အကုန်ရောင်းရသွားပြီ
Vol. 9 Ch. 135
"သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းမယ် သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းမယ် ချိုမြိန်ပြီး အရသာရှိတဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းတွေ"
"လက်လွတ်မခံကြနဲ့နော် အမျိုးသားတွေ စားရင် ပိုသန်စွမ်းလာမယ် အမျိုးသမီးတွေ စားရင် အပြုံးတွေ ပိုချိုမြိန်လာမယ် ကလေးတွေ စားရင် ပိုအရပ်ရှည်လာမယ် သက်ကြီးရွယ်အိုတွေ စားရင် ပိုအသက်ရှည်လာမယ်"
"ဦးလေး အိမ်က ကလေးတွေ အတွက် သကြားလုံးရည်စိမ် သစ်သီးချောင်း တစ်ချောင်းလောက် ဝယ်မလားဟင်"
လန်ဟယ် တတိယလမ်းပေါ်တွင် အသံတချို့ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ အားယွီလေးမှ သူမအစ်ကိုများအား ဦးဆောင်ကာ ဈေးဝယ် ခေါ်ယူနေခြင်း ဖြစ်သည်။
သေချာပေါက်ပင် အားယွီလေးမှ ထိုစကားတွေအား မှတ်မိလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ အကုန်လုံး အသားလုံးလေးမှ အကျဉ်းချုပ် ပေးထားခြင်း ဖြစ်သည်။ အစပိုင်းတွင် ဝမ်မိသားစုမှ ကောင်လေးများသည် ထိုစကားများအား အော်ရန်တွက် စိုးရွံနေကြလေသည်။ သူတို့သည် နည်းနည်း ရှက်နေကြခြင်း ဖြစ်သည်။
သို့သော် သူတို့၏ အငယ်ဆုံး ညီမလေးမှ ကောင်းကင်အား ပျံတက်တော့မည့် အလား မျက်နှာလေး နီရဲနေအောင် အထူး ကြိုးစားကာ အော်နေသည်အား မြင်ချိန်တွင် သူတို့သည် သဘာဝကျကျပင် ရှက်ရွံကာ ရပ်မနေနိုင်တော့ချေ။
အစပိုင်းတွင် ချိုင်နျူသည် သစ်သီးငါးလုံး ဝယ်သွားပြီးသည့်နောက် သူတို့အား ယုံကြည်မှု အများကြီး ရစေခဲ့လေသည်။ သို့သော် နောက်ပိုင်းတွင် မည်သူမှ လာမဝယ်ကြတော့ချေ။ အထူးသဖြင့် တောရိုင်းသစ်သီးများ ဆိုသည်အား လူတိုင်း မြင်သွားတဲ့အခါတွင် ဖြစ်သည်။ သူတို့သည် မည်သည်ကိုမှ ထပ်မံ မမေးမြန်းကြပဲ ထွက်သွားကြတော့သည်။
သူတို့၏ သကြားလုံးရည်စိမ် သစ်သီးချောင်းများအား ထုတ်ပြလိုက် ပြီးနောက် အထဲတွင် ရှန်းကျာသီး မဟုတ်ဘဲ ထို တောရိုင်းသစ်သီးနှင့် သူတို့လုပ်ထားသည့် အရာတစ်ခုမှန်း လူအုပ်ကြီး သိသွားကြလေသည်။ ထိုအခါ ပို၍ စျေးကြီးသေးသည် ဟု ဆိုကာ မဝယ်ကြတော့ချေ။
