အခန်း ၂၆၁
Vol. 26 Ch. 261
Chapter 261
သူ့စိတ်အစုံမှာ ဗလာကျင်းသွားပြီး ပေါက်ကွဲထွက်တော့မည့်အလားပင်။ သူ ကိုယ့်နှုတ်ခမ်းကို ပြန်သပ်ချင်လာသည်။
သူ့အကြည့်များက ယွီရွေ့ကျူး အကြည့်များနှင့် အမှတ်မထင် ဆုံတွေ့သွားသည်။ ဟော်ချန်ယဲ့ ခေတ္တမျှ မှင်တက်သွားပြီး ထိုအနမ်းကြောင့် ယွီရွေ့ကျူး မျက်နှာပေါ်တွင် မည်သည့် ခံစားမှု အပြောင်းအလဲမျှ သိပ်မရှိကြောင်း သတိပြုမိသည်။
အလွန်ဆုံး သူမက အနည်းငယ် မျက်မှောင်ကြုတ်သွားရုံသာဖြစ်ပြီး ထိုအနည်းငယ် မျက်မှောင်ကြုတ်မှုကပင် သူ့ အနမ်းပြင်းပြင်းကြောင့် နာကျင်သွားသဖြင့် အပြစ်တင်သည့်ပုံစံနှင့် ပိုတူသည်။
သူ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ ယွီရွေ့ကျူးကတော့ သူ့ ရင်ဘတ်ကို ဦးဆုံး တွန်းဖယ်ပြီး ထိုင်ကာ သူမ နှုတ်ခမ်းများကို တည်ငြိမ်စွာ သုတ်သည်။
ဟော်ချန်ယဲ့က သူမ နှုတ်ခမ်းများကို ငေးကြည့်ကာ အတွေးများထဲ နစ်မြောနေစဉ် ယခင်က အိပ်မက်တစ်ခုလိုပင် ထူးဆန်းသော မှတ်ဉာဏ်အပိုင်းအစများ အဆက်မပြတ် သူ့ စိတ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာတော့သည်။
သို့သော် ထိုအိပ်မက်နှင့် မတူညီသည်မှာ ထိုမှတ်ဉာဏ်များက သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရသည့်အလား အလွန် ရှင်းလင်းနေခြင်းပင်။
ဟော်ချန်ယဲ့ ခေါင်းများ ကိုက်ခဲလာပြီး နာကျင်မှုများ မလျော့ပါးသွားမီအထိ နေရာတွင်ပင် ကျောက်ရုပ်အလား ရပ်လေသည်။ သူ နားထင်ကို ပွတ်သပ်ရင်း ယွီရွေ့ကျူး ထရပ်သည်ကို ကြည့်ကာ အမှတ်မထင် ပြောမိသွားသည်။
"ရွေ့ကျူး... နေနေ၊ ကိုယ် လုပ်လိုက်မယ်၊ မင်း နားနေလိုက်ပါ..."
အံ့အားသင့်စွာ လှည့်ကြည့်လာသော ယွီရွေ့ကျူး အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင် ဟော်ချန်ယဲ့ မှတ်ဉာဏ်ထဲမှ မြင်ကွင်းများက သူ့ မျက်စိရှေ့တွင် ပိုရှင်းလင်းစွာ ပေါ်လာတော့သည်။
သူတို့ အတိတ်က မြင်ကွင်းများ၊ မတော်တဆ လက်ထပ်ခဲ့ရမှု၊ စီးပွားရေး စတင်ရန် အတူတကွ ကြိုးပမ်းအားထုတ်မှုများ၊ လက်ထပ်ပြီးနောက် သူတို့ ရုန်းကန်မှုများနှင့် ချစ်ရေးဆိုမှုများ၊ ထို့နောက် သူတို့ ကလေးလေး…
ယွီရွေ့ကျူးကို မတွေ့မီ တစ်ခုခု လိုအပ်နေသည်ဟု အမြဲ ခံစားခဲ့ရခြင်းအကြောင်းကို ဟော်ချန်ယဲ့ ရုတ်တရက် သဘောပေါက်သွားသည်။
သူ့တွင် ကောင်းမွန်သော မိသားစု နောက်ခံရှိသည့်တိုင်အောင် ဘယ်သောအခါမှ အမှန်တကယ် မပျော်ရွှင်ခဲ့သလို သူ့ အိပ်စက်ခြင်း အရည်အသွေးမှာလည်း ဆိုးရွားခဲ့သည်။
အရေးကြီးသော အရာတစ်ခုကို မေ့လျော့နေသည်ဟုပင် ဝေဝါးသော ခံစားချက်မျိုး အမြဲတမ်း ခံစားရသည်။
လမ်းဆုံတွင် ယွီရွေ့ကျူး ကားတိုက်ခံရတော့မည့်ဆဲဆဲကို မြင်ရချိန် သူ့ နှလုံးခုန်ရပ်မတတ် ကြောက်ရွံ့မှုနှင့်အတူ ကြီးမားလှသော သက်သာရာရမှုနှင့် စိုးရိမ်တကြီး ဖြစ်မှုတို့ကို ခံစားခဲ့ရသည်။
ထို့ကြောင့် သူ့ ခံစားချက်များကို အပြင်ပန်းအားဖြင့် ထိုမျှ ဖော်ပြမိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဤမှတ်ဉာဏ်များက သူ့ အတိတ်မှ ပဟေဠိများ အားလုံးကို ဖြေရှင်းပေးလေသည်။
"ရွေ့ကျူး... ကို...ကိုယ်က ဟော်ချန်ယဲ့ပါ..."
