အခန်း ၂၃၆
Vol. 24 Ch. 236
Chapter 236
ကျေးလက်ဒေသက ယောက်ျားတစ်ယောက်ဖြစ်လင့်ကစား ရွာထဲမှာ မိန်းမကို ရိုက်နှက်တတ်သူဆိုတာ အလွန်ရှားပါးလှသည်။
အကယ်၍ ဒေါသကြီးပြီး မိန်းမကို ရိုက်နှက်မိလျှင်တောင်မှ အများ၏ လှောင်ပြောင်ခြင်း၊ အတင်းအဖျင်းပြောခြင်းများကို ခံရမည်သာဖြစ်သည်။
ရှဲ့ချီနှင့် အခြားသူများက ယွီရွေ့ကျူးနှင့် ယွီရှားကို လက်ပါခဲ့သည့် အောက်တန်းစားဆန်သော ကျောက်ကျစ်ဖန်ကို ပိုရွံရှာစက်ဆုပ်ကြသည်။
ခြံဝင်းထဲတွင် ရိုက်နှက်သံများ၊ ပစ္စည်းများ ရိုက်ခွဲသံများနှင့်အတူ အခြေအနေက ချက်ချင်းဆိုသလို တင်းမာသွားတော့ သည်။
ယွီရှား ဆံပင်များကို ဆွဲဆောင့်ကာ ပါးရိုက်ပြီး မောက်မာပြခဲ့သော ကျောက်ကျစ်ဖန်မှာ ယခုအခါတွင်တော့ ဆွဲရမ်းရိုက်နှက်ခံနေရပြီး အလွန်တရာ သနားစရာကောင်းလှသော အခြေအနေသို့ ဆိုက်ရောက်သွားသည်။
ယွီရွေ့ကျူးက ခြံဝင်းထဲရှိ ရုတ်ရုတ်သောင်းသောင်း အခြေ အနေကို အေးစက်စွာ ကြည့်နေသည်။ သူမ ယွီရှားအတွက် ဆေးလူးပေးသည်။
ကျောက်ကျစ်ဖန် ယွီရှား ဦးရေပြားကို သွေးထွက်လာသည်အထိ အလွန်အမင်း ကြမ်းတမ်းစွာ ဆွဲဆောင့်ထားသဖြင့် အတော်လေး ကြောက်မက်ဖွယ်ကောင်းလှသည်။
သူမ ပါးပြင်ပေါ်မှ ရောင်ရမ်းနေသော အရာများကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ကျောက်ကျစ်ဖန်က အစပိုင်းတွင် အသနားခံခဲ့သော်လည်း ခြံဝင်းထဲရှိ လူအများအပြားက သူ့ကို ရိုက်နှက်ရန် ဝိုင်းရံထားသည်ကို မြင်သောအခါ တဖြည်းဖြည်း မိုက်ရူးရဲဆန်လာပြီး မျက်လုံးများ ညိုမည်းရောင်ရမ်းနေသည့်တိုင် ဆက်လက် ဆဲရေးတိုင်းထွာသည်။
"ခွေးမ၊ နင်ရော ဟော်ချန်ယဲ့ပါ စီးပွားရေးတွေ ပျက်ပြီး စက်ရုံတွေ ပိတ်လိုက်ရလို့ အဲဒီဒေါသတွေကို ငါ့ဆီ လာပုံချနေတာလား၊ ဘာတွေ ဟန်ဆောင်နေတာလဲ
ငါက နင်တို့ကို ကြောက်မယ်ထင်နေလား၊ ထွက်သွားကြစမ်း၊ ငါ့မိန်းမ ငါရိုက်တာ နင်တို့နဲ့ ဘာဆိုင်လို့လဲ၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြစမ်း"
ဟော်ချန်ယဲ့က သူ့ကို ခွေးတစ်ကောင်လို လည်ကုပ်မှဆွဲမကာ မျက်လွှာပင့်ကြည့်သည်။
"ဆဲဖို့ အားရှိနေသေးတယ်ပေါ့လေ၊ ငါတို့က မင်းကို သေချာ မပြုစုလိုက်ရသေးဘူး ထင်တယ်"
