← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

Chapter 246

နှစ်သစ်ကူးနေ့တွင် အရည်ပျော်သွားခဲ့ပြီဖြစ်သော နှင်းပွင့်လွှာများက တစ်ဖန် ပြန်လည် ကျဆင်းလာပြန်ပြီး လေထဲတွင် လွင့်ဝဲကာ အရာအားလုံးကို ငွေရောင်အဆင်းဖြင့် လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

မီးဖိုကို မွှေးထားသဖြင့် အိမ်တွင်း၌ နွေးထွေးနေသည်။ ယွီရွေ့ကျူးက အဝတ်အစားသစ်များကို ဝတ်ဆင်ထားရာ ခပ်ပွပွ ဆွယ်တာအင်္ကျီလေးက သူမ စူထွက်နေသော ဗိုက်ကလေးကို နူးညံ့စွာ ဖုံးအုပ်ထားပြီး ပန်းရောင် လည်ပင်းအပိတ်က သူမ ချွန်မြမြ မေးစေ့လေးနှင့် သေးငယ်သော မျက်နှာလေးကို ပိုမို ပေါ်လွင်စေသည်။

အပြင်ဘက်တွင် လေစိမ်းများ တိုက်ခတ်နေသော်လည်း အိမ်ထဲတွင်တော့ နွေဦးရာသီအလား နွေးထွေးနေသည်။

အပူချိန် ကွာခြားမှုကြောင့် ပြတင်းပေါက် မှန်ပြင်ပေါ်တွင် စိုစွတ်သော မြူခိုးလွှာများ ဖုံးအုပ်ထားသည်။

သူမ ယခင်ဘဝက နှစ်သစ်ကူးပွဲတော် အငွေ့အသက်မှာ သိပ်မပြင်းထန်လှပေ။ လူတိုင်းက မြို့ကြီးပြကြီးများတွင် အလုပ်ရှုပ်ကြပြီး တစ်ခါတစ်ရံ နှစ်သစ်ကူးကာလတွင် အိမ်ပြန်ရန်ပင် မတတ်နိုင်ကြချေ။

နွေဦးပွဲတော်ဆိုသည်မှာ ရက်အနည်းငယ်မျှ လွမ်းဆွတ်ဖွယ် အတိတ်ကို ပြန်ပြောင်းသတိရပြီးနောက် အလုပ်ခွင်သို့ အလျင်အမြန် ပြန်သွားရခြင်းမျှသာ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ယွီရွေ့ကျူးက ၁၉၈၀ ပြည့်လွန်နှစ်များ နှစ်သစ်ကူးပွဲတော် အငွေ့အသက်ကို အပြည့်အဝ ခံစားရသည်။

အရင်းအမြစ်များ ရှားပါးပြီး လူနေမှုအဆင့်အတန်းမှာ သူမ ယခင်ဘဝကလောက် မကောင်းမွန်သော်လည်း ရွာထဲရှိ လူတိုင်း မျက်နှာတွင် အပြုံးကိုယ်စီ ပွင့်လန်းနေကြသည်။

တံခါးများပေါ်တွင် ဆုတောင်းစာတန်းများကို ကပ်ထားပြီး ပြတင်းပေါက်များတွင်လည်း စက္ကူညှပ် အလှဆင်ပစ္စည်းများကို ကပ်ထားသည်။

ပိုလျှံသော ငွေကြေးအနည်းငယ် ရှိသူများက အဝတ်အစားသစ်များ ချုပ်ဝတ်ကာ ပျော်ရွှင်ကြည်နူးစွာ ထွက်လာသည်။ ငွေပိုငွေလျှံ မရှိသူများကပင် သပ်သပ်ရပ်ရပ် ဝတ်ဆင်ကာ သူတို့ အကောင်းဆုံး အဝတ်အစားများကို ဆင်မြန်းထား သည်။

ဗျောက်အိုး ဖောက်သံများနှင့်အတူ ယွီရွေ့ကျူးမှာ အိမ်ထဲတွင် ကြက်သွန်ဖြူ အခွံနွှာနေသည်။

