← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

Chapter 239

ယွီရွေ့ကျူး ဗိုက်လေးမှာ ယခုအခါ လုံးဝကို စူထွက်လာသည်။ အိမ်ထဲတွင် မီးဖို ထွန်းထားသော်လည်း သူမက အနွေးထည်အထူကြီးကို ဝတ်ဆင်ထားရာ သူမ စူထွက်နေသော ဗိုက်လေးမှာ ယခင်က ပြားချပ်သွယ်လျသော ခန္ဓာကိုယ်လေးနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်သည်။

သူမက ခန္ဓာကိုယ် သေးသေးကွေးကွေးနှင့် ပိန်ပါးနုနယ်သော မျက်နှာလေး ပိုင်သယဖြစ်ရာ သူမ ကိုယ်ဝန်ဆောင်ထားရခြင်းက ကိုယ်ဝန်ဆောင်ချိန် ဒုက္ခများကို မခံနိုင်မည်စိုးသည့် သနားကြင်နာစိတ်ကို အမြဲတစေ နှိုးဆွနိုင်သည်။

မကြာသေးမီက ယွီရွေ့ကျူး ကိုယ်ဝန်ဆောင်မှုမှ အော့အန်ခြင်းများ လျော့ကျသွားခဲ့သည်။ သူမ ခြေသလုံးနှင့် ခြေထောက်များတွင်သာ ရောင်ရမ်းမှုကို ခံစားရပြီး ၎င်းက သူမကို အနည်းငယ် ကိုယ်လေးကာ သွားလာရ ခက်ခဲစေသည်။

တစ်ခါတစ်ရံ အနံ့အသက်များနှင့် ပတ်သက်၍လည်း အာရုံခံစားမှု လွန်ကဲနေတတ်ပြီး အကြောင်းပြချက်မရှိဘဲ တစ်ခုခုကို စားချင်စိတ်များလည်း ဖြစ်ပေါ်တတ်သည်။

သူမ အလွန် အိပ်ချင်တတ်သည့် အကျင့်မှာမူ ပြောင်းလဲမသွားပေ။ မကြာသေးမီကဆိုလျှင် အိမ်ထဲတွင်သာ နေကာ ဟော်ချန်ယဲ့ စက်ရုံမှ ပြန်လာချိန်အထိ အိပ်နေတတ်ပြီးမှ အလိုအလျောက် နိုးလာတတ်သည်။

အိမ်မှုကိစ္စများနှင့် ပတ်သက်၍ ယွီရွေ့ကျူးက ကိုယ်ဝန်မဆောင်မီကလည်း သိပ်မလုပ်ခဲ့ရဘဲ ယခုအခါ ဟော်ချန်ယဲ့ကသာ အရာအားလုံးကို တာဝန်ယူ စီစဉ်ပေးသည်။

သူမက စောင့်ဆိုင်းရုံသာဖြစ်ပြီး အရာအားလုံးက သူမအတွက် အဆင်သင့် ဖြစ်တတ်သည်။

ယွီရွေ့ကျူးက ဤသည်မှာ မသင့်လျော်ဟု ခံစားမိသည်။ မည်သို့ပင်ဆိုစေ ကိုယ်ဝန်ဆောင်ထားရသော်လည်း သူမက လေ့ကျင့်ခန်း လုပ်ရန် လိုအပ်သေးသည်။

ကိုယ်တိုင် ဘာတစ်ခုမှ မလုပ်ရဘူးဆိုလျှင် သူမက ရှားပါး ကာကွယ်စောင့်ရှောက်ခံ တိရစ္ဆာန်လေးတစ်ကောင် ဖြစ်မသွားဘူးလား။

သူမ သွားကြည့်ရာ ဟော်ချန်ယဲ့ ဟင်းသီးဟင်းရွက်များ ဆေးကြောနေသည်ကို မြင်လိုက်ရသဖြင့် အင်္ကျီလက်ကို ခေါက်တင်ကာ လှမ်းကူသည်။

"ကျွန်မ လုပ်လိုက်မယ်"

မီးဖိုပေါ်တွင် ရေဇလုံတစ်လုံး ရှိနေပြီး ပဲတောင့်ရှည်များကို စိမ်ထားသည်။ ယွီရွေ့ကျူးက လှမ်း၍ ပွတ်ဆေးလိုက်သော်လည်း ရေနှင့် ထိမိချိန်တွင် မနေနိုင်ဘဲ အသံထွက်သွားရသည်။