သူက ယွီရွေ့ကျူးကို ကြည့်ကာ အနေရခက်စွာဖြင့် စတင် ရှင်းပြသော်လည်း သူ့နဖူးတွင် ချွေးများသီးလာပြီး သူ့ ရှင်းပြချက်က ထိရောက်မှု ရှိမရှိကိုပင် သူ မသိပေ။
"ဘာတွေ ဖြစ်သွားလဲဆိုတာ ကိုယ် မသိဘူး၊ ကိုယ် မှတ် ဉာဏ်ပျောက်သွားတာ ထင်တယ်၊ ဒါပေမဲ့ စောစောက မင်းကို နမ်းပြီးနောက်မှာ ကိုယ့် မှတ်ဉာဏ်တွေပြန်ရလာသလိုပဲ၊ အရင်က ကိုယ် လုပ်ခဲ့တာတွေက တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး..."
ထိုသို့ပြောနေစဉ် သူ့ စိတ်ထဲတွင် အပြိုင်ကမ္ဘာများနှင့် မှတ်ဉာဏ်များ စစ်မှန်မှုအကြောင်း အတွေးများဖြင့် ပြည့်နှက်နေသည်။
သူ အမှန်တကယ်ပင် သူဖြစ်ကြောင်း ယွီရွေ့ကျူးကို အစွမ်းကုန် ရှင်းပြရန် ကြိုးစားသော်လည်း အရာများစွာက တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသဖြင့် သူ့ စိတ်များ အနည်းငယ် ဗြောင်းဆန်သွားရပြီး ရှင်းလင်းစွာ မပြောပြနိုင်တော့ပေ။ ယွီရွေ့ကျူးကို စိုးရိမ်ပူပန်စေမည်ကိုလည်း သူ တွေးပူမိရာ ၎င်းက သူ့ပါးပြင်များကို ပိုနီမြန်းလာစေတသည်။
ဘေးမှ ကြည့်သော ယွီရွေ့ကျူးက မနေနိုင်ဘဲ မျက်ခုံးကို အနည်းငယ် ပင့်မိသည်။
'ဒါက စိတ်ဝင်စားစရာပဲ'
သူမ ဘေးသို့ လိမ့်သွားသော မိုက်ခရိုဖုန်းကို ကောက်ယူပြီး မသုတ်ရသေးသော အမြှုပ်များကို သုတ်ပစ်သည်။
မမျှော်လင့်ဘဲ ဟော်ချန်ယဲ့မှာ ရုတ်တရက် တောင့်တင်းသွားကာ သူ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး အသက်ရှူနှုန်းများ မြန်ဆန်လာသည်။
မကြာသေးမီက သူ့ ထူးဆန်းသော အပြုအမူများကို ရှင်းပြရန် သူ စကားလုံး ရှာမရဖြစ်ခဲ့သည်။
သို့သော် ယွီရွေ့ကျူး လက်လှုပ်ရှားမှုများကို မြင်လိုက်ရပြီး သူ့ ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ယောက်က ဖွဖွလေး လာပွတ်သပ်သွားသည့်အလား နူးညံ့သော အထိအတွေ့ကို ခံစားရချိန်တွင် သူ့ ခေါင်းက ရုတ်တရက် ထိုးကိုက်လာသည်။
သူက နားထင်များကို အလိုအလျောက် ပွတ်သပ်မိသည်။
"ဒါဆို... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာက ရွေ့ကျူးဖြစ်နေတာပေါ့"
ဟော်ချန်ယဲ့ အဓိပ္ပာယ်မရှိသော ရှင်းပြချက်များနှင့် သူမ ကိုယ်ပိုင် လုပ်ရပ်များအပြင် ဟော်ချန်ယဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတို့ကို ကြိုတင် ခန့်မှန်းမိပြီးဖြစ်ရာ ယွီရွေ့ကျူးက မိုက်ခရိုဖုန်းထိပ်ကို မသိမသာ ထပ်မံ ပုတ်ပြန်သည်။
ထင်သည့်အတိုင်းပင် တည်ငြိမ်နေခဲ့သော ဟော်ချန်ယဲ့မှာ ရုတ်တရက် အသက်ရှူနှုန်းများ ပြန်လည် မြန်ဆန်လာကာ သူမကို တားဆီးရန် နီရဲသော မျက်နှာဖြင့် လက်တစ်ဖက်ကိုပင် ဆန့်ထုတ်လာသည်။
"မလုပ်နဲ့ ရွေ့ကျူး..."
