အခန်း ၂၅၃
Vol. 26 Ch. 253
Chapter 253
ယွီရွေ့ကျူး လန့်ဖျပ်သွားသည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မူးယစ်နေသော ယာဉ်မောင်း ကားမှာ ယခင်ကကဲ့သို့ပင် မှတ်မိစရာမရှိအောင် ပျက်စီးနေသည်ကို မြင်လိုက်သည်။
ကားရှေ့ခန်းမှာ သူမ ဘေးရှိ သံပန်းတံခါးနှင့် နံရံကို တိုက် ရိုက်ဝင်တိုက်ထားခြင်းဖြစ်သည်။ သို့သော် သူမကတော့ ထိုမတော်တဆမှုတွင် ပါဝင်သူတစ်ယောက် မဟုတ်တော့ချေ။
အခြေအနေများ ပြောင်းလဲသွားခဲ့သည်။ သူမ ယာဉ်တိုက်မှု မဖြစ်သဖြင့် ပြန်သွားနိုင်ပါဦးမလား။
ထိုအတွေး သူမ စိတ်ထဲ ဖြတ်ပြေးသွားစဉ် ယွီရွေ့ကျူးက သူမကို ကယ်တင်ခဲ့သူအားပင် လှည့်ကြည့်မိသည်။ ထိုစဦ တင်းမာသော အပြစ်တင်သံများ ရောယှက်နေသည့် အမျိုးသားတစ်ဦး ဩရှရှအသံကို သူမ ကြားလိုက်ရသည်၊။
"ရူးနေတာလား၊ နောက်ဆုတ်နေလေ"
ယွီရွေ့ကျူးက ထိုအသံကို အနည်းငယ် ရင်းနှီးသည်ဟု ခံစားမိပြီး သူမ ထပ်မံ မော့ကြည့်ချိန်တွင် ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတစ်ခုနှင့် ဆုံလေသည်။
ရှည်လျားသွယ်လျကာ နက်မှောင်သော မျက်ဝန်းများက အေးစက်စူးရှလှသည်။ မြင့်မားသော နှာတံ၊ အနည်းငယ် တင်းတင်းစေ့ထားသော ပါးလျသည့် နှုတ်ခမ်းများ၊ ရိုင်းစိုင်းကြမ်းတမ်းသော အငွေ့အသက်များ ပါဝင်နေသည့် ဂျုံရောင် အသားအရေ၊ ကျယ်ဝန်းသော ပခုံးများ၊ သွယ်လျသော ခါးနှင့် ကျယ်ဝန်းသော ကျောပြင်တို့ဖြစ်သည်။
ယွီရွေ့ကျူးက သူ့ကို အထက်အောက် အကဲခတ်ကြည့်မိပြီး သူမ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။
ဒါ ဟော်ချန်ယဲ့ မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ...
သို့သော် သူက ဟော်ချန်ယဲ့နှင့် ကွဲပြားသည်။ မည်သို့ပင်ဆိုစေ အကယ်၍ သူသာ သူမ ဟော်ချန်ယဲ့ဆိုလျှင် သူမကို ရင်ခွင်ထဲတွင် ထွေးပိုက်ကာ နှစ်သိမ့်ပေးပြီး သက်သာရာရသွားသော မျက်နှာထားမျိုး ဖြစ်နေမည်ဖြစ်ကာ ယခုလိုမျိုး သူမကို ဆူပူလာမည် မဟုတ်ချေ။
ထို့အပြင် သူမ ရှေ့ရှိ အမျိုးသားမှာ သေသပ်စွာ ချုပ်လုပ်ထားသော ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး သေသပ်လှသည်။
လက်ဆစ်ကြယ်သီးများမှာ သိုသိပ်သော်လည်း သူ့လှပသော ကြွက်သားများကို ဖုံးကွယ်ထားကာ တစ်လက်မမျှပင် ပေါ်လွင်မနေဘဲ ရှပ်အင်္ကျီ တင်းမာသွားချိန်တွင်သာ သူ့ ကြွက်သားအပြည့်နှင့် ရင်အုပ်ပုံသဏ္ဌာန်ကို မြင်တွေ့နိုင်သည်။
ဤကဲ့သို့သော ဝတ်စားဆင်ယင်မှုမျိုးမှာ ဟော်ချန်ယဲ့ သိပ်မဝတ်လေ့ရှိသော အရာဖြစ်သည်။