အလွန်ကို အေးစက်လွန်းလှသည်။

ဟော်ချန်ယဲ့က သူမ မျက်နှာသစ်ရန်နှင့် ခြေထောက်ဆေးရန် ရေခပ်ပေးတိုင်း ရေအပူချိန်မှာ အမြဲ ကွက်တိဖြစ်တတ် သည်။

သူမ ယခင်ဘဝကလိုမျိုး ယခု ရေပိုက်ခေါင်းမှ ရေနွေးများ ထွက်နေပြီဟုပင် ထင်မှတ်ခဲ့သည်။

ယခု ထိတွေ့ကြည့်လိုက်မှသာ သူမ ရေကသာ ချွင်းချက်ဖြစ်နေကြောင်း နားလည်သွားသည်။

၎င်းကို မြင်သောအခါ ဟော်ချန်ယဲ့က သူမကို အိမ်ထဲသို့သာ ပွေ့ချီသွားပြီး ဆိုဖာပေါ်တွင် ညင်သာစွာ ချပေးသည်။

"ကိုယ်ပဲ လုပ်လိုက်ပါ့မယ်၊ ရေအေးတွေနဲ့ မထိပါနဲ့ ရွေ့ကျူးရယ်"

သူက ယွီရွေ့ကျူး လက်ကို ဆုပ်ကိုင်သည်။

"အရမ်းအေးသွားလား၊ နေရထိုင်ရ ခက်သွားသေးလား"

ယွီရွေ့ကျူး "..."

'ရေအေးလေး ထိရုံနဲ့ ငါက နေမကောင်းဖြစ်သွားမှာမျိုးမှ မဟုတ်တာ၊ ငါက ဖန်နဲ့ လုပ်ထားတာမှ မဟုတ်ဘဲ'

သူမက ခေါင်းခါပြပြီး ဟော်ချန်ယဲ့ လက်ထဲမှ သူမ လက်ကို ဆွဲယူကာ သူ့ အင်္ကျီအောက်နားစထဲသို့ ထိုးသွင်းသည်။

သူ့ ရင်ခွင်ထဲတွင် မှီခိုနေရင်း ယွီရွေ့ကျူး နီရဲသော နှုတ်ခမ်းများက သူ့ အနွေးထည်မှ ကြယ်သီးကို ညင်သာစွာ ကိုက်ခဲကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဘာမှမဖြစ်ပါဘူး ဟော်ချန်ယဲ့၊ ကျွန်မကို နွေးသွားအောင် လုပ်ပေး"

သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ လက်ချောင်းလေးများက ချောမွေ့ကာ တင်းရင်းနေသော သူ့ ခါးဆီသို့ ဖြည်းညင်းစွာ လျှောသွားသည်။

ယခင်က စိုးရိမ်တကြီးနှင့် လေးနက်နေခဲ့သော အမျိုးသားမှာ ရုတ်တရက် တောင့်တင်းသွားပြီး သူ့ ခန္ဓာကိုယ်က အလိုအလျောက် တုန်ယင်သွားသည်။

ယွီရွေ့ကျူး ရှုထောင့်မှကြည့်လျှင် ရုတ်တရက် တုန်ယင်သွားမှု၊ တင်းမာသွားသော ခန္ဓာကိုယ်နှင့် တင်းတင်းစေ့သွားသော နှုတ်ခမ်းများကို ရှင်းလင်းစွာ မြင်နိုင်သည်။

သူမ ဘေးရှိ သူ့ အသက်ရှူသံများမှာ ပိုမို မြန်ဆန်လာပုံပေါ်ပြီး အသက်ရှူထုတ်လိုက်တိုင်း သူမ ပါးပြင်နှင့် နားရွက်ဆီသို့ ရိုက်ခတ်နေသည်။

သူမ ခါးအောက်ပိုင်းကို ဆုပ်ကိုင်ထားသော သူ့ လက်ဝါးကြီးမှာ ချက်ချင်းပင် တင်းကျပ်သွားသည်။ သူက ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်ရာ သူ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။ သူ အကြည့်လွှဲလိုက်ပြီး အသံများမှာ အက်ရှရှ ဖြစ်ဘာသည်။

"ရွေ့ကျူး၊ တော်တော့..."