"မင်း သူတို့ကို တစ်ခွန်းဆဲရင် မင်းကို တစ်နာရီတိတိ ရိုက်မယ်၊ ငါ တကယ်ပြောနေတာ"
သူ့ စကားဆုံးသည်နှင့် ကျောက်ကျစ်ဖန် မျက်နှာပေါ်တွင် အကြောက်တရားများ ဖုံးလွှမ်းသွားပြီး ချက်ချင်း ပါးစပ်ပိတ်သွားသည်။
မိုက်ရူးရဲဆန်နေသည့် အခြေအနေတွင်ပင် ဟော်ချန်ယဲ့ မည်မျှ သန်စွမ်းကြောင်းနှင့် သူ့ ရိုက်နှက်မှုများက မည်မျှ နာကျင်ကြောင်းကို သူ ကောင်းကောင်း သိသည်။
သူ ပါးစပ်ပိတ်သွားသော်လည်း သူ ခံစားထိုက်သည်များကိုတော့ လွတ်ငြိမ်းခွင့် မရခဲ့ချေ။ ခြံဝင်းတစ်ခုလုံး ကျောက်ကျစ်ဖန် ဝက်လို အော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။
ဆူညံသံများကို စိတ်ရှုပ်လာသော လျန်စစ်က သူ့ ဒေါသကို ဖြေဖျောက်ရန်အတွက် ကျောက်ကျစ်ဖန် ပါးစပ်ထဲသို့ အဝတ်စုတ်တစ်စ ဆို့ထည့်လေသည်။
ယွီရှားကို ယွီရွေ့ကျူးက အိမ်ထဲသို့ တွဲခေါ်လာပြီး အုတ်ကုတင်ပေါ်တွင် ထိုင်စေသည်။ ယွီရှား တစ်ကိုယ်လုံး တုန်ယင်နေပြီး ခေါင်းငုံ့ကာ အံ့ကို တင်းတင်းကြိတ်ထားသည်။
သူမ မျက်ဝန်းများမှာ နီရဲနေပြီး ယွီရွေ့ကျူး၏အင်္ကျီကို ဆုပ်ကိုင်ကာ တိတ်ဆိတ်စွာ ငိုကြွေးရှာသည်။
ယွီရွေ့ကျူး ဆေးလူးပေးသော်လည်း ယွီရှား မျက်ရည်များကြောင့် ဆေးများ ချက်ချင်းပျက်ပြယ်သွားရသည်။ သူမ မျက်ရည်များက ထိန်းမရမ်းမရ စီးကျနေပြီး မြင်ရသူအဖို့ ရင်ကွဲမတတ်ပင်။
ယွီရွေ့ကျူးလည်း ဆက်ပြီး မဟန့်တားနိုင်တော့ချေ။
"အစ်မ... သူ့အနားမှာ ဆက်မနေကြရအောင်၊ ဟုတ်ပြီလား၊ ကျောက်ကျစ်ဖန်က လူယုတ်မာပဲ၊ အစ်မကို သူ ဘယ် လောက်တောင် ရက်ရက်စက်စက် ရိုက်ထားလဲ ကြည့်ပါဦး၊ သူက တိရစ္ဆာန်ပဲ၊ အစ်မရဲ့ အရည်အချင်းနဲ့ဆို သူ့ထက် အများကြီး သာတဲ့သူကို ရှာလို့ရတယ်"
ယခင်က အကြိမ်ကြိမ် တွေဝေတုံ့ဆိုင်းခဲ့ဖူးသော ယွီရှားသည် ယွီရွေ့ကျူး အကြည့်အောက်တွင် မျက်ရည်များ စီးကျနေရင်း အဆုံး၌ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ယွီရွေ့ကျူး ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတ ငင် ငိုကြွေးသည်။
"ကျူးအာ... အစ်မ သူ့ကို ကွာရှင်းချင်တယ်၊ အစ်မ သူ့အနားမှာ ဆက်မနေချင်တော့ဘူး"
