အခန်း ၂၆၀
Vol. 26 Ch. 260
Chapter 260
ထို အထိအတွေ့မှ ရရှိသော ခံစားချက်က ဆက်လက်တည်ရှိဆဲဖြစ်ပြီး ပိုမိုပင် ပြင်းထန်လာသည်။ တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် လာရောက် ထိတွေ့ပြီး သူ့ဟာကို အထက်အောက် လှုပ်ရှားကာ ညင်သာစွာ ထိတို့ပြီး တစ်ခါတစ်ရံ စက်ဝိုင်းပုံစံ ပွတ်သပ်လာသည်ဟု ဟော်ချန်ယဲ့ ခံစားရသည်။
အထိအတွေ့တိုင်းက သည်းမခံနိုင်စရာဖြစ်ပြီး သူ ခေါင်းမော့ထားစဉ် နဖူးမှ ကြီးမားသော ချွေးပေါက်ကြီးများ စီးကျလာသည်။
'မဟုတ်တော့ဘူး...'
မကြာသေးမီကမှ သူ အမှန်တကယ် တစ်ခုခုဖြစ်နေသည်။ သူ ဆရာဝန် သွားပြသင့်သော်လည်း ခရီးထွက်ခဲ့ရပြီး ဤအချိန်ကျမှ ရောဂါက ပြန်လည် ဖောက်လာသည်။
ရေချိုးခန်း အပြင်ဘက်တွင် အခြားသူ ရှိကြောင်း ဟော်ချန်ယဲ့ မေ့မထားခဲ့ပေ။ ယွီရွေ့ကျူး နိုးနိုင်သေးသည်။
အခန်းတွင်း အသံလုံမှု မည်မျှကောင်းမွန်သည်ကို သူ မသိပေ။ ရေချိုးခန်းထဲတွင် သူ ပြုလုပ်မိသော အသံများကို အပြင်ဘက်မှ ကြားနိုင်သည်။
၎င်းကို တွေးမိသည်နှင့် တစ်ပြိုင်နက် ယွီရွေ့ကျူး ပုံရိပ်က သူ့ စိတ်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။
သူမ ဖြူဖွေးသော မျက်နှာလေးနှင့် လှပကာ နက်မှောင်ပြီး အနည်းငယ် ကော့တက်နေသော မျက်ဝန်းများ၊ တည်ငြိမ်အေးဆေးပြီး မရေမတွက်နိုင်သော ကြယ်ပွင့်ငယ်လေးများအလား တောက်ပလွန်းနေသည်ဟုပင် ဆိုနိုင်သည်။
လက်ရှိ အခြေအနေတွင် ယွီရွေ့ကျူး ပုံရိပ်က ဟော်ချန်ယဲ့ စိတ်ထဲ ဖြတ်ပြေးသွားချိန်၌ နက်ရှိုင်းသော ရှက်ရွံ့မှုတစ်ခုကို ခံစားမိသည်။
ယွီရွေ့ကျူးက သူ့ရှေ့တွင် ရပ်နေကာ သူ့ဖရိုဖရဲနှင့် ရှက်ဖွယ်ကောင်းသော အခြေအနေကို ကြည့်လာသည့်အလားပင်။
ယွီရွေ့ကျူး တောက်ပသော မျက်ဝန်းနက်ကြီးများက သူ့ စိတ်ထဲတွင် ပေါ်လာပြီး သူ့ ခန္ဓာကိုယ်ကို သိမ်မွေ့စွာ မသိမသာ ထိတွေ့ခံနေရသည်။
ဟော်ချန်ယဲ့က ဤလွှမ်းမိုးသော ခံစားချက်များကို သည်းမခံနိုင်တော့ဘဲ ညည်းတွားမိသည်။ သူ့ စိတ်များ ဗလာကျင်းသွားပြီး ယိုင်နဲ့သွားကာ မှန်ကို သူ့ လက်ဖြင့် ပြင်းထန်စွာ ထိုးချရာ အသံအကျယ်ကြီး ထွက်ပေါ်လာသည်။
သူ ယခုကဲ့သို့သောအရာမျိုးကို ယခင်က တစ်ခါမှ မကြုံဖူးခဲ့ဘဲ ထူးဆန်းသော ခံစားချက်များက သူ့ကို ပိုဇဝေဇဝါ ဖြစ်စေသည်။
လက်ရှိ အခြေအနေတွင် ယွီရွေ့ကျူးကို တွေးမိရုံဖြင့် သူ ရှက်ရွံ့နေခဲ့ပြီဖြစ်သော်လည်း ရေချိုးခန်းထဲတွင် သူ ပြုလုပ်မိသော ကျယ်လောင်သည့် အသံကြီးက ပိုရှက်ဖွယ်ကောင်း သော အရာတစ်ခုကို သယ်ဆောင်လာခဲ့သည်။
ယွီရွေ့ကျူး အသံကို သူ အမှန်တကယ် ကြားလိုက်ရသည်။
ခြေသံများ နီးကပ်လာသည်။ သူမက ရေချိုးခန်း တံခါးအပြင်ဘက်တွင် ရပ်နေပုံပင်။
တံခါးမှတစ်ဆင့် လွင့်ပျံလာသော တိုးဖျော့သည့် အသံလေးတစ်ခုက စိုးရိမ်မှုများ ရောယှက်လာသည်။
"ဟော်ချန်ယဲ့... ရှင် အဆင်ပြေရဲ့လား"
သူ့ ဘေးရှိ မှန်နံရံမှတစ်ဆင့် ယွီရွေ့ကျူးပုံရိပ်ကို ဝေဝါးဝါး မြင်နိုင်သည်။ ဟော်ချန်ယဲ့က အလိုအလျောက်ပင် အသက်ပြင်းပြင်းရှူရာ သူ့ အသက်ရှူသံများ တုန်ယင်နေသည်။
သူ လက်သီးများကို ဆုပ်ကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး သူ့ နှုတ်ခမ်းမှ လွတ်ထွက်တော့မည့် ညည်းတွားသံကို ဖိနှိပ်ထားရသည်။
သူ့ ပါးပြင်များ နီမြန်းနေပြီး ဂျုံရောင် အသားအရေပေါ်ရှိ ထိုအနီရောင်က သူ့ကို အလွန်အမင်း ဆွဲဆောင်မှုရှိသော အသွင်ကို ပေးစွမ်းသည်။
တုတ်ခိုင်သော လက်မောင်းများတွင် သွေးကြောများ ထောင်ထနေပြီး အထူးသဖြင့် သူ့ လက်ပေါ်တွင် သွေးကြောများကို ရှင်းလင်းစွာ မြင်နိုင်သည်။
ရေချိုးခန်းကို အပြင်ဘက်နှင့် တံခါးတစ်ချပ်သာ ပိုင်းခြားထားသည်။ အတွင်းဘက်တွင် ဟော်ချန်ယဲ့ ကြွက်သားများ ပေါ်လွင်နေသည်။
သူက အဝတ်အစားမရှိဘဲ မျက်နှာသုတ်ပုဝါပင် ပတ်မထားရာ သူ့ လက္ခဏာများမှာ လွန်ကဲစွာ သိသာထင်ရှားလှသည်။ ရေအေးများဖြင့် စိုရွှဲဆဲဖြစ်သော သူ့ ဆံပင်များက နဖူးပေါ်တွင် ဖရိုဖရဲ ကျဆင်းပြီး သူ့ မျက်ဝန်းနက်များက နက်ရှိုင်းကာ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။
အပြင်ဘက်တွင်မူ ယွီရွေ့ကျူးက အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ထားပြီ ပုံမှန်ဖြစ်နေပုံရကာ သူမ အသံမှာလည်း တည်ငြိမ်သဖြင့် သူ့ လက္ခဏာများနှင့် လုံးဝကို ဆန့်ကျင် ဘက် ဖြစ်နေတော့သည်။
အတန်ကြာသည်အထိ တုံ့ပြန်မှု မရသောကြောင့်လားမသိ ယွီရွေ့ကျူးက ထပ်မေးလာသည်။
"ဟော်ချန်ယဲ့..."
သူမအသံက သူ့ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ဟော်ချန်ယဲ့က မျက်လုံးများကို တင်းတင်းမှိတ်ထားရာ သူ့ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။
အိပ်မက်ထဲတွင် ယွီရွေ့ကျူးက သူ့ နာမည်ကို ခေါ်လေ့ရှိပြီး ယခု လက်တွေ့တွင်လည်း အခြားသူများကဲ့သို့ မခေါ်ဘဲ ထိုသို့ပင် ခေါ်ဝေါ်ခဲ့သည်။
အခြားသူများက ဤခေါ်ဝေါ်ပုံကို မလေးစားရာကျသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ဟော်ချန်ယဲ့ကတော့ အကြောင်းပြချက်မရှိဘဲ ၎င်းက ပိုပြီးရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု ခံစားရပြီး ပိုသဘောကျမိသည်။
အတန်ကြာသည်အထိ တုံ့ပြန်မှု မရရှိဘဲ ယွီရွေ့ကျူးက အတွင်းမှ ကျယ်လောင်သော အသံကြီးကို ရှင်းလင်းစွာ ကြားရသဖြင့် ဟော်ချန်ယဲ့ တစ်ယောက် ရေနွေးဖြင့် အချိန်အကြာကြီး ရေချိုး၍ မူးမေ့လဲသွားသည်လားဟုပင် တွေးမိသည်။
ထို့ကြောင့် အကြောင်းပြန်ချက်မရသဖြင့် သူမ မျက်မှောင် ကြုတ်ကာ ရေချိုးခန်း တံခါးအနီးသို့ ချဉ်းကပ်လာသည်။
"ဟော်ချန်ယဲ့... ရှင် အဆင်ပြေရဲ့လား၊ သတိလစ်သွားတာလား၊ ရှင် စကားမပြောရင် ကျွန်မ ဝင်ကြည့်တော့မယ်နော်"
၎င်းကို ကြားလိုက်ရချိန်တွင် ဟော်ချန်ယဲ့က စကားပြောရန် ခက်ခဲသော်လည်း အားယူကာ ပြန်ဖြေရာ သူ့ အသံမှာ အက်ရှရှဖြစ်ပြီး အသက်ရှူများ မြန်ဆန်လာသည်။
"ကိုယ်... ကိုယ် အဆင်ပြေပါတယ်"
ထို့နောက် သူ့ အသံမှာ ပုံမှန်မဟုတ်ကြောင်း သဘောပေါက်သွားပုံရကာ ဟော်ချန်ယဲ့က အသက်ရှူမှန်သွားသည်အထိ စောင့်ပြီးမှ ထပ်မံ ပြောသည်။
"ကိုယ် အဆင်ပြေပါတယ်၊ မှန်နံရံကို မတော်တဆ ဝင်တိုက်မိသွားလို့ပါ၊ စိတ်မပူပါနဲ့"
ယွီရွေ့ကျူး "အင်း၊ ကျွန်မ သိပြီ"
သူမက ရေချိုးခန်းဘက်သို့ တစ်ချက် ကြည့်ပြီး ဘာမှ ဆက်မပြောတော့ဘဲ မိုက်ခရိုဖုန်းကို သိမ်းဆည်းရန် သူမ ASMR စားပွဲဆီသို့ ပြန်သွားခဲ့သည်။
သို့သော် သူမ မော့ကြည့်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို မပိတ်ရသေးကြောင်း သဘောပေါက်သွားပြီး မှတ်ချက်များမှာလည်း ပွက်လောရိုက်နေသည်။
[ဘုရားရေ... ရေကျသံက တော်တော် သိသာနေတာပဲ၊ ဟိုဘက်မှာ ရေချိုးနေတဲ့ ယောကျ်ားတစ်ယောက် ရှိနေတာလား]
[ဘာတွေ ဖြစ်နေတာလဲ၊ လျှို့ဝှက် ဇာတ်လမ်းလေး တစ်ခုခုကိုများ သူတို့ ရှာတွေ့သွားတာလား]
[အိပ်မပျော်ဘူးလား၊ အသံလွှင့်သူကို အချစ်ရေး အသံလွှင့်သူအဖြစ် ပြောင်းပြီး နင်တို့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းကို ပြောပြဖို့ အကြံပြုချင်တယ်]
[...]