ယွီရွေ့ကျူး လက်ချောင်းများက အမှန်တကယ်ပင် အနည်းငယ် အေးစက်နေသည်။ စောစောက ရေအေးများ ထိတွေ့ထားသဖြင့် သူမ ဖြူဖွေးသော လက်ချောင်းထိပ်လေးများမှာ အနည်းငယ် နီမြန်းလာသည်။

ဟော်ချန်ယဲ့ ပူလောင်နေသော အပူရှိန်နှင့် အေးစက်သော ထိတွေ့မှုက သူ့ကို အနေရခက်စေသည်။

သူမ လက်ဝါးအောက်ရှိ အသားအရေမှာ သူမ အထိအတွေ့ကြောင့် တင်းမာသွားသည်ကို ခံစားရပြီး သူ့ ခါးပေါ်ရှိ V ပုံသဏ္ဌာန် လိုင်းနှစ်ကြောင်းက သူမကို မသိမသာ အောက်ဘက်သို့ ပွတ်သပ်မိသည်။

ဟော်ချန်ယဲ့က သူမ ပခုံးပေါ်တွင် ခေါင်းမှီပြီး တိုးညင်းစွာ သက်ပြင်းချသည်။

ယွီရွေ့ကျူးက ထပ်ပြီး ဘာမှ မလုပ်တော့ပေ။ သူမ ပြောခဲ့သလိုပင် လက်ကို နွေးအောင် လုပ်ရန်သာ ထိုးသွင်းထားခြင်းဖြစ်သည်။ သို့သော် အနွေးထည်အတွင်း သူမ လက်များကို လက်သီးဆုပ်ချိန်တွင် တင်းကျပ်သော အဝတ်အစားကြောင့် နေရာကျဉ်းကျပ်သလို ဖြစ်သွားသည်။

သူမ လက်ဝါးက ရှင်းလင်းစွာ ပေါ်လွင်နေသည့် သူ့ ကြွက် သားရှစ်မြှောင်းကို ထိမိပြီး သူမ လက်သည်းများက မတော်တဆ ခြစ်မိသွားရာ ဟော်ချန်ယဲ့ထံမှ ခပ်တိုးတိုး ညည်းတွားသံလေး ထွက်ပေါ်လာတော့သည်။

သူမက အပြစ်ကင်းစင်စွာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်သည်။

"ကျွန်မ လက်တွေ နွေးသွားပြီထင်တယ်၊ မအေးတော့ဘူး"

ထို့နောက် သူမ လက်ကို ပြန်ဆွဲထုတ်မည့်ဟန် ပြင်သည်။

အတိတ်ကလည်း ယွီရွေ့ကျူးမှာ ဤကဲ့သို့ ဟော်ချန်ယဲ့ကို မကြာခဏ ကျီစယ်လေ့ရှိပြီး ယခုတစ်ကြိမ်မှာလည်း ချွင်းချက်မဟုတ်ပေ။ သို့သော် ယခင်ကတော့ ဟော်ချန်ယဲ့ သည်းခံနိုင်သေးသည်။ သို့ဆသာ် ယခုတော့...

အချိန်အတော်ကြာသည့်တိုင်အောင် ထိုတိုတောင်းသော သုံးကြိမ်သာ ရှိခဲ့ပြီး နောက်ပိုင်းတွင် ခပ်ပေါ့ပေါ့ ချော့မြှူမှုများသာဖြစ်သည်။ အထူးသဖြင့် ယွီရွေ့ကျူး ကိုယ်ဝန်ရပြီးနောက်ပိုင်း သူ ဘာတစ်ခုမှ ထပ်မလုပ်ရဲတော့ပေ။

သည်းမခံနိုင်လောက်အောင် ခံစားရချိန်များ၌ပင် အပြင်ထွက်ကာ ရေအေးဖြင့် ရေချိုးရုံသာ တတ်နိုင်ခဲ့သည်။ ဤအခိုက်အတန့်တွင်မူ ဟော်ချန်ယဲ့က ယွီရွေ့ကျူး လက် ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လာသည်။

သူမ မော့ကြည့်ချိန်တွင် တောင့်တမှုများဖြင့် တောက်လောင်နေသော နက်ရှိုင်းသည့် မျက်ဝန်းနက်ကြီး တစ်စုံနှင့်ဆုံသည်။

"ရွေ့ကျူး... သုံးလကျော်ရင် ရပြီလို့ ကိုယ် ကြားထားတယ်"

All Chapters