တခြားလူများ၏ သကြားလုံးရည်စိမ် သစ်သီးချောင်းသည် တစ်ချောင်းလျှင် ကြေးပြား တစ်ပြားသာ ကျသည့်တိုင် သူတို့၏ သကြားလုံးရည်စိမ် သစ်သီးချောင်းသည် တစ်ချောင်းကို ကြေးပြား သုံးပြား ကျသင့်ပေသည်။ စျေးနှုန်းအရ ကြည့်လျှင် တခြားလူများထက် အများကြီး ပိုများနေခဲ့သည်။
သူတို့ မည်သို့ ရောင်းနိုင်ကြမည်နည်း။
ကလေးများ အနည်းငယ် စိတ်ဓာတ်ကျသွားသည့်တိုင် အားယွီလေး မှာမူ အသားလုံးလေး၏ အားပေးမှုများ အောက်တွင် ဆက်အော်နေဆဲပင် ဖြစ်သည်။ အစပိုင်းတွင် သူတို့အား လျစ်လျူရှု ထားကြလေသည်။ တခြားသူများသည် သူတို့အား သိချင်စိတ်ဖြင့်သာ ကြည့်ကြသော်လည်း သူတို့ မည်သည့် အရာ ရောင်းသည် ဆိုသည်အား မြင်ပြီးသည့် နောက်တွင် မဝယ်ချင်ကြတော့ချေ။
ထိုအချိန်မှာ လန်ဟယ်မြို့တွင် တစ်ခုတည်းရှိသည့် လန်ဟယ် စားသောက်ဆိုင်မှနေ သခင်လေး တစ်ယောက်ကဲ့သို့ ဝတ်စုံဝတ်ထားသည့် လူတစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာခဲ့လေသည်။ သူသည် အသက် ၁၅ ၁၆ နှစ်လောက် ရှိကာ ခါးတွင် ကျောက်စိမ်းဆွဲကြိုးလေး ဆွဲထားလေသည်။ လက်ထဲတွင် ယပ်တောင်တစ်ခု ကိုင်ထားပြီးနောက် တစ်ခါတလေ ယပ်ခတ်ဖို့ ဖွင့်လိုက်တတ်သေးသည်။ သူသည် ပတ်ဝန်းကျင်မှ လူများနှင့် အနည်းငယ် ကွာခြားနေပုံ ပေါက်နေခဲ့သည်။
"ဒီနားတဝိုက်မှာ ပျော်စရာ တစ်ခုခု ရှိလား"
သခင်လေးသည် ဘေးမှ အစေခံအား မေးလိုက်လေသည်။ အစေခံမှ သေချာစဉ်းစားပြီး ပြောလိုက်သည်။
"လန်ဟယ်မြို့က နှိုင်းယှဉ်ကြည့်ရင် သေးပါတယ် မြို့တစ်မြို့လုံးမှာ လမ်းမကြီး သုံးလမ်းပဲ ရှိတာပါ ကျွန်တော်တို့ အခု ရောက်နေတာက လမ်းမကြီးပေါ်မှာပါ ကျန်တဲ့ လမ်းမကြီး နှစ်ခုကတော့ မျက်စိကျစရာ မကောင်းတဲ့ အရာတွေ ရောင်းတာပါ သခင်လေး သွားကြည့်စရာ မလိုလောက်ပါဘူး"
သို့သော် ထိုလူတွင် သိသိသာသာ အနည်းငယ် ပုန်ကန်ချင်တတ်သည့် စိတ်ရှိပေသည်။ မျက်စိကျစရာ မကောင်းသည့် အရာဟု ကြားလိုက်သည်နှင့် သူမှ စိတ်ဝင်စားသွားခဲ့တော့သည်။ မည်သည့် အရာကများ မျက်စိကျစရာ မကောင်းတာ ဖြစ်နိုင်မည်နည်း။
"ကျန်တဲ့ လမ်းမကြီး နှစ်ခုက ဘယ်မှာလဲ ငါ့ကို ပြစမ်း"
အစေခံသည်လည်း လမ်းပြရုံသာ တတ်နိုင်တော့သည်။ သူတို့ အရင်ဆုံး လန်ဟယ် ဒုတိယလမ်းအား သွားကြလေသည်။ သခင်လေး ဖြစ်သူမှ ဟိုဘက်ဒီဘက် လမ်းလျှောက်ကြည့်ပြီးနောက် အမှန်ပင် အလွန် ပျင်းစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ အစေခံမှ ပြောလိုက်သည်။