သူမ အနားရှိ ဆိုဖာပေါ်တွင် ဟော်ချန်ယဲ့က ဖက်ထုပ်များကို နေရာချနေပြီး ယွီရှားနှင့် မိဘများလည်း ထိုနေရာတွင် ရှိနေကာ မိသားစုတစ်စုလုံး အလုပ်ရှုပ်လေသည်။

ဤသည်မှာ ကျောက်ကျစ်ဖန်နှင့် ကွာရှင်းပြီးနောက် ယွီရှား၏ ပထမဆုံးသော နွေဦးပွဲတော်ဖြစ်သည်။ မူလက သူမ မိဘများနှင့်အတူ ပွဲတော်ဆင်နွှဲရန် တာတုန်းရွာသို့ ပြန်ရန် စီစဉ်ထားသော်လည်း ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို သူတို့အားလုံးကို ခေါ်လာရန် ရိုးရှင်းစွာပင် တောင်းဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ အိမ်ကို ပြင်ဆင်ပြီးနောက် သူတို့အိမ်နှင့် ခြံဝင်းမှာ ပိုမို ကျယ်ဝန်းလာခဲ့ပြီဖြစ်ရာ လူများလေ ပိုစည်ကားလေဖြစ်ပြီး အေးစက်အထီးကျန်သော နှစ်သစ်ကူးမျိုး မဖြစ်အောင် ကာကွယ်နိုင်မည် မဟုတ်ပါလား။

ယွီရွေ့ကျူးက ဖက်ထုပ်လုပ်ရာတွင် ကူညီချင်သော်လည်း သူမ မိခင်က အမြန် တားမြစ်သည်။

"တော်ပါတော့ ကျူးအာရယ်၊ လူဒီလောက်များတာ ဖက်ထုပ် ဘယ်နှစ်ပန်းကန်လောက်များ လုပ်ရမှာမို့လို့လဲ၊ သမီး နားနေပါ၊ ဖက်ထုပ်လုပ်တဲ့သူတွေ လက်ညောင်းရင်တောင် ကြက်သွန်ဖြူ မနွှာနဲ့ဦး၊ အမေတို့ နောက်မှ လုပ်လိုက်မယ်"

ဟော်ချန်ယဲ့က ဖက်ထုပ်များ စီရီပြီးနောက် သူမ အနားသို့ လျှောက်လာကာ ချော့မြှူသည်။

"ပျင်းနေပြီလား၊ ဖက်ထုပ်စားပြီးရင် ဗျောက်အိုးသွားဖောက်ရအောင်၊ ကိုယ် အကုန်ဝယ်ထားတယ်၊ အားလုံး အဆင်သင့်ပဲ"

ယွီရွေ့ကျူးမှာ လုံးဝ မပျင်းရိခဲ့ပေ။ သူမက ဤလေထုကို အလွန် သဘောကျသည်။ သူမက ဟော်ချန်ယဲ့ကို ပြုံးပြသည်။

"ဟုတ်ပြီ"

ယနေ့ လူအများအပြား ရှိနေပြီး လူတိုင်းက အကြိုက်ချင်း မတူကြသဖြင့် သူမက အစာသွပ် သုံးမျိုး ပြုလုပ်ထားသည်။ အလတ်ဆတ်ဆုံး မုန်လာဥကို ရေနွေးဖျောပြီး အစာသွပ်ထဲတွင် ရောနယ်ထားရာ ချိုမြိန်လတ်ဆတ်လှသည်။

ကြက်သွန်မြိတ်၊ ကြက်ဥနှင့် ပုစွန်တို့ ပါဝင်သော အရသာသုံးမျိုးပေါင်း အစာသွပ်လည်း ရှိကာ ဝက်သားနှင့် ကြက်သွန် မြိတ် အစာသွပ်လည်း ပါဝင်သည်။

၎င်းတို့အားလုံးကို ယွီရွေ့ကျူး ဖက်ထုပ်ဆိုင်မှ ချက်နည်းအတိုင်း ပြုလုပ်ထားခြင်းဖြစ်ရာ အရသာမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။

