← Chapters

ခရိုင်ရုံးတော်သို့ သွားခြင်း

Vol. 9 Ch. 127

ခရိုင်ရုံးတော်သို့ သွားခြင်း

Vol. 9 Ch. 127

"အောင်သွယ်တော်ပဲ ဖြစ်ရမယ် အဘွားနဲ့ ခရိုင်ရုံးတော်မှာ ပြဿနာ တက်ခဲ့တဲ့ အောင်သွယ်တော်မပဲ ဖြစ်ရမယ်"

"သူတို့ ဘာလုပ်ချင်နေတာလဲ ငါတို့ ဝမ်မိသားစုကို အနိုင်ကျင့်လို့ လွယ်တယ်များ မှတ်နေလား"

အဓိကမှာမူ လွန်ခဲ့သည့် နှစ်ရက်ခန့်တွင် မိုးများ ဆက်တိုက်ရွာနေ၍ မည်သူမှ အပြင်မထွက် ဖြစ်ခဲ့ကြတာကြောင့် ဖြစ်သည်။ ဝမ်တာ့လန်၏ မင်္ဂလာကိစ္စသည်လည်း နှောင့်နှေးသွား၍ သူတို့ပင်လျှင် ထိုကိစ္စအား မေ့လုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

နဂိုကတည်းမှ အောင်သွယ်တော် တစ်စုသည် ကွယ်ရာတွင် အတင်းအဖျင်းများ ပြောနေကြသည့်အတွက် ထို အတင်းအဖျင်းများကြောင့် ဝမ်မိသားစု၏ မြေးကြီး ဖြစ်သူ အတွက် အိမ်ထောင်ဖက်ရှာရ ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။ အဖွားအိုဝမ်သည် လွန်ခဲ့သည့် နှစ်ရက်ကတည်းမှ ခရိုင်ရုံးတော်သို့ သွားရန် စီစဉ်ထားခြင်း ဖြစ်သည့်တိုင် အားယွီလေး အတွက် တောရိုင်း သစ်သီးနွယ်ပင်များအား နေရာချထားပေးရသည်နှင့် အလုပ်ရှုပ်နေ၍ ထိုကိစ္စအား ခဏ ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။ အဖွားအိုဝမ်မှ မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

"ပါးစပ်လေးဟရုံနဲ့တင် လောကကြီးကို ပြောင်းလဲပစ်လို့ရပြီ ထင်နေကြတာလား သူတို့က နုလွန်းပါသေးတယ်"

ဟူရှောင်လျိုသည် ခေါင်းပေါ်မှ ချွေးများအား သုတ်ရင်း ပြောလိုက်သည်။

"ဒေါ်လေးဝမ် ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ သူတို့သာ အားယွီအပေါ် ကောလာဟလတွေကို အတည်ဖြစ်အောင် လုပ်လိုက်ရင် နောင်ကျရင် အားယွီ တကယ်ကို အိမ်ထောင်ပြုလို့ ရတော့မှာ မဟုတ်ဘူး"

ဝမ်မိသားစု၏ မြေးများသည် ထိုသည်အား ကြားချိန်တွင် ချက်ချင်း ပြန်ပက်လိုက်ကြသည်။

"ဒါက ဘာမှမဟုတ်ပါဘူး နောင်ကျရင် ညီမလေး အားယွီကို ငါတို့ပဲ လုပ်ကျွေးမှာပေါ့"

"အဲဒီလူတွေကို ဘယ်သူက ယူချင်နေလို့လဲ သူတို့အကုန်လုံးက မျက်ကန်းတွေချည်းပဲ"

"ညီမလေးအားယွီက အရမ်းလိမ္မာတာ သူ အိမ်ထောင်ပြုသွားမှာကိုတောင် ငါတို့ နှမြောတယ်"

ဝမ်ချီလန်မှ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

"ငါ ကြီးလာရင် ညီမလေးအားယွီကို ယူမယ်"

နောက်ဆုံးတွင်မူ သူသည် အဒေါ်ကျန်းဆီမှ နေ၍ ခေါင်းအား ဖြတ်ရိုက်ခံလိုက်ရတော့သည်။

"နင့်ပါးစပ်က ချေးစကားတွေ ထွက်နေတာလား အားယွီက နင့်ညီမလေ နင်က ဘယ်လိုလုပ် ယူလို့ရမှာလဲ ငတုံးလေး စကားကို ဘယ်လိုပြောရမလဲ မသိရင် ပါးစပ်ပိတ်ထားစမ်း"