"ဒီမှာ တကယ်ပဲ ပျော်စရာ ဘာမှမရှိပါဘူး ကျွန်တော်တို့ အစောကြီး ပြန်သွားရင် မကောင်းဘူးလား"
ယခုလေးတင် လမ်းပေါ်တွင် ကြက် ဘဲနှင့် တခြား တိရစ္ဆာန်များ ရောင်းချနေသည့် လူတချို့ ရှိနေသေးသည်။ အနံ့များသည် အလွန်တရာ ပြင်းထန်လှပေသည်။ အစေခံများပင် မခံနိုင်တော့ချေ။ သခင်လေး ဖြစ်သူ ဆိုလျှင် အချိန်တိုင်း ယပ်တောင်နှင့် နှာခေါင်းအား အုပ်ထားခဲ့ခြင်း ဖြစ်သည်။
"ဘာလို့ ပြန်သွားရမှာလဲ နောက်ထပ် လမ်းတစ်လမ်း ကျန်သေးတယ် မဟုတ်လား သွားကြည့်ကြရအောင်"
သခင်လေး ဖြစ်သူသည် ပြန်မသွားချင်သေးပါချေ။ အစေခံ ဖြစ်သူ သည်လည်း ရွေးချယ်စရာ မရှိတော့သဖြင့် သူ့၏ သခင်လေး နောက်မှသာ လန်ဟယ် တတိယလမ်းသို့ လိုက်သွားရတော့သည်။ သခင်လေးသည် အမှန်ပင် ခက်ခဲအောင် လုပ်တတ်သည့် လူတစ်ယောက် ဖြစ်သည်ဟု သူ၏ စိတ်ထ၌ တွေးလိုက်မိတော့သည်။ သူ မသွားနိုင်လောက် ဟု ပြောထားသည့် နေရာအား အတင်းအကြပ် သွားချင်နေခြင်း ဖြစ်သည်။
‘နောက်တစ်ခါကျရင် သခင်လေး နေရာတစ်ခုခုကို သွားချင်တယ်ဆိုရင် သူ့ကို သွားဖို့ တိုက်တွန်းရမယ် အဲဒီလိုဆိုရင် သခင်လေးက အိမ်ပဲ ပြန်သွားချင်သွားလိမ့်မယ်’
လန်ဟယ်တတိယလမ်းသို့ ရောက်ချိန်တွင် သခင်လေးသည် လှည့်ပတ် ကြည့်လိုက်လေသည်။ ဤနေရာတွင် ရောင်းချနေသည့် ပစ္စည်းအများစုသည် အစားအသောက်များ ဖြစ်သည့်တိုင် များသောအားဖြင့် ဟင်းသီးဟင်းရွက်တွေများသာ ဖြစ်သည်။ ထိုအချိန်မှာပင် ရုတ်တရက် ဆူညံသံတစ်ခုအား သူတို့ ကြားလိုက်ရလေသည်။
"ဆူညံသံက ဘယ်ကလာတာလဲ"
သခင်လေး ဖြစ်သူ၏ မျက်လုံးများ အရောင်လက် သွားခဲ့လေသည်။ သူသည် ယပ်တောင်အား ပိတ်လိုက်ပြီးနောက် ရှေ့သို့ လျှောက်သွားလိုက်လေသည်။
"သွားကြည့်ကြရအောင်"
အမှန်ပင် ဆူညံသံတချို့ ရှိနေခြင်း ဖြစ်သည်။ တိုက်ဆိုင်စွာပင် အားယွီလေးတို့၏ အော်သံများတွင် မကျေနပ်မှု တချို့ ဖြစ်စေနိုင်ခဲ့သဖြင့် ဘေးနားရှိ လူများ၏ အာရုံအား ဆွဲဆောင်မိသွားခဲ့လေသည်။ ထိုအထဲမှ တစ်ယောက်သည် သကြားလုံးရည်စိမ် ရှန်းကျာသီး ရောင်းတဲ့သူပင် ဖြစ်သည်။ သူသည် ကလေးများအား မလိုမုန်းထားသည့် အကြည့်နှင့် ကြည့်လိုက်လေသည်။
"မင်းတို့က သကြားလုံးရည်စိမ် သစ်သီးချောင်းတွေရဲ့ နာမည်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား မင်းတို့ ဘာတွေလုပ်နေတာလဲ ဒါက စားလို့ရော ရရဲ့လား ပြီးတော့ ဒီလောက် စျေးကြီးကြီးနဲ့ ရောင်းနေသေးတယ် လူတွေဆီက ပိုက်ဆံ လုယူနေတာနဲ့ အတူတူပဲ"
