အခန်း ၂၃၄
Vol. 24 Ch. 234
Chapter 234
တံခါးအပြင်ဘက်ဆီမှ တင်းမာကြမ်းတမ်းပြီး အက်ကွဲနေသော အသံဆိုးကြီးတစ်ခု ထွက်ပေါ်လာသည်။
တံခါးကို တွန်းထိုးရိုက်နှက်နေသော အားက တံခါးချပ် ပြုတ်ထွက်သွားမတတ် ပြင်းထန်လွန်းနေပြီး ပြောဆိုနေသော စကားလုံးများကလည်း အလွန်တရာ နားခါးဖွယ် ကောင်းလှသည်။
"ယွီရှား၊ မင်း ဒီမှာရှိနေတာ ငါသိတယ်၊ အပြင်ထွက်ခဲ့စမ်း၊ ယွီရွေ့ကျူး... မင်းကရော ကိုယ့်ကိုကိုယ် ဘာကောင်မမှတ်လို့ အစေခံလိုချင်နေရတာလဲ၊ ဘာတွေ ဟန်ဆောင်နေတာလဲ၊ အပြင်ထွက်ခဲ့၊ တံခါးဖွင့်စမ်း၊ သေချင်ယောင်ဆောင်မနေနဲ့"
"မင်းက မင်းကိုယ်မင်း အရင်ကလို ငွေပေါတဲ့ ယွီရွေ့ကျူးလို့ ထင်နေတုန်းလား၊ မင်းစက်ရုံ ပိတ်လိုက်ရပြီ
ဟော်ချန်ယဲ့လည်း ထောင်ထဲရောက်နေပြီ၊ ပြီးတော့ မင်းမိသားစုက လျော်ကြေးတွေတောင် ပေးလိုက်ရသေးတယ်လို့ ငါကြားတယ်
အခုချိန်ထိ အလိုလိုက်ခံထားရတဲ့ မင်းသမီးလေးတစ်ပါးလို လုပ်နေတုန်းပဲလား၊ မင်းအစ်မကို အစေခံခိုင်းနေရအောင် ဘာမို့လို့လဲ၊ တံခါးဖွင့်စမ်း၊ ငါ ယွီရှားကို လာရှာတာ"
ထိုအသံပိုင်ရှင်ကို ယွီရွေ့ကျူး ကောင်းကောင်းကြီး မှတ်မိ သည်။ ဤမျှ မောက်မာပြီး စူးရှကာ ခနဲ့တဲ့တဲ့နိုင်လှသော အသံပိုင်ရှင်မှာ ကျောက်ကျစ်ဖန်မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။
သူမ လှောင်ပြုံး ပြုံးမိသည်။ ကျောက်ကျစ်ဖန် အပြုအမူများက ရွံရှာဖွယ်ကောင်းသလို ရယ်စရာလည်း ကောင်းလွန်းနေသည်။
'သူက သတင်းအချက်အလက် အရမ်းနောက်ကျနေတာပဲ၊ ဟော်ချန်ယဲ့ ပြဿနာတက်တဲ့ကိစ္စကို ဒီလောက်ရက်အကြာကြီးနေမှ သူကြားတာလား၊ ဒီနေ့ သတင်းစာထဲက ဟော်ချန်ယဲ့အကြောင်းကိုတောင် သူ မတွေ့လိုက်ဘူးလား၊ တကယ့်ကို အူကြောင်ကြားနိုင်လွန်းတဲ့ ငတုံးပဲ'
သူမ မတ်တတ်ရပ်လိုက်စဉ် ဘေးနားရှိ ယွီရှားက သူမကို အသာအယာ ပြန်ဆွဲထိုင်စေသည်။
ယွီရှားက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးနောက် စကားများကို အလျင်အမြန် ပြောလာသည်။
"ကျူးအာ... နင့်မှာ ကိုယ်ဝန်ကြီးနဲ့၊ စိတ်မတိုနဲ့နော်၊ အစ်မ သွားကြည့်လိုက်မယ်၊ အစ်မ အိမ်မပြန်တာ ကြာနေပြီဆိုတော့ နင့်ခဲအို စိတ်ပူနေလို့နေမှာပါ၊ နောက်မှ သူ့ကို သေချာပြောပြလိုက်မယ်၊ နင် ထမလာနဲ့၊ အစ်မ သွားဖွင့်လိုက်မယ်"
