← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

Chapter 257

အိပ်မက်နှင့် လက်တွေ့ကို ခွဲခြားမရနိုင်အောင်ပင် သူ အလို အလျောက် နမ်းရှိုက်မိသည်။

အိပ်မက် နောက်ဆုံး အခိုက်အတန့်သို့ ရောက်သည်အထိ သူတို့က အသည်းအသန် ပွေ့ဖက်ထားကြပြီး ခေါင်းကို နောက် သို့ မော့ထားရာ လည်စေ့များ နိမ့်ချည်မြင့်ချည် ဖြစ်စဉ် တောက်ပသော လရောင်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာသည်။

လရောင်က ကုတင်ပေါ်သို့ ကျရောက်သွားပြီး အဆုံးတွင်တော့ အလင်းမရသော နေရာများကို လင်းထိန်သွားစေကာ သူ ဤမျှ ရင်းနှီးစွာ ပွေ့ဖက်ထားသူမှာ မည်သူဖြစ်ကြောင်း ဟော်ချန်ယဲ့ ရှင်းလင်းစွာ မြင်တွေ့သွားသည်။

အပြင်ဘက်ရှိ လမင်းကြီးမှာ လွန်ကဲစွာ တောက်ပသော် လည်း တစ်ဖက်လူ အသားအရေလောက်တော့ တောက်ပနေမည် မဟုတ်ပေ။

မျက်စိကျိန်းမတတ် ဖြူဖွေးနေသော သူမ အသားအရေပေါ်တွင် သေးငယ်သော အမှတ်အသားလေးများရှိသည်။ ထူထပ် နက်မှောင်သော ဆံပင်များက ပင်လယ်ရေညှိများအလား ပခုံးပေါ်သို့ ဖြာကျပြီး သူမ နှုတ်ခမ်းများမှာ ပြည့်အင်ကာ မျက်လုံးများမှာ ရေများ စွန်းထင်းသည့်အလား ဝေဝါးနေသည်။

သူမက သူ့လည်ပင်းကို လက်မောင်းများဖြင့် ရစ်ပတ်ကာ သူ့ကို နမ်းရှိုက်ပြီး ငိုထားသဖြင့် အက်ရှရှဖြစ်နေသော အသံဖြင့် သူ့နာမည်ကို တိုးညင်း နူးညံ့စွာ ခေါ်လာသည်။

"ဟော်ချန်ယဲ့..."

ဟော်ချန်ယဲ့မှာ အိပ်မက်ထဲမှ ရုတ်တရက် လန့်နိုးလာသည်။

သူ ကုတင်ပေါ်တွင် ပက်လက်လှန်လျက် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အနံ့အသက်များ ထွက်ပေါ်လာသော်လည်း တစ်ချိန်တည်းမှာပင် ကျောပြင်မှာ ချွေးအေးများဖြင့် စိုရွှဲနေသည်။

သူ အလိုအလျောက်ပင် မော့ကြည့်ရာ နံရံက ဖုံးကွယ်မထားသော တစ်ဖက်ခြမ်းတွင် ပြတင်းပေါက်တစ်ခု ရှိပြီး သူ့ အိပ်မက်ထဲကလိုပင် အေးမြသော လရောင်များက ဖြည်းညင်းစွာ ဖြာကျလေသည်။

ပတ်ဝန်းကျင်က မှောင်မိုက်ကာ တိတ်ဆိတ်ဆဲဖြစ်ပြီး ဟော်ချန်ယဲ့ ကိုယ်ပိုင် နှလုံးခုန်သံကသာ ဗုံတစ်လုံးအလား ဆူညံစွာ ခုန်ပေါက်မိသည်။

သူ စကားမပြောနိုင်ဘဲ လက်သီးများကို ဆုပ်ကာ အဝတ်အစားများကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

'သူ တကယ်ကြီး ဒီလိုအိပ်မက်မျိုး မက်ခဲ့တာပဲ၊ ပြီးတော့ သူ့ အိပ်မက်ထဲက လူက... ယွီရွေ့ကျူးတဲ့လား'

ရေကျသံက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလာသည်။

ယွီရွေ့ကျူးမှာ အိပ်ရာအသစ်တွင် အိပ်ရသည်ကို အနည်းငယ် အသားမကျသလို ဖြစ်မိသည်။

အဓိကအကြောင်းမှာ အတိတ်က သူမ ဟော်ချန်ယဲ့နှင့် အတူရှိစဉ်က သူမ အိပ်ပျော်သွားချိန်တွင် သူက အမြဲတမ်း သူမကို ထွေးပိုက်ထားလေ့ရှိသော်လည်း ယခုအခါ သူတို့ကြားတွင် နံရံတစ်ခု ခြားနေသောကြောင့်ဖြစ်သည်။