ဝမ်တာ့လန်မှ သူ၏ ညီညီမများအား သူ၏ နောက်သို့ ပို့လိုက်ကာ သူ၏ ကျောဖြင့် ကွယ်ထားလိုက်လေသည်။ သူသည်လည်း အနည်းငယ် ကြောက်နေသည့်တိုင် အကိုအကြီးဆုံး ဖြစ်နေသဖြင့် သတ္တိမွေးကာ ထိုလူအား ပြန်ပြောလိုက်လေသည်။
"ကျွန်တော်တို့ သကြားလုံးရည်စိမ် သစ်သီးချောင်းကို ကျွန်တော်တို့ ရောင်းမယ် ခင်ဗျားဟာကို ခင်ဗျား ရောင်းလေ ကျွန်တော်တို့ အချင်းချင်း အနှောင့်အယှက် မပေးပါဘူး ခင်ဗျားက ဘာအခွင့်အရေးနဲ့ ကျွန်တော်တို့ကို လာဝေဖန်နေတာလဲ"
သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းသည့် သူမှ မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ဘာအခြေခံနဲ့လဲ ဟုတ်လား သကြားလုံးရည်စိမ် သစ်သီးချောင်းရဲ့ နာမည်ကို ဖျက်ဆီးနိုင်တဲ့ မင်းတို့ရဲ့ စွမ်းရည်လေးနဲ့လေ ငါက ဒီမှာ သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းနေတာ အနှစ် ၂၀ ကျော်ပြီကွ သကြားလုံးရည်စိမ် သစ်သီးချောင်းရဲ့ အရသာက ဘယ်လိုလဲ ဘာနဲ့ လုပ်ထားလဲဆိုတာ လူတိုင်း သိတယ် နောက်ဆုံးတော့ မင်းတို့လည်း ဒီမှာ သကြားလုံးရည်စိမ် သစ်သီးချောင်း လာရောင်းတယ် ဒါပေမဲ့ မင်းတို့က တောင်ပေါ်မှာ နေရာတိုင်း တွေ့နိုင်တဲ့ အသုံးမဝင်တဲ့ တောရိုင်း သစ်သီးတွေနဲ့ လုပ်ပြီး ရောင်းနေတာလေ နောင်ကျရင် တခြားလူတွေ ငါ့ရဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းကို မြင်ရင် ငါ့ဟာကလည်း အဲဒီလို အရာမျိုးနဲ့ လုပ်ထားတယ်လို့ မထင်သွားနိုင်ဘူးလား ငါ့ရဲ့ ရှန်းကျာသီးတွေက ထိပ်တန်းအဆင့် ရှန်းကျာသီးတွေကွ ငါ့မှာ ကြိုးကြိုးစားစား စိုက်ထားရတာ"
သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းသည့် သူမှ အမှန်ပင် ထိုသို့ တွေးခဲ့ခြင်း ဖြစ်သည်။ ကလေးများသည် သူတို့၏ ပစ္စည်းများကို ရောင်းနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိချေ။ သူ ဤနေရာတွင် ရောင်းချနေသည်မှာ နှစ်အချို့ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ဖောက်သည်များလည်း အမြဲတမ်း လိုလို ပုံမှန်ရှိနေတတ်ကာ အရသာအားလည်း မှတ်မိနေကြပြီ ဖြစ်သည်။ တချို့လူများသည် တစ်ခါတလေ သူ၏ ဖောက်သည်များအား လုယူချင်နေလျှင်ပင် မလုယူနိုင်ကြပါချေ။
