အခန်း ၂၄၃
Vol. 25 Ch. 243
Chapter 243
ရုတ်တရက် အနိုးခံရခြင်းက ယခုရက်ပိုင်းအတွင်း ပုံမှန်ကိစ္စတစ်ခုလို ဖြစ်လာခဲ့ပြီး ဟော်ချန်ယဲ့ကလည်း ဤအခြေအနေကို အမြန်ပင် ကျင့်သားရလာကာ စိတ်အနှောင့်အယှက် မဖြစ်တော့ချေ။
အိပ်ပျော်နေစဉ် ယွီရွေ့ကျူး ပန်းသွေးရောင် သန်းနေသော မျက်နှာလေးကို ကြည့်ရင်း သူ့ နှလုံးသားမှာ နူးညံ့သွားပြီး သူမကို ကိုင်းညွတ်နမ်းရှိုက်သည်။
"အိပ်မက်လှလှမက်ပါစေ ရွေ့ကျူး"
ကိုယ်ဝန်ဆောင် လက္ခဏာများက ဤမျှနှင့် မကကြောင်း ထင်ရှားသည်။ ခြေထောက်ကြွက်တက်ခြင်းက တစ်ပိုင်းဖြစ်သော်လည်း ရောင်ရမ်းမှုများကလည်း အနေရခက်စေသည်။
ညဘက် ရေချိုးပေးပြီးနောက်ပိုင်း ယွီရွေ့ကျူးကို ခြေထောက်စိမ်ပေးသည့် အကျင့်တစ်ခု ဟော်ချန်ယဲ့တွင် ဖြစ်ပေါ်လာသည်။
ဤသို့လုပ်ပေးခြင်းက ရောင်ရမ်းခြင်း လက္ခဏာများကို သက်သာစေမည်ဟု ကြားဖူးသည်။
ယွီရွေ့ကျူး ခြေထောက်များမှာ သေးငယ်ပြီး ကိုယ်ဝန်ကြောင့် အနည်းငယ် ရောင်ရမ်းသော်လည်း ဟော်ချန်ယဲ့ လက်ဝါးပေါ်သို့ ရောက်ရှိသွားချိန်တွင် ဆန့်ကျင်ဘက်ဖြစ်မှုမှာ အလွန် သိသာထင်ရှားဆဲပင်။
ဟော်ချန်ယဲ့ လက်ဝါးကြီးမှာ ကြမ်းတမ်းပြီး ယွီရွေ့ကျူး ခြေထောက်လေးများမှာ အလွန်တရာ ဖြူဖွေးနူးညံ့သည်။
ဟော်ချန်ယဲ့က သူမ ခြေထောက်များကို ဆေးကြောပေးချိန်တွင် သူ့ ကြမ်းတမ်းသော လက်ချောင်းများက သူမ အသား အရေကို ခြစ်မိမည်စိုး၍ မနေနိုင်ဘဲ အလွန် ညင်သာစွာ လှုပ်ရှားလေသည်။
ထိုသို့ဖြစ်ချိန်တိုင်း ယွီရွေ့ကျူးက သူ့ လက်ကို ဆွဲယူကာ ပြောတတ်သည်။
"ဒီနားလာပါဦး၊ ကျွန်မ ကြည့်ပါရစေ"
ထို့နောက် သူမက ဆေးနံ့သာဆီကို ထုတ်ယူကာ သူ့ လက်ဝါးကို နှိပ်နယ်ပေးတက်ပြန်သည်။
သူမက ၎င်းကို လေမှုတ်ပေးကာ သူ့ကို မော့ကြည့်ရင်း ပြောလိုက်သည်။
"ဟော်ချန်ယဲ့ ရှင့် အသားမာတွေက လက်ကို အရမ်းကြမ်းစေတာပဲ၊ ဆေးများများ လူးပေးရင် အသားမာတွေ အများကြီး နူးညံ့သွားလိမ့်မယ်၊ နောက်မှ ရှင့်အတွက် အသားမာတွေ ညှပ်ပေးပြီး ချောမွေ့သွားအောင် လုပ်ပေးမယ်လေ၊ အဲဒီကျရင် ပိုပြီး အဆင်ပြေသွားလိမ့်မယ်"
ဟော်ချန်ယဲ့က သူမကို နူးညံ့စွာ ကြည့်ရင်း ပြန်ဖြေသည်။
"ကောင်းပါပြီ"
ကိုယ်ဝန်ဆောင်ထားရချိန် အတွင်း၌ပင် ယွီရွေ့ကျူးမှာ သူမ ဆိုင်ကို မမေ့ဘဲ အချိန်ရတိုင်း သွားရောက် စစ်ဆေးတတ်သည်။
သူမက ဖက်ထုပ်ဆိုင်တစ်ဆိုင်ကိုပင် လွှဲပြောင်းယူခဲ့ပြီး အစာသွပ်များကို ကိုယ်တိုင် ပြုလုပ်ကာ လတ်လတ်ဆတ် ဆတ် ရောင်းချသည်။
