အခန်း ၂၄၄
Vol. 25 Ch. 244
Chapter 244
မကြာမီက ကျဆင်းထားသော နှင်းပွင့်လွှာများမှာ အရည်ပျော်မသွားသေးချေ။ ဆောင်းရာသီ အအေးဒဏ်ကြောင့် နှင်းများပင် အချိန်ကြာမြင့်စွာ တည်ရှိနိုင်သည်။
ယခုအခါ အပြင်ဘက်တွင် လေစိမ်းများ တိုက်ခတ်နေပြီး နှင်းပြင်ပေါ်သို့ လရောင် ဖြာကျနေသဖြင့် အလင်းရောင်မှာ ပိုမိုတောက်ပနေပုံရကာ အပြင်ဘက်တစ်ခွင်ကို ပို၍ လင်းထိန်သွားစေသည်။
ဟော်ချန်ယဲ့သည် အိမ်တွင်းရှိ အခြေအနေကိုလည်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။
သူ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ယွီရွေ့ကျူး အသွင်အပြင်ကို အောက်သို့ ငုံ့ကြည့်သည်။ သူမ အသားအရေ အပူချိန်မှာ ယခင်ကဲ့သို့ပင် နွေးထွေးဆဲဖြစ်သည်။
သို့သော် ရင်သားများ တင်းမာလာပြီးနောက် နို့များကို နှိပ်နယ်ထုတ်ပစ်သင့်သည်ဟု သူ အရင်က ပြောခဲ့ဖူးသော်လည်း အမှန်တကယ် သူမ အသားအရေကို ထိတွေ့ချိန်တွင်တော့ သူ အနည်းငယ် အနေရခက်သလို ခံစားရသည်။
ကံကောင်းထောက်မစွာဖြင့် သူက ခပ်တိုးတိုး ချောင်းတစ်ချက်ဟန့်ပြီး ဟော်ချန်ယဲ့မှာ သူ့ တည်ငြိမ်မှုကို အလျင်အမြန်ပင် ပြန်လည် ထိန်းသိမ်းသည်။
သူမ အသားအရေနှင့် ထိတွေ့နေသော သူ့ လက်ဝါးပြင်မှ ခံစားမှုက သူ့ကို အနည်းငယ် မသက်မသာ ဖြစ်စေသည်။
ထို့ကြောင့် သူ ထထိုင်ပြီး ယွီရွေ့ကျူး အပေါ်ဝတ်အင်္ကျီကို စမ်းသပ်သည့်သဘောဖြင့် မတင်ကာ စစ်ဆေးကြည့်သည်။
ယွီရွေ့ကျူး အသားအရေမှာ ဖြူဖွေးပြီး အပြင်ဘက်ရှိ နှင်းများက သူမကို ပို၍ပင် တောက်ပနေသည့်အသွင် ပေါက်စေသည်။ သို့သော် ယခင်ကနှင့်မတူဘဲ တစ်ခုခု လွဲချော်နေပုံရသည်။
ထိုသည်မှာ အတွင်းပိုင်းတွင် မာကျောသော အကျိတ်လေးများ ရှိနေသည့်အလားပင်။ သူ စမ်းသပ်ရုံသာ ထိတွေ့သော် လည်း ယွီရွေ့ကျူးက သူမ ရင်ဘတ်ကို ဆုပ်ကိုင်ကာ မျက်ရည်များ စီးကျလာလျက် ပြောသည်။
"နာတယ်"
ရင်သားတင်းမာလာသော နာကျင်မှုကြောင့် သူမကို ဟိုဘက်ဒီဘက် လူးလှိမ့်နခဲ့ပြီး ယခုတော့ အနည်းငယ် ထိတွေ့မှုကိုပင် သူမ သည်းမခံနိုင်တော့ချေ။
ဟော်ချန်ယဲ့ နဖူးတွင် ချွေးများ သီးလာသည်။
