။

၎င်းမှာ ဗြောင်းဆန်နေသော အခြေအနေကြားတွင် ရုတ်တ ရက် ဖြစ်ပွားခဲ့ရာ လူတိုင်းကို ထိတ်လန့်သွားစေသည်။

ထို့နောက် သက်သေအထောက်အထားများ ရှာဖွေနေစဉ်အတွင်း တင်းမာမှုများ၊ ပင်ပန်းနွမ်းနယ်မှုများ၊ စိုးရိမ်ပူပန်မှုများနှင့် ဟော်ချန်ယဲ့ကို လွမ်းဆွတ်တမ်းတမှုများက ဆက် တိုက်ဆိုသလို ဝင်ရောက်လာသည်။

ယွီရွေ့ကျူး မျက်လွှာချကာ သူမ ဗိုက်ကို ပွတ်သပ်မိသည်။

သူ မရှိသော ရက်အနည်းငယ်အတွင်း သူ့မိသားစု အခြေ အနေ လုံးဝ ပြောင်းလဲသွားပြီး မိသားစုဝင် အသစ်လေး တစ်ယောက် တိုးလာခဲ့ပြီဆိုတာကို ဟော်ချန်ယဲ့ သေချာပေါက် တွေးမိမည် မဟုတ်ပေ။

'သူသာ သိရင် ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲ'

ညနက်နေပြီဖြစ်ပြီး လမင်းကြီးက ကောင်းကင်ယံတွင် တွဲလောင်းခိုကာ ငွေရောင် ရောင်ခြည်များ ဖြာကျလာသဖြင့် ယွီရွေ့ကျူးမှာ မျက်နှာဖုံး ဇာပုဝါလေး တစ်ခုကို လွှမ်းခြုံထားရသကဲ့သို့ ထင်မှတ်ရသည်။

မြို့ပေါ်တွင်ပင် လမ်းများက သိပ်ချောမွေ့လှသည် မဟုတ်ပေ။ ကတ္တရာ မခင်းရသေးသဖြင့် လမ်းပေါ်တွင် ကျောက်စရစ်ခဲများ ရှိနေဆဲပင်။

ယွီရွေ့ကျူးက သေချာ မမြင်ရဘဲ ယွီရှား လက်ကို ဆွဲကာ ရဲအရာရှိငယ်လေး နောက်မှ ရဲစခန်းဆီသို့ လိုက်သွားသည်။

ရှေ့သို့ တိုးသွားလေလေ ယွီရွေ့ကျူး စိတ်ခံစားချက်များက ပိုမို လှိုင်းထန်လာလေလေပင်။

အထူးသဖြင့် အထဲသို့ ဝင်ပြီးနောက် ဟော်ချန်ယဲ့ကို မတွေ့မချင်း သူမ အပြေးတစ်ပိုင်း လျှောက်သွားခဲ့သည်။ သူမက အပြင်ဘက်တွင် ရပ်ကာ သူ့ကို စူးစိုက် ကြည့်မိသည်။

ဟော်ချန်ယဲ့ အနည်းငယ် ပိန်သွားသည်။ အစားအသောက် ညံ့ဖျင်း၍လား သို့မဟုတ် သူ့ စိုးရိမ်ပူပန်မှုများကြောင့်လား မသိ သူက ခေါင်းငုံ့ကာ နံရံကို မှီ၍ နက်ရှိုင်းသော အတွေးများထဲ နစ်မြုပ်နေပုံရသည်။

အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားသောအခါ သူ လှည့်ကြည့်ပြီး သူ့ရှေ့တွင် ရပ်နေသော ယွီရွေ့ကျူးကို မြင်မိရသည်။ ခြောက်ပေကျော် အရပ်နှင့် ကြီးမားထွားကြိုင်းသော ထိုအမျိုးသားမှာ ချက်ချင်းပင် မတ်တပ်ရပ်လာတော့သည်။

သူက ထိုနေရာတွင် ရပ်ရင်း မယုံကြည်နိုင်သလို အသက်ရှူရပ်သွားပုံရသည်။ ခဏကြာပြီးနောက် သူက ဗလုံးဗထွေးဖြင့် ပြောသည်။

"ရွေ့ကျူး၊ မင်း... မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ"

ထိုအခါမှသာ ယွီရွေ့ကျူးက ဖြည်းညှင်းစွာ တိုးကပ်လာသည်။ အစောပိုင်းက သူမ စိုးရိမ်ပူပန်မှုနှင့် တုန်လှုပ်မှုများ အားလုံးကို ယခု ဖိနှိပ်ထားလိုက်ပြီဖြစ်သည်။

သူမ တည်ငြိမ်သွားပြီး ဟော်ချန်ယဲ့ကို ပြုံးပြသည်။

"ကျွန်မ ရှင့်ကို လာတွေ့တာ"

ယွီရွေ့ကျူး စကားပြောမှသာ သူ့ရှေ့ရှိ ယွီရွေ့ကျူးမှာ အစစ် အမှန်ဖြစ်ကြောင်း ဟော်ချန်ယဲ့ ယုံကြည်သွားတော့သည်။

All Chapters