"ကျောက်ကျစ်ဖန်နဲ့ သူ့မိသားစု တစ်ခုလုံးက လူမဆန်ကြဘူး၊ အစ်မ ဘာလုပ်လုပ် အပြစ်ချည်းပဲ
သူတို့က အမြဲတမ်း အပြစ်ရှာတယ်၊ ကျောက်ကျစ်ဖန်က စက်ရုံက တခြားမိန်းကလေးတွေနဲ့ ရောနှောတယ်
အဲဒါကို အစ်မက စကားနည်းနည်းပါးပါး ပြောမိရင် အိမ်ပြန်ရောက်တာနဲ့ ရိုက်တော့တာပဲ၊ ယောက္ခမတွေကလည်း တားဖို့တောင် မကြိုးစားဘူး
သူတို့သား အစ်မကို ရိုက်နေတာကို အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေကြတာ၊ ပြီးတော့ နင့်ဆီကနေ ဘာမှ မရဘူးဆိုပြီး အစ်မကို အသုံးမကျတဲ့ မိန်းမလို့တောင် ဆဲကြသေးတယ်
ကျူးအာ... ကျောက်ကျစ်ဖန်က အစ်မကို ရိုက်တာ အကြိမ် ကြိမ်ပဲ၊ အစ်မ တကယ် ကြောက်နေပြီ၊ လုံးဝ မခံစားနိုင်တော့ဘူး
အစ်မလည်း လူပါ၊ တိရစ္ဆာန် မဟုတ်ဘူး၊ သူ့မိသားစုထဲမှာ အစ်မအတွက် ဂုဏ်သိက္ခာဆိုတာ နည်းနည်းလေးတောင် မရှိတော့ဘူး"
အခန်းထဲတွင် ငိုရှိုက်သံများက ပဲ့တင်ထပ်လာသည်။ အမြဲ တမ်း နူးညံ့ပြီး နားလည်မှုရှိသော အစ်မကြီး ယွီရှားသည် ပထမဆုံးအကြိမ်အဖြစ် ယွီရွေ့ကျူး ရင်ခွင်ထဲတွင် ကလေးလေးတစ်ယောက်လို ငိုကြွေးလေသည်။
ယွီရွေ့ကျူးက သူမကို ဖက်ထားပြီး အသက်ရှူမှန်စေရန် ကျောလေးကို ပွတ်သပ်ပေးသည်။ သူမ တစ်ခဏမျှ ရပ်တန့်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့မိသည်။
ထို့နောက် ပြတင်းပေါက်ကို ဖွင့်ကာ ခြံဝင်းထဲရှိ ဟော်ချန်ယဲ့နှင့် အခြားသူများကို လှမ်းအော်ပြောသည်။
"ကျောက်ကျစ်ဖန်ကို ငါ့အစ်မနဲ့ ကွာရှင်းပေးဖို့ လုပ်ခိုင်း လိုက်၊ တစ်ရက်တောင် နောက်မကျစေနဲ့၊ ဒီနေ့ပဲ လုပ်ခိုင်း"
ယွီရွေ့ကျူး မျက်နှာက အလွန်တည်ကြမ်းနေသည်။ အိမ်ထဲရှိ ယွီရှားပင် ကြက်သေသေသွားသော်လည်း ဟော်ချန်ယဲ့ကတော့ ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်ပြသည်။
"အင်း"
သူက သူမ တောင်းဆိုချက်တိုင်းကို အမြဲတမ်း ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးတတ်သူ မဟုတ်ပါလား။ ဤကိစ္စကိုလည်း မယုံနိုင်လောက်အောင် မြန်ဆန်သောနှုန်းဖြင့် အကောင်အ ထည်ဖော်ပေးခဲ့သည်။