'အိုးဟို... ဒါက စိတ်ဝင်စားစရာပဲ'
ASMR ကစားရတာထက် ပိုပျော်စရာကောင်းသော အရာတစ်ခုကို ယွီရွေ့ကျူး ရှာတွေ့သွားခဲ့သည်။
ဟော်ချန်ယဲ့ကို သူမကို တစ်ချက် ကြည့်ပြီး ဤသည်မှာ သူမ ဟော်ချန်ယဲ့ဖြစ်ကြောင်း အတည်ပြုကာ ယုံကြည်မှုရှိစွာဖြင့် သူ့ထံသို့ လက်ဆန့်ထုတ်လာသည်။
"ကျွန်မကို ပွေ့"
ဟော်ချန်ယဲ့က သူမကို လာရစ်သည်ဟု မထင်သည့်အပြင် အတော်လေးပင် ကျေနပ်ရွှင်မြူးပြီး နီမြန်းသော မျက်နှာဖြင့် ဂရုတစိုက် ပွေ့ချီကာ သူမ ပါးပြင်များကို ညင်သာစွာ ပွတ်သပ်ပေးပြီး ကုတင်ပေါ်တွင် တင်ပေး သည်။
ညသန်းခေါင်ယံအချိန်တွင် သူတို့ ကိုယ့်ကုတင်ကိုယ် အသီးသီး ပြန်အိပ်သင့်သော်လည်း ဤသည်မှာ သူ့ ဇနီးဖြစ်ကြောင်း သိသဖြင့် ဟော်ချန်ယဲ့က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပိုမို တိုးကပ်လာကာ ယွီရွေ့ကျူးကို သူ့ ရင်ခွင်ထဲသို့ သဘာဝ ကျစွာ ဆွဲသွင်းပြီး သူမ ကျောပြင်ကိုပုတ်ပေးသည်။
"ရွေ့ကျူး... ကိုယ် ရှိတယ်၊ အိပ်တော့နော်"
ယွီရွေ့ကျူးမှာ အမှန်ပင် အိပ်ချင်နေပြီဖြစ်သည်။ ဤရင်းနှီးသော အနေအထားနှင့် ကြွက်သားများကြောင့် သူမက သူ့ကို မသိစိတ်မှပင် ပွတ်သပ်ကာ မျက်လုံးများကို မှိတ်မိပြီး အချိန်အတော်ကြာမှသာ သဘောပေါက်သွားတော့သည်။
သူမ Live ကို မပိတ်ရသေးဘူးလေ။
တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များမှာ ပေါက်ကွဲသွားတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပူလောင်သော ဆွေးနွေးမှုများမှာ ဟော်ချန်ယဲ့ မတော်တဆ ဝင်ရောက်လာပြီးနောက် ပိုမို ပြင်းထန်လာခဲ့ပြီး ယွီရွေ့ကျူး မျက်နှာက နောက်ခံတွင် လျှပ်တစ်ပြက် ပေါ်လာချိန်၌ မှတ်ချက်များမှာ လုံးဝ ပေါက် ကွဲသွားသည်။
[ဘုရားရေ... အရမ်းချောတဲ့ ယောကျ်ားနဲ့ မိန်းမလှလေးပဲ]
[OMG... စောစောက ဆူညံသံကြီးက ဘာလဲ၊ အဲ့ဘက်မှာ ဘယ်လိုမျိုးဖြစ်လဲဆိုတာ ကြည့်လို့ရမလား]
[အဲ့ဘက်မှာ ယောကျ်ားတစ်ယောက် ဖွက်ထားတာ သေချာတယ်၊ ဟားဟားဟား]
[...]
