အခန်း ၂၅၉
Vol. 26 Ch. 259
Chapter 259
[သတင်းပို့ပါတယ်၊ အသံလွှင့်သူက အခန်းထဲမှာ ယောကျ်ားတစ်ယောက်ကို ဖွက်ထားပုံပဲ]
[ဘုရားရေ၊ ငါ ချက်ချင်း မျက်လုံးကျယ်သွားပြီ၊ အိပ်ဖို့အတွက်ပဲ ဖြစ်ဖြစ် စီးပွားရေးအသံတွေ နားထောင်တာက အဆင်ပြေတယ်၊ ပြီးတော့ အသံတွေကလည်း သိပ်မဆိုးပါဘူး၊ ဟားဟားဟား]
[အသံလွှင့်သူက မတော်တဆ live ကို ဖွင့်ထားခဲ့မိတာလား၊ ဒါမှမဟုတ် တမင်သက်သက် လုပ်တာလား၊ ကင်မရာကို ဘေးဘက် နည်းနည်း လှည့်ပေးလို့ မရဘူးလား၊ Live လွှင့်နေပြီပဲ၊ ငါတို့နဲ့ ဘာလို့ ဒီလောက် စိမ်းသက်နေရတာလဲ]
[...]
ဇဝေဇဝါဖြစ်နေသော ကြည့်ရှုသူများမှာ ဤမီးပွားငယ်လေးကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရပြီး ဇာတ်လမ်း ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို သိချင်စိတ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းမိသည်။
အစပိုင်းက ကြည့်ရှုသူ ရာဂဏန်းအနည်းငယ်သာ ရှိခဲ့သော တိုက်ရိုက်ထုတ်လွှင့်မှု အခန်းလေးမှာ ရုတ်တရက် အလွန် များပြားသော အရေအတွက်သို့ ရောက်ရှိသွားကြောင်းကို မည်သူမျှ သတိမထားမိပေ။
စပ်စုချင်သော ပွဲကြည့်ပရိသတ်များက ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ရန် စုဝေးလာကြပြီးနောက် ဖန်သားပြင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ မှတ်ချက်များကို အဆက်မပြတ် ရေးသားကြသည်။
[??]
[ရောက်နေပြီလား၊ မျက်နှာပြင်ကို လှန်ပြလေ]
နံရံနှင့် ကြမ်းပြင်ပေါ်သို့ ရိုက်ခတ်နေသော ရေကျသံများ၊ ရေအိုင်ငယ်တစ်ခုအဖြစ် စုဝေးသွားပြီးနောက် အဆုံးတွင် ရေမြောင်းထဲသို့ စီးဆင်းသွားသည်။
ရေချိုးခန်းမှာ နွေးထွေးမနေဘဲ အနည်းငယ်ပင် အေးစိမ့်သည်။ ဟော်ချန်ယဲ့က ရေအေးကို ဖွင့်ထားရာ အေးစက်သော ရေများက သူ့ ကျောပြင်နှင့် မျက်နှာပေါ်သို့ စီးကျသည်။
သူ့ ဆံပင်များမှာ စိုရွှဲနေပြီဖြစ်ပြီး စိုစွတ်သော ရေစက်များက သူ့ ပါးပြင်ပေါ်မှတစ်ဆင့် လိမ့်ဆင်းလာကာ စီးဆင်းသော ရေများနှင့် ပေါင်းစပ်သွားသည်။
သူ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသည်။ အသက် ဝင်ကာ စွဲထင်ကျန်ရစ်သော အိပ်မက် အကြောင်း အရာများက သူ့ကို လွှမ်းမိုးဆဲပင်။
ဟော်ချန်ယဲ့မှာ ဂနာမငြိမ်ဖြစ်ပြီး သူ့ အသက်ရှူနှုန်းများ တဖြည်းဖြည်း မြန်ဆန်လာသော်လည်း ရေအေးဖြင့် ရေချိုးလိုက်ခြင်းက သူ့ စိတ်ခံစားမှုများကို ထိရောက်စွာ ငြိမ်းသတ်ပေးနိုင်ခဲ့ရာ ယခုအခါ ခေါင်းငုံ့လျက် လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားရုံသာ တတ်နိုင်တော့သည်။
'ရေအေးနဲ့ ရေချိုးလိုက်ရင် ခဏနေ အဆင်ပြေသွားမှာပါ၊ ဒီထူးဆန်းတဲ့ အခြေအနေက တခြားလူတစ်ယောက်နဲ့ အခန်းအတူ မျှသုံးရလို့ ရုတ်တရက် အနေရခက်တာကြောင့် ဖြစ်နိုင်တယ်၊ ပြန်ရောက်သွားရင် အဆင်ပြေသွားမှာပါလေ'
'အိပ်မက်ဆိုတာ လူတွေရဲ့ ကယောင်ကတမ်း အတွေးတွေ သက်သက်ပါပဲ'
ထိုသို့ တွေးသော်လည်း စီးဆင်းနေသော ရေကျသံကို နားထောင်ရန် ခေါင်းငုံ့ချိန်တွင် သူ့ နက်မှောင်သော မျက်ဝန်းများမှာ အလိုအလျောက်ပင် ငေးမောသွားရသည်။
အိပ်မက်ထဲမှ ယွီရွေ့ကျူး ဖြူဖွေးသော အသားအရေပုံရိပ်များက သူ့ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
သူမ ကိုင်းညွတ်လာချိန်တွင် ပန်းသွေးရောင် သန်းနေသော အသားအရေ၊ နူးညံ့သောအထိအတွေ့မှ ရရှိသော အနွေးဓာတ်၊ သူမအပြုံး၊ တင်းကျပ်သော ထွေးပိုက်မှုနှင့် သူ့နာမည်ကို ချစ်စနိုးဖြင့် ခေါ်ဝေါ်မှုတို့ပင်။
