← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

Chapter 237

ဝက်ကောင်ရေ ၈၀၀ ခန့်ဆိုလျှင် ကြီးမားသော လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ဟော်ချန်ယဲ့မှာ ထိုပမာဏနီးပါး ရောက်ရှိနေပြီ ဖြစ်သည်။

သူ့ လက်အောက်တွင် အလုပ်သမားများ ပိုမိုများပြားလာသဖြင့် ကုမ္ပဏီဖွင့်ရန် လျှောက်ထားသင့်သည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူက အလုပ်များလွန်းသဖြင့် အမြဲတမ်း မေ့လျော့နေသည်။

ထို့အပြင် ရွာထဲမှ လူအများစုမှာ ကုမ္ပဏီဆိုသည်မှာ ဘာမှန်းပင် မသိကြပေ။ လျန်စစ်ကဲ့သို့သော လူများဆိုလျှင် လုံးဝ နားမလည်ကြချေ။

ကုမ္ပဏီဟူသော စကားလုံးက ကြီးကျယ်ခမ်းနားသည်ဟု ထင်ရသော်လည်း နာမည်ပြောင်းလိုက်ခြင်းက ဘာအကျိုးရှိမည်နည်း။ သူတို့ အနာဂတ် တိုးတက်မှုကို မည်သို့ ပြောင်းလဲစေမည်နည်းဆိုသည်ကို သူတို့ နားမလည်ကြချေ။

ဟော်ချန်ယဲ့မှာ ဝေဝါးဝါးသာ နားလည်သော်လည်း ဇနီးဖြစ်သူ စကားကို နားထောင်ရမည်ဆိုသည်ကိုတော့ ကောင်း ကောင်း သိသည်။ ထို့ကြောင့် သူက အားလုံးကို အလေးအနက်ကြည့်ကာ ပြောသည်။

"မင်းတို့ မရီးက နောက်မှ သေချာရှင်းပြလိမ့်မယ်၊ အခု ငါတို့ အစည်းအဝေး လုပ်နေတုန်းမို့ မရီးပြောတာကို အရင်နား ထောင်ကြ"

ယွီရွေ့ကျူးတစ်ယောက် ဆွံ့အသွားရသည်။ သူမက နဖူးကို ပွတ်ကာ အကြောင်းရင်းကို အကျဉ်းရုံး ရှင်းပြပြီးနောက် ဆက်ပြောသည်။

"ကုမ္ပဏီတစ်ခု စတင်တည်ထောင်ဖို့ဆိုတာ အရင်ကလို ရိုးရိုးရှင်းရှင်းနဲ့ ကပျာကယာ လုပ်လို့မရတော့ဘူး၊ ကျွန်မတို့အနေနဲ့ စက်ရုံအဆောက်အအုံတွေ၊ ရေဆိုးကန်တွေ၊ ရေဆိုးသန့်စင်ရေး စက်ရုံတွေနဲ့ ငါတို့ထုတ်ကုန်တွေကို တိရစ္ဆာန်အစာအဖြစ် ရောင်းချမယ့် လမ်းကြောင်းတွေ စတဲ့ အရာတွေကို သေချာ တည်ဆောက်ဖို့ လိုတယ်၊ ဒါတွေကို ဂရုတစိုက် ရွေးချယ်ရမယ်"

ထို့နောက် ယွီရွေ့ကျူးက သူတို့အတွက် သာယာလှပသော အနာဂတ်ပုံရိပ်တစ်ခုကို သိမ်မွေ့စွာ ခြယ်မှုန်းပြသည်။

"အခုကတော့ ကုမ္ပဏီပေါ့လေ၊ ဒါပေမဲ့ နောက်ပိုင်း ငါတို့တွေ ပိုကြီးထွားပြီး အင်အားကြီးလာတဲ့အခါ အုပ်စုကြီးတစ်ခု ဖြစ်လာမှာ၊ အဲဒီအချိန်ကျရင် လူတိုင်းရဲ့လစာတွေ ပိုများလာမယ်၊ ကုမ္ပဏီကလည်း ပိုပြီးနာမည်ကြီးလာမယ်၊ တခြားမြို့တွေကတောင် ငါတို့ ကုမ္ပဏီနာမည်ကို သိလာနိုင်တယ်"

ဤစကားကို ကြားသောအခါ ဝိုင်းရံနေသူများအားလုံး ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

"ကောင်းတယ်ဟေ့"

အခြားအရာများကို နားမလည်လျှင်တောင် လစာတိုးမည်၊ တခြားမြို့က လူတွေပါ သိလာမည် ဆိုသည်ကိုတော့ သူတို့ ကောင်းကောင်း နားလည်ကြသည်။

သူတို့ စိတ်လှုပ်ရှား ဝမ်းသာမှုက ကျောက်ကျစ်ဖန်ကို ရိုက်နှက်ခဲ့စဉ်ကထက် များစွာသာလွန်နေပြီး လူတိုင်း မျက်နှာပေါ်တွင် ပီတိအပြုံးများ ဝေဆာနေသည်။