အရသာ ကောင်းမွန်လွန်းသဖြင့် အချို့သော ထုတ်လုပ်သူများက သူမနှင့် ပူးပေါင်းလုပ်ဆောင်ရန်ပင် လာရောက် ကမ်းလှမ်းခဲ့သော်လည်း ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့တွင် စက်ရုံတစ်ရုံ ရှိနှင့်ပြီးဖြစ်ရာ ပြင်ပမှ ပူးပေါင်းဆောင်ရွက်မှုမျိုးကို မလိုအပ်ခဲ့ပေ။
ဖက်ထုပ်ဆိုင် စီးပွားရေး ပိုကောင်းလာသည်နှင့်တပြိုင်နက် အေးခဲဖက်ထုပ်များ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ထောင်ပြီး သူမ ကိုယ်ပိုင် အမှတ်တံဆိပ် အရောင်းကောင်တာ တစ်ခုကို ဖွင့်လှစ်ကာ အနီးနားရှိ ဆိုင်များက သူမ အမှတ်တံဆိပ် ဖက်ထုပ်များကို ရောင်းချနိုင်စေရန် သူမ စီစဉ်ထားသည်။
သို့သော် ဤသည်မှာ ရေရှည်စီမံကိန်းတစ်ခုဖြစ်ကြောင်း ထင်ရှားပြီး ယွီရွေ့ကျူးမှာလည်း အလျင်လိုမနေခဲ့ပေ။
သူမ ယခုလက်ရှိ ကိုယ်ဝန်ဆောင်ဘဝမှာ အတော်လေး သက်တောင့်သက်သာ ရှိလှသည်။
သူမ နိုးလာချိန်တွင် ဟော်ချန်ယဲ့က အိမ်ပြန်လာပြီး သူမအတွက် ဟင်းချက်ပေးတတ်ကာ အဖော်မပျက်စေရန် လူများစွာကလည်း လာရောက် စကားလာပြောတတ်သည်။
ဟော်မိသားစု ခြံဝင်းမှာ တဖြည်းဖြည်း ပိုမို ကျယ်ဝန်းလာပြီး သူတို့က အိမ်နီးချင်း မိသားစုများရှိ ပြောင်းခင်းများကိုပင် အငှားချထားကာ နွယ်ပင်များ တက်လာချိန်တွင် အရိပ်အာ ဝါသ ရစေရန် စပျစ်နွယ်ပင်များစွာကိုလည်း စိုက်ပျိုးထားခဲ့သည်။ ခြံဝင်းထဲတွင် စိုက်ပျိုးထားသော ပန်းပင်များနှင့် ပေါင်းစပ်သောအခါ အလွန်တရာ လှပနေသည်။
တစ်ခါတစ်ရံ ဟော်ချန်ယဲ့က သူမ လမ်းလျှောက်ထွက်ရန် ကူညီပေးတတ်ပြီး သူတို့ အတူ လမ်းလျှောက်ထွက်ချိန်များတွင် လူများစွာက အားကျသည့် အရိပ်အယောင်များဖြင့် သူမကို စကားလာပြောတတ်သည်။
မည်သို့ပင်ဆိုစေ မိသားစုတိုင်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ရှိတတ်ပြီး လူများစွာက ကလေးမွေးဖွားသည့် အတွေ့အကြုံများ ရှိကြသည်။
သို့သော် ယွီရွေ့ကျူးကို ရှားပါး ရတနာတစ်ပါးအလား အလိုလိုက်ကာ မြတ်နိုးယုယထားပုံမျိုးကတော့ ရွာထဲတွင် တမူထူးခြားနေသည်။
အထူးသဖြင့် ယွီရွေ့ကျူး ကိုယ်ဝန်ရပြီးနောက်ပိုင်း မိသားစုမှာ အကြီးအသေး ဘာကိစ္စကိုမှ စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။ အားဖြည့် အာဟာရများ၊ အရသာရှိသော အချိုရည်များ၊ သစ်သီးများနှင့် သရေစာများက အလျှံပယ် ဖြစ်သည်။