ယွီရွေ့ကျူးက မှတ်ချက်များကို တစ်ချက် ကြည့်သော်လည်း သူမ မတုံ့ပြန်နိုင်မီမှာပင် အနောက်ရှိ ရေချိုးခန်းတံခါး ပွင့်လာပြီး ဟော်ချန်ယဲ့က ဆံပင်များကို သုတ်ရင်း သူမဆီသို့ လျှောက်လာသည်။
သူ သူမကို မမြင်နိုင်စေရန် တိုက်ရိုက်ထုတ်လွှင့်မှု ထောင့်ချိုးကို သူမ စစ်ဆေးသည်။ ထို့ကြောင့် သူမ သိပ်ဂရုမစိုက်တော့ဘဲ မိုက်ခရိုဖုန်းကိုသာ စတင် သိမ်းဆည်းနေသည်။
ခေါင်းလျှော်စဉ်က အမြှုပ်များမှာ မျက်နှာသုတ်ပုဝါပေါ်တွင် ကျန်ရှိဆဲဖြစ်ပြီး ချက်ချင်း မရှင်းလင်းရသေးသဖြင့် အမြှုပ်များက စားပွဲပေါ်သို့ပင် ဖိတ်စင်ကာ မိုက်ခရိုဖုန်းမှာလည်း သဘာဝကျစွာပင် အတော်လေး ညစ်ပတ်လေသည်။
ထို့ကြောင့် ယွီရွေ့ကျူး မိုက်ခရိုဖုန်းကို သုတ်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောသည်။
"အင်း... ဘာမှမဟုတ်ပါဘူး၊ အားလုံး ထင်နေသလို မဟုတ်ရပါဘူး၊ ဘယ်ကယောကျ်ားလဲ၊ ကျွန်မတော့ မသိဘူး၊ အားလုံးပဲ နားကြားမှားတာ နေမှာပါ"
မျက်နှာ မဖော်ပြထားခြင်းကို အားကိုးလျက် ယွီရွေ့ကျူးမှာ မကြောက်ရွံ့ဘဲ ပစ္စည်းများ သိမ်းဆည်းကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားရန် စီစဉ်လေသည်။
မည်သို့ပင်ဆိုစေ ဤ ASMR အိပ်စက်ခြင်း အထောက်အကူပြု အသံလွှင့်ခြင်းကို သူမ စိတ်ကုန်နေပြီ မဟုတ်ပါလား။
သို့သော် သူမ မိုက်ခရိုဖုန်းကို အကြိမ် မသုတ်ရသေးမီ ရေချိုးပြီးခါစဖြစ်ကာ သူမ အနီးသို့ လျှောက်လာသော ဟော်ချန်ယဲ့မှာ ရုတ်တရက် ခလုတ်တိုက်မိသွားပြီး ဝမ်းဗိုက်အောက်ပိုင်းကို အလိုအလျောက် ဆုပ်ကိုင်ထားမိသည်။
သူက တိုးညင်းစွာ ညည်းတွားရာ သူ့မျက်နှာမှာ နီရဲလျက် အသက်ရှူများ မြန်ဆန်ကာ သူမဆီသို့ ယိုင်ကျလာသည်။
ယွီရွေ့ကျူး "!"