ယွီရွေ့ကျူးမှာ စိတ်များ ပြေးလွှားလျက် သူ့ကို အကဲခတ်ဆဲဖြစ်ပြီး သူမ မျက်နှာချင်းဆိုင်မှ ဟော်ချန်ယဲ့က မျက်မှောင် ကြုတ်ကာ ဖုန်းနံပါတ်တစ်ခုကို အမြန်ခေါ်ဆိုပြီး ယာဉ်တိုက်မှုအကြောင်း ရှင်းပြတော့သည်။
သူက သူမကို လှည့်ကြည့်လိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် ပြောသည်။
"နောက်တစ်ခါ သတိထား"
ယွီရွေ့ကျူး အနည်းငယ် ဒေါသထွက်သွားသည်။
'ဒီလိုအခြေအနေမျိုးမှာ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်နိုင်စွမ်း မရှိဘူးလေ၊ ပြီးတော့ ငါက ဘာကို သတိထားရမှာလဲ၊ ငါ့ဟာငါ လမ်းကောင်းကောင်း လျှောက်နေတာကို၊ တာဝန်ရှိတာက မူးနေတဲ့ ယာဉ်မောင်းဆီမှာလေ'
သူမ ဒေါသထွက်မိသဖြင့် ဟော်ချန်ယဲ့အား ဆက်သွယ်ရန် လိပ်စာ တောင်းဖို့ပင် မေ့သွားခဲ့သည်။
ထိုညက သူမ အငှားအခန်းလေးထဲတွင် လှဲလျောင်းကာ ဘေးရှိ အေးစက်နေသော ကုတင်ကို စမ်းကြည့်မိချိန်မှသာ သတိရသွားတော့သည်။
'ဒါပေမဲ့ သူလည်း ဒီမြို့ထဲမှာပဲ ရှိနေမှာပါလေ၊ တစ်နေ့နေ့တော့ သူ့ကို ပြန်ဆုံတွေ့ရမှာပေါ့'
ယွီရွေ့ကျူး ထိုသို့တွေးပြီး မမျှော်လင့်ဘဲ နောက်တစ်နေ့တွင်ပင် သူ့ကို ပြန်မြင်လိုက်ရသည်။
ရုံးတွင် အမျိုးသမီး ဝန်ထမ်းများကို အမြဲ အနှောင့်အယှက်ပေးတတ်သော သူဌေးမှာ အလုပ်ဖြုတ်ခံရပြီး ပြတ်သားကာ စွမ်းဆောင်ရည်မြင့်မားသော ခေါင်းဆောင်တစ်ဦးဖြင့် အစားထိုးခံလိုက်ရသည်။
ယွီရွေ့ကျူးက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း သူမ ဖြတ်လျှောက်သွားရင်း အတွင်းသို့ တစ်ချက် ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော ဟော်ချန်ယဲ့ မျက်နှာ၊ အေးစက်သော မျက်ဝန်းများနှင့် ဆုံတွေ့ရရာ အပြင်ဘက်တွင် သူမ ပြုံးပြမိသော်လည်း စိတ်ထဲတွင်တော့ ပိုပြီး ဒေါသထွက်သွားရသည်။
'ဒီလောက် အေးစက်တဲ့ သဘောထားနဲ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာကိုများ၊ ငါ့ရဲ့ ခေါင်းဆောင်အဖြစ် လာလုပ်နေတယ်ပေါ့လေ'
ထိုညနေခင်းတွင် ယွီရွေ့ကျူးမှာ ဒေါသထွက်မိပြီး ဒေါသဖြေစရာ နေရာမရှိသဖြင့် သူမကိုယ်သူမ စိတ်ငြိမ်သွားစေရန် တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်မိသည်။
သူမ ယခုလေးတင် ရောက်လာသော ပါဆယ်ထုပ်တစ်ခုကို မတော်တဆ တွေ့လိုက်သည်။
၎င်းကို ဖွင့်ကြည့်ရာ အပျော်သဘောဖြင့် သူမ အချစ်ဆုံးသူငယ်ချင်းနှင့်အတူ ဝယ်ယူခဲ့သော ASMR မိုက်ခရိုဖုန်းတစ်ခု ဖြစ်နေကြောင်း တွေ့လေသည်။