ယလင်က သူ အရာရာကို ရှင်းလင်းစွာ ရှင်းပြခဲ့ဖူးသော်လည်း သူကိုယ်တိုင်ကလည်း အတွေ့အကြုံမရှိသူ တစ်ဦးဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။
အကျိတ်များကို ပျောက်သွားအောင် နှိပ်နယ်ပေးရန် လိုအပ်ကြောင်းကိုသာ သူ သိသော်လည်း ယွီရွေ့ကျူးမှာ အလွန် မသက်မသာ ဖြစ်နေပုံရသဖြင့် သူ ဆက်မလုပ်ရက်တော့ပေ။
သူက အံ့ကို တင်းတင်းကြိတ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်ပြီး မျက်နှာသုတ်ပုဝါတစ်ထည်ကို ရှာဖွေကာ ရေနွေးဖြင့် စိမ်၍ သူမ အသားအရေပေါ်သို့ တင်ပေးသည်။ သူက သူမကို တတ်နိုင်သမျှ ညင်သာစွာ နှိပ်နယ်ပေးရင်း ချော့မြှူသည်။
"ရွေ့ကျူး... မကြောက်နဲ့နော်၊ ကိုယ် ရှိတယ်၊ နှိပ်နယ်ပေးပြီးသွားရင် ပိုသက်သာသွားလိမ့်မယ်"
သူ့ လက်ဝါးနှင့် ထိတွေ့သော နွေးထွေးသည့် အသားအရေမှာ ယခင်ကဲ့သို့ပင် နူးညံ့ဆဲဖြစ်ပြီး အဝတ်အစားများဖြင့် ဖုံးအုပ်ထားလေ့ရှိသဖြင့် ယွီရွေ့ကျူး ပေါ်လွင်သော လက်ကောက် ဝတ်များနှင့် ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများထက်ပင် ပိုမို ဖြူဖွေးသည်။
သို့သော် ယခုအချိန်တွင် ဟော်ချန်ယဲ့၏ စိတ်ထဲ၌ မည်သည့် ချိုမြိန်သော အတွေးမျိုး ရှိမနေပေ။
သူ့ မျက်ဝန်းများတွင် နာကျင်မှုများဖြင့် ပြည့်နှက်လေသည်။ ယွီရွေ့ကျူး ငိုသည်ကို မြင်သောအခါ သူမ ကိုယ်စား သူသာ အစားဝင်ငိုပေးချင်သည်။
၎င်းမှာ အနည်းငယ် နာကျင်ရုံမျှ မဟုတ်ဘဲ အလွန် ကိုက်ခဲနာကျင်ခြင်းဖြစ်သည်။
မူလကတည်းက နုနယ်သော ယွီရွေ့ကျူးမှာ ယခုအခါ လုံးဝကို ခံနိုင်ရည်မဲ့စေသည်။ သူမက ဟော်ချန်ယဲ့ ထပ်မံ မထိတွေ့နိုင်စေရန် ရင်ဘတ်ကို လက်မောင်းများဖြင့် ကာကွယ်ကာ ခွေခွေလေး နေသည်။
သူမ တစ်ဖက်သို့ လှည့်ပြီး အသက်လုရှူရင်း စိုစွတ်သော မျက်တောင်လေးများဖြင့် ခေါင်းကို အဆက်မပြတ် ခါယမ်းကာ ပြောသည်။
"ကျွန်မ သည်းခံနိုင်ပါတယ်၊ ဆက်မပွတ်ပါနဲ့တော့"
ဟော်ချန်ယဲ့မှာ အကြိမ်အနည်းငယ်မျှပင် မပွတ်ရသေးမီ တွန်းဖယ်ခံရသည်။ ညအမှောင်ထဲတွင် မသက်မသာဖြင့် ခွေခွေလေး ဖြစ်နေသော ယွီရွေ့ကျူးကို မြင်လိုက်ရချိန်တွင် သူ့ ရင်ထဲ၌ ဆစ်နဲနေအောင် နာကျင်မိသည်။
ကိုယ်ဝန်ဆောင်ရခြင်းက ဤမျှ ခက်ခဲသောကိစ္စမှန်း သူ ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်းပင်။
နောက်တစ်ကြိမ် သူမကို ဘယ်တော့မှ ကိုယ်ဝန် ထပ်မဆောင်ခိုင်းတော့ရန် သူ သန္နိဋ္ဌာန်ချပြီး ဤတစ်ကြိမ်နှင့်တင် လုံလောက်ပြီဖြစ်သည်။
သို့သော် သူမအတွက် မည်မျှပင် စိတ်မကောင်းဖြစ်ပါစေ နာကျင်သော နေရာကို မပွတ်သပ်ပေးလျှင် လက္ခဏာများက ပိုဆိုးလာဖို့သာ ရှိသည်။
သူမ မခံစားရစေဘဲ ရောင်ရမ်းကာ နာကျင်နေသော ရင်ဘတ်ကို မည်သို့ ကူညီပွတ်သပ်ပေးရမည်ကို စဉ်းစားရင်း ဟော်ချန်ယဲ့မှာ မျက်မှောင်ကြုတ်မိသည်။
ရုတ်တရက် လွန်ခဲ့သောအချိန်က နေ့ခင်းကြောင်တောင် အဓိပ္ပာယ်မရှိသော ဖြစ်ရပ်လေးကို သူ ပြန်သတိရသွားသည်။ သူ့ နှုတ်ခမ်းပေါ်သို့ စင်ကျလာသော နို့တစ်စက်နှင့် ထို့နောက် သူ မြည်းစမ်းခဲ့ရသော ပြည့်ဝချိုမြိန်သည့် အရသာကိုပင်။
ဟော်ချန်ယဲ့ ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်သွားပြီး သူ့ နားရွက်များမှာ ချက်ချင်းပင် နီရဲလာကာ ရှက်ဖွယ်ကောင်းပြီး အနည်းငယ် အဓိပ္ပာယ်မရှိသော အတွေးတစ်ခု သူ့ စိတ်ထဲတွင် ပေါ်လာသည်။
"ရွေ့ကျူး..."
သူက ယွီရွေ့ကျူး ပခုံးပေါ်သို့ လက်တင်ချိန်တွင် သူ့ အသံများမှာ အက်ရှရှဖြစ်ပြီး အားယူကာ ပြောသည်။
"ဒီပြဿနာကို မြန်မြန်ဆန်ဆန်နဲ့ မနာမကျင်ဘဲ ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကိုယ် သိပြီထင်တယ်"
ထိုစကားကို ကြားသောအခါ ယွီရွေ့ကျူး လှည့်ကြည့်ရာ သူမ ကြောင်မျက်လုံးလေးများမှာ မျက်ရည်များဖြင့် ဝေဝါးလာသည်။ သူမက မျက်ရည်များကို သုတ်ပြီး မျက်လုံးအိမ်များမှာ နီရဲနေလျက် ပြောသည်။
"ဘယ်လိုနည်းလမ်းလဲ"
ဟော်ချန်ယဲ့ ပါးလျသော နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး ခဏမျှ စကားမပြောနိုင်ပေ။ ဂျုံရောင်ရှိသော သူ့ မျက်နှာမှာ နီမြန်းနေပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အကြည့်ကို လွှဲမိသည်။
"ကိုယ် အများကြီး တွေးမိတာလည်း ဖြစ်နိုင်ပေမဲ့... ကြိုးစားကြည့်ရအောင်..."
ယခင်က ဘာမှ ထူးထူးခြားခြား မရှိခဲ့ပေ။ ပြဿနာမှာ ယွီရွေ့ကျူးက သူ့အပေါ် ရင်းနှီးသော အပြုအမူများ ပြုလုပ်ခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် သူက သူမကို ဖက်ထားခဲ့ချိန်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယွီရွေ့ကျူးမှာ မသက်မသာ ဖြစ်ဆဲပင်။ ကိုယ်ဝန်ရှိနေချိန် ရင်ဘတ်ထဲမှ တင်းကျပ်မှုက သူမ ခံစားချက်များကို ပိုထိန်း ချုပ်မရ ဖြစ်စေသည်။
ပြတင်းပေါက်ပြင်ပရှိ တောက်ပသော လရောင်ကို ငေးမောကြည့်ရင်း ဟော်ချန်ယဲ့ ဘာလုပ်နိုင်မလဲဟု စိုးရိမ်တကြီး တွေးတောစဉ် သူမ အသားအရေပေါ်သို့ သူ့ အနွေးဓာတ် လာရောက် ထိတွေ့လာသည်ကို ရုတ်တရက် သူမ ခံစားရသည်။
သူမ အောက်သို့ ငုံ့ကြည့်ရာ ဟော်ချန်ယဲ့ကို မြင်လိုက်ရပြီး ထို့နောက် သူက ပိုမိုတိုးကပ်လာသည်ကို သူမ မြင်လေသည်။
သူမ ရင်ဘတ်ပေါ်သို့ ထိတွေ့လာသော သူ့ အေးစက်သည့် အသားအရေ၊ ပူလောင်သော အသက်ရှူငွေ့များနှင့်...
ညအမှောင်ထဲတွင် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ အကြည့်ချင်း ဆုံသွားသည်။ သူမ စိတ်များ ခေတ္တမျှ ဗလာကျင်းသွားပြီး စောင်ကို အလိုအလျောက် ဆုပ်ကိုင်ထားကာလည် ချောင်းထဲမှ စကားတစ်ခွန်း ထွက်လာရန် ကြိုးစားသော် လည်း ဘာစကားမှ ထွက်မလာခဲ့ဘဲ သူမ အသားအရေများသာ တုန်ယင်နေသည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင်ပင် ဟော်ချန်ယဲ့က ထိုသို့ အဓိပ္ပာယ်မရှိသည်များကို တွေးတောဆဲဖြစ်မည်ဟု သူမ ယုံကြည်နိုင်စွမ်း မရှိတော့ပေ။
ထို့နောက် သူမကို ပို၍ပင် အံ့အားသင့်သွားစေသည်မှာ ဟော်ချန်ယဲ့က အောက်ဘက်သို့ အလျင်အမြန် လျှောဆင်းသွားပြီး သူ့လက်ဝါးက သူမ ပေါင်ကို ထိတွေ့လျက် နမ်းရှိုက်လာခြင်းပင်။
အခန်းထဲတွင် သူမနှင့် ဟော်ချန်ယဲ့ နှစ်ယောက်တည်းသာ ရှိနေပြီး ရင်းနှီးသော အနမ်းသံများမှာ အလွန်တရာ ရမ္မက်ဆန်နေကာ တစ်စုံတစ်ခုကို အလွန်အမင်း ဆာလောင်မွတ်သိပ်နေသူ တစ်ဦးကဲ့သို့ပင်။
သူ့ မညီညာသော အသက်ရှူသံများနှင့်အတူ လည်စေ့ နိမ့်ချည်မြင့်ချည် ဖြစ်သွားသော အသံကိုပင် ယွီရွေ့ကျူး ကြားရသည်။ အရာရာက ယွီရွေ့ကျူး မမျှော်လင့်ထားသော ဦးတည်ရာသို့ တိုးတက် ပြောင်းလဲသွားသည်။
သူမ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသလို ခံစားရပြီး သူ့ကို ကန်ရန် မနည်း ကြိုးစားသော်လည်း ဟော်ချန်ယဲ့က သူမ ခြေထောက်ကို အမြန် ဖမ်းဆုပ်ရာ သူ့ လက်ဝါးမှ အနွေးဓာတ်က သူမ အပေါ်သို့ လွှမ်းခြုံလာသည်။