ရွာသားများ သူမထံ လာရောက်လည်ပတ်ချိန်တိုင်း ထိုမြင်ကွင်းကြောင့် အမြဲတမ်း အံ့ဩနေရတတ်သည်။ မပြန်မီတွင် သူတို့က မနေနိုင်ဘဲ သက်ပြင်းချမိသည်ာ
"လူတွေက တကယ် ကွာခြားတာပဲ၊ ငါတို့လည်း အိမ်ပြန်ရောက်ရင် ချွေးမတွေကို ပိုကောင်းကောင်း ဆက်ဆံရမယ်"
ယွီရွေ့ကျူး ကိုယ်တိုင်ကတော့ ထူးထူးခြားခြား မခံစားရချေ။ သူမ ရင်ဘတ်မှ လက္ခဏာများကြောင့်သာ စိတ်အနှောင့်အယှက် ဖြစ်မိသည်။
ထိုလက္ခဏာများ ရုတ်တရက် ပေါ်လာခြင်းမှာ အချိန်မတိုင်မီ နို့ထွက်ခြင်းကြောင့်ဟု အစပိုင်းတွင် သူမ ထင်မှတ်ခဲ့သော် လည်း မကြာသေးမီက ထိုအရာများ ရပ်တန့်သွားသည်။
ထို့နောက် ဟော်ချန်ယဲ့ ပြောခဲ့သလိုပင် ရင်သားများမှာ တဖြည်းဖြည်း တင်းမာကာ နာကျင်လာပြီး ညဘက်များတွင် အိပ်ပျော်ရန် ခက်ခဲလာသည်။
တစ်ခါတစ်ရံ သူမ ကိုင်ကြည့်မိချိန်တွင် ကျောက်စရစ်ခဲလေးများ ပြည့်နေသည့်အလား ခံစားရပြီး သူမ ငိုချင်လာသည်အထိ နာကျင်လှသည်။
'အရင်တုန်းက လွယ်လွယ်လေး နို့ထွက်ခဲ့တာ၊ အခုရော ဘာတွေ ဖြစ်ကုန်တာလဲ'
အစပိုင်းတွင် သူမက ဟော်ချန်ယဲ့ကို လျှို့ဝှက်ထားခဲ့သော်လည်း နောက်ပိုင်းတွင် နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။
ထိုညက ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူမက ရင်ဘတ်ကို လက်သီးဆုပ်ကာ ဖိထားပြီး အသက်ရှူရပင် ခက်ခဲသည်။
မျက်ရည်များက သူမ ပါးပြင်ပေါ်သို့ စီးကျလာသည်။ အဆုံးတွင် ယွီရွေ့ကျူးက ဟော်ချန်ယဲ့ လက်မောင်းကို လှုပ်နှိုးကာ ခေါ်လေသည်။
"ဟော်ချန်ယဲ့... ကျွန်... ကျွန်မ ရင်ဘတ်တွေ နာနေပြီ၊ နည်းနည်းလောက် ပွတ်ပေးပါဦး"
အိပ်ချင်မူးတူးဖြင့် ဟော်ချန်ယဲ့ မျက်လုံးများ ပွင့်လာသော်လည်း သူ့ မျက်လုံးများမှာ အာရုံမစူးစိုက်နိုင်သေးပေ။
သူ ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်ရာ ယွီရွေ့ကျူး ဟိုက်နေသော အင်္ကျီကော်လာနှင့် မျက်ရည်စများ စွန်းထင်းနေသည့် မျက်တောင်လေးများကို မြင်လိုက်သည်။ သူ့ အသက်ရှူနှုန်းများ မြန်ဆန်လာတော့သည်။
'ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ'
ယွီရွေ့ကျူးက သူ့ လက်ကို ဆုပ်ကိုင်ကာ သူမ ရင်ဘတ်ပေါ်သို့ ဂရုတစိုက် တင်ပေးပြီး သူ့ကို မျက်မှောင်ကြုတ်ကြည့်သည်။
"ဖြည်းဖြည်း လုပ်နော်၊ နည်းနည်းလောက် ပွတ်ပေးရုံပဲ"
ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး သူ့ လက်ဝါးမှာ ပူလောင်လာသည်။