ဝမ်ချွမ်းမန်မှ မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"မင်းတို့ ဘာတွေ ပြောနေကြတာလဲ ဘာအိမ်ထောင်ပြုတာလဲ"

သူ့သမီးလေးသည် အရွယ်တောင် မရောက်သေးချေ။ ဤသည်ကို သူတို့သည် အိမ်ထောင်ပြုမည့်ကိစ္စအား ပြောနေကြပြီ ဖြစ်သည်။ ဖခင် တစ်ယောက် ဖြစ်တဲ့ သူ့ခံစားချက်အား နည်းနည်းလေးပင် ထည့်မစဉ်းစားကြချေ။

ဟူရှောင်လျိုမှာ ဆွံ့အသွားရသည်။ အဘယ်ကြောင့်များ ဤမိသားစုသည် နည်းနည်းလေးပင် အားကိုးမရတဲ့ပုံ ပေါက်နေရလေသနည်း။ သူတို့သည် အဓိကအချက်အား လွဲနေကြပြီ ဖြစ်သည်။

"ဒေါ်လေးဝမ် သူတို့က ယတြာချေဖို့ တာအိုဘုန်းကြီး တစ်ပါးကိုပါ ရှာမယ်လို့ ပြောနေကြတာ အဲဒီအချိန်ကျရင် မိစ္ဆာ ရှိတာ မရှိတာ အသာထား အဲဒီ တာအိုဘုန်းကြီး ငါတို့ရွာထဲ ဝင်လာတာနဲ့ ငါတို့က မြစ်ရေ စီးကြောင်းထဲ ခုန်ချပြီး ဆေးကြောရင်တောင် နာမည်က သန့်စင်တော့မှာ မဟုတ်ဘူး"

အဖွားအိုဝမ်မှ ပြောလိုက်သည်။

"နင့်အဖေက နင့်ကို ငါတို့ဆီ လွှတ်လိုက်တာမလား သူ့ကို စိတ်မပူနဲ့လို့ ပြောလိုက်ပါ ဒီကိစ္စကို ငါ အခုချက်ချင်း ဖြေရှင်းလိုက်မယ် မနက်ဖြန်ကျမှ တခြားကိစ္စတွေနဲ့ နှောင့်နှေး သွားမှာစိုးလို့ မနက်ဖြန်အထိ စောင့်နေစရာ မလိုဘူး နင်တို့ရဲ့ မြည်းလှည်းကို ခဏငှားပါဦး ငါ အခုပဲ ခရိုင်မြို့တော်ကို သွားလိုက်မယ်"

ခရိုင်မြို့တော်တွင် ရှိနေသည့် အဆက်အသွယ် တစ်ခု ရှိသေးပေသည်။ ထိုသည်အား အသုံးမချလျှင် နှမြောစရာ ကောင်းလှပေမည်။ ထိုအချိန် အတွင်း၌ ခရိုင်ရုံးတော်တွင် ရုံးစာရွက်စာတမ်းများအား ကိုင်တွယ်ဖြေရှင်းနေတဲ့ ကျောင်းကျန်းသည် ရုတ်တရက် နှာချေလိုက်လေသည်။ လက်ဖက်ရည် လာပို့သည့် အစေခံမှ မေးလိုက်သည်။

"သခင်ကြီး အလုပ်တွေ အရမ်းများလို့ ပင်ပန်းနေပြီလား အရင်နားလိုက်ပါဦး ကိုယ့်ကိုယ်ကိုယ် အရမ်းမပင်ပန်းစေနဲ့လေ"

ကျောင်းကျန်းသည် နှာခေါင်းအား ဖြည်းညင်းစွာ ပွတ်လိုက်မိသည်။

"ငါ အဆင်ပြေပါတယ် နှာခေါင်း နည်းနည်းယားနေရုံပါ ခဏနေရင် ကောင်းသွားမှာပါကွာ"

အဖွားအိုဝမ်သည် သွက်လက် ပြတ်သားလှပေသည်။ သူမသည် မြည်းလှည်းအား ချက်ချင်းငှားပြီးနောက် ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်တို့အား သူမနှင့်အတူ လိုက်ခဲ့ဖို့ ခေါ်လိုက်လေသည်။

နောက်ဆုံးတွင်မူ သူမသည် ခဏတာ စဉ်းစား လိုက်ပြီးနောက် ဝမ်ချွမ်းကွေ့ကိုပါ ခေါ်သွား လိုက်တော့သည်။ အဓိက အကြောင်းအရင်းမှာ သူ၏ ခြေထောက်များ အမှန်တကယ် ပြန်ကောင်းနေပြီ ဆိုသည်အား ခရိုင်မြို့တော်မှ ဆေးခန်းတွင် စမ်းသပ် ပြသချင်၍ ဖြစ်သည်။