မနေ့က ယွီရှား လက်ကောက်ဝတ်ပေါ်တွင် တွေ့ခဲ့ရသော အရာများကို ယွီရွေ့ကျူး ပြန်တွေးမိသည်။ ထို့အပြင် အပြင်ဘက်မှ ကျောက်ကျစ်ဖန် မောက်မာလှသော အသံကို ကြားနေရသဖြင့် ယွီရှားကို အပြင်မထွက်စေချင်သောကြောင့် သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲထားသည်။
ခြံဝင်းထဲတွင် ခွန်အားဗလပြည့်ဝသော ယောက်ျားကြီး အများကြီးရှိနေသည့်အပြင် ဟော်ချန်ယဲ့ ကိုယ်တိုင်လည်း ရှိနေသည်မဟုတ်ပါလား။
အသိစိတ်လွတ်နေပုံရသော ကျောက်ကျစ်ဖန်ကို သူမက ဘာအတွက်ကြောင့် သွားရောက်ရင်ဆိုင်နေရမည်နည်း။
ယွီရှားမှာမူ နှုတ်ခမ်းကိုစေ့ကာ ခေါင်းငုံ့ထားပြီး အပြင်ဘက်မှ သူမ ယောင်္ကျား ဒေါသတကြီး တံခါးထုသံများနှင့် ခြံဝင်းထဲရှိ လူများ စူးစိုက်ကြည့်နေသော အကြည့်များကြောင့် အလွန်အမင်း အနေရခက်စေခသည်။
သူမက သွားကိုတင်းတင်းကြိတ်ကာ ယွီရွေ့ကျူး လက်ကို အမြန်ဖယ်ထုတ်သည်။
"ရပါတယ်၊ နင်သာ အပြင်မထွက်ခဲ့နဲ့၊ စိတ်မပူနဲ့နော် ကျူးအာ"
ထို့နောက် အပြင်သို့ ခပ်သုတ်သုတ် ထွက်သွားသည်။ ယွီရွေ့ကျူးက ထပ်ပြီး မတားတော့သော်လည်း အစ်မဖြစ်သူကို စိတ်ပူသဖြင့် အပေါက်ဝဆီသို့ အကြည့်မခွာဘဲ ထကြည့်ရန် ပြင်သည်။
သူမ တံခါးနားသို့ မရောက်မီမှာပင် ယွီရှားက တံခါးကို တစ်ဝက်ခန့် ဖွင့်သည်ကို မြင်လိုက်ရပြီး ယွီရှား အပြင်သို့ ခေါင်းပြူထွက်လိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
"အာ့"
ယွီရွေ့ကျူး လက်သီးကို တင်းတင်းဆုပ်ကာ တံခါးကို ဆွဲဖွင့်ရန် အပြေးအလွှား သွားသည်။ အပြင်ဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ သူမ သွေးများ ခေါင်းထဲသို့ ဆောင့်တက်သွားသလို ခံစားလိုက်ရပြီး ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားတော့သည်။
အမြဲတစေ နူးညံ့ကြင်နာတတ်ပြီး အပြုံးလေးကို ရှက်သွေးဖြာစွာ ဆင်မြန်းထားတတ်သော သူမ အစ်မ ယွီရှားမှာ ယခုအခါတွင်တော့ ယောင်္ကျားဖြစ်သူထံမှ ဆံပင်ဆွဲထားခြင်းကို ခံနေရသည်။
