← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

Chapter 256

'ဒီလေယူလေသိမ်းက၊ ဒီမှာ ဘယ်သူက သူဌေးလဲ'

'ပြီးတော့ သူ့ကို စားကြွင်းစားကျန်တွေ စားခိုင်းနေတဲ့ ဒီသဘောထားကြီးက သူ လုပ်ရမယ့် တာဝန်တစ်ခုလို သဘောထားပြီး အမိန့်ပေးနေတာ...'

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အခြားလူတစ်ယောက်သာ သူ့ကို ဤသို့ ဆက်ဆံခဲ့လျှင် ဟော်ချန်ယဲ့မှာ မနှစ်မြို့ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း ယွီရွေ့ကျူး လက်ရှိ အပြုအမူက သူ့ကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ ထူးဆန်းလှသည်။

၎င်းက. သူတို့ ဆက်ဆံရေးမှာ ဤသို့ပင် ဖြစ်သင့်သည်ဟု ထင်မှတ်ရသည့်အလားပင်။

ဟော်ချန်ယဲ့ အကြည့်များက ယွီရွေ့ကျူးနောက်သို့ အလိုအလျောက် လိုက်ပါသွားပြီး သူမ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်ကို ကြည့်မိသည်။

တစ်ဝက်ပိတ်ထားသော မှန်တံခါးက သူမ သွယ်လျသော ကိုယ်လုံးလေးကို ဝေဝါးဝါး ရောင်ပြန်ဟပ်သည်။ သူက အနေရခက်စွာဖြင့် အကြည့်လွှဲလိုက်ပြီး ထပ်မကြည့်ရဲတော့ဘဲ သူ့ဘေးရှိ ပန်းကန်လုံးကိုသာ အောက်သို့ငုံ့ကြည့်သည်။

ပန်းကန်လုံးထဲတွင် ယွီရွေ့ကျူး၏ စားကြွင်းစားကျန်များ ရှိပြီး ထမင်းများမှာ စိုစွတ်ကာ သူ့ လက်ဝါးထဲတွင်တော့ သေးငယ်ပုံရသည်။

သူက မျက်စိတစ်မှိတ်အတွင်း အကုန်စားပစ်နိုင်သည်ဟု ခံစားရသော်လည်း ယွီရွေ့ကျူး လက်ထဲတွင်တော့ အတော်လေး ကြီးမားပုံရကာ သူမ အချိန်အတော်ကြာ စားပြီးနောက်တွင်ပင် ဤမျှလောက် ကျန်သေးသည်။

ဤသည်မှာ ယွီရွေ့ကျူး စားကြွင်းစားကျန်များပင်။

ဟော်ချန်ယဲ့က နှုတ်ခမ်းကို စေ့ထားကာ ဖော်ပြ၍မရနိုင်သော ဂနာမငြိမ်ဖြစ်မှုကို ဖိနှိပ်ထားသည်။

သူ ထမင်း အနည်းငယ်ကို အမြန်စားရာ သူ့ ပါးလျသော နှုတ်ခမ်းများက ပန်းကန်နှုတ်ခမ်းသားနှင့် ပွတ်တိုက်မိသွားချိန်မှသာ ယွီရွေ့ကျူးကလည်း ယခင်က ဤကဲ့သို့ပင် လုပ်ခဲ့ကြောင်း သူ သတိရသွားသည်။

သူတို့ နှုတ်ခမ်းများက တူညီသည့်နေရာကို ထိတွေ့မိသွားတာ ဖြစ်နိုင်ပြီး သွယ်ဝိုက်သော အနမ်းတစ်ခုဟူသော အတွေးက သူ့ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားကာ ဟော်ချန်ယဲ့ အသက်ရှူနှုန်းများ ချက်ချင်းပင် မြန်ဆန်လာသည်။

တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေသည့်အလား မျက်လွှာချကာ စားပွဲပေါ်ရှိ အစားအစာများကို အမြန် စားသောက်ပြီး ယွီရွေ့ကျူးနောက်မှ ရေချိုးခန်းထဲသို့ ဝင်ကာ ကိုယ်လက်သန့်စင်လေသည်။

'အများကြီး မတွေးနဲ့၊ ဒါက အထူး ခရီးစဉ်တစ်ခုမို့လို့ အရာအားလုံးက နားလည်ပေးနိုင်တဲ့ ကိစ္စတွေချည်းပါပဲ'

သူ အိပ်ပျော်သွားလျှင် အဆင်ပြေသွားလိမ့်မည်။ သူတို့ ပြန်ရောက်သွားမည့် ရက်အနည်းငယ်အကြာတွင် ဤအဆင်မပြေသော အခြေအနေမျိုး ထပ်ဖြစ်လာတော့မည် မဟုတ်ပေ။

အပူရှိန်များ လျော့ကျသွားစေရန် ဟော်ချန်ယဲ့က မျက်နှာကို ရေအေးများဖြင့် သစ်လေသည်။

သူက ကော်လာကို အနည်းငယ် လျှော့ပြီး တတ်နိုင်သမျှ သဘာဝကျသယောင် ဟန်ဆောင်ကာ စိတ်တည်ငြိမ်သွားသည့် အတန်ကြာမှသာ အပြင်သို့ ထွက်လာသည်။

ရိုးရိုးသားသား ပြောရလျှင် ဤသည်မှာ မိန်းကလေးတစ်ဦးနှင့် ဟော်ချန်ယဲ့ ပထမဆုံးအကြိမ် ခရီးထွက်ရခြင်းဖြစ်ပြီး သူနှင့် ရွယ်တူ မိန်းကလေးတစ်ဦးနှင့် အမိုးတစ်ခုအောက်တည်းတွင် နှစ်ကိုယ်တည်း အတူရှိနေရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်နေသည်။

ညဘက်တွင် အခန်းတွင်းရှိ မီးများကို ပိတ်ထားပြီး ကုတင်ဘေးရှိ နွေးထွေးသော အဝါရောင် ညအိပ်မီးလေးသာ ကျန်ရှိကာ နူးညံ့သော အလင်းရောင်ကို ဖြာထွက်စေသည်။

အလင်းရောင်က မီးချောင်းလောက် မတောက်ပဘဲ ပိုနူးညံ့ကာ ထူးဆန်းစွာပင် ရင်းနှီးသော လေထုကို ဖန်တီးပေးသည်။ ဟော်ချန်ယဲ့က မော့ကြည့်ရာ ကုတင်နှစ်လုံးကြားတွင် နံရံတစ်ခု ရှိနေသဖြင့် သက်သာရာရသွားသည်။

ထူထဲသော နံရံကြီးက ယွီရွေ့ကျူး ဘက်ခြမ်းကို ဖုံးကွယ်ထားသည်။ ဟော်ချန်ယဲ့ ရှုထောင့်မှကြည့်လျှင် သူ သိပ်များများစားစား မမြင်ရဘဲ စောင်ဖြင့် ဖုံးအုပ်ထားသော သူမ ခြေထောက်တစ်ဝက်လောက်ကိုသာ မြင်ရသည်။

သူ သက်ပြင်းတစ်ချက်ချပြီး ညအိပ်အင်္ကျီ ကော်လာကို လျှော့ကာ လှဲအိပ်သည်။

နောက်တစ်နေ့တွင် သူ အပြင်ထွက် အလုပ်လုပ်ရဦးမည်ဖြစ်ရာ လုံလောက်သော အိပ်စက်ခြင်းကို ရရှိရန် လိုအပ်သည်။

