← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

Chapter 254

ယွီရွေ့ကျူးမှာ ယခင်က ASMR နှင့် ပတ်သက်၍ အတွေ့အကြုံ သိပ်မရှိခဲ့သော်လည်း သူမ အချစ်ဆုံးသူငယ်ချင်းတွင်မူ ရှိခဲ့သည်။

သူမထံတွင် သူငယ်ချင်းဖြစ်သူ သိမ်းဆည်းထားခဲ့သော ကိရိယာတန်ဆာပလာများမှာ အတော်လေး ပြည့်စုံပြီး အချိန်အတော်ကြာသည့်တိုင်အောင် အသုံးပြုရန် အဆင်ပြေဆဲဖြစ်သည်။

သူမက အပျော်သဘော အချိန်ဖြုန်းရန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး အသံလွှင့်လုပ်ငန်းတွင် ဆက်လုပ်ရန် ရည်ရွယ်မထားခဲ့ပေ။

သို့သော် ကိရိယာများ အဆင်သင့်ရှိနေချိန်တွင် မိုက်ခရိုဖုန်းကို ဖွင့်ကာ အသံဖမ်းယူသောအခါ ထွက်ပေါ်လာသော အသံများမှာ အမှန်တကယ်ပင် နားထောင်လို့ကောင်းပြီး စိတ်ကို ပြေလျော့သွားစေကြောင်း သူမ ဝန်ခံရမည်ဖြစ်သည်။

သူမ စိတ်ဝင်စားသွားသဖြင့် သူမက အခြား အသံလွှင့်သူများထံမှ လေ့လာကာ ပလတ်စတစ်အကြည်စကို ပြင်ဆင်ပြီး မိုက်ခရိုဖုန်းခေါင်းကို ညင်သာစွာ ဖုံးအုပ်ကာ ရော်ဘာကွင်းဖြင့် စည်းနှောင်လေသည်။

ထို့နောက် ပလတ်စတစ်အကြည်စပေါ်သို့ ကော်သုတ်ရန် ပြင်ဆင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ထွက်ပေါ်လာမည့် အသံမှာ အထူးတလည် နားထောင်လို့ကောင်းပြီး အိပ်ပျော်စေရန် ကူညီပေးရာတွင် အထူးကောင်းမွန်လှသည်။

ကင်မရာစက်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ရှိ အလင်းရောင်များအောက်တွင် မူလကတည်းက လှပသော ယွီရွေ့ကျူး လက်ချောင်းလေးများက မိုက်ခရိုဖုန်းပေါ်သို့ ညင်သာစွာ ကျရောက်ထိတွေ့သွားပြီး သူမ ကိုင်ထားသော ကော်တောင့်ဖြင့် မိုက်ခရိုဖုန်းခေါင်းပေါ်တွင် ဟိုဘက်ဒီဘက် ပွတ်ဆွဲကာ သုတ်လိမ်းသည်။

အောက်ဘက်ရှိ ပလတ်စတစ်အကြည်စဖြင့် ရစ်ပတ်ထားသော ကပ်စေးစေး အသံလေးက အခန်းထဲတွင် တရှပ်ရှပ် မြည်ဟည်းသွားသည်။

'ဟင်...'

သူမ လက်ထဲရှိ ကော်တောင့်အား စပ်စုချင်စိတ်ဖြင့် ဆော့ကစားနေသော ယွီရွေ့ကျူးမှာ သူမ လက်အောက်ရှိ မိုက်ခရိုဖုန်း၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သဘောပေါက်လေသည်။

အချိန်အကြာကြီး အသုံးမပြုခဲ့၍ ချို့ယွင်းတာလား သို့မဟုတ် သေချာ မသိမ်းဆည်းခဲ့လို့များ ရေစိုသွားသည်လား။

အောက်ဘက်မှ ပလတ်စတစ်အစကို မချွတ်ပါပဲ အဘယ့်ကြောင့် ရေစိုနေရသနည်း။

'ငါက ကော်ပဲ သုတ်လိုက်တာ၊ တခြား ဘာမှမလုပ်ရသေးဘဲနဲ့ ဘယ်လိုလုပ် ရေတွေ စိမ့်ထွက်လာရတာလဲ'

သူမ အနည်းငယ် အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်မိသည်။

တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်းရှိ ဗီလာအိမ်ကြီးတစ်ခုထဲတွင် လူတစ်ယောက်မှာ နှိပ်စက်ခံရမှုကြောင့် ရူးသွပ်သွားလုမတတ် ဖြစ်ခဲ့ကြောင်းကို သူမ မသိခဲ့ပေ။

"အာ့...."

ဟော်ချန်ယဲ့က ပါးစပ်မှ ထွက်ပေါ်လာတော့မည့် အသံများကို ထိန်းချုပ်ရန် သူ့လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားမိသည်။

သူ့ ပါးပြင်များမှာ နီရဲနေပြီဖြစ်ပြီး ထိုပူလောင်သော အပူရှိန်က ပါးပြင်များမှတစ်ဆင့် သူ့ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဟော်ချန်ယဲ့ မျက်မှောင်များ တင်းတင်းကြုတ်သွားပြီး သူ့ မျက်ဝန်းများမှာ မှင်ရည်ကဲ့သို့ နက်မှောင်ကာ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။

သူက ခေါင်းကို နောက်သို့ မော့ကာ ခပ်တိုးတိုး ညည်းမိရာ သူ့ နဖူးမှ ချွေးစက်များ စီးကျလာတော့သည်။ ဤသည်မှာ အလွန် ထူးဆန်းလှသည်။ လုံးဝကို ထူးဆန်းနေတော့သည်။

ဟော်ချန်ယဲ့ လက်ရှိ အခြေအနေနှင့် ခံစားချက်များကို ဖော်ပြရန် ခက်ခဲလှသည်။ အရာအားလုံးက အိပ်မက်တစ်ခုလို သို့မဟုတ် တစ်စုံတစ်ယောက်က သူ့အား နောက်ပြောင်နေသည့်အလား ခံစားနေရသည်။

ထိုသို့မဟုတ်လျှင် မည်သို့ဖြစ်ပါဦးမည်နည်း။ သူ တစ် ယောက်တည်းသာ ရှိသော အခန်းလွတ်ကြီးထဲတွင် အထိအတွေ့တစ်ခုကို ရုတ်တရက် ရှင်းလင်းစွာ ခံစားရသည်။

'အိပ်မက်တစ်ခုက ဘယ်လိုလုပ် ဒီလောက်တောင် အသက် ဝင်နေရတာလဲ၊ အခန်းထဲမှာ သူကလွဲပြီး အခြားမည်သူမှ မရှိဘဲနဲ့ ဘယ်သူကများ သူ့ကို ဒီလိုမျိုး နောက်ပြောင်ရဲမှာတဲ့လဲ'

မရေမတွက်နိုင်သော ရှုပ်ထွေးသည့် အတွေးများက သူ့ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။

ဟော်ချန်ယဲ့မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူ့ ပခုံးများ လျော့ကျသွားပြီး ကြွက်သားများဖြင့် ပြည့်နှက်နေသော သူ့ လက်မောင်းတုတ်တုတ်ကြီးများ တောင့်တင်းသွားကာ ပြဿနာဖြစ်နေသည့်နေရာကို အလိုအလျောက် ဖိထားမိသည်။

သူ့ ပါးပြင်များမှာ နီရဲပြီး ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး ဤစိတ်ကူးယဉ်ဆန်ကာ ထူးဆန်းသော ဖြစ်ရပ်ကြီးကို ရပ်တန့်ရန် ကြိုးစားသည်။

သို့သော် သူ့ ရပ်တန့်ရန် ကြိုးပမ်းမှုများက အချည်းနှီးသာ ဖြစ်ခဲ့သည်။ အထိအတွေ့များမှ ကာကွယ်ရန် သူ အတင်း အကျပ် ဆုပ်ကိုင်ထားခဲ့သော်လည်း သူ့ လက်မှတစ်ဆင့် ဦးရေပြားပေါ်ရှိ ကျဉ်စိမ့်စိမ့် ခံစားချက်ကို ခံစားရဆဲပင်။

၎င်းက တစ်စုံတစ်ယောက်က သူ့ကို အဆက်မပြတ် လာရောက် ထိတွေ့နေသည့်အလား သူ့ဟာခေါင်းကို တစ်ခုခုဖြင့် ဖုံးအုပ်ထားသလို ခံစားရသော်လည်း လက်လှမ်း၍ စမ်းကြည့်သောအခါ အဆင်ပြေနေသည့် နေရာများကိုသာ စမ်းမိတော့သည်။

ပို၍ ဆိုးရွားသည်မှာ ဟော်ချန်ယဲ့က သူ ချည်နှောင်ခံထားရသည့် ထင်ယောင်ထင်မှားဖြစ်မှုကို ခံစားရခြင်းဖြစ်သည်။

ပါးလွှာသော ကြိုးများ သို့မဟုတ် ထိုကဲ့သို့သော အရာများက သူ့ကို ချည်နှောင်ထားသည့်အလား သူ့ တစ်ကိုယ်လုံးကို တင်းမာသွားစေသည်။

ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး နူးညံ့သော ကုတင်ပေါ်သို့ နောက်ပြန် လဲကျလေသည်။

သူ့ ပခုံးများက အလိုအလျောက် အတွင်းသို့ ကွေးဝင်သွားကာ အံ့မခန်း ထူထဲသော ရင်အုပ်ကြွက်သားများ တင်းမာသွားပြီး ဖိနှိပ်ထားရသော ရှက်ရွံ့မှုများကို ဖုံးကွယ်ရန် သူ့ မျက်လုံးများကို လက်မောင်းများဖြင့် ကွယ်ထားသည်။

ထိုခံစားချက်များကို ရှောင်လွှဲရန် မျက်လုံးများကို ဖုံးကွယ်ထားသော်လည်း မကြာခဏ ဖြစ်ပေါ်လာသော ထူးဆန်းမှုများမှ သူ မလွတ်မြောက်နိုင်ခဲ့ချေ။

အထူးသဖြင့် ယခုအခါ သူ့ကိုယ်ပေါ်သို့ တစ်ခုခု သုတ်လိမ်းခံနေရသည့်အလား ဟော်ချန်ယဲ့ ခံစားရသည်။

'ထူးဆန်းတယ်၊ အရမ်းကို ထူးဆန်းလွန်းတယ်၊ ဒါ အိပ်မက်တစ်ခုများလား'

ဟော်ချန်ယဲ့က သူ့ကိုယ်သူ အကြိမ်အနည်းငယ် ဆိတ်ကြည့်သော်လည်း နာကျင်မှုက စူးရှဆဲပင်။

ယနေ့မတိုင်မီက သူ ဤမျှ သနားစရာကောင်းသော အခြေအနေမျိုးသို့ ရောက်သွားလိမ့်မည်ဟု ဟော်ချန်ယဲ့ ဘယ်သောအခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ပုံမှန်အားဖြင့် သူက ဗီလာထဲတွင် တစ်ယောက်တည်းသာ ရှိတတ်ပြီး အလုပ်ဆင်းပြီးနောက် ကုမ္ပဏီကိစ္စများကိုသာ ကိုင်တွယ်ဖြေရှင်းလေ့ရှိရာ အခြားအရာများအတွက် အချိန်မရှိခဲ့ပေ။

သို့သော် ယခုအခါ သူ့ ခန္ဓာကိုယ်တွင်းရှိ အပူရှိန်မှာ အလွန် သိသာထင်ရှားပြီး အထူးသဖြင့် သူ့ကို စဉ်းစားတွေးတော၍ မရနိုင်အောင် လုပ်ဆောင်လာသော အဆက်မပြတ် ဖြစ်ပေါ်သည့် ထူးဆန်းသော ခံစားချက်များကြောင့်ပင်။ သူက ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်ရတော့သည်။

သူက ရေအေးဖြင့် အချိန်အတော်ကြာ ဆေးကြောပစ်သော်လည်း သူ့ စိတ်များက ရှုပ်ထွေးဆဲပင်။

ထို့နောက် ရုတ်တရက်ဆိုသလိုပင် သူ့ကို အငိုက်မိသွားစေခဲ့သော ထူးဆန်းသည့် ခံစားချက်များ အားလုံး ပျောက်ကွယ်သွားသည်။ ဟော်ချန်ယဲ့က အလျင်အမြန်ပင် မော့ကြည့်မိသည်။

သူ့ ခန္ဓာကိုယ်မှာ ယခုအခါ ရေအေးများကြောင့် ရေခဲတမျှ အေးစက်လှပြီး စိုရွှဲနေသော ဆံပင်များမှာ ဖရိုဖရဲဖြင့် နောက်ကျောဘက်တွင် တွဲလောင်းကျနေသည်။

ဤကဲ့သို့ ရုတ်တရက် ရောက်လာပြီး ရုတ်တရက် ထွက်သွားခြင်းကို အထူးတလည် ထူးဆန်းသည်ဟု ထင်မှတ်မိကာ ထူးဆန်းစွာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

သူ့ ခန္ဓာကိုယ်က ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်နိုင်ချေ။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုခု ရှိနေတာများလား။

ဟော်ချန်ယဲ့က နတ်ဘုရားများကို ဘယ်သောအခါမှ မယုံ ကြည်ခဲ့သော်လည်း ယခုအခါ သူ့ မျက်ဝန်းများမှာ လေးနက်လာပြီး ကျွမ်းကျင်သော ဆရာတစ်ဦးဦးနှင့်များ တိုင်ပင်ဆွေးနွေးသင့်လားကိုပင် တွေးမိတော့သည်။

...