၎င်းမှာ အိပ်မက်တစ်ခုသာ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ရက်အတွင်း ထပ်တလဲလဲ မက်နေသော အိပ်မက်များက အစစ်အမှန်ဖြစ်သည်ဟု ခံစားရသည်။
အကယ်၍သာ ယွီရွေ့ကျူးနှင့် သူ သိကျွမ်းခဲ့သော အချိန်မှာ သိပ်မကြာသေးကြောင်း မသိထားခဲ့လျှင် သူ့ အိပ်မက်များကို အမှန်ဟုပင် ယုံကြည်မိလုနီးပါးပင်။
သူမ သူ့လက်ကို ဆုပ်ကိုင်ကာ ရင်ခွင်ထဲသို့ တိုးဝင်ပြီး သူ့နာမည်ကို တိုးညင်းစွာ ခေါ်ဝေါ်လိမ့်မည်ဟုပင်။
ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။ သူ့ လက်ရှိ ခံစားချက်မှာ စိတ်အနှောင့်အယှက်ဖြစ်မှုလား သို့မဟုတ် နောင်တရမှုလား ဆိုတာကိုတောင် သူကိုယ်တိုင် မခွဲခြားတတ်တော့ပေ။
သူ အိပ်မက် အကျိုးသက်ရောက်မှုများကို အတင်းအကျပ် ဖိနှိပ်ပြီး ၎င်းအကြောင်း ဆက်မတွေးမိစေရန် ခေါင်းကို တတ်နိုင်သမျှ ခါယမ်းပစ်သည်။
သူ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ အားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး အသက်ရှူနှုန်းပင် တဖြည်း ဖြည်း တည်ငြိမ်လာချိန်တွင် ဟော်ချန်ယဲ့မှာ ရုတ်တရက် အသက်လုရှူရပြီး သူ့ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားကာ ပါးပြင်များ ရုတ်တရက် နီရဲလာတသည်။
သူ့ တစ်ကိုယ်လုံး လျင်မြန်စွာ တောင့်တင်းသွားပြီး နံရံကို ထောက်ထားသော လက်များမှာ အလိုအလျောက် ဆုပ်ထားမိလျက်သား ဖြစ်သွားသည်။
သူ့ ခေါင်းပေါ်မှ ရေအေးများက ယခင်ကကဲ့သို့ပင် ဆက်လက် စီးကျနေသည်။ ဤအပူချိန်က သာမန်လူတစ်ယောက်အတွက် အလွယ်တကူ မသက်မသာ ဖြစ်စေသော် လည်း လက်ရှိ အခြေအနေတွင် ရှိနေသော ဟော်ချန်ယဲ့အတွက်မူ လုံလောက်မှု မရှိခဲ့ပေ။
ထိန်းချုပ်မရဘဲ ဖိနှိပ်ထားရသော အသံတစ်သံက သူ့ပါးစပ်မှ လွတ်ထွက်လာခဲ့ရာ အက်ရှရှနှင့် တိုးညင်းသော်လည်း ရေချိုးခန်းထဲတွင် အလွန် ရှင်းလင်းစွာ ကြားရသည်။
ထိုညည်းတွားသံက ပြင်းထန်သော အသက်ရှူသံများ၊ အသက်လုရှူသံများနှင့် ရောယှက်နေကာ နားထောင်သူ နားရွက်များကိုပင် ကျဉ်စိမ့်သွားစေလောက်သည်။
ဟော်ချန်ယဲ့ စိတ်များ ကမောက်ကမ ဖြစ်နေတော့သည်။ အိပ်မက်ကြောင့် ဖြစ်ပေါ်လာသော ဂနာမငြိမ်ဖြစ်မှုများကို ရေအေးချိုးခြင်းဖြင့် ငြိမ်းသတ်နိုင်ခဲ့သော်လည်း ယခုအခါ ရက်အတော်ကြာ မခံစားခဲ့ရသော ထူးဆန်းသည့် ခံစားချက်များက သူ့ ခန္ဓာကိုယ်တွင် တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြန်သည်။
ယခင်ကကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်သည့် သတိပေးချက်မျှမရှိဘဲ ရုတ်တရက် ရောက်လာခဲ့သည်။ အပြင်ပန်းအားဖြင့် မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။
သူ့ရှေ့တွင် ရပ်နေသူ မည်သူမဆို ပုံမှန်ဖြစ်နေသည်ဟု ထင်မှတ်မည်ဖြစ်သည်။ သို့သော် ထိုဖော်ပြ၍မရနိုင်သော ခံစားချက်များကို ဟော်ချန်ယဲ့ ကိုယ်တိုင်သာ ခံစားနိုင်သည်။
အပြောင်းအလဲများနှင့် ထိတွေ့ခံရသည့် ထူးဆန်းသော ခံစားချက်များက ဟော်ချန်ယဲ့ကို တုန်ယင်သွားစေသည်။ သူ့ခေါင်းက နောက်သို့ မော့သွားပြီး လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တင်းမာသွားတော့သည်။
သူ့ ကျယ်ဝန်းသော ကျောပြင်နှင့် သွယ်လျသော ခါးက ရေချိုးခန်း နံရံနှင့် ဖိကပ်ထားလျက် ထိုဖော်ပြ၍မရနိုင်သော ခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားရင်း အသက်လုရှူရသည်။
သို့သော် အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူ့ ခေါင်းပေါ်မှ ရေအေးများကပင် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိချေ။