← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

Chapter 250

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ စက်ရုံစီးပွားရေးမှာ လွန်ကဲစွာပင် အောင်မြင်ခဲ့သည်။ သူတို့က အခွင့်အရေးကို အရယူကာ အောင်မြင်မှု လှိုင်းတံပိုးကို စီးနင်းနိုင်ခဲ့သည်။

ထို့အပြင် သူတို့နှစ်ဦးမှာ မြို့လေး ဝင်ငွေရှာဖွေပေးသော ရွှေတွင်းလေးများ ဖြစ်နေသဖြင့် မြို့နယ်အစိုးရကလည်း သူတို့ကို ကူညီပံ့ပိုးပေးသည်။

၎င်းတို့ ဝက်သားလုပ်ငန်းက အောင်မြင်ရုံသာမက သွင်းကုန်ထုတ်ကုန် လုပ်ငန်းများတွင်ပါ တဖြည်းဖြည်း ခြေလှမ်းစတင်လာခဲ့သည်

ဤသည်မှာ ဟော်ချန်ယဲ့အတွက် နိုင်ငံခြားသားများနှင့် ပထမဆုံးအကြိမ် စီးပွားရေး ဆက်သွယ်ရခြင်းဖြစ်သည်။

ရွှေဝါရောင် ဆံပင်၊ မျက်လုံးပြာများနှင့် နိုင်ငံခြားသားများက သူတို့ ဘာသာစကားဖြင့် တတွတ်တွတ် ပြောဆိုနေသည်ကို မြင်ရသောအခါ သူက သိပ်နားမလည်ဘဲ ဘေးရှိ ဘာသာပြန်ကိုသာ ကြည့်ကာ ဖြစ်သလို ခေါင်းညိတ်ပြရုံသာ တတ်နိုင်သည်။

ထိုနေ့ ညနေ အိမ်ပြန်ရောက်သောအခါ သူက ကုလားထိုင်ပေါ်တွင် ပစ်ထိုင်ချလိုက်ပြီး ရေရွတ်မိသည်။

"ဒီလိုဆိုရင်တော့ အဆင်မပြေဘူး"

ဟော်ကျောင်းကျောင်းလေးကို ဂါဝန်လေး ဝတ်ပေးနေသော ယွီရွေ့ကျူးက မျက်ခုံးပင့်ကာ သူ့ကို မော့ကြည့်သည်။

"ဘာဖြစ်လို့လဲ"

ဟော်ချန်ယဲ့က လက်ချောင်းများကို ခေါက်ရင်း ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာဟန်ဖြင့် ပြောသည်။

"မိန်းမ... အခု ငါတို့က နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေရတာ၊ ဘာသာပြန်တွေကိုချည်း အမြဲ အားကိုးနေရတာ သိပ်ကောင်းတဲ့ အကြံမဟုတ်ဘူး

ပြီးတော့ စီးပွားရေး ကိစ္စတွေမှာ ဘာသာပြန်က တစ်ခုခုကို အဓိပ္ပာယ်လွဲမှားပြီး ဘာသာပြန်ပေးလိုက်တာတို့ ဒါမှမဟုတ် ကိုယ်တို့ကို ဒုက္ခပေးဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲ

ဒီလောက် အရေးကြီးတဲ့ကိစ္စကို တခြားလူလက်ထဲ ဘယ်လိုလုပ် ယုံယုံကြည်ကြည် အပ်ထားလို့ရမှာလဲ"

ယွီရွေ့ကျူး "အို... ရှင့် စကားအရဆိုရင် တခြား အကြံအ စည် ရှိနေတာလား"

ဟော်ချန်ယဲ့က ခေါင်းညိတ်ပြသည်။

ထိုညက သူ ဘာမှ ဆက်မပြောတော့သော်လည်း သူ့ မျက်နှာမှာ မှုန်ကုပ်နေခဲ့သည်။ နောက်တစ်နေ့တွင်တော့ စာအုပ်ပုံကြီး တစ်ပုံကို သယ်ကာ ပြန်လာသော သူ့ကို ယွီရွေ့ကျူး မြင်လိုက်ရသည်။

ယွီရွေ့ကျူးက ဖြတ်လျှောက်သွားရင်း တစ်ချက် ကြည့်သည်။

"အို... အင်္ဂလိပ်စာ လေ့လာရေး စာအုပ်တွေ၊ အက္ခရာတွေ၊ အသုံးများတဲ့ အင်္ဂလိပ်စကားစု သုံးဆယ်ပဲ၊ ဟော်ချန်ယဲ့... ရှင် တကယ်ကြီး အင်္ဂလိပ်စာ လေ့လာတော့မလို့လား"

ဟော်ကျောင်းကျောင်းလေးမှာ ယခုအခါ လေးငါးနှစ်အရွယ် ရှိပြီဖြစ်ပြီး လှပသော ကင်းမြီးကောက်ကျစ်ဆံမြီး နှစ်ဖက်နှင့် အနည်းငယ် ကော့တက်နေသော မျက်လုံးဝိုင်းကြီးများ ရှိကာ ယွီရွေ့ကျူးနှင့် တစ်ပုံစံတည်း တူလှသည်။

သူမလေးက ဟော်ချန်ယဲ့ လက်မောင်းကို ပုတ်သည်။

"ပါး... ကြိုးစားပြီး လေ့လာနော်၊ မြို့ပေါ်က ကလေးတွေ အကုန်လုံး ဒါကို သင်ကြတယ်လို့ မား ပြောတာ သမီး ကြားဖူးတယ်၊ ပါး တတ်သွားရင် သမီးကိုလည်း ပြန်သင်ပေးနော်"

ဟော်ချန်ယဲ့ "..."

လုံးဝ မရင်းနှီးဘဲ ရှုပ်ထွေးသော အက္ခရာများကို ငုံ့ကြည့်ရာ သူ့ မျက်စိရှေ့တွင် ပုရွက်ဆိတ်များ ပြေးလွှားနေသည့်အလား ခံစားရပြီး ၎င်းတို့ အသွင်အပြင်ကြောင့်ပင် စိတ်ရှုပ်ထွေးလာသည်။

ကျောင်းတက်စဉ်ကတည်းက စာစီစာကုံးများကို အလွတ် ကျက်မှတ်ရခြင်းနှင့် စာလုံးများကို မှတ်သားရခြင်းကို သူ ဘယ်သောအခါမှ မနှစ်သက်ခဲ့ဘဲ ဂျီဩမေတြီနှင့် သင်္ချာကိုသာ သဘောကျခဲ့သူဖြစ်သည်။ ယခုအခါ ဤအရာများက သူ့အတွက် ပို၍ပင် ဒုက္ခ ရောက်စေတော့သည်။

သို့သော် အချိန်ကား နှောင်းသွားခဲ့ပြီဖြစ်ပြီး အသိပညာများ ပိုမို လေ့လာဆည်းပူးခြင်းက သူ့အတွက် ကောင်းမွန်လိမ့်မည်ဟု ဟော်ချန်ယဲ့ ယုံကြည်ထားသဖြင့် သူ့ကိုယ် သူ အတင်း အကျပ် မျက်လုံးမှိတ်ကာ ပြောသည်။

"မနက်ဖြန် ဒီစာအုပ်တွေကို ဘာသာပြန်ဆီ ယူသွားပြီး ကိုယ့်ကို သင်ပေးခိုင်းရမယ်၊ သုံးနှစ် ဒါမှမဟုတ် ငါးနှစ်ပေါ့၊ ဒါမှမဟုတ် ဆယ်နှစ်၊ ရှစ်နှစ်အတွင်း သင်မယ်၊ ကိုယ် မသင်နိုင်ဘူးဆိုတာကို လုံးဝ မယုံဘူး"

ယွီရွေ့ကျူးက သူ့ စိတ်အားထက်သန်မှုကို မဖျက်ဆီးချင်ပေ။ အမှန်တော့ အင်္ဂလိပ်စာ သင်ယူချင်သော ဟော်ချန်ယဲ့ဆန္ဒကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု သူမ ထင်မှတ်မိသဖြင့် ရယ်မောလျက်ပြောသည်။

