← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

Chapter 231

သူက လက်လှမ်းကာ ယွီရွေ့ကျူး လက်ကို ဆွဲယူပြီးတင်း ကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့ လက်ဖဝါးမှ နွေးထွေးမှုက အမြဲတမ်းလိုလိုပင် သူမ အရေပြားကို ဖြတ်သန်း စီးဆင်းလာသည်။

ဟော်ချန်ယဲ့၏ မျက်လုံးများက ပူနွေးကာ နက်မှောင်ပြီး ယွီရွေ့ကျူးကို တည့်တည့်ကြည့်ကာ အလွန်နူးညံ့စွာပြော သည်။

"ကိုယ် အဆင်ပြေပါတယ်၊ မင်း ပိန်သွားတယ်နော် ရွေ့ကျူး၊ အပြင်မှာ ကိုယ့်ကို စိတ်ပူနေခဲ့တာလား၊ ကိုယ် သိပ်မကြာခင် ထွက်လာမှာမို့ စိတ်မပူဖို့ ရဲစခန်းက လူတစ်ယောက်ကို မင်းဆီ သွားပြောခိုင်းလိုက်သေးတယ်

မင်း ကြားလား မကြားလားတော့ မသိဘူး၊ ကိုယ် မရှိတုန်း မင်း ကောင်းကောင်းစားပြီး ကောင်းကောင်း အိပ်ရဲ့လား၊ မင်း တကယ် ပိန်ကျသွားတယ်"

သူ့ လက်ချောင်းထိပ်များက ယွီရွေ့ကျူး ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပြီးနောက် သူမ မျက်ခွံများကို ဖွဖွလေး ထိတွေ့ရာ အနည်းငယ် ကြမ်းတမ်းနေသော အသားမာများက သူမကို အနည်းငယ် ကျိန်းစပ်သွားစေသည်။

သို့သော် သူမ မငြင်းဆန်ခဲ့ဘဲ မနေနိုင်ဘဲ ရယ်မောမိသည်။

"ကျွန်မ မကြားပါဘူး၊ ရဲတွေက သတင်းပေါက်ကြားပြီး ရန်သူ သိသွားမှာကို ကြောက်လို့ ဖြစ်မယ်

ရှင် မရှိတော့ ကျွန်မကို ထမင်းစားဖို့ ချော့မယ့်သူလည်း မရှိ၊ အိပ်ပျော်အောင် ဖက်ထားပေးမယ့်သူလည်း မရှိတော့ ကျွန်မ တကယ် ပိန်သွားတာ"

သူတို့ဘေးရှိ ရဲအရာရှိငယ်လေးမှာ ဇနီးမောင်နှံ နှစ်ဦးကို စိုးရိမ်ပူပန်စေခဲ့မိသဖြင့် အနည်းငယ် ရှက်ရွံ့စွာ ခေါင်းကို ကုတ်မိသည်။

သူက တံခါးကို အမြန်ဖွင့်ပေးသည်။

"အပြင်ထွက်ပြီး စကားပြောကြပါ၊ ဒီည ခင်ဗျားတို့ တော် တော်ပင်ပန်းသွားကြပြီ၊ မနက်ဖြန် အစီရင်ခံစာ ရတာနဲ့ အပြီး ပြန်လွတ်မှာပါ"

ဟော်ချန်ယဲ့ သဘောတူကြောင်း တုန့်ပြန်ပြီး နှစ်ချက်ခန့် ဆွဲကာ အခန်းထဲမှ မထွက်ခွာမီ ယွီရွေ့ကျူး လက်ကို လွှတ်လေသည်။

သိပ်မကျယ်ဝန်းသော ထိုအခန်းလေးထဲတွင် ရဲအရာရှိနှင့် ယွီရှားတို့ နှစ်ဦးစလုံး ထွက်သွားကြပြီဖြစ်ရာ သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