အဖိုးအိုဝမ်မှာမူ အိမ်ထဲမှာ လမ်းလျှောက်နေနိုင်ပြီ ဖြစ်သော်လည်း ဝမ်ချွမ်းကွေ့မှာမူ တိုက်ရိုက် လမ်းမလျှောက်နိုင်သေးပေ။ အဖွားအိုဝမ်သည် သူ့အား ပိုပြီး အနားယူ စေချင်သေးသည်။ ဝမ်ချွမ်းယွမ်သည်လည်း လိုက်သွားချင်နေလေသည်။

"အမေ အစ်ကိုတို့အကုန်လုံး သွားမှာဆိုရင် သားကိုလည်း ခေါ်သွားပါလား"

"ဘာတွေ လာရူးနေတာလဲ နင်က အခု သုံးနှစ်အရွယ် ကလေးလား အမေသွားတဲ့ နေရာတိုင်းကို လိုက်နေရအောင် ငါက နင့်အတွက် နို့ပုလင်းပါ သယ်သွားပေးရမလား"

ဝမ်ချွမ်းယွမ်မှ မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"အဲဒီလောက်တော့ မလိုပါဘူး ဒါပေမဲ့ သူတို့အကုန်လုံး သွားကြမှာကို ဘာလို့ သားကျမှ ချန်ထားခဲ့ရတာလဲ"

မွေးဖွားသည့် အစီအစဉ်အရဆိုလျှင် လိုက်သွားရမည့် သူများမှာ သားအကြီး ဒုတိယသားနှင့် တတိယသားသာ ဖြစ်သင့်ပေသည်။ မည်သည့်အတွက် တတိယသားအား ကျော်သွားရလေသနည်း။ သူသည် အမေ့ဖြစ်သူ၏ အမုန်းခံ အဖြစ်ဆုံးသူ ဖြစ်သည်လား။ အဖွားအိုဝမ်မှ ပြောလိုက်သည်။

"နင့်ဦးနှောက်က တော်တော်လေး သွက်လက်တယ်လို့ ငါမြင်တယ် ဒါပေမဲ့ ရွေးချယ်စရာမရှိဘူး အိမ်မှုကိစ္စတွေ အတွက် အားကိုးရမယ့် လူတစ်ယောက်တော့ အိမ်မှာ ကျန်ခဲ့ဖို့ လိုတယ် ဒီကိစ္စက ငါ့နောက်ကို လိုက်သွားသလိုမျိုး လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး နင်က ဒီလောက် ကြီးမားတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ဘူးလို့ ခံစားရရင် နင့်ညီလေးကို အိမ်မှာ နေခိုင်းလိုက် နင် ငါတို့နောက် လိုက်ခဲ့"

ဝမ်ချွမ်းယွမ်သည် ထိုစကားအား ကြားချိန်တွင် သူ၏ ပါးစပ်မှာ နားရွက်ချိတ်မတတ် ပြုံးသွားခဲ့လေတော့သည်။

"အာယား အမေရယ် စောစောကတည်းက အဲဒီလို ပြောပါလား အမေ့အတွက် သားက ဒီလောက်တောင် အရေးပါနေတာကိုး စိတ်မပူပါနဲ့ သား အိမ်ကို သေချာ ဂရုစိုက်ပြီး စောင့်ရှောက်ထားပါ့မယ်"

ထိုအချိန်တွင် ဝမ်ချွမ်းယွမ်၏ စိတ်နှလုံးအတွင်း ရဲရင့်မှုများနှင့် တိုက်ပွဲဝင်လိုစိတ်များ အပြည့် ဖြစ်နေလေတော့သည်။ တိုင်းပြည်အား ကာကွယ်ရမည့် တာဝန်ကြီးကို ထမ်းဆောင် နေရသလိုမျိုးပင် ဖြစ်နေချေသည်။

အဖိုးအိုဝမ် တစ်ယောက်တည်းသာ ဝါးခြမ်းပြားအား တိတ်တဆိတ် ကောက်ကိုင် လိုက်ပြီး နှုတ်ခမ်းထက်မှ အပြုံးဖျော့ဖျော့ကို ဖုံးကွယ်ထားလိုက်တော့သည်။