"အရမ်းကောင်းတာပေါ့၊ ကံကောင်းပါစေ"

ထင်သည့်အတိုင်းပင် နောက်တစ်နေ့တွင် ဟော်ချန်ယဲ့က စာအုပ်များကို စက်ရုံသို့ သယ်သွားသည်။

သူသည် အလုပ်တစ်ခုကို ဟိုတစ်ဝက်ဒီတစ်ဝက် လုပ်တတ်သူမျိုး မဟုတ်ပေ။ ဘာကိုမဆို မလုပ်မီ သေချာ စဉ်းစားတတ်ပြီး အလွန် ဇွဲလုံ့လကြီးမားသူပင်။

ထို့ကြောင့် ရက်အတော်ကြာ ဆက်တိုက်ဆိုသလိုပင် ယွီရွေ့ကျူး အလုပ်မှ အိမ်ပြန်ရောက်ချိန်တိုင်း ဟော်ချန်ယဲ့တစ်ယောက် အင်္ဂလိပ်အက္ခရာများကို ရေရွတ်သည်ကို သူမ ကြားနေသည်။

အရပ် ၁.၉ မီတာရှိသော အမျိုးသားကြီးမှာ သူမ စာရေးစားပွဲရှေ့တွင် ကွေးကွေးလေး ထိုင်ကာ ခေါင်းငုံ့လျက် စားပွဲပေါ်ရှိ စာအုပ်များကို အာရုံစိုက် ကြည့်ပြီး အချိန်ကြာမြင့်စွာ အလွတ်ရွတ်ရသဖြင့် သူ့ ဩရှရှ အသံကြီးမှာပင် အနည်းငယ် အက်ကွဲလေသည်။

မကြာသေးမီက သူ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ပိုမို တောင့်တင်းလာသည်။ အမည်းရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ကာ ထိုင်နေသော သူ့ကို ကြည့်ရင်း ယွီရွေ့ကျူးမှာ ရင်အုပ်ကြွက်သားများက အင်္ကျီကို ဖောက်ထွက်လာတော့မည်ဟုပင် ခံစားရသည်။

သူ့ ကျယ်ဝန်းသော ကျောပြင်နှင့် V ပုံသဏ္ဌာန် သွယ်လျသော ခါးလေးမှာ အထူးတလည် မျက်စိပသာဒ ဖြစ်နေသည်။

ယွီရွေ့ကျူးက သူ့ကို တစ်ချက် ကြည့်ပြီး ရေတစ်ခွက် ကမ်းသည်။

"ဖြည်းဖြည်း လုပ်ပါ၊ အရမ်း လောမနေနဲ့"

ဟော်ချန်ယဲ့က ခေါင်းညိတ် သဘောတူပြီး ခေါင်းငုံ့ကာ ပင်ပန်းခက်ခဲသော လေ့လာမှုကို မျက်မှောင်ကြုတ်လျက် ဆက်လုပ်တော့သည်။

ရက်အနည်းငယ် အကြာတွင် သူက အက္ခရာများကို ကျွမ်းကျင်သွားပုံရပြီး ဝေါဟာရများကို စတင် လေ့လာသည်။

ဤသည်က ပို၍ပင် ဆိုးရွားသော ကပ်ဘေးတစ်ခု ဖြစ်တော့သည်။

အင်္ဂလိပ်စာကို မလေ့လာဖူးသူများအတွက် အသံထွက် ကွဲပြားမှုများကို နားလည်သဘောပေါက်ရန် ခက်ခဲပြီး အထူးသဖြင့် လျှာလိပ်သံများဆိုလျှင် တရုတ်စကားလုံး အသံထွက်များနှင့် အမြဲ ဆင်တူတတ်သည်။

လေးနက်သော မျက်နှာထားဖြင့် မျက်မှောင်ကြုတ်ကာ စာအုပ်ထဲမှ pig ကို pige ဟု အသံထွက် ဖတ်သော သူ့ကို ယွီရွေ့ကျူးက အာရုံစိုက် ကြည့်မိသည်။ သူမ မပြောပဲ မနေနိုင်တော့ချေ။

"ဟော်ချန်ယဲ့၊ ရှင် ဘယ်လိုတွေ သင်ထားတာလဲ၊ ရှင့် အသံထွက်က တော်တော် ထူးဆန်းနေတယ်"

ဟော်ချန်ယဲ့ သိပ်နားမလည်သေးသည့်ဟန်ဖြင့် မော့ကြည့်သည်။

"ဘာပြဿနာ ရှိလို့လဲ၊ ဘာသာပြန်က အဲဒီလိုပဲ အသံထွက်တာလေ"

ယွီရွေ့ကျူး ခေတ္တမျှ ရပ်တန့်သွားပြီး သူ့ကို ကုလားထိုင်ပေါ်သို့ ဖိထိုင်‌စေသည်။

"လာ... ကျွန်မ ပါးစပ်ကို ကြည့်၊ ကျွန်မ နောက်က လိုက်ပြော၊ pig မှာ လျှာကို နည်းနည်း လိပ်ရတယ်၊ pi မဟုတ်ဘူး၊ ပြီးတော့ apple၊ aipao မဟုတ်ဘူး..."

ဟော်ချန်ယဲ့မှာ မှင်တက်သွားသည်။

ယွီရွေ့ကျူးမှာ ယခင်က ယွီရွေ့ကျူး မဟုတ်တော့ကြောင်း သူ သိထားသဖြင့် ပြင်ဆင်ထားခဲ့သော်လည်း သူမထံမှ ဤအင်္ဂလိပ်စကားလုံးများကို ကြားရချိန်တွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေဆဲပင်။

အားလုံးက အင်္ဂလိပ်စာတွေချည်းပဲ ဖြစ်သော်လည်း သူ့ ရွေ့ကျူးက ဘယ်လိုတောင် လှလှပပ အသံထွက်နိုင်ရသနည်း။

လျှာလိပ်သံများ၊ အသံအတက်အကျများနှင့် သူမ ကျွမ်း ကျင်ပိုင်နိုင်သော ဟန်ပန်များအရ သူမ နေထိုင်ခဲ့သည့် ကမ္ဘာတွင် အင်္ဂလိပ်စာဆိုသည်မှာ သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်ပြီး သူ့အတွက် အချိန်ကြာမြင့်စွာ ခေါင်းခဲစေခဲ့သော ဤအရာများကို သူမ အလွယ်တကူပင် ကျွမ်းကျင်ပိုင်နိုင်ကြောင်း ပေါ်လွင်သည်။

သူ့ သိချင်စိတ်များ ပိုမို ပြင်းပြလာသည်နှင့်အမျှ ယွီရွေ့ကျူး နှုတ်ခမ်းများကို သူ မနေနိုင်ဘဲ စိုက်ကြည့်မိကာ အလိုအ လျောက်ပင် လိုက်ရွတ်မိသည်။

"Pi... Pige... aipao..."

ယွီရွေ့ကျူး "..."

ယွီရွေ့ကျူးက "ကောင်းတယ်၊ ဖြည်းဖြည်း လေ့ကျင့်"

သူမက ဟော်ချန်ယဲ့ကို တစ်ချက် ကြည့်ပြီး ထွက်သွားရန် ပြင်သည်။

ယွီရွေ့ကျူးသည် သူမမှာ မူလပိုင်ရှင်နှင့် မတူညီဘဲ အင်္ဂလိပ်စကား ပြောတတ်ကြောင်း ဖုံးကွယ်ထားရန်ရည်ရွယ်မထားပေ။ မည်သို့ပင်ဆိုစေ သူတို့ကြားက ကွာခြားချက်များကို ဟော်ချန်ယဲ့ ခံစားသိရှိနိုင်သည်။ သူတို့တွင် ကလေးပင် ရှိနေပြီဖြစ်ရာ အခြေအနေကို တိုက်ရိုက် ရှင်းပြရုံသာရှိတော့ သည်။