မကြာမီမှာပင် လူအများ အံ့သြချီးကျူးဖွယ်ရာ အကြည့်များနှင့်အတူ မြို့အနီးတွင် စက်ရုံတစ်ရုံ ပေါ်ပေါက်လာသည်။

ထိုစက်ရုံက ကြာရှည်ခံသော လေလုံထုပ်ပိုးထားသည့် ဝက်ခြေထောက်များ၊ ကြက်ခြေထောက်များ၊ ကြက်အူအသည်းများနှင့် ဝက်အသည်းများကို ထုတ်လုပ်သည်။

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့သည် အရောင်းလမ်းကြောင်းများကို သေချာစွာ ချိတ်ဆက်ထားပြီးဖြစ်ရာ သူတို့ထုတ်ကုန် များကို ရွာအသီးသီးရှိ ဆိုင်ငယ်လေးများတွင်သာမက သမဝါယမ အရောင်းဆိုင်များမှတစ်ဆင့်ပါ ရရှိနိုင်အောင် ဆောင်ရွက်ထားသည်။

တစ်ချိန်တည်းမှာပင် မြို့ အချက်အချာကျသော နေရာတစ်ခုတွင် တောက်ပပြီး ခေတ်မီလှပသော ခြံဝင်းကြီးတစ်ခုကို တည်ဆောက်သည်။

ထိုခြံဝင်းအတွင်း၌ အထပ်ပေါင်းများစွာရှိသော အဆောက် အအုံများ ပါဝင်ပြီး အဝင်ဝတွင်တော့ ရွှေရောင်လွှမ်းနေသော ဆိုင်းဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထားသည်။

"ချန်ရွေ့ အသားထုတ်ကုန် ကုမ္ပဏီလီမိတက်"

ထိုအဆောက်အအုံကြီးမှာ အလွန်တောက်ပလွန်းသဖြင့် ဖြတ်သွားဖြတ်လာတိုင်းက အထဲသို့ မလွှဲမရှောင်သာ ငေးကြည့်မိကြပြီး နှုတ်ခမ်းကိုသပ်မိသည်။

"တောက်ပြောင်နေတာပဲ"

အများစုကတော့ ပိုအံ့သြမှင်သက်မိသည်။

သတင်းက တာတုန်းရွာသို့ ရောက်ရှိသွားသောအခါ ယွီမိဘများမှာ သက်ပြင်းချနိုင်သွားပြီး ပတ်ဝန်းကျင် ရွာများမှ လူများ ဝိုင်းဝန်းမြှောက်ပင့် အမွှမ်းတင်ခြင်းကို ခံရသည်။

တစ်ချိန်တည်းမှာပင် စုန့်ချင်းရှန်း မိသားစုမှာမူ ရူးမတတ်ပင် ဖြစ်နေသည်။

သူတို့ သားဖြစ်သူမှာ ထောင်ထဲတွင် နှစ်ရှည်လများ ကျခံရသည်။ သူတို့ အလုပ်ပြုတ်သွားပြီ အတွင်းရေးမှူး ချွေးမလောင်းလေးကိုလည်း လက်လွှတ်လိုက်ရသလို ယခု သူတို့ သားကိုပါ ဆုံးရှုံးခဲ့သည်။

စုန့်မိဘများမှာ ယခင်က သူတို့ မာနတရားများ အားလုံး ကင်းမဲ့သွားကာ အိမ်တွင် အထိန်းအကွပ်မဲ့ ငိုကြွေးနေရပြီး ယခင်က သူတို့ ရန်စခဲ့ဖူးသော ရွာသားများစွာဆီမှ ကျိန်ဆဲခြင်းများကို ခံရရှာသည်။

စုန့်ချင်းရှန်း ပြဿနာများကို ရှင်းလင်းရန်နှင့် သူ့အတွက် ချစ်သူရှာပေးရန် သုံးစွဲခဲ့သော ငွေကြေးများအားလုံး ရေစုန်မျောသွားခဲ့သည်။

စုန့်မိဘများမှာ ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်နေသော သနားစရာ ဘဝကို ဖြတ်သန်းရသည်။ သို့သော် ယွီရွေ့ကျူးနှင့် သူမ ခင်ပွန်းတို့ မည်မျှ အောင်မြင်ကြီးပွားနေကြောင်း ကြားလိုက်ရသောအခါ သူတို့ လုံးဝ ထိုင်မနေနိုင်တော့ချေ။

"ယွီရွေ့ကျူးက ဒီလောက် အရည်အချင်းရှိမှန်း သိခဲ့ရင် ငါတို့ ဘာလို့များ ဒီလောက် အခက်အခဲခံပြီး ပြဿနာရှာနေမိမှာလဲ"

စုန့်မားမားမှာ မျက်ရည်ကျမတတ် ဖြစ်နေသည်။

"ချင်းရှန်းသာ ယွီရွေ့ကျူးနဲ့ စောစောစီးစီး လက်ထပ်ခဲ့ရင် အခုချိန်မှာ ငါတို့က ချမ်းသာပြီး လူတိုင်း အားကျရတဲ့သူတွေ ဖြစ်နေမှာပေါ့"