ဟော်ချန်ယဲ့ အခြေအနေကို ယွီရွေ့ကျူး တစ်ယောက် လုံးဝ သိနိုင်မည် မဟုတ်ပေ။

အိပ်စက်ခြင်းကို အထောက်အကူပြုသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို ခေတ္တမျှ ကြည့်ရှုပြီးနောက် သူမက ဖုန်းကို ပွတ်ဆွဲကာ လူကြိုက်များသော အိပ်စက်ခြင်း အထောက်အကူပြု နည်းလမ်းအသစ်အချို့ကို လေ့လာသည်။ သူမ အောင့်အီးထားခဲ့ရသော ဒေါသများမှာလည်း လွင့်စင်သွားခဲ့သည်။

ကုတင်ပေါ်တွင် လှဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်မောကျသွားပြီး မအိပ်ပျော်မီ နောက်တစ်နေ့တွင် ဟော်ချန်ယဲ့ အခြေအနေကို သွားစစ်ဆေးကြည့်ရမည်ဟု တွေးမိသည်။

သို့သော် နောက်တစ်နေ့တွင် သူမ ကုမ္ပဏီသို့ ရောက်ရှိလာချိန်၌...

"ဟက်ချိုး"

"ဟက်ချိုး"

အစီရင်ခံစာ သွားပေးသော လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဟော်ချန်ယဲ့ဆီမှ တစ်ယောက် အေးစက်သော မျက်နှာထား၊ အနည်းငယ် နှာသံပါနေသော လေသံတို့ဖြင့် နှာချေနေသည်ကို မြင်လေသည်။ ထိုလုပ်ဖော်ကိုင်ဖက်က ယွီရွေ့ကျူးဘက်သို့ လှည့်ကာ တီးတိုးပြောသည်။

"သူဌေးသစ်က ဘယ်လိုလုပ် ဒီလောက်မြန်မြန် နေမကောင်းဖြစ်သွားရတာလဲ၊ ဖိအားတွေ များလွန်းလို့လား မသိဘူးနော်"

ယွီရွေ့ကျူးက အတွင်းသို့ တစ်ချက် ကြည့်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။

သူမက အတွင်းရေး စာရွက်စာတမ်းများနှင့် အချက်အလက်များမှတစ်ဆင့် ဟော်ချန်ယဲ့ အခြေအနေကို စုံစမ်းပြီးသည်။

ဤခေါင်းဆောင်မှာ ဩဇာကြီးမားသော နောက်ခံရှိသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့ပြီး ၎င်းမှာ အမှန်ဖြစ်ပုံရသည်။

သူ့ မိသားစုမှာ လုပ်သက်ရင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး ဟော်ချန်ယဲ့မှာ ဟော်မိသားစု တရားဝင်အမွေဆက်ခံသူဖြစ်သည်။

သူကား ဤကမ္ဘာတွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး သူမနှင့်အတူ ရုတ်တရက် ကူးပြောင်းလာခဲ့ခြင်းမျိုး မဟုတ်ချေ။

သူမအပေါ် အေးစက်နေသည့် ‌ဤလူက ဟော်ချန်ယဲ့နှင့် ရုပ်ရော နာမည်ပါတူနေသော်လည်း အမှန်တကယ်တော့ သူက အပြိုင်ကမ္ဘာတစ်ခုခုက မတူညီသော လူတစ်ယောက်များ ဖြစ်နေမည်လား။

ထို့အပြင် သူမရ ဟော်ချန်ယဲ့က ၁၉၈၀ နှစ်များမှာ သူမကို စောင့်နေတုန်းလား။

ဤကောက်ချက်သို့ ရောက်ရှိသွားချိန် ယွီရွေ့ကျူးမှာ ရုတ်တရက် အသုံးမကျသလို ခံစားရပြီး နာကျင်မှုကို ကြောက်ရွံ့၍ သူမ ဆွဲဖယ်ခံရခြင်းကိုပင် နောင်တရမိသွားသည်။ သို့မဟုတ်လျှင် ယခင်ကလို ကားတိုက်ခံရပြီးနောက် သူမ ပြန်သွားနိုင်လောက်မည် မဟုတ်ပါလား။

ဤရှုပ်ထွေးသော အတွေးများက သူမ စိတ်ထဲတွင် ပြည့်နှက်ပြီး ယွီရွေ့ကျူးကို မွန်းကျပ်စေသည်။ သူမက မျက်မှောင် ကြုတ်ပြီး ဘေးရုံးခန်းရှိ ဟော်ချန်ယဲ့နှင့် ဆက်၍ မပတ်သက်ချင်တော့ပေ။

All Chapters