ယွီရွေ့ကျူး "ဟော်ချန်ယဲ့... လူယုတ်မာကြီး"
သူမ ရင်ဘတ်က နာကျင်ဆဲဖြစ်သဖြင့် ညည်းတွားမိပြီး ဟော်ချန်ယဲ့ကို ပို၍ပင် ရိုက်နှက်ပစ်ချင်သည်။
အတန်ကြာပြီးနောက် ဟော်ချန်ယဲ့က အဆုံးတွင် ခေါင်းမော့လာသည်။ သူ့ နှုတ်ခမ်းများမှာ ပါးလျနေဆဲဖြစ်ပြီး ပါးပြင်များ နီမြန်းကာ သူ့ ဂျုံရောင် အသားအရေမှာ အလွန်တရာ ဆွဲဆောင်မှုရှိသော အရောင်အသွေးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ မျက်ဝန်းနက်ကြီးများမှာလည်း လွန်ကဲစွာ တောက်ပနေသည်။
သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ထိုအရာကို အရသာခံသည့်အလား နှုတ်ခမ်းထောင့်ကို ညင်သာစွာ လျက်ကာ အဆုံးတွင် ပြောလာသည်။
"ရွေ့ကျူး... ကိုယ်က စမ်းသပ်ကြည့်ရုံလေးပါ၊ အခုတော့ အကျိုးသက်ရောက်မှုက တော်တော်လေး သိသာတယ်ထင်တယ်"
'ဘာကို စမ်းသပ်တာလဲ...'
ယွီရွေ့ကျူးက သူ့ အကြည့်နောက်သို့ လိုက်ကာ ဇဝေဇဝါဖြင့် အောက်သို့ ငုံ့ကြည့်ရာ သူမ ရင်ဘတ်ပေါ်ရှိ နို့စွန်းထင်းနေသော အရာများကို မြင်လိုက်သည်။
ယွီရွေ့ကျူး "?"
"အရမ်းကို ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ"
ဟော်ချန်ယဲ့က သူမကို နမ်းရှိုက်ပြီး အသံတိုးတိုးဖြင့် ပြောသည်။
"ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်နေရင် နို့တွေ ပိတ်ဆို့မနေဘူး၊ မင်း ပိုပြီး သက်တောင့်သက်သာဖြစ်လေ ပိုပြီး မြန်မြန် ပွင့်သွားလေပဲ၊ အဲဒီတော့..."
သူက နှုတ်ခမ်းကို သပ်ပြီး ယွီရွေ့ကျူးကို တောက်လောင်နေသော အကြည့်များဖြင့် စိုက်ကြည့်သည်။
"ရွေ့ကျူး... ပြီးခဲ့တဲ့တစ်ခေါက်က လုပ်ခဲ့တာလေး ဆက်လုပ်ရအောင်"
ယွီရွေ့ကျူး "?"
ဟော်ချန်ယဲ့က သူမကို ပွေ့ချီကာ သူ့ ပေါင်ပေါ်တွင် တင်သည့်တိုင် ယွီရွေ့ကျူးမှာ တုံ့ပြန်မှု မရှိသေးပေ။
ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိဘူးဟု သူမ ခံစားရသော် လည်း ထူးဆန်းစွာပင် ဟော်ချန်ယဲ့ ပြောခဲ့သလို အမှန်တကယ် ဖြစ်နေပြီး သူမ ဆက်ပြီး မနာတော့သည့်ပုံပေါ်သည်။
သို့သော် သူမ ရင်ဘတ်က ယခင်ကလောက် ပိတ်ဆို့မနေတော့သော်လည်း ဤသည်မှာ အန္တရာယ်တစ်ခုမှ နောက်အန္တရာယ်တစ်ခုသို့ ကူးပြောင်းသွားသည့်အလား ဖြစ်မနေဘူးလား။