ဟော်ချန်ယဲ့မှာ ပုံမှန်အားဖြင့် အအိပ်စက်သူဖြစ်ပြီး သူ့ အိပ်စက်ခြင်း အရည်အသွေးမှာ သိပ်မကောင်းလှပေ။ သူက မကြာခဏ အိပ်မပျော်သော ဝေဒနာကို ခံစားရပြီး အိပ်ပျော်စေရန် Melatoninနှင့် အခြားသော အိပ်စက်ခြင်း အထောက် အကူပြု ပစ္စည်းများကို အသုံးပြုရသည်။

သူက အိပ်ပျော်စေရန်အတွက် အိပ်စက်ခြင်း အထောက်အ ကူပြု တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုကာ နူးညံ့သော အသံများကို နားထောင်လေ့ရှိသော်လည်း အခန်းတွင်း အသံလုံမှုမှာ သိပ်မကောင်းလှသဖြင့် ဆူညံသံများက ယွီရွေ့ကျူးကို အနှောင့်အယှက် ဖြစ်မည်စိုးသောကြောင့် စွန့်လွှတ်လိုက်သည်။

ထိုအလေ့အကျင့်များ ရုတ်တရက် ပြောင်းလဲသွားခြင်းက ဟော်ချန်ယဲ့ကို အနည်းငယ် မသက်မသာ ဖြစ်စေသည်။

သူက အလိုအလျောက်ပင် တစ်ဖက်သို့ လှည့်ပြီး အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ့ ရှေ့ရှိ ဖြူဖွေးသော နံရံကြီးကို စိုက်ကြည့်ရင်း နံရံတစ်ဖက်တွင် ယွီရွေ့ကျူး ရှိနေသည်ဟူသော အတွေးက သူ့ကို ရုတ်တရက် ဂနာမငြိမ် ဖြစ်လာစေသည်။

ညက တိတ်ဆိတ်နေပြီး ပြတင်းပေါက်ကို အနည်းငယ် ဖွင့်ထားကာ ပတ်ဝန်းကျင်မှာ အလွန် တိတ်ဆိတ်လွန်းသဖြင့် သူ့ကိုယ်ပိုင် နှလုံးခုန်သံကိုပင် ကြားရသည်။ ထို့အပြင် ယွီရွေ့ကျူး ဘက်ခြမ်းမှ ထွက်ပေါ်လာသော အသက်ရှူသံများပင်။

သိပ်မသိသာလှသော်လည်း ဟော်ချန်ယဲ့ နားများက ၎င်းကို ဖမ်းယူနိုင်စွမ်းရှိလောက်အောင် ထက်ရှသည်။ သူမ တိမ်၀င်သော အသက်ရှူသံများက နံရံကို လာရောက် ရိုက်ခတ်နေပြီး သူမကလည်း သူ့လိုပင် ဘေးတစောင်း လှဲလျောင်းပုံရသည်။

အကယ်၍သာ သူတို့ကြားတွင် ဤနံရံကြီး မရှိခဲ့လျှင် သူတို့ နှစ်ဦးစလုံး မျက်နှာချင်းဆိုင် လှဲလျောင်းမိလောက်သည်။

၎င်းကို တွေးမိသောအခါ ရှုပ်ထွေးသော အတွေးများက သူ့ စိတ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာပြီး ထိန်းချုပ်မရလုနီးပါးပင် ဖြစ်သွားတော့သည်။

ဟော်ချန်ယဲ့က သူ့ စိတ်များကို အတင်းအကျပ် ပိတ်ပင်ပြီး မျက်လုံးများကို တင်းတင်းမှိတ်ကာ စိတ်ကို ရှင်းလင်းထားရန်နှင့် ကယောင်ကတမ်း အတွေးများကို ရပ်တန့်ရန် အစွမ်းကုန် ကြိုးစားမိသည်။

အကြိမ်ကြိမ် သတိပေးမှုကြောင့်လားမသိ နေ့ခင်းဘက်က ပင်ပန်းနွမ်းနယ်ခဲ့မှုများနှင့် ပေါင်းစပ်သွားရာ လှဲလျောင်းပြီးနောက် အခြားသော အိပ်စက်ခြင်း အထောက်အကူပြု ပစ္စည်းများ မရှိဘဲနှင့်ပင် ယွီရွေ့ကျူး နူးညံ့သော အသက်ရှူသံနှင့် အခန်းတွင်းမှ သင်းပျံ့နေသော ရနံ့လေးက ဟော်ချန်ယဲ့ အလွန် ဆိုးရွားလှသော အိပ်စက်ခြင်း အရည်အသွေးကို အကြောင်းပြချက်မရှိ တိုးတက်သွားစေသည်။

မသိစိတ်မှပင် သူ မျက်လုံးများကို မှိတ်မိပြီး ဖြည်းညင်းစွာ အိပ်မောကျသွားတော့သည်။

ထိုစဉ် ဟော်ချန်ယဲ့ အိပ်မက်တစ်ခု မက်ခဲ့သည်။

သူသည် ပုံမှန်အားဖြင့် မိုးလင်းသည်အထိ နှစ်ခြိုက်စွာ အိပ်မောကျသည် မဟုတ်ပါက တစ်ညလုံး အိပ်မပျော်သည့် ဝေဒနာကို ခံစားရတတ်သည်။

ယနေ့ သူ ရှားရှားပါးပါး အိပ်မက်တစ်ခု မက်ခဲ့သော်လည်း သူ့ အိပ်မက် အကြောင်းအရာမှာ အလွန်တရာ ဖော်ပြ၍မရနိုင်အောင်ပင် ဖြစ်နေသည်။

ညအမှောင်က ဝေဝါးလှသည်။ နံရံဖြင့် ပိုင်းခြားထားသော ကုတင်နှစ်လုံး ပါရှိသည့် တူညီသော အခန်းထဲတွင် ပြတင်းပေါက်မှ လိုက်ကာများက လေပြေထဲတွင် အနည်းငယ် ယိမ်းနွဲ့လာသည်။

ရုတ်တရက် ဟော်ချန်ယဲ့က အသံတစ်သံကို ကြားလိုက်ရသလို ခံစားရသည်။ ထိုသည်မှာ တိုးညင်း နူးညံ့သော ညည်းတွားသံ၊ ရှိုက်ငင်သံ၊ မြန်ဆန်သော အသက်ရှူသံများနှင့် ရောယှက်နေသည့် မပီမသ ညည်းသံလေးပင်။

သူ့ လက်က ကုတင်ပေါ်သို့ ပွတ်ဆွဲသွားပြီး အသစ်စက်စက် အိပ်ရာခင်းကို ပြန့်သွားစေကာ ကုတင်ခေါင်းရင်းသို့ တွန်းပို့မိသည်။

သူ့ လက်ဝါးကြီးနှင့် သွယ်လျဖြူဖွေးသော လက်လေးက တင်းကျပ်စွာ ယှက်နွှယ်နေသည်။

အခြားတစ်ဖက်မှ လူသည် လွတ်မြောက်ရန် ကြိုးစားသော်လည်း သူက တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကုတင်ခေါင်းရင်းနှင့် ဖိကပ်ထားရာ ကုတင်အစွန်းတွင် တွဲလောင်းကျလာသည်။

ချထားသော လိုက်ကာများက လှိုင်းထပြီး လရောင်က အခန်းတွင်းသို့ ဖြာကျလေသည်။ ဟော်ချန်ယဲ့မှာ သူ လုံးဝ စိတ်ကူးမယဉ်ဖူးခဲ့သော ပြင်းပြသည့် ရမ္မက်များဖြင့် သူ့ ရင်ခွင်ထဲရှိ လူကို ကိုင်းညွတ်ကာ နမ်းရှိုက်ပြီး ကိုးကွယ်ဆည်းကပ်သည့်အလား နူးညံ့သိမ်မွေ့မှုမျိုးဖြင့် ထိုသူ၏အသားအရေ လက်တစ်ဆစ်စာတိုင်းကို နမ်းရှိုက်နေကြောင်း ခံစားမိသည်။

သူမ ဆန့်တန်းထားသော လက်မောင်းလေးမှာ သွယ်လျဖြူဖွေးပြီး အသားအရေပေါ်တွင် အမှတ်အသားများ ထင်ကျန််ခဲ့သည်။ ဖြူဖွေးသော အိပ်ရာခင်းနှင့် ဆန့်ကျင်ဘက်ဖြစ်မှုမှာ အလွန် သိသာထင်ရှားနေပြီး အလွန်တရာ ဆွဲဆောင်မှုရှိသော အသွင်ကိုဆောင်တော့သည်။

သူမက ယိမ်းယိုင်နေသည်။ အမှန်တော့ ကုတင်တစ်ခုလုံး ယိမ်းခါသည့်အလားပင်။

ဟော်ချန်ယဲ့က သူ့ လက်တစ်ဖက်ဖြင့်ပင် အလွယ်တကူ ရစ်ပတ်နိုင်လောက်အောင် ယုံကြည်နိုင်စရာမရှိ သွယ်လျသော ခါးလေးကို ဆုပ်ကိုင်ထားကြောင်း သတိပြုမိသည်။

သူ အိပ်မက်မက်နေခြင်းဖြစ်ကြောင်း ဟော်ချန်ယဲ့ ဝေဝါးစွာ သဘောပေါက်စပြုလာသော်လည်း အိပ်မက်က နက်ရှိုင်းလာပြီး သူ့ အိပ်စက်ခြင်းက ပိုမို နှစ်ခြိုက်လာသည်နှင့်အမျှ အသိစိတ်မှာ ကြည်လင်မှု လျော့နည်းလာသည်။

သို့သော် အခြားသော ခံစားချက်တစ်ခုက သူ့ကို လွှမ်းမိုးသွားခဲ့သည်။ သူ့ အိပ်မက်ထဲတွင် ဘယ်သူရှိနေလဲဆိုတာကို သူ အလွန်အမင်း သိချင်သည်။

သူမ နီရဲသော နှုတ်ခမ်းများပေါ်ရှိ အနမ်းတစ်ခုက သူမ အသားအရေ အေးစက်မှုကို အရည်ပျော်သွားစေပြီး သူ့ ပါးလျသော နှုတ်ခမ်းများမှာ ပူလောင်ကာ နှုတ်ခမ်းများကို အဆက်မပြတ် ဖမ်းဆုပ်လျက် အနမ်းများဖြင့် ခြွေကာ သူမ နှုတ်ခမ်းများကို ပိုတောက်ပလာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားတော့သည်။

သူမ ခန္ဓာကိုယ်အောက်ပိုင်းသို့ သူ လျှောဆင်းသွားချိန်တွင် ညှပ်ရိုးပေါ်၌ အမှတ်အသားများ ပေါ်လာပြီး သူ့ တစ်ကိုယ်လုံး တုန်ယင်ကာ ဝန်းကျင်ရှိအရာအားလုံး လှုပ်ခါကြောင်း ခံစားမိသည်။

သူနှင့် တစ်ဖက်လူတို့မှာ တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူတို့ မျက်နှာများပေါ်မှ ချွေးများ စီးကျလာသည်။

သူ့ကိုယ်တွင်း၌ စီးဆင်းနေသော စိတ်လှုပ်ရှားမှုနှင့် ပြင်းပြမှုများကို ခံစားနေရပြီး ၎င်းက သူ ပထမဆုံးအကြိမ် ကြီးမား သောပိုက်ဆံများကို ရှာဖွေနိုင်ခဲ့စဉ်ကထက်ပင် ပို၍ ပြင်းထန်တော့သည်။

All Chapters