ဦးရေပြားက ပြင်းထန်စွာ ဆွဲဆောင့်ခံထားရပြီး ထိုလူယုတ် မာက ယွီရှားကို တင်းကျပ်စွာ ချုပ်နှောင်ထားလေသည်။
ကျောက်ကျစ်ဖန်က ရက်စက်စွာ ဆဲရေးတိုင်းထွာလာသည်။
"ခွေးမ၊ ငါက အရက်လည်းမသောက်၊ ဖဲလည်းမကစားဘူး၊ မင်းကို နည်းနည်းပါးပါး ဆဲဆိုရိုက်နှက်တာလေးကိုတောင် မခံနိုင်ဘူးလား၊ အိမ်ကနေတောင် ထွက်ပြေးတယ်ပေါ့လေ
မင်းညီမ ပိုက်ဆံရှာနိုင်ပြီး ဩဇာညောင်းလာတော့ မင်းကပါ အထက်စီးက နေချင်နေတာလား၊ အခုတော့ သူ့မှာ ပိုက်ဆံလည်းမရှိတော့ဘူး
သူ့လင်ကလည်း ထောင်ထဲရောက်နေပြီ၊ ငါ့ရှေ့မှာ မင်းက မာနထောင်ရဲသေးလား၊ ဟမ်၊ မင်း လုပ်ရဲသေးလားလို့"
ယွီရှားမှာ နာကျင်လွန်းသဖြင့် ခါးလေးကို အကြိမ်ကြိမ် ကော့လန်နေပြီး ပြန်လည်မပြောဆိုနိုင်တော့ချေ။
သူမ ပိန်ပါးနွဲ့နှောင်းသော ကိုယ်လုံးလေးမှာ အလုံးလေးတစ်လုံးသဖွယ် ကွေးနေပြီး နာကျင်စွာဖြင့် အော်ဟစ်တောင်းပန်ရှာသည်။
"ကျောက်ကျစ်ဖန်... လွှတ်လိုက်ပါတော့၊ ဒီလိုမလုပ်ပါနဲ့၊ ကျွန်မ ဆံပင်တွေ ကျွတ်ထွက်ကုန်တော့မယ်၊ အရမ်းနာနေပြီ၊ လွှတ်ပါတော့"
ကျောက်ကျစ်ဖန်က လွှတ်မပေးသည့်အပြင် သူမ ဦးရေပြားကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်ဆွဲဆောင့်သေးသည်။
အထဲမှ လှုပ်ရှားသံများကို ကြားလိုက်ရပြီး ယွီရွေ့ကျူး တံခါးဖွင့်လာသည်ကို မြင်သောအခါ သူက တမင်သက်သက် ရန်စသည့် အကြည့်ဖြင့် ကြည့်ကာ လှောင်ပြုံးပြုံးသည်။
"ဘာလဲ၊ လင်မယား ရန်ဖြစ်တာကို ပထမဆုံးအကြိမ် မြင်ဖူးတာလား"
ယွီရွေ့ကျူး ဒေါသကိုမျိုသိပ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းသည်။
"ငါ့အစ်မကို လွှတ်လိုက်၊ လွှတ်လိုက်လို့ ငါပြောနေတယ် ကျောက်ကျစ်ဖန်"
ကျောက်ကျစ်ဖန် မျက်နှာက မှုန်ကုပ်သွားသည်။
"မလွှတ်တော့ကော ဘာဖြစ်လဲ၊ မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ၊ ငါပြောပြမယ် ယွီရွေ့ကျူး၊ မင်းကလည်း မိန်းမပျက်ပဲ
စုန့်ချင်းရှန်းက မင်းကို စွန့်ပစ်ပြီး စေ့စပ်ပွဲ ဖျက်သွားတာက မင်းအပြစ်နဲ့မင်းပဲ၊ ပြီးတော့ မင်း ဟော်ချန်ယဲ့ကို ရှာတွေ့ပြီးမှ သူ ထောင်ထဲရောက်သွားတာလည်း မင်းအပြစ်ပဲ
မင်းက ယောကျ်ားတွေကို ကံဆိုးစေမယ့် နိမိတ်ဆိုးပဲ၊ ပိုက်ဆံ နည်းနည်းပါးပါး ရှိရုံနဲ့ ဘာဖြစ်လဲ"