‘ငတုံးလေး မင်းအမေက မင်းကို သားလေးယောက်ထဲမှာ အတုံးဆုံးနဲ့ ရန်ဖြစ်ရင် အားအနည်းဆုံးမို့လို့ ချန်ထားခဲ့တာကွ ဟူး မင်းကိုပဲ ပျော်ခွင့်ပေး လိုက်ပါတော့မယ်လေ’

"အဘိုးကြီးဝမ် မိသားစုကို ရှင်နဲ့ပဲ ထားခဲ့မယ် ကျွန်မကို စိတ်ပျက်အောင် မလုပ်နဲ့နော်"

အဖွားအိုဝမ်၏ အသံသည် ရုတ်တရက် အနီးကပ် ထွက်ပေါ်လာတော့သည်။ အဖိုးအိုဝမ် ချက်ချင်း မျက်ခုံးပင့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

"အေးပါ ငါ နားလည်ပါတယ် မိန်းမရာ စိတ်မပူပါနဲ့ ငါ အိမ်မှာ ရှိနေမှတော့ အားလုံး အဆင်ပြေမှာပါ"

‘ဟီးဟီးဟီး ဒီအဘွားကြီးက သူ့အရည်အချင်းကို အရမ်း ယုံကြည်နေတုန်းပဲ ထင်တယ် ဒီမိသားစုက သူ မပါဘဲနဲ့ မဖြစ်ဘူးလေ’

အဖွားအိုဝမ် ထွက်သွားချိန်တွင် အားယွီလေးသည် ချင်ဟွိုင်၏ အိမ်တွင် ရောက်ရှိနေခဲ့သည်။ သူမသည် သူမ၏ မွေးနေ့လက်ဆောင်အား ထုတ်ပေးနေခြင်း ဖြစ်သည်။

ထိုသည်မှာ သက်ကယ်နှင့် ရက်လုပ်ထားသည့် ခြင်းတောင်းငယ်လေး တစ်လုံး ဖြစ်သည်။ သူမ၏ လက်ရာသည် အလွန်ကို မှ အတွေ့အကြုံ နုနယ်နေမှန်း သိသာလှပေသည်။ ခြင်းတောင်း တစ်လုံးလုံးသည် ရွဲ့စောင်းနေလျှက် ရှိကာ ပြုတ်ကျတော့မည့်အတိုင်း လျော့တိလျော့ရဲ ဖြစ်နေလေသည်။ ခြင်းတောင်းထဲ တွင်မူ အရောင်အသွေး စုံလင်သည့် သစ်သီးတွေလည်း ပါရှိသေးသည်။ ကြည့်ရသည်မှာ ပွဲတော်ရက်လေး တစ်ခုလိုမျိုး ခံစားရစေသည်။

"ကိုကိုအားယို အစ်ကို့ အတွက် ညီမလေး တမင် လုပ်ထားတာ နည်းနည်းတော့ အရုပ်ဆိုးတယ်"

အားယွီလေးမှ ချင်ဟွိုင်အား အထူး မွေးနေ့လက်ဆောင်လေး ပေးချင်ခဲ့သော်လည်း သူမ၏ လက်များသည် အရမ်းကို တုံးအ နှေးကွေးလွန်းနေခဲ့သည်။ အဘိုးဆီကနေ နှစ်ရက်လောက် သင်ပြီးသွားသည်ကိုပင် ဤလောက်အဆင့်သာ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ချင်ဟွိုင်မှ ခြင်းတောင်းလေးအား မြင်ချိန်တွင် အလွန်ပင် စိတ်လှုပ်ရှား ကြည်နူးမိသွားသည်။

"မဟုတ်တာ ကိုကို အရမ်းသဘောကျတယ် ညီမလေး အရမ်းကောင်းကောင်း လုပ်ထားတာပဲ အစ်ကိုဆို မလုပ်တတ်ဘူး အစ်ကို့ကို သင်ပေးနိုင်မလား"

ချင်ဟွိုင်သည် အမှန်ပင် ခြင်းတောင်း တစ်ခါမှ မရက်ဖူးခဲ့သည့် အတွက် သူပြောသည်မှာ အမှန်တွေချည်းသာ ဖြစ်ပေသည်။ ဤသည်မှာ သူ မွေးဖွား လာစဉ်ကတည်းမှ ရဖူးသမျှ လက်ဆောင်များထဲတွင် အရိုးရှင်းဆုံး လက်ဆောင်လေး တစ်ခု ဖြစ်သည်။ သို့ပေမယ့် ထို လက်ဆောင်လေးသည် သူ့အား အထူးပင် သက်တောင့်သက်သာ ခံစားရစေသည်။