သူမ မျက်လုံးမှိတ်လျက် အချိန်အတော်ကြာ လှဲခဲ့သော်လည်း အိပ်မပျော်ခဲ့ပေ။ သူမ မော့ကြည့်ရာ ရေချိုးခန်းမီး လင်းနေသည်ကို သတိပြုမိပြီး တစ်စုံတစ်ယောက် ရေချိုးနေသည့်အလား အတွင်းမှ ရေကျသံကို ကြားရသည်။

'ဟော်ချန်ယဲ့က အခု အရမ်းကို စည်းကမ်းကြီးနေတာလား၊ သန်းခေါင်ယံကြီး ရေထချိုးနေတယ်ပေါ့'

ယွီရွေ့ကျူးက မှန်ဝါးဝါးကို စိုက်ကြည့်ရာ အတွင်း၌ လှုပ်ရှားနေသော လူရိပ်တစ်ခုကို ဝေဝါးဝါး မြင်ရသည်။

ရေချိုးခန်းမှ ဆူညံသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ သူမ တစ်ဖက်သို့ လှည့်ပြီး မျက်လုံးများကို ချက်ချင်း တင်းတင်းမှိတ်လျက် နားများကို လက်ဖြင့် အုပ်ထားမိသည်။

ညနက်လာသည်နှင့်အမျှ မသိမသာပင် ရေချိုးခန်းမှ ရေကျသံက အိပ်မွေ့ချသည့် တေးသွားတစ်ခု ဖြစ်လာခဲ့ပြီး ယွီရွေ့ကျူး မျက်လုံးများကို တင်းတင်းမှိတ်မိတော့သည်။

ရေချိုးခန်းမှ ရေကျသံ ရပ်တန့်သွားပြီး တစ်စုံတစ်ယောက်က ရေချိုးပြီးခါစ အခိုးအငွေ့များဖြင့် ကုတင်ပေါ်သို့ ဝင်ရောက်လာချိန်တော့ သူမ အိပ်မောကျနေခဲ့ပြီဖြစ်သည်။

သူမက မည်သည့် အိပ်မက်မျှ မမက်ဘဲ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်။

သူမက ဘေးရှိလူအနားသို့ တိုးဝင်ရန် အလိုအလျောက်ပင် အမြဲ ဆန္ဒရှိနေပြီး သူမ လက်များကို နွေးထွေးအောင် လုပ်ပေးမည့်သူနှင့် သူ၏ ကြွက်သားများကို ထိတွေ့ရသည်ကို ကျင့်သားရနေခဲ့သည်။

သို့သော် ယခုအခါ သူမ ထိတွေ့မိသမျှမှာ ဖြူဖွေးသော နံရံတစ်ခုသာ ဖြစ်သည်။

နောက်တစ်နေ့တွင် ယွီရွေ့ကျူး အနည်းငယ် နောက်ကျမှ နိုးလာသည်။ သူမ မျက်နှာသစ်ရန် သွားချိန်တွင် ဘေးခန်းမှ ဟော်ချန်ယဲ့မှာ ဝတ်စုံပြည့်ဖြင့် အဆင်သင့်ဖြစ်နေကာ သူမကို စောင့်ဆိုင်းနေသည်။

ယွီရွေ့ကျူးက သူ့ကို တစ်ချက် ကြည့်ရာ သူါဝတ်စုံမှာ သေသပ်စွာ ချုပ်လုပ်ထားပြီး ကွက်တိဖြစ်သော်လည်း အနည်းငယ် လှုပ်ရှားချိန်တွင်ပင် ကြွက်သားများက ပေါက် ကွဲထွက်လာတော့မည့်အလား ပေါ်လွင်ပြီး ကြီးမားလှသော ခွန်အားများကို ထုတ်လွှင့်နေသည်ကို သတိပြုမိသည်။

'ဟင်း... ငါတို့သာ သူစိမ်းမဆန်တာတို့ ငါရဲ့ ဟော်ချန်ယဲ့နဲ့ ဒီလောက် မကွာခြားခဲ့ဘူးဆိုရင် သူ့ကို သွားကိုင်မိနေလောက်ပြီ'

'နှမြောစရာပဲ'

ယွီရွေ့ကျူးက နှမြောတသစွာဖြင့် အကြည့်လွှဲပြီး မျက်နှာ သစ်ပြီးနောက် ဟော်ချန်ယဲ့နှင့်အတူ အလုပ်သို့သွားသည်။

သူမက ယခင်က အေးစက်စက် အမူအရာရှိသော ဟော်ချန်ယဲ့နှင့် ဆုံဖူးသည်။ မနေ့က အတူနေဖူးခဲ့သဖြင့် သူ ပိုပြီး ဖော်ရွေလာလိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယနေ့တွင်မူ သူက ပို၍ပင် အလှမ်းဝေးနေပုံရသည်။

တိတိကျကျပြောရလျှင် သူက သူမနှင့် ဝေးဝေးတွင် လမ်းလျှောက်ကာ ရပ်နေပြီး စကားပြောချိန်တွင် သူမကို မကြည့်ဘဲ အေးစက်သော လေသံဖြင့် စကားပြောကာ မှုန်ကုပ်ကုပ်နှင့် တိတ်ဆိတ်တက်ပြီး သူမကို ရှောင်ဖယ်နေခြင်းမှာ လွန်ကဲစွာပင် သိသာလှသည်။

သူတို့ တက္ကစီ အတူစီးပြီး နောက်ခန်းတွင် ဘေးချင်းယှဉ် ထိုင်ချိန်တွင်ပင် ဟော်ချန်ယဲ့ ကိုယ်ဟန်အနေအထားမှာ တောင့်တင်းပြီး သူ့ မျက်နှာထားမှာ မနှစ်မြို့ဖွယ် ဖြစ်ကာ လက်ဝါးကြီးများက သူမနှင့် နီးကပ်သော ဘေးဘက်ရှိ လက်ကိုင်နှင့် ထိုင်ခုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ယွီရွေ့ကျူးက သူ့ကို တစ်ချက် ကြည့်သော်လည်း ဘာမှ မပြောခဲ့ပေ။ ကားက အကွေ့ကြမ်းတစ်ခုသို့ ဝင်ရောက်သွားချိန်တွင် အရှိန်ကြောင့် ယွီရွေ့ကျူး ခန္ဓာကိုယ်က ဟော်ချန်ယဲ့ဘက်သို့ အလိုအလျောက် ယိုင်သွားခဲ့သည်။

ဤသည်မှာ ပုံမှန်ဖြစ်ရမည့် ကိစ္စဖြစ်သော်လည်း ဟော်ချန်ယဲ့က သူမကို အလိုအလျောက် ဖမ်းဆွဲပြီးနောက် သူ့ လက်ကို အမြန် ပြန်ရုပ်ကာ မျက်မှောင်ကြုတ်လျက် လက်သီးဆုပ်လိုက်ပြီး ဒူးပေါ်တွင် အကြိမ်ကြိမ် ပွတ်တိုက်တော့သည်။

သူက သူမကို အလွန်အမင်း ရွံရှာနေသည့်အလားပင်။

ညစ်ပတ်သောအရာတစ်ခုကို ထိမိသွားပြီး အသည်းအသန် ပြောင်စင်အောင် သုတ်ပစ်ရန် ကြိုးစားနေသည့် OCD ရှိသူ တစ်ယောက်နှင့်ပင် ဆင်သည်။

ယွီရွေ့ကျူးက သူ့ကို တစ်ချက် ကြည့်ပြီး မတ်မတ် ထိုင်ကာ သူမ ဒေါသကို ထိန်းချုပ်ထားရသည်။ သူမက အိတ်ထဲမှ ရေစိုတစ်ရှူးတစ်ရွက်ကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်သည်။

"ဒီမှာ၊ ရှင့် လက်ကို သုတ်လိုက်"

'သူ့ လက်တွေ ညစ်ပတ်သွားမှာကို သူမ လည်း မလိုလားဘူး၊ သူ့ လက်တွေက အဖိုးတန်လွန်းတယ် မဟုတ်လား'

ဟော်ချန်ယဲ့က သူမကို အလျင်အမြန် မော့ကြည့်လာပြီး တစ်ခုခု ပြောချင်သည့်အလား တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်မိသည်။

ယွီရွေ့ကျူးမှာ သူ့ ရှင်းပြချက်ကို နားထောင်ရန်ပျင်းရိသဖြင့် တစ်ရှူးကို သူ့ လက်ထဲသို့ ထိုးထည့်ပြီး လျစ်လျူရှုကာ ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်သည်။

All Chapters