"အတွင်းရေးမှူးရဲ့ သမီးထက် အများကြီး သာတယ် မဟုတ်ဘူးလား၊ ငါတို့ ချင်းရှန်းက အဲဒီကောင်မလေးကို ဘယ် လောက်တောင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာလဲ

သူ ပြဿနာတက်တော့ ငါက အဲဒီကောင်မလေးဆီသွားပြီး အကူအညီတောင်းဖို့၊ အဆက်အသွယ်လေး ရှာပေးဖို့ တောင်းပန်ခဲ့တာကို သူက ငါ့ကို လုံးဝ လျစ်လျူရှုခဲ့တာ"

စုန့်မားမားက မျက်ရည်များကို သုတ်ကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း ထပ်ခါတလဲလဲ ရေရွတ်မိသည်။

"ယွီရွေ့ကျူး အများကြီး သာပါတယ်၊ ယွီရွေ့ကျူးသာဆိုရင် ငါတို့နဲ့ ချင်းရှန်းကို ဒီလိုမျိုး ဘယ်တော့မှ ဆက်ဆံမှာ မဟုတ်ဘူး..."

အကယ်၍ ယွီရွေ့ကျူးသာဆိုလျှင် စုန့်ချင်းရှန်းအတွက် အပြစ်များကို ဝင်ခံပေးချင်ခံလိမ့်မည်။

ဤသို့တွေးမိကာ အိမ် ယိုယွင်းပျက်စီးနေသော အခြေအနေကို လှည့်ကြည့်ပြီး စုန့်မားမားမှာ ပိုငိုချင်စိတ် ပေါက်လာသည်။

သို့သော် လူသားတို့ ပျော်ရွှင်မှုဆိုသည်မှာ မျှဝေခံစား၍ မရနိုင်ပေ။ စုန့်မားမားက အုံ့မှိုင်းညှိုးနွမ်းမှုများဖြင့် ဖုံးလွှမ်းနေချိန်တွင် ယွီရွေ့ကျူး အခြေအနေကမူ အလွန်တရာ သက်ဝင်လှုပ်ရှား ပျော်ရွှင်ဖွယ်ကောင်းလှသည်။

နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ယွီရွေ့ကျူး ဝမ်းဗိုက်လေးမှာ တဖြည်းဖြည်း ထင်ရှားလာသည်။

ဆောင်းဦးလေပြေက အေးစိမ့်စိမ့်ရှိလှရာ သူမက ဟော်ချန်ယဲ့ ကုတ်အင်္ကျီကို ခြုံလွှမ်းထားသည်။

ဟော်ချန်ယဲ့ သန်မာလှသော လက်မောင်းများအောက်တွင် အကာအကွယ်ရယူရင်း သူမ ကိုယ်ဝန်စစ်ဆေးမှုခံယူရန်အတွက် သူက ဂရုတစိုက် တွဲခေါ်သွားသည်။

ယွီရွေ့ကျူး "ကျွန်မတို့ ကလေးအတွက် ဘာနာမည်ပေးမလဲ စဉ်းစားပြီးပြီလား"

ဟော်ချန်ယဲ့ "ဒါက အမေ ရွေးရမယ့်ကိစ္စ မဟုတ်ဘူးလား၊ ကိုယ်စဉ်းစားထားတာကို မင်း သဘောမကျမှာ စိုးလို့၊ ပြီးတော့ ကလေးမွေးလာရင်လည်း ကိုယ့်ကို ချစ်မှာ မဟုတ်ဘူး"

ယွီရွေ့ကျူး "..."

သူမ မနေနိုင်ဘဲ ရယ်မောမိသည်။

ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ တိတ်ဆိတ်စွာ တိုးဝင်လိုက်ရင်း သူမ မျက်နှာသွင်ပြင်လေးက သက်သောင့်သက်သာ ဖြစ်သွားသည်။

"ဟော်ချန်ယဲ့၊ ရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ၊ ယုံကြည်စမ်းပါ၊ ကလေးရော ကျွန်မရော ရှင့်ကို အရမ်းချစ်မှာ"

"ဒါက ကျွန်မတို့ လက်ထပ်ပြီး ပထမဆုံးနှစ်ပဲ ရှိသေးတယ်၊ ကျွန်မတို့ ရှေ့ဆက်ရမယ့် နှစ်တွေ အများကြီး အများကြီး ကျန်သေးတယ်"

ယွီရွေ့ကျူးက လက်ကိုဆန့်ထုတ်ကာ ဟော်ချန်ယဲ့ လက် ချောင်းလေးများနှင့် ချိတ်ဆက်သည်။

"ကျွန်မတို့ အတူတူ အိုမင်းသွားကြမယ်"

ဟော်ချန်ယဲ့ အသံက အက်ရှရှဖြစ်နေသည်။

"အင်း"

သူက ယွီရွေ့ကျူး လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူမကို နမ်းရှိုက်သည်။

"အတူတူ အိုမင်းသွားကြမယ်"

All Chapters