ချင်ဟွိုင် သဘောကျကြောင်း ကြားလိုက်ရချိန်တွင် အားယွီလေး၏ မျက်လုံးလေးများသည် လခြမ်းကွေးလေးများ ပမာ ဖြစ်သွားသည့် အထိ ပြုံးလိုက်မိသည်။

"ရတယ် ရတယ် ညီမလေး သင်ပေးမယ် ကိုကိုအားယိုက အရမ်း ဉာဏ်ကောင်းတာပဲ အစ်ကို ဘာလုပ်လုပ် သေချာပေါက် အရမ်းလှမှာ"

အားယွီလေးသည် အချိန်ကိုက် အားပေးစကား ဆိုလိုက်လေသည်။ ထို့နောက် ကလေးလေး နှစ်ယောက်သည်် အိမ်အပြင် ထွက်သွားကြကာ မြက်ခြောက်အချို့အား ရှာဖွေလိုက်ကြသည်။ သူတို့သည် ထိုနေရာမှာပင် ဆောင့်ကြောင့် ထိုင်ချလိုက်ကြကာ ခြင်းတောင်း မည်ကဲ့သို့ ရက်လုပ်ရမည် ဆိုသည်အား စတင်၍ သင်ယူကြတော့သည်။

ချီကျားသည် မမြင်ချင်ယောင်သာ ဆောင်နေလိုက်ရလေသည်။

‘သခင်လေးက တဖြည်းဖြည်းနှင့် လယ်သမားမိသားစုက ကလေး တစ်ယောက်နဲ့ ပိုပိုတူလာပြီ’

‘အရင်တုန်းကဆိုရင် သခင်လေးက ဒေါသထွက်နေတတ် ပုံ ပေါက်နေတတ်ပေမယ့် အခုတော့ အများကြီး ပိုပြီး တက်ကြွ လန်းဆန်းနေပြီပဲ’

‘တခြားဟာတွေ မပြောနဲ့ဦး သူ အခု ပုံမှန်ပြောနေတဲ့ စကားလုံး အရေအတွက်ကတင် အရင် ခြောက်နှစ်လုံးလုံး ပြောခဲ့သည့် စကားလုံး အရေအတွက် အားလုံးပေါင်း ထက်တောင် ပိုများနေပြီ’

‘တဖြည်းဖြည်းနှင့် သခင်လေးက တခြားသူတွေနဲ့ ပုံမှန် ပြန်ပြောဆို ဆက်ဆံချင်လာပုံ ရတယ်’

‘ဒါက ကောင်းတဲ့ ကိစ္စပါပဲလေ’

အဖွားအိုဝမ်သည် သူမ၏ သားသုံးယောက် နှင့်အတူ ခရိုင်မြို့တော်ဆီသို့ အလျင်စလို ထွက်လာခဲ့သည်။ ခရိုင်မြို့တော် သို့ သွားသည့် ခရီးလမ်းသည် ဝေးကွာလှသည့် အပြင် မိုးရွာထား၍ မြေကြီးများသည် ရွှံ့ဗွက် ထနေသည့် အတွက် ရှစ်နာရီလောက် ကြာမှသာ သူတို့ ရောက်ရှိသွားကြလေသည်။ ခရိုင်မြို့တော်သို့ ရောက်လာသည်နှင့် ဝမ်ချွမ်းဖူမှ မေးလိုက်လေသည်။

"အမေ အခု ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ"

"ဘယ်သွားရဦးမှာလဲ ခရိုင်ရုံးတော်ကိုပေါ့"

အဖွားအိုဝမ်မှ လည်ပင်းအား ဆန့်ထုတ် လိုက်လေရာ ပြဿနာ သွားရှာမည့်ပုံစံ ပေါက်နေခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူတို့သည် အနောက်ပေါက်သို့သာ သွားကြလေသည်။ တံခါးစောင့်သည်လည်း အရင်လူပင် ဖြစ်ချေသည်။ သူသည် အဖွားအိုဝမ် မြည်းလှည်း မောင်းလာပြီး အနောက်တွင် တောင့်တင်း သန်မာသည့် အမျိုးသားကြီး သုံးယောက် ပါလာသည်အား မြင်လိုက်သည်။ တံခါးစောင့်မှ ချက်ချင်း ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အာယား အဘွားကြီး ခင်ဗျား ထပ်ရောက်လာပြန်ပြီပဲ ဒီတစ်ခါရော ဘယ်သူ့ကို လာရှာတာလဲ"

သူ၏ သဘောထားသည် အရင် အချိန်ကနှင့် အလွန်ကို ကွာခြားနေခဲ့လေပြီ ဖြစ်သည်။

All Chapters