သူမက ၎င်းကို အလေးအနက် မထားဘဲ ကျောင်းကျောင်းလေးအတွက် ကောင်းမွန်သည့် တစ်ခုခု သွားယူရန် ပြင်လိုက်စဉ် သူမ လှည့်ကြည့်ရာ ဟော်ချန်ယဲ့က သူမကို ပြန်ဆွဲထားသည်ကို တွေ့ရပြီး သူ့ မျက်ဝန်းနက်ကြီးများမှာ တောက်လောင်နေသည်။

ဟော်ချန်ယဲ့ "ရွေ့ကျူး... မင်း အင်္ဂလိပ်စကား ပြောတတ်မှန်း ကိုယ်သာ သိခဲ့ရင် ဟိုဘာသာပြန်အိုကြီးဆီ သွားနေမှာ မဟုတ်ဘူး၊ လာ... မင်း ကိုယ့်ကို သင်ပေးရမယ်၊ ဒီစာတွေ ဖတ်တဲ့အချိန် မင်း အသံလေးက သိပ်နားထောင်လို့ ကောင်းတာပဲ၊ ပြီးတော့ မင်းရဲ့ အသံထွက်က..."

သူက မနေနိုင်ဘဲ ပြုံးမိသည်။

"စကားလုံး အတူတူကိုများ ဘာလို့ မင်းနဲ့ ကိုယ်နဲ့ အသံထွက်တာ မတူရတာလဲ၊ အရမ်း နားထောင်လို့ ကောင်းတာပဲ၊ ကိုယ့်ကို သင်ပေးပါနော်"

ယွီရွေ့ကျူး "ကောင်းပြီလေ"

သူမက ဟော်ချန်ယဲ့ ရှေ့တွင် လက်ကို လှန်ကာ လက်ဝါးဖြန့်ပြပြီး သူ့ကို တစ်ချက် ကြည့်သည်။

နားမလည်နိုင်သော ဟော်ချန်ယဲ့က မော့ကြည့်ကာ မေးသည်။

"ဘာကိုလဲ ရွေ့ကျူး"

"အခကြေးငွေ ပေးရမယ်၊ ရှင့် ဘာသာပြန်ကို ပိုက်ဆံပေးရတာဆိုတော့ ကျွန်မကိုလည်း ပေးရမှာပေါ့၊ နည်းလို့တော့ မရဘူးနော်"

ယွီရွေ့ကျူးက သူ့ ရင်ဘတ်ကို ပုတ်ကာ တမင်သက်သက် စနောက် တိုက်တွန်းသည်။

"မြန်မြန်ပေး၊ မပေးရင် မသင်ပေးဘူး"

ဟော်ချန်ယဲ့က မနေနိုင်ဘဲ ရယ်မောပြီး သူ့ အသံများမှာ ဩရှရှဖြစ်နေကာ သူမကို ကြည့်လာသည်။

"ရွေ့ကျူးက ကိုယ်တို့ မိသားစုရဲ့ ငွေကြေးကိစ္စတွေကို တာဝန်ယူထားတာ မဟုတ်ဘူးလား၊ မင်း ကိုယ့်ဘာသာ ပိုက်ဆံသေတ္တာထဲက သွားယူလိုက်လေ၊ တခြား လစာအတွက်ကတော့..."

"ဒီည ကိုယ် ပေးပါ့မယ်၊ အရာအားလုံး ရှင်းလင်းသွားအောင် ကိုယ် သေချာလုပ်ပေးမယ်နော်"

သူက သူမကို ကြည့်ရင်း လက်ကို ဆွဲယူကာ ပွတ်သပ်ပြီး သူ့ ရင်ဘတ်ပေါ်သို့ တင်လေသည်။

ယွီရွေ့ကျူး သူ့ကို မျက်စောင်းထိုးလိုက်သည်။

"မျက်နှာပြောင်တိုက်တဲ့လူ"

All Chapters