"ငါ့ရှေ့မှာ လာကြွားဝါရဲသေးတယ်ပေါ့"
သူက အနည်းငယ် မခံချင်စိတ်ဖြစ်နေပုံရပြီး ပြောနေရင်းနှင့်ပင် မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်လတ်လာကာ လှောင်ပြုံးပြုံးသည်။
"ငါပြောပြမယ် ယွီရွေ့ကျူး၊ ယွီရှားနဲ့ငါက လင်မယားတွေပဲ၊ ငါ သူ့ကို ရိုက်ရင်တောင် မင်း ဘာလုပ်နိုင်မှာလဲ
ဒါက လင်မယားကိစ္စလေ၊ မင်း ငါ့ကို တရားစွဲမလို့လား၊ ဟော်ချန်ယဲ့လို ငါ့ကိုပါ ထောင်ထဲပို့မလို့လား"
စကားပြောနေရင်းနှင့်ပင် သူ့ ယောက်ျားပီသမှု ကို ပြသရန်နှင့် သူပြောသည့်အတိုင်း လုပ်ရဲကြောင်း သက်သေပြရန်အတွက် ကျောက်ကျစ်ဖန်သည် ယွီရွေ့ကျူး မျက်စိရှေ့မှာတင် မဆိုင်းမတွပင် ယွီရှား ခေါင်းကို ဆွဲကိုင်ကာ ပါးပြင်ကို အားကုန်လွှဲရိုက်တော့သည်။
ဖြန်း~
ချက်ချင်းဆိုသလိုပင် ယွီရှား ပါးပြင်ပေါ်တွင် ကြီးမားသော အနီရောင်အစင်းကြောင်းကြီး ပေါ်လာသည်။
ထိုမျှနှင့် အားမရသေးဘဲ ကျောက်ကျစ်ဖန်က ယွီရွေ့ကျူးကို ရန်စသည့်အကြည့်ဖြင့် ကြည့်ရင်း ယွီရှားကို ထပ်ရိုက်ရန် လက်ကို မြှောက်ပြန်သည်။
သူ့ မောက်မာလှသော ဟန်ပန်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်စွာပင်ညသေးသွယ်နွဲ့နှောင်းပြီး အားနွဲ့လှသော သပ်ရပ်စွာ ဖြီးသင်ထားသော ယွီရှား ဆံပင်များမှာ ယခုအခါ ရှုပ်ပွဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။
သူမ ပါးပြင်များက နီရဲရောင်ရမ်းနေပြီး အလွန်အမင်း ထိတ် လန့်ကြောက်ရွံ့နေသည့် ဟန်ပန်က အထင်းသားပင် ကျောက်ကျစ်ဖန်က ကြက်ကလေးတစ်ကောင်ကို ဆွဲရမ်းနေသလို သူမကို ဆွဲရမ်းနေစဉ် ယွီရှားမှာ မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိရှာပေ။
ညီမဖြစ်သူ ရှေ့မှောက်တွင် ဤမျှ ဂုဏ်သိက္ခာမဲ့စွာနှင့် လူမဆန်စွာ ဆက်ဆံခံရသဖြင့် အမြဲတမ်းမာနရှိသော ယွီရှားမှာ မျှော်လင့်ချက်မဲ့စွာဖြင့် သေချင်စိတ်ပင် ပေါက်သွားရရှာသည်။
ယွီရွေ့ကျူး ဒေါသထွက်လွန်း၍ ပေါက်ကွဲသွားတော့သည်။
အခြားမည်သည့်အရာကိုမျှ သူမ ဂရုမစိုက်နိုင်တော့ချေ။ သူမ ဦးနှောက်ထဲတွင် ယွီရှား သနားစရာကောင်းလှသော မျက်နှာလေးနှင့် ကျောက်ကျစ်ဖန် မောက်မာရိုင်းစိုင်းသော ဟန်ပန်များသာ ပြည့်နှက်နေတော့သည်။