စားပွဲတစ်ဝိုင်းလုံး အတူထိုင်ကြပြီးနောက် ရေနွေးငွေ့ တထောင်းထောင်း ထနေသော ဖက်ထုပ်များ အဆင်သင့်ဖြစ်လာရာ ဟော်ချန်ယဲ့က သူတို့ကို နွေဦးပွဲတော် အစီအစဉ် ပြသရန်အတွက် ထိုခေတ်အခါက ရှားပါးလှသေးသော ကာလာတီဗွီကို ဖွင့်သည်။

ယခုအချိန်တွင် နွေဦးပွဲတော် အစီအစဉ်များ၌ ပျင်းစရာကောင်းပြီး ကြွားလုံးထုတ်သော အစီအစဉ်များ သိပ်မပါဝင်သေးပေ။ ဒါရိုက်တာနှင့် အစီအစဉ် တင်ဆက်သူများမှာ အလွန် ရိုးသားကြိုးစားသည်။

ယွီမိဘများမှာ ဤမျှ ရှားပါးသော အရာကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ သူတို့မှာ ဖက်ထုပ်စားရန်ပင် မေ့လုမတတ် စိတ်ဝင်တစား ကြည့်ရှုနေကြပြီး အဆက်မပြတ် ချီးကျူးသည်။

"ဒီဟာက တကယ်ကို အံ့ဩစရာပဲ၊ အဲဒီထဲမှာ လူတွေအများကြီး ဆန့်တယ်နော်၊ သူတို့က နာမည်ကြီးတွေလား၊ သတင်း စာထဲမှာ ငါ သူတို့ကို မြင်ဖူးတယ်"

"တကယ် စိတ်ဝင်စားစရာပဲ၊ ဒါကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာ၊ ဒါကို ဘယ်လိုခေါ်လဲ၊ နွေဦးပွဲတော် အစီအစဉ်တဲ့လား၊ သီချင်းတွေ အကတွေလည်း ပါတယ်နော်"

"ဝါး... အစီအစဉ် တင်ဆက်သူရဲ့ အဝတ်အစားတွေက သိပ်လှတာပဲ၊ ငါတို့ ကျူးအာ ဝတ်ရင် သေချာပေါက် လိုက်ဖက်မှာ၊ မြို့ပေါ်မှာများ ရောင်းမလား ကြည့်လိုက်ဦးမယ်"

"..."

ဆူညံပွက်လောရိုက်နေမှုများကြားတွင် ယွီရွေ့ကျူးက တူဖြင့် သူမ ပါးစပ်ထဲမှ အရာတစ်ခုကို ထုတ်ယူပြီး ဟိုဘက်ဒီဘက် လှည့်ပတ်ကြည့်သည်။

"ဒါက၊ အကြွေစေ့လား"

"ကံကောင်းတာပဲ၊ ကျူးအာ... ဒီနှစ်မှာ သမီး စီးပွားရေးတွေ သေချာပေါက် ပိုပြီး တိုးတက်လာတော့မှာ၊ မင်္ဂလာရှိတဲ့ ကိစ္စတွေ အများကြီး ကြုံရပြီး ချမ်းသာလာပါစေ"

ယွီရှားက မနေနိုင်ဘဲ ပြုံးကာ ဂုဏ်ပြုစကား ဆိုမိသည်။

"ဟုတ်တယ်မလား၊ အကြွေစေ့လေး တစ်စေ့ကိုမှ ကျူးအာက ကွက်တိ သွားစားမိတာကိုး"

ယွီရွေ့ကျူး ဘေးတွင် ထိုင်နေသော ဟော်ချန်ယဲ့က သူ့ထိုင်ခုံကို သူမ အနားသို့ တိုးလိုက်ပြီး စားပွဲအောက်မှနေ၍ သူမ လက်ချောင်းလေးကို လျှို့ဝှက်စွာ ကိုင်သည်။

ယွီရွေ့ကျူး သူ့ကို စောင်းငဲ့ကြည့်သည်။

"ဘာလဲ"

ဟော်ချန်ယဲ့က လေးနက်စွာ ပြန်ဖြေသည်။

"မင်းရဲ့ ကံကောင်းမှုတွေကို ကူးစက်ခံရအောင်လို့လေ"

ယွီရွေ့ကျူးက ပြုံးပြီး သူ့ လက်ဝါးကြီးကို ဆုပ်ကိုင်ကာ ညင်သာစွာ ညှစ်၍ လှုပ်ယမ်းသည်။ ထို့နောက် သူ့ကို ကြည့်ပြီး ပြောသည်။

"ထပ်ဆွဲထား၊ ရှင့်ကို တစ်ဝက် ခွဲပေးမယ်"

...