မိုက်ခရိုဖုန်းမှာ စားပွဲပေါ်တွင် ထောင်ထား၍ရသဖြင့် ယွီရွေ့ကျူးက ၎င်းကို ဖြစ်သလိုပင် ထိုနေရာတွင် တင်ထားသည်။
ထို့နောက် သူမက ကိရိယာအချို့ကို ယူကာ သူမ အကောင့်ကို ဖွင့်ပြီး ကင်မရာကို နှုတ်ခမ်းနှင့် အောက်ဘက်သို့ ချိန်ရွယ်ထားပြီး မျက်နှာတစ်ခုလုံး ပေါ်လွင်အောင် မပြသထားပေ။
ယွီရွေ့ကျူး ချိန်ညှိပြီးနောက် မိုက်ခရိုဖုန်း အနားသို့ ပိုမို တိုးကပ်သွားသည်။ အသစ်ဖြစ်နေသောကြောင့်လားမသိ အနံ့က အနည်းငယ် ထူးဆန်းလှသည်။
ယွီရွေ့ကျူး ၎င်းကို နမ်းကြည့်ပြီး ရေစိုတစ်ရှူးတစ်ရွက်ကို ယူကာ မိုက်ခရိုဖုန်းကို ညင်သာစွာ သုတ်လေသည်။
သူမ လှုပ်ရှားမှုများက နှေးကွေးပြီး နေရာတိုင်း သန့်ရှင်းသွားစေရန် သေချာ ဂရုစိုက်သည်။ ထို့နောက် စိုစွတ်သောအရာများနှင့် အခြား အညစ်အကြေးများ မကျန်ရှိစေရန် အလိုအလျောက်ပင် အကြိမ်အနည်းငယ် လေမှုတ်ပေးသည်။
သန့်ရှင်းရေး လုပ်ပြီးမှသာ သူမ ကျေနပ်စွာ ပြုံးမိတော့သည်။ ထို့နောက် သူမ အသံဖမ်းရန် ပြင်လေသည်။
တစ်ချိန်တည်းမှာပင် သီးခြားခွဲထွက်နေသော ဗီလာအိမ်ကြီးအတွင်း၌ ကြီးမားသောအရာတစ်ခု မြေပြင်ပေါ်သို့ လိမ့်ကျသွားသကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။
ဟော်ချန်ယဲ့မှာ လက်တစ်ဖက်ကို ထောက်ထားပြီး သူ့ ဂျုံရောင် မျက်နှာမှာ နီရဲကာ အေးစက်သော မျက်မှောင်များမှာ တင်းတင်းကြုတ်ထားသည်။
သူ့ အသက်ရှူနှုန်းများ မြန်ဆန်ကာ ထိန်းချုပ်မရဖြစ်နေပြီး ရင်ဘတ်မှာလည်း ပိုမိုမြန်ဆန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်မိတော့သည်။
သူက တိုးညင်းစွာ ညည်းတွားရာ သူ့ လက်ပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး နဖူးပေါ်တွင် ချွေးများ သီးလာသည်။
သူ့အောက်ဘက်မှ ပေါ့ပါးနွေးထွေးသော လေပြေတစ်ခုကို ခံစားရသဖြင့် ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး သူ့ ယခင်က တင်းမာသော မျက်နှာထားမှာ ပျောက်ကွယ်သွားသည်။
သူ့ လက်မောင်းများ အားလျော့နေပြီး ကုတင်ဘေးရှိ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျလေသည်။
ဟော်ချန်ယဲ့မှာ ပူလောင်နေပြီး သူ့ လက်သီးများ ဆုပ်ထားကာ ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ပါးပြင်များပေါ်ရှိ ထိန်းချုပ်မရသော အပူရှိန်ကို ဖုံးကွယ်ရန် မျက်လုံးများကို မှိတ်ထားတော့သည်။
သူက အံ့ကို တင်းတင်းကြိတ်လိုက်သည်။
'တစ်စုံတစ်ခုတော့ မှားနေပြီ'