တိုက်ရိုက်ထုတ်လွှင့်မှုထက် ပို၍ပင် တုန်လှုပ်စရာကောင်းသည်မှာ ကုမ္ပဏီဝန်ထမ်းများ တုံ့ပြန်မှုပင်။
အချို့က ယွီရွေ့ကျူး တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဟော်ချန်ယဲ့ လျှပ်တစ်ပြက် ပေါ်လာသည်ကို ဗီဒီယိုများမှတစ်ဆင့် မြင်တွေ့ခဲ့ကြပြီး အချို့ကမူ တိုက်ရိုက်ထုတ်လွှင့်မှုကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့ကြရာ တစ်ခုခု မှားယွင်းကြောင်း ပိုမို ယုံကြည်လာကြပြီး အဆုံးတွင် အံ့အားသင့်စွာဖြင့် အတည်ပြုနိုင်ခဲ့သည်။
'ဘုရားရေ၊ အစ်မယွီက ငါတို့ ဌာနရဲ့ သူဌေးသစ်နဲ့ တွဲနေတာပဲ'
ထို့ကြောင့် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ခရီးမှ ကုမ္ပဏီသို့ ပြန်ရောက်လာချိန်တွင် ထူးဆန်းသော်လည်း စိတ်လှုပ်ရှားကာ စပ်စုချင်လှသော အကြည့်များစွာဖြင့် ကြိုဆိုခြင်း ခံလိုက်ရသည်။
ယွီရွေ့ကျူး "..."
ဟော်ချန်ယဲ့ "..."
…
ရာသီဥတုက အနည်းငယ် အေးစိမ့်လာသည်။
ယွီရွေ့ကျူးက မွန်းလွဲပိုင်း တစ်ချိန်လုံး ဒန်းကုလားထိုင်ပေါ်တွင် အိပ်ပျော်ခဲ့ပြီး အဆုံးတွင် ဟော်ကျောင်းကျောင်းက လှုပ်နှိုးလာသဖြင့် နိုးလာခဲ့သည်။
သူမ မျက်လုံးများကို မနည်း ဖွင့်ကြည့်ရာ ဘေးရှိဟော်ချန်ယဲ့ကလည်း ယခုလေးတင် မျက်လုံးဖွင့်လာပြီး သူမ အကြည့်များနှင့် ဆုံလေသည်။
သူရော သူမပါ ထူးဆန်းသော အိပ်မက်တစ်ခုကို မက်ခဲ့ပုံရသည်။
ယွီရွေ့ကျူးက သူမ လက်ဝါးများကို အလိုအလျောက်ပင် ငုံ့ကြည့်မိသည်။ သူမ အေးနေမည်ကို စိုးရိမ်သည့်အလား ဟော်ကျောင်းကျောင်းက မြို့ပေါ်တွင် သူမ ဝယ်လာခဲ့သော ရေနွေးဘူးကို ထုတ်ယူကာ သူမ လက်များကို နွေးထွေးစေရန် လက်ဝါးထဲသို့ ထည့်ပေးလာသည်။
ယွီရွေ့ကျူးက မိုက်ခရိုဖုန်းနှင့်တူသော ရေနွေးဘူးကို ကြည့်ကာ မသိစိတ်မှပင် အနားသတ်ကို အကြိမ်အနည်းငယ် ပွတ်သပ်မိသည်။
ဟော်ချန်ယဲ့မှာ ရုတ်တရက် ညည်းလာပြီး သူ့ အသက်ရှူနှုန်းများ မြန်ဆန်လာတော့သည်။
ယွီရွေ့ကျူး "!"
သူမက အလျင်အမြန်ပင် ခေါင်းလှည့်ကြည့်လိုက်ရာ ပြင်းပြမှုများ၊ မျှော်လင့်ချက်များဖြင့် တောက်လောင်သော မှင်ရည်ကဲ့သို့ နက်မှောင်သည့် ဟော်ချန်ယဲ့ မျက်ဝန်းကြီးများနှင့် ဆုံလေသည်။
ဟော်ချန်ယဲ့ သူမကို ခေါ်လိုက်သည်။
"ရွေ့ကျူး..."
သူ့အသံမှာ အက်ရှရှနှင့် တိုးညင်းပြီး အိပ်မက်ထဲတွင် မိုက်ခရိုဖုန်းဖြင့် ကျီစယ်ခံရစဉ်ကဲ့သို့ပင် မြန်ဆန်သော အသက်ရှူသံများ ပါဝင်နေသည်။
'အို...'
xxxxx
ပြီးပါပြီ