သူမက ရှေ့သို့ ပြေးထွက်သွားကာ ကျောက်ကျစ်ဖန် အင်္ကျီကော်လံကို ဆွဲကိုင်လိုက်ပြီး စကားတစ်ခွန်းမျှပင် မပြောတော့ဘဲ သူ့ ပါးကို အားကုန်လွှဲ၍ အချက်ပေါင်းများစွာ ဆက်တိုက်ရိုက်ချလိုက်သည်။
ဖြန်း ဖြန်း ဖြန်း
ပါးရိုက်ပြီးနောက် ယွီရွေ့ကျူးက ကျောက်ကျစ်ဖန်ကို စူးစိုက်ကြည့်ကာ သူမအား ပြန်လည်ရိုက်နှက်ရန် ရွယ်လာသော သူ့ လက်ကို ဖမ်းဆုပ်သည်။
ထို့နောက် သူ့ကို ဆွဲလှည့်ကာ တံခါးဆီသို့ ရောက်သွားသည်အထိ ပြင်းထန်စွာ တွန်းချလိုက်ရာ တံခါးနှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။
တံခါးမှာ တစ်ဝက်သာ ဖွင့်ထားခြင်းဖြစ်ပြီး ယွီရွေ့ကျူး တွန်းလိုက်မှုကြောင့် ကျောက်ကျစ်ဖန်မှာ ပိတ်ထားသော တံခါးတစ်ဖက်ခြမ်းနှင့် ဖိကပ်သွားလေသည်။
ကျောက်ကျစ်ဖန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခွေးမ၊ မျက်နှာပြောင်တိုက်နေတဲ့ မိန်းမယုတ်၊ မင်းက ငါ့ကိုတောင် ပြန်ရိုက်ရဲတယ်ပေါ့လေ"
ဤအချိန်တွင်တော့ ယွီမိသားစုအိမ်၌ သူ အမြဲတမ်းဟန် ဆောင်ပြတတ်သော သဘောကောင်းသည့် အသွင်အပြင်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဟော်ချန်ယဲ့ ပြဿနာတက်ပြီး ယွီရွေ့ကျူး စက်ရုံ ပိတ်လိုက်ရကြောင်း သတင်းကြားကတည်းက ကျောက်ကျစ်ဖန်တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားဝမ်းသာနေခဲ့ခြင်းဖြစ် သည်။
သူ့အပေါ် ဖိစီးနေသော တောင်ကြီးတစ်လုံး အဆုံးတော့ ပျောက်ကွယ်သွားခဲ့သည်။
ယွီမိသားစု သမက်များဖြစ်ကြသော်လည်း ရွာသားများက သူ့ကို ဟော်ချန်ယဲ့နှင့် အမြဲတမ်း နှိုင်းယှဉ်တတ်ကြသည်။ ယွီမိဘများကလည်း ငွေပိုရှာနိုင်သော ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ကိုသာ ပိုချစ်ခင်တွယ်တာကြသည်။
'သူတို့က ဘာတွေများ ဒီလောက်တောင် ကြီးကျယ်နေလို့လဲ"
သူ ထိုသို့ စိတ်ထဲမှ တွေးတောရင်း မနာလိုဝန်တိုမှုများလည်း ပြည့်နှက်မိသည်။ သူတို့ ထွန်စက်၊ နေ့စဉ်ဝင်ငွေများနှင့် ဆိုင်ရှင်များအဖြစ် လွတ်လပ်စွာ နေထိုင်ရမှုများကို သူ အလွန်မနာလိုဖြစ်ခဲ့သည်။