'ငါ့ Live လွှင့်တာ မပိတ်ရသေးဘူးလေ...'
ထိုအတွေး သူမ စိတ်ထဲ ဖြတ်ပြေးသွားချိန်မှာပင် ဟော်ချန်ယဲ့ လက်ဝါးကြီးက သူမ ခါးကို ဖမ်းဆုပ်ကာ ပခုံးများကို ထိန်းကိုင်လာသည်ကို သတိပြုမိသည်။
နီမြန်းကာ အသက်လုရှူနေသော သူ့ ချောမော၊ အေးစက်ပြီး လေးနက်သည့် မျက်နှာကြီးက သူမ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်တွင် လျှပ်တစ်ပြက် ပေါ်လာပြီးနောက် သန်မာသော ခန္ဓာကိုယ်ကြီးက ယွီရွေ့ကျူး အပေါ်သို့ ဖိချလာသည်။
စားပွဲပေါ်ရှိ ပစ္စည်းများက ခလွမ်ခလွမ်မြည်ကာ ပြန့်ကျဲသွားပြီး ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို စားပွဲအောက်တွင် ဖိထားချိန်၌ တိုးညင်းသော ညည်းတွားသံတစ်ခု ထွက်သွားသည်။
ဤရှုထောင့်မှ ကြည့်လျှင် အရာအားလုံးကမှောင်မိုက်နေပြီး စားပွဲတင်မီးအိမ်လေးထံမှ မှိန်ဖျော့ဖျော့ အလင်းရောင်လေးသာ ရှိတော့သည်။
ယွီရွေ့ကျူး ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် သူက လက်မောင်းများကို ထောက်ထားရာ သူ့ စိုစွတ်နေသော ဆံပင်များက ကျဆင်းပြီး သူမ ပါးပြင်ပေါ်သို့ ရေစက်များ ကျလာသည်။
ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။
"ကိုယ် တောင်းပန်ပါတယ်... အွန်း..."
သူက တောင်းပန်ရန် စတင်လာသော်လည်း စကားမဆုံးမီမှာပင် စောစောက ဝင်တိုက်မိမှုကြောင့် ပြန့်ကျဲသွားသော ပစ္စည်းများက တွန်းချမိသဖြင့် စားပွဲပေါ်ရှိ မိုက်ခရိုဖုန်းက ပြုတ်ကျကာ ဟော်ချန်ယဲ့ နောက်စေ့ကို တည့်တည့် ဝင်ဆောင့်သွားသည်။
အရှိန်ကြောင့် သူ့ ခေါင်းမှာ အောက်သို့ စိုက်ကျသွားပြီး ပါးလျသော နှုတ်ခမ်းများက ယွီရွေ့ကျူး နှုတ်ခမ်းများပေါ်သို့ ပြင်းထန်စွာ ဖိကပ်သွား သည်။
ရင်းနှီးသော အထိအတွေ့ထ ယွီရွေ့ကျူး နှုတ်ခမ်းများနှင့် ထိတွေ့သွားသော ပူလောင်သည့် နှုတ်ခမ်းများ၊ ထူးဆန်းသော်လည်း ရင်းနှီးသော အထိအတွေ့အပြင် သူမ နှာခေါင်းထဲတွင် သင်းပျံ့နေသော ရနံ့များ။
ဟော်ချန်ယဲ့မှာ ကျောက်ရုပ်တစ်ရုပ်အလား အေးခဲသွားသည်။ သူ ဖယ်ခွာပြီး ယွီရွေ့ကျူးကို တောင်းပန်သင့်ကြောင်း မသိစိတ်က ပြောသော်လည်း သူမ နှုတ်ခမ်းများက ယုံကြည်နိုင်စရာ မရှိလောက်အောင် နူးညံ့လှသော အထိအ တွေ့က သူ့ကို ဖယ်ခွာရန် မဖြစ်နိုင်အောင် လုပ်ဆောင်နေ သည်။