ညစာစားပြီးနောက် အပြင်ဘက်တွင် နှင်းများ ဆက်လက် ကျဆင်းနေဆဲဖြစ်သည်။ ဟော်ချန်ယဲ့က အပြင်ဘက်တွင် ဗျောက်အိုးများနှင့် အခြားအရာများကို ပြင်ဆင်စဉ် လျန်စစ်၊ ရှဲ့ချီ၊ ယင်းယန်နှင့် သူတို့အဖွဲ့ ရောက်ရှိလာကြသည်။

သူတို့ နှစ်သစ်ကူး နှုတ်ဆက်ရန် လာသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ဗျောက်အိုးဖောက်ရာတွင် ပျော်ရွှင်မှု၌ ပါဝင်ဆင်နွှဲရန်သာ လာကြခြင်းဖြစ်သည်။

ယွီရွေ့ကျူး အပြင်ထွက်လာချိန်တွင် အနွေးထည်အထူကြီးကို ဝတ်ဆင်ထားပြီး သူမ ဖြူဖွေးသော မျက်နှာလေးကို အနီရောင် လည်စည်းပဝါဖြင့် ရစ်ပတ်ထားသည်။

ကျဆင်းနေသော နှင်းပွင့်များကို မော့ကြည့်လိုက်ချိန်တွင် သူမ အသက်ရှူငွေ့များပင် ဖြူဖွေးနေသည်။

ဒိုင်း ဒိုင်း ဒိုင်း...

ဗျောက်အိုးများ ပေါက်ကွဲသွားချိန်တွင် ဟော်ချန်ယဲ့က သူမ နောက်မှနေ၍ နားရွက်များကို ကာကွယ်ပေးသည်။

"သတိထားနော်၊ မလန့်သွားနဲ့"

သူ့ သန်မာသော လက်မောင်းများက မိုးကြိုးပစ်ချိန်တိုင်း ကာကွယ်ပေးလေ့ရှိသကဲ့သို့ သူမကို တင်းကျပ်စွာ ထွေးပိုက်ထားပြီး နားရွက်များကို ဖုံးအုပ်ထားပေးသည်။

သူ့ဩရှရှ အသံကြီးမှာ ဆွဲဆောင်မှု အပြည့်ရှိလွန်းသည်။

ယွီရွေ့ကျူးက သူ့ကို မော့ကြည့်ပြီးနောက် ရုတ်တရက် လက်ကို မြှောက်ကာ လွင့်ဝဲနေသော နှင်းပွင့်များကို ဖမ်းဆုပ်ပြီး သူ့ မျက်နှာဆီသို့ ပစ်ပေါက်လေသည်။

ဟော်ချန်ယဲ့မှာ အံ့ဩသွားပြီးနောက် ခပ်တိုးတိုး ရယ်လာသည်။

သူတို့ ဝန်းကျင်တွင် ဆူညံသော ဗျောက်အိုးသံများ ထွက်ပေါ်နေသည်။ သူက သူမ လက်ကို ဆွဲကာ အနီးရှိ နှင်းပြင်သို့ ခေါ်ဆောင်သွားပြီး နှင်းလုံးတစ်လုံး လုံးကာ သူမကို ကမ်းပေးသည်။

"နှင်းတွေနဲ့ ဆော့ချင်လို့လား၊ လက်အိတ်စွပ်ပြီး ခဏလောက်တော့ ဆော့လို့ရတယ်၊ ဒါပေမဲ့ အရမ်း မကြာစေနဲ့နော်၊ မဟုတ်ရင် နေရခက်လိမ့်မယ်"