အထက်မှ မီးချောင်းအလင်းရောင်က တောက်ပစွာထွန်း လင်းပြီး သူတို့အပေါ် နွေးထွေးသော အလင်းရောင်များ ဖြာကျနေသည်။

သူတို့က အိမ်ထောင်သက် သိပ်နုတော့သည့် ဇနီးမောင်နှံများ မဟုတ်ကြတော့သော်လည်း ဘာကြောင့်မှန်းမသိ လအနည်း ငယ်ကြာ လက်ထပ်ပြီးသည့်တိုင် သူတို့ တစ်ဦးအပေါ်တစ်ဦး ထားရှိသော ခံစားချက်များက ကြင်စဦး ဇနီးမောင်နှံများကဲ့သို့ နက်ရှိုင်း ပြင်းပြဆဲပင်။

ယွီရွေ့ကျူး မျက်လုံးများ အနည်းငယ် နီရဲလာသည်။

ကိုယ်ဝန်ရလာပြီးကတည်းက သူမ စိတ်ခံစားချက်များက အလွန် ပြောင်းလဲလွယ်ခဲ့သည်။

ဟော်ချန်ယဲ့ကို တွေ့ရခြင်းက ပျော်ရွှင်စရာ အချိန်အခါ ဖြစ်သင့်သော်လည်း ဘာကြောင့်မှန်းမသိ သူမ ငိုချင်စိတ်များ ပေါက်လာသည်။

အပြင်ဘက်မှာ အပြေးအလွှား သွားလာနေခဲ့ရသော သူမ အတွေ့အကြုံများကို ဟော်ချန်ယဲ့အား ပြောပြချင်မိသည်။

သူမ မျက်တောင်များက စိုစွတ်နေပြီး နှာခေါင်းလေး အနည်းငယ် နီရဲနေကာ မိုးရေထဲ လမ်းလျှောက်လာသော ကြောင်လေးတစ်ကောင်နှင့် တူလျက် သူမက ရှိုက်သံပါပါဖြင့် ခေါ်မိသည်။

"ဟော်ချန်ယဲ့"

ဟော်ချန်ယဲ့မှာ ချက်ချင်းပင် တည်ငြိမ်မှုများ ပျက်ပြားသွားပြီး သူမကို ဖက်ရန် ရှေ့သို့ အပြေးအလွှား တိုးလာသည်။ သူ့ လက်များက သူမ မျက်နှာလေးကို ညင်သာစွာ ဆုပ်ကိုင်ကာ နူးညံ့စွာ နှစ်သိမ့်ပေးသည်။

"ရွေ့ကျူး... မငိုပါနဲ့၊ မငိုနဲ့နော်၊ ကိုယ် ဒီမှာ ရှိပါတယ်၊ မကြောက်နဲ့၊ ကိုယ် အဆင်ပြေတယ်၊ မင်းကို မပြောပြခဲ့တဲ့ အဲဒီ ရဲတွေရဲ့ အမှားပါ၊ အပြင်မှာ မင်း အရမ်းကြောက်နေခဲ့မှာပဲ"

ယွီရွေ့ကျူးက သူ့ရင်ခွင်ထဲတွင် ခေါင်းခါပြီးနောက် မျက်နှာလေးကို မနည်းမော့ကြည့်သည်။

သူမ သွယ်လျသော လက်မောင်းလေးများက သူ့ တောင့် တင်းခိုင်မာသော ခါးကြီးကို အမြန် ဖက်တွယ်ပြီး သူမ ပါးပြင်ကို သူ့ရင်ဘတ်တွင် အပ်ထားချိန်ရင်ခုန်သံများကို ရှင်းလင်းစွာ ခံစားသည်။ ထိုအခါမှသာ သူမက မျက်ရည်များ ဝဲတက်လျက် ပြောသည်။

"ဟော်ချန်ယဲ့၊ ကျွန်မ ရှင့်ကို လွမ်းနေတာ"