ဟော်ချန်ယဲ့ တစ်ခွန်းမျှပင် မပြောရသေးခင်မှာပင် မြေပြင်ပေါ်တွင် မှောက်လျက်လဲနေပြီး မျက်နှာတစ်ခုလုံး ညိုမည်းရောင်ရမ်းနေသော ကျောက်ကျစ်ဖန်က ခေါင်းကို အဆက် မပြတ် ညိတ်ပြသည်။
သူ့ မျက်နှာမှာ ဒဏ်ရာများကြောင့် စကားပြောလျှင်ပင် နာကျင်နေသဖြင့် သူ့ မျက်နှာထားက အလွန်တရာ ကြည့်ရဆိုးနေသည်။
သူက ယွီရှားကို တစ်ချက်စောင်းကြည့်ကာ လှောင်ပြုံးပြုံး သည်။
"ကွာမယ်၊ အခုချက်ချင်း ကွာမယ်"
ကျောက်ကျစ်ဖန် အမြင်တွင် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာ ငွေရှာကောင်းသဖြင့် သူတို့နှင့် ဆွေမျိုးတော်စပ်ခြင်းက အကျိုးရှိနိုင်မည်၊ အခွင့်အရေးအချို့ ရနိုင်မည်ဟု သူ့ မိသားစုက အစပိုင်းတွင် ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါ သူတို့ စက်ရုံလည်း ပိတ်လိုက်ရပြီဖြစ်ကာ ဟော်ချန်ယဲ့ကလည်း ထောင်မှ ထွက်ပြေးလာသူ ဖြစ်သဖြင့် ယွီရွေ့ကျူးတို့နှင့် ဆက်လက် ပတ်သက်နေပါက သူ့ကိုပါ ထိခိုက်နစ်နာစေမည်ဟု တွေးထင်မိသည်။
ထို့အပြင် ဆွဲဆောင်မှုမရှိဘဲ အဖွားကြီးတစ်ယောက်လို အမြဲတမ်း ညည်းညူတတ်သော ယွီရှားကိုလည်း သူ ငြီးငွေ့နေသည်မှာ ကြာပြီဖြစ်ရာ ချက်ချင်းသဘောတူလေသည်။
အကယ်၍ သူသာ သဘောမတူလျှင် ဟော်ချန်ယဲ့နှင့် သူ့ လူများက မည်သို့သော နည်းလမ်းများဖြင့် သူ့ကို နှိပ်စက်ဦးမည်ကို မည်သူ သိနိုင်မည်နည်း။
ကျောက်ကျစ်ဖန်က မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ပြီး ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်သည်။
"ငါ မရှိရင် သူ့အတွက် ကောင်းတဲ့လူ ရှာပေးနိုင်မယ် ထင်နေလား၊ မင်းတို့ကိုယ်တိုင်တောင် မင်းတို့ဝမ်းစာ မရှာနိုင်တော့တာကို ငါ့ကိုများ အထင်သေးချင်သေးတယ်
ငါ့အိမ်ပေါက်ဝမှာ လာတောင်းစားရင်တောင် တံခါးဖွင့်ပြီး ဆန်တစ်စေ့တောင် ပေးမှာမဟုတ်ဘူး၊ မင်းတို့ကိုယ်မင်းတို့ အရင်ကလို သူဌေးတွေလို့ ထင်နေတုန်းပဲလား"
ထိုစကားပြောပြီးနောက် ဝိုင်းနေသော လူအုပ်ကြီး၏ ထပ်မံရိုက်နှက်ခြင်းကို ခံလိုက်ရသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
လျန်စစ်နှင့် ရှဲ့ချီတို့ မျက်နှာများမှာ လှောင်ပြောင်မှုများ ပြည့်နှက်နေပြီး ကျောက်ကျစ်ဖန်ကို ဝက်တစ်ကောင်လို မိုက်မဲလှသည်ဟု တွေးကာ ရိုက်နှက်ကြသည်။