ယွီရွေ့ကျူး ဗိုက်ကလေးမှာ ယခုအခါ အတော်လေး စူထွက်နေသည်။ ကိုယ်ဝန်စစ်ဆေးမှုအရ တွက်ချက်ထားသော မွေးဖွားမည့်ရက်မှာ ဤလအတွင်း ဖြစ်သည်။

မွေးဖွားရန် နီးကပ်လာပြီဖြစ်ရာ မိသားစုတစ်ခုလုံးက သတိကြီးစွာ ထားကြသည်။ ဟော်ချန်ယဲ့ စိုးရိမ်ပူပန်မှုအရ ယွီရွေ့ကျူးကို နှင်းလုံးလေးဖြင့် ဆော့ကစားခွင့် ပြုလိုက်ခြင်းကပင် လွန်ကဲသောအရာဖြစ်သည်။

ယွီရွေ့ကျူး နှင်းလုံးကို ယူသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်း ကျင်တစ်ဝိုက်တွင် လူတိုင်းက နှင်းလုံးပစ်တိုက်ပွဲအတွက် ပြင်ဆင်နေကြသည့်အလား စည်ကားသွားသည်။

ရှဲ့ချီက ဆောင့်ကြောင့်ထိုင်ကာ နှင်းလုံးတစ်လုံး လုံးလိုက်ပြီး လျန်စစ်ကို ပစ်ပေါက်သည်။ လျန်စစ်က အလျင်အမြန်ပင် ပြန်လည် ပစ်ပေါက်ရာ နှင်းလုံးက ရှဲ့ချီ ပါးပြင်ပေါ်တွင် ကွဲအက်သွားပြီး ပြန့်ကျဲသွားသော နှင်းမှုန်များက သူ့ ကော်လံအတွင်းသို့ ကျဆင်းသွားသဖြင့် ရှဲ့ချီမှာ မျက်နှာရှုံ့မဲ့သွားသည်။

ယင်းယန်နှင့် အခြားသူများလည်း စိတ်လှုပ်ရှားလာကြပြီး နှင်းလုံးများကို စိတ်အားထက်သန်စွာ လုံးနေသည်။ဘသို့သော် လူတိုင်းက ယွီရွေ့ကျူးကို တိတ်တဆိတ်ပင် တတ်နိုင်သမျှ ရှောင်ဖယ်ကြသည်။

ယွီရွေ့ကျူး "..."

သူမက ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတော့ သည်ကိုယ်ဝန်ဆောင်ရခြင်းက အမှန်ကို ဒုက္ခများလှသည်။ သူမ ဘာမှ လုပ်၍မရချေ။

သူမက ဟော်ချန်ယဲ့ထံသို့ နှင်းလုံးကို ဖြစ်သလို ပစ်ပေးပြီး အနားယူရန် အိမ်ထဲသို့ ပြန်ဝင်ဖို့ ပြင်လေသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် အမြဲလိုလို အလွယ်တကူ ပင်ပန်းနွမ်းနယ်တတ်ပြီး ဖက်ထုပ်အနည်းငယ် စားပြီးနောက် သူမ အိပ်ချင်ဆဲဖြစ်သည်။

ပုံမှန်အားဖြင့် ဟော်ချန်ယဲ့က သူမ ကိုယ်ဝန်ဆောင်ချိန်တွင် မသက်မသာ ဖြစ်ကြောင်း သိရှိသဖြင့် ယွီရွေ့ကျူးကို အနှောင့်အယှက် ဖြစ်မည်စိုးသောကြောင့် လျန်စစ်တို့ကို ခေါ်လေ့ခေါ်ထ သိပ်မရှိပေ။

ယခု သူမ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ သူက ရှဲ့ချီတို့ကို နှင်းလုံးပစ်ကစားရန် အပြင်သို့ ထွက်ကြဖို့ ခေါ်ရန် ပြင်စဉ် ယွီရွေ့ကျူး သူ့ အင်္ကျီလက်ကို ညင်သာစွာ ဆွဲထားသည်ကို သတိပြုမိသည်။

All Chapters