ထိုစကားစုလေးက ဟော်ချန်ယဲ့ကို ချက်ချင်းပင် အေးခဲသွားစေသည်။

သူ့ အသက်ရှူသံများ ကမောက်ကမ ဖြစ်သွားပြီး မှင်သက်သွားပုံရကာ ယွီရွေ့ကျူးကို အလိုအလျောက် ငုံ့ကြည့်မိပြီး သူ့ ရင်တစ်ခုလုံး အရည်ပျော်ကျသွားတော့သည်။

ယွီရွေ့ကျူးက သူ့အပေါ် ဤသို့ပြုမူခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဤမျှ တိုက်ရိုက်ကျပြီး ရင်းနှီးသော စကားမျိုးကို ဘယ်နှစ်ခါပဲ ကြားကြား သူ့ ရင်ထဲတွင် နွေးထွေးသွားကာ သွေးများ ပိုမို မြန်ဆန်စွာ စီးဆင်းသွားသည့်အလား ခံစားရပြီး တစ်ကိုယ်လုံး အားအင်ပျော့ခွေသွားသလို တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေရသလို မူးဝေပြီး ပေါ့ပါးသွားတော့သည်။

သူ့ နှုတ်ခမ်းများက မနေနိုင်ဘဲ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး မျက်လုံးများက အလွန်တောက်ပလာတော့ သည်။

သူ့ တောင့်တင်းသော လက်မောင်းများက ယွီရွေ့ကျူးကို အနီးသို့ ဆွဲယူပြီး သူမ နွေးထွေးမှုနှင့် အသက်ရှူသံများကို ခံစားရချိန်တွင် ရဲစခန်းတွင် ရှိနေစဉ်အတွင်း ခံစားခဲ့ရသော လွမ်းဆွတ်မှုနှင့် မကောင်းသော စိတ်ခံစားချက်များ အားလုံး ပျောက်ကွယ်သွားတော့သည်။

ဟော်ချန်ယဲ့က သူမကို တင်းကျပ်စွာ ဖက်ထားပြီး ခေါင်းဖြင့် ပွတ်သပ်ကာ တီးတိုးပြောသည်။

"အင်း"

ယွီရွေ့ကျူး မရှိချိန်တွင် သူ ဘာမျှ လုပ်စရာမလိုဘဲ ငြိမ်ငြိမ်လေး လဲလျောင်းနေရလျှင်ပင် ငြီးငွေ့စရာကောင်းပြီး စိတ်အနှောင့်အယှက် ဖြစ်ကာ စိတ်မရှည်နိုင်အောင် ဖြစ်ရသည်။

သို့သော် ယွီရွေ့ကျူး ရှိနေချိန်တွင်တော့ သူမနှင့် ယခုလို အနီးကပ် နေရရုံ၊ အသားချင်း ထိတွေ့ရရုံ၊ သိမ်မွေ့သော အကြည့်လေး တစ်ချက် ကြည့်ရုံမျှဖြင့် အရာအားလုံးက ကွဲပြားသွားတော့သည်။

လေထုက ပျော်ရွှင်မှု သင်္ကေတများဖြင့် ပြည့်နှက်နေသည့်အလားပင်။

ဟော်ချန်ယဲ့က အလိုအလျောက်ပင် လက်မောင်းများကို တင်းကျပ်ပြီး သူမကို ပိုရင်းနှီးစွာ ဖက်တွယ်ထားသည်။ သူ ရွေ့ကျူးကို အရိုးထဲစွဲမတတ် ထည့်သွင်းထားချင်လောက်အောင်ပင် ချစ်မြတ်နိုးလှသည်။

သို့သော်လည်း စိုစွတ်နေသော မျက်တောင်လေးများဖြင့် လွမ်းနေခဲ့ကြောင်း ချစ်စရာကောင်းအောင် ပြောခဲ့သော ယွီရွေ့ကျူးက ရုတ်တရက် သူ့ကို ငြင်းဆန်လာသည်။

"အ... မရဘူး"

ယွီရွေ့ကျူးက သူမ မက်နှာကို မော့ကာ ဟော်ချန်ယဲ့ ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်ကို တင်ပြီး သူမ အချိန်အတော်ကြာ မထိတွေ့ခဲ့ရသော ရင်အုပ်ကြွက်သားများကို လက်ဖဝါးဖြင့် ပွတ်သပ်မိသည်။ သူမက မသိမသာ နောက် ထပ် အကြိမ်အနည်းငယ်မျှ ထပ်ထိပြီးနောက် မျက်တောင်လေး ခတ်ကာ သူမ လက်ကိုမြှောက်၍ အလေးအနက် ငြင်းဆန်သည်။

"ရှင့်ကို အရမ်း တင်းကျပ်အောင် ဖက်ထားလို့ မရဘူး၊ ကျွန်မ နေလို့မကောင်း ဖြစ်သွားလိမ့်မယ်"

ဟော်ချန်ယဲ့က အလိုအလျောက် လွှတ်ပေးမိပြီး တောင်းပန်လာသည်။

"အာ... ကိုယ် တောင်းပန်ပါတယ် ရွေ့ကျူး၊ ကိုယ် သတိမထားမိလိုက်ဘူး"

ယွီရွေ့ကျူးက ပြောသည်။

"နောက်တစ်ခါ သတိပိုထားပါ၊ ဒီမှာ ကလေးလေး ရှိနေပြီ"

"အာ... ကောင်းပါပြီ၊ ကလေးလေးကို ကိုယ် ပိုဂရုစိုက်ပါ့မယ်၊ နေပါဦး"

ဟော်ချန်ယဲ့ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ချက်ချင်းပင် ပြူးကျယ်သွားသည်။

သူ့ နက်မှောင်သော မျက်လုံးများက အပြင်းအထန် တုန်ယင်သွားပြီး ပါးလွှာသော နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားကာ လည်စေ့က လှုပ်ရှားသွားပြီး အသက်ရှူသံများ ပြင်းလာသည်။

သူ့ စိတ်ထဲတွင် ခေတ္တမျှ ဗလာဟင်းလင်း ဖြစ်သွားသည်။

အစောပိုင်းက ယွီရွေ့ကျူး သူ့ကို လွမ်းသည်ဟု ပြောစဉ်က ခံစားခဲ့ရသော မူးဝေမှုများက ယခုအခါ ပိုထင်ရှားလာပြီး သူ အိပ်မက်မက်နေသည်ဟုပင် တစ်ခဏမျှ ထင်မှတ်မိသည်။

သူ့ လျှာကို ကိုက်လိုက်မှသာ ဖြစ်ပျက်နေသည့် အရာများမှာ အစစ်အမှန် ဖြစ်ကြောင်း သေချာသွားတော့သည်။

သူက ယွီရွေ့ကျူးကို ကြောင်တောင်တောင် စိုက်ကြည့်နေပြီး သူ့ မျက်လုံးများက ပူလောင်လာကာ သတိထား၍မေး သည်။

"ရွေ့ကျူး... မင်း၊ မင်း ကလေးလို့ ပြောလိုက်တာလား၊ ဘာအဓိပ္ပာယ်လဲ..."

ဟော်ချန်ယဲ့ အကြည့်များက ယွီရွေ့ကျူး ဗိုက်ဆီသို့ အလိုအ လျောက် ရောက်ရှိသွားသည်။

သူမ ကိုယ်ဝန်က သိပ်မရင့်သေးသလို ယွီရွေ့ကျူးမှာလည်း အလွန် ပိန်ပါးပြီး ယနေ့ သူမ ဝတ်ဆင်ထားသော ဂါဝန်က အနည်းငယ် ပွယောင်းနေသဖြင့် သိပ်မသိသာလှပေ။

ဟော်ချန်ယဲ့ ရှုထောင့်မှ ကြည့်လျှင် ဘာကိုမျှ မမြင်ရသဖြင့် သူ အနည်းငယ် မသေမချာ ဖြစ်ဆဲပင်။

မည်သို့ပင်ဆိုစေ သူတို့ ကလေးယူမည့် ကိစ္စကို နှစ်နှစ်လောက် ရွှေ့ဆိုင်းထားဖို့ သဘောတူထားခဲ့ကြသည် မဟုတ်လား။ ထို့အပြင် သူတို့ အတူနေဖြစ်တာလည်း သိပ်များများစားစား မရှိခဲ့သလို အမြဲတမ်း ကွန်ဒုံး သုံးခဲ့ကြသည်။

'သူကပဲ အများကြီး တွေးနေမိတာလား၊ ဒါမှမဟုတ် တကယ်ပဲလား...'

ယွီရွေ့ကျူး တုံ့ပြန်မှုကို သူ စောင့်ဆိုင်းနေသည့် တိုတောင်းသော စက္ကန့်အနည်းငယ်အတွင်း ဟော်ချန်ယဲ့ စိတ်ထဲတွင် ရှုပ်ထွေးသော အတွေးများ ဗြောင်းဆန်လာတော့သည်။

သူ တံတွေးကို အနိုင်နိုင် မျိုချပြီး သူမ အဖြေကို ကြားချင်ဇောဖြင့် ယွီရွေ့ကျူးကို စိုးရိမ်တကြီး စိုက်ကြည့်မိသည်။

ဟော်ချန်ယဲ့ လက်ရှိ အခြေအနေကို ယွီရွေ့ကျူး အတော်လေး ရယ်စရာကောင်းသည်ဟု ထင်မိပြီး မနေနိုင်ဘဲ အသံထွက် ရယ်မောမိတော့သည်။

အတိတ်က ဝန်ထုပ်ဝန်ပိုးများမှ ကင်းလွတ်သွားပြီဖြစ်ရာ ယွီရွေ့ကျူးမှာ စိတ်အခြေအနေ ကောင်းမွန်နေသည်။

သူမက ဟော်ချန်ယဲ့ကို နောက်ပြောင်ချင်ခဲ့သည်။ သို့သော် သူ့ လက်ရှိ မျက်နှာအမူအရာမှာ စိုးရိမ်သော်လည်း မျှော်လင့် ချက် ပြည့်နေသော အကြည့်များကို မြင်သောအခါ ယွီရွေ့ကျူး ရင်ထဲတွင် နူးညံ့သွားတော့သည်။

နောက်ပြောင်နေ၍ အဓိပ္ပာယ် မရှိပေ။ ၎င်းမှာ အလေးအနက်ထားရမည့် ကိစ္စဖြစ်သည်။

သူမက ရှေ့သို့ တိုးကပ်သွားပြီး ဟော်ချန်ယဲ့ ပခုံးပေါ်တွင် ခေါင်းမှီကာ သူ့ လက်ဖဝါးကြီးကို သူမ ဝမ်းဗိုက်အောက်ပိုင်းတွင် ညင်သာစွာ တင်ပေးသည်။

"ကိုယ်ဝန်က အရမ်း နုသေးတော့ သိသာတဲ့ လက္ခဏာတွေ မရှိသေးဘူး၊ ဒါပေမယ့် ရှင် ခံစားလို့ ရတယ် မဟုတ်လား၊ ဘာပဲဖြစ်ဖြစ် ရှင်က ကလေးအဖေလေ"

ယွီရွေ့ကျူးက မှင်သက်လုနီးပါး ဖြစ်နေသော ဟော်ချန်ယဲ့ကို မော့ကြည့်ပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"လာ... ကိုင်ကြည့်ပါ၊ ဒါ ကျွန်မတို့ရဲ့ ကလေးလေးလေ ဟော်ချန်ယဲ့"

All Chapters