'ဟော်ချန်ယဲ့ ဒီမှာရှိနေတာကိုတောင် သူက ဘာမှ မသင်္ကာစရာ မမြင်ဘူးဆိုတော့ ဝက်နဲ့ ဘာကွာတော့မလဲ၊ ဦးနှောက်ရှိသူတိုင်းက ဒါက အကြောင်းပြချက် တစ်ခုခုရှိရမယ်ဆိုတာ သိနိုင်တာပဲလေ'
သို့သော် ကျောက်ကျစ်ဖန်ကတော့ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကို အထင်သေးရုံသာ ရှိသည်။
သူ ပြန်သွားချိန်တွင် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် တုန်ယင်သော်လည်း သူ့ မျက်လုံးများတွင် အထင်သေး ရွံရှာမှုများ ရှိနေဆဲပင်။
ခြံဝင်းထဲရှိ လူများ မျက်လုံးများမှာမူ ကောင်းကင်သို့ပင် လန်တက်မိသွားသည်။
"မဖြစ်နိုင်ဘူး ချန်ယဲ့၊ မင်းရဲ့ ယောက်ဖဟောင်းက ရူးများသွားပြီလား၊ မင်းကိုတောင် ထောင်ဖောက်ပြေးလာတယ်လို့ ပြောသွားသေးတယ်၊ ငါတော့ ပြောစရာ စကားတောင် မရှိတော့ဘူး၊ နောက်ကျရင် သူ မင်းကို သွားတိုင်နေဦးမလား"
"ဘယ်လိုလူမျိုးလဲကွာ၊ ကိုယ့်မိန်းမကိုတောင် ပြန်ရိုက်ရက်တယ်၊ ငါ့အလှည့်ရောက်တုန်းက သူ့ကို သေချာ တီးလိုက်တယ်၊ ဒေါသထွက်စရာ ကောင်းလိုက်တာ၊ အစ်မယွီရှားက ဒီလောက် နူးညံ့တာကို သူက တန်ဖိုးထားရမှန်း မသိဘူး၊ သူ ကံဆိုးပြီး ဒုက္ခရောက်တာနဲ့ပဲ တန်ပါတယ်"
လူအုပ်ကြီး အိမ်ထဲသို့ ဝင်လာပြီး မျက်လုံးများ နီရဲနေသော ယွီရှားကို မြင်သောအခါ အများစုက ကျောက်ကျစ်ဖန်ကို ပိုမိုမရိုက်နှက်လိုက်မိသည့်အတွက် တိတ်တဆိတ် နောင်တရကြသည်။
သို့သော် လူတိုင်း ဒေါသထွက်နေကြစဉ်မှာပင် ယွီရွေ့ကျူးက သူမ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။ လူတိုင်း ရှိနေခိုက်တွင် သူမနှင့် ဟော်ချန်ယဲ့က သတင်းတစ်ခုကို ကြေညာသည်။
သူတို့ ကုမ္ပဏီတစ်ခု အတူတူ တည်ထောင်တော့မည်။
ဟော်ချန်ယဲ့ ခြံမှာ အလွန်ကြီးမားနေပြီ ဖြစ်သည်။ မူလက သီးခြား ဝက်မွေးမြူရေးခြံများနှင့် မျိုးကူးခြံများအဖြစ် ခွဲခြားထားသည်။
နောက်ပိုင်းတွင် ကြက်များကိုပါ အများအပြား မွေးမြူလာခဲ့သည်။ တောင်တစ်လုံးလုံးကို လွှမ်းခြုံထားနိုင်သည့် အတိုင်း အတာအထိကြီးမားလာပြီး တိရစ္ဆာန်အစာ ကုမ္ပဏီများစွာက ကိုယ်တိုင်လာရောက်၍ စာချုပ်များချုပ်ဆိုကြရသည်။