သို့သော် ဤကလေးများသည် မည်သို့ လုပ်ခဲ့လေသနည်း။ သကြားလုံးရည်စိမ် သစ်သီးချောင်းထဲမှ သစ်သီးအဖြစ် အသုံးမဝင်လှသည့် တောရိုင်းသစ်သီး အစုလိုက်အပြုံလိုက်အား သုံးထားခြင်း ဖြစ်သည်။ တခြား ဈေးဝယ်သူများ သိသွားခဲ့လျှင် မည်သို့ တွေးကြမည်နည်း။ ဤသည်မှာ သူ၏ နာမည်အား ဖျက်ဆီးနေခြင်း မဟုတ်ပါလား။ အားယွီလေးသည် အနောက်မှနေ၍ တိုးတိုးလေး ပြောလိုက်သည်။
"သမီးတို့က ဦးလေး ဟာထက် အများကြီး ပိုကောင်းတဲ့ အစားအသောက်တွေ ရောင်းတာ"
သူမသည် ထို ချဉ်လှသည့် သကြားလုံးရည်စိမ် ရှန်းကျာသီးအား အထူးပင် မကြိုက်ခြင်း ဖြစ်သည်။ ယခု ထိုအကြောင်းအား တွေးလိုက်မိချိန်တွင် သူမ မျက်မှောင်ကြုတ်ချင် သွားမိပြီ ဖြစ်သည်။
တချို့လူများသည် မွေးကတည်းမှ အချဉ်အား မကြိုက်ကြချေ။ အားယွီလေးသည်လည်း ထိုအထဲမှ တစ်ယောက်ပင် ဖြစ်သည်။ ချဉ်သည့် အရာများအား ကောင်းကင်ဘုံမှ ပြန်သိမ်းသွားသင့်သည် ဟုပင် သူမ ခံစားရခြင်း ဖြစ်သည်။
"ကောင်မလေး မင်းက ဘာသိလို့လဲ မင်းတို့ဟာ အရသာ ကောင်းတယ် ဆိုရင် ဒီနေ့ ငါ ဒီကနေ နောက်ပြန် တွားသွားပြမယ်"
ထိုအချိန်မှာပင် ဘေးမှနေ၍ လူငယ်တစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သူတို့ရဲ့ အစားအသောက်က ခင်ဗျားဟာထက် တကယ်ပဲ ပိုကောင်းတယ်ဆိုရင် ခင်ဗျား တကယ် နောက်ပြန် တွားသွားမှာလား"
သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းသည့်သူသည် စကားတစ်ခွန်း ပြောလိုက်ပြီး အလိုအလျောက်ပင် ပြန်ဖြေလိုက်သည်။
"ငါ ထန်တတိယ က ကတိတည်တဲ့ ယောက်ျားပဲ"
သခင်လေး ဖြစ်သူသည် လက်ထဲမှ ယပ်တောင်အား ပုတ်လိုက်ပြီးနောက် အစေခံဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"သွား သူတို့ နှစ်ဆိုင်စလုံးက သကြားလုံးရည်စိမ် သစ်သီးချောင်း အကုန်လုံးကို ဝယ်လိုက် ပြီးတော့ ပတ်ဝန်းကျင်က လူတွေကို မြည်းကြည့်ခိုင်းလိုက် ဘယ်ဟာက ပိုကောင်းလဲဆိုတာ လူတိုင်းကို အကဲဖြတ်ခိုင်းကြတာပေါ့"
သေချာပေါက်ပင် သူသည် ဤနေရာတွင် ပွဲလာကြည့်ခြင်း ဖြစ်သည်။
(**ပွဲကြည့်တာလို့ ကြားတော့ မင်မင် အသိ စာရေးဆရာတွေကို ပြေးမြင်မိတယ် သူတို့လဲ ပွဲဆို နေကြာစေ့ ကွာစေ့ကိုက်ပြီး ရှေ့ဆုံးကနေ ဖျာခင်းကြည့်ဖို့ စောင့်နေကြတာဆိုတော့လေ ဘယ်သူ ပွဲရှာမလဲပဲ စောင့်နေကြတာ ခိခိ**)
မည်သည့် ဆိုင်မှ ပိုကောင်းသည် ဆိုသည်ကိုမူ သူ ဂရုမစိုက်ချေ။ သို့သော် ထို ကောင်မလေး၏ ဆိုင်မှ သကြားလုံးရည်စိမ် သစ်သီးချောင်းများ ပို စားကောင်းနေရန် သူ မျှော်လင့်ပေသည်။ ထိုသို့ဆိုလျှင် တစ်ယောက်ယောက် နောက်ပြန် တွားသွားသည်အား သူ ကြည့်ရတော့မည် ဖြစ်သည်။ သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းသည် သူမှ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
"မင်းက ဘာလို့ ဒီလောက် အာရုံများနေရတာလဲ"
သခင်လေးမှ အေးအေးဆေးဆေး ပြုံးပြီးနောက် ပြောလိုက်သည်။
"ငါက တရားမျှတမှုကို ထိန်းသိမ်းပေးနေရုံပါ ပြီးတေ့ာ မင်းတို့ထဲက ဘယ်သူ့ဆီကမှ ငါ အခွင့်ကောင်း ယူနေတာ မဟုတ်ဘူးလေ ဒီလိုလုပ်ရင် ဘယ်လိုလဲ ဒီနေ့ ဘယ်ဆိုင်ရဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းက ပိုကောင်းလဲဆိုတာ လူတိုင်းကို အဆုံးအဖြတ် ပေးခိုင်းမယ် အဲဒီ ကောင်မလေးရဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းက ပိုကောင်းရင် မင်း နောက်ပြန် တွားသွားရမယ် မင်းဆိုင်ရဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းက ပိုကောင်းရင် မင်းကို ငွေ ဆယ်တေလ်း ပေးမယ် ဘယ်လိုလဲ"
သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းသည့် သူသည် ထိုသည်အား ကြားချိန်တွင် သူ့၏ ကြမ်းတမ်းလှသည့် မျက်နှာထားအား ရုပ်သိမ်းလိုက်ပြီး မျက်နှာချိုသွေးသည့် ပုံစံသာ ကျန်ရစ်လေတော့သည်။
"အို ဒါက ဘယ်မိသားစုက ကျေးဇူးရှင်လေးလဲ သူ့မှာ အမြင်တော်တော် ရှိတာပဲ ပြိုင်ကြတာပေါ့ ငါ သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်လာတာ အနှစ် ၂၀ ကျော်ပြီ သကြားလုံးရည်စိမ် သစ်သီးချောင်း အကြောင်း ငါ့လောက် ဘယ်သူမှ ပိုမသိနိုင်ဘူး"
ထန်တတိယမှ သူ၏ သကြားလုံးရည်စိမ် သစ်သီးချောင်းသည် သေချာပေါက် ညံ့လိမ့်မည် မဟုတ်ဟု အလွန်ပင် ယုံကြည်မှု ရှိနေခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်မှာမူ ဝမ်မိသားစုမှ ကလေးများသည် အံ့အားသင့် သွားကြကုန်သည်။ သူတို့၏ သကြားလုံးရည်စိမ် သစ်သီးချောင်းများအား အပြင်ထုတ်၍ သိပ်မကြာခင်မှာပင် အကုန်ရောင်းရသွားပြီ ဖြစ်သည်။