← Chapters

သူတို့ ပူးပေါင်းကြံစည်နေကြတယ်

Vol. 9 Ch. 128

သူတို့ ပူးပေါင်းကြံစည်နေကြတယ်

Vol. 9 Ch. 128

ပြီးခဲ့သည့်အကြိမ်တွင် ဤတံခါးစောင့်မှ အဖွားအိုဝမ်နှင့် သူတို့၏ သခင်ကြီးကျန်းတို့ အကြား ရင်းနှီးသည့် ဆက်ဆံရေး ရှိနေသည်အား မြင်တွေ့ခဲ့ရသည်။ သူသည် သူမအား အခုချိန်တွင် လုံးဝ မစော်ကားရဲတော့ချေ။ အရင်တွင် မောက်မာဟန် ရသည့် အမူအကျင့်များအား ပြောင်းလဲ လိုက်ပြီးနောက် ကိုယ့် ဆွေမျိုးအရင်းအား ကြိုဆိုနေသကဲ့သို့ အလွန်ပင် ဖော်ရွေပျူငှာနေခဲ့သည်။

"သခင်ကြီးကျန်း ခရိုင်ရုံးတော်ကနေ ထွက်သွားပြီလား"

အဖွားအိုဝမ်နှင့် တခြားသူများသည် ခရီးနှင်လာခဲ့သည်မှာ ရှစ်နာရီလောက် ရှိနေပြီ ဖြစ်သည်။ ရွာမှနေ ထွက်လာသည်မှာ အချိန် အတော်ကြာပြီ ဖြစ်သည့် အတွက် ညဥ့်နက်နေခဲ့ပြီ ဖြစ်သည်။ လမ်းမများပေါ်တွင် မီးရောင် သိပ်မရှိတော့သည့်တိုင် ခရိုင်ရုံးတော်မှာမူ မီးပုံးများ ထွန်းလင်းနေဆဲ ဖြစ်သည်။

"အဲဒါက သခင်ကြီးကျန်း အနားယူနေလောက်ပြီ"

တံခါးစောင့်၏ မျက်လုံးများသည် ဟိုဒီဝေ့ဝဲသွားခဲ့လေသည်။

"မနက်ဖြန်မနက်မှ ပြန်လာခဲ့ပါလား"

အဖွားအိုဝမ်မှာမူ ကျောင်းကျန်း အိပ်ပျော်နေပြီ ဟု မထင်ပေ။ သူတို့၏ ဟူမိသားစုရွာသည် အင်အားများ ပြန်လည် ပြည့်ဝလာပြီး ကြိုးကြိုးစားစား အလုပ်လုပ်နေကြပြီ ဖြစ်သည့်တိုင် ဘေးပတ်ဝန်းကျင်မှ ရွာ တော်တော်များများသည် ကပ်ဘေး ဆိုက်နေဆဲ ဖြစ်သည်။

ဤနှစ် လယ်ယာလုပ်ငန်းများ နှောင့်နှေး သွားခဲ့ရသည်။ ကျောင်းကျန်းသည် ယခု အချိန်တွင် ခရိုင်ရုံးတော်တွင် အာဏာ အရှိဆုံး အရာရှိ ဖြစ်နေခဲ့သည်။ ခရိုင်ဝန် စီမံအုပ်ချုပ်ရမည့် ကိစ္စများ အကုန်လုံးသည် သူ၏ လက်ထဲ ရောက်နေခဲ့သည်။ ထို့ကြောင့် ယခု အချိန်ထိ သူ အလုပ်ရှုပ်နေလောက်မည်မှာ သေချာလှသည်။

ကျောင်းကျန်းသည် အမှန်တကယ်ပင် အလုပ်ရှုပ်နေခဲ့သည်။ သူ မှတ်တမ်း တစ်ခုအား ဖတ်၍ ပြီးသွားသည်နှင့် အစေခံတစ်ယောက်သည် ကြက်ပေါင်းရည် တစ်ပန်းကန် ယူလာပေးခဲ့သည်။

"သခင်ကြီး ညဥ့်နက်နေပါပြီ ကျေးဇူးပြုပြီး အနားယူပါတော့"

"ငါ့နားရွက်တွေ နည်းနည်း ပူနေတယ်လို့ ခံစားနေရတယ် အပြင်ဘက်ကို သွားကြည့်လိုက်စမ်း ငါ့ကို လာရှာတဲ့လူများ ရှိနေလားလို့"

ကျောင်းကျန်းသည် သူ၏ နားရွက်များ ပွတ်ရင်း အစေခံအား ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ ဘာကြောင့်မှန်း မသိချေ။ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် သူ ကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စတစ်ခုခု ရှိလာတိုင်း သူ၏ နားရွက်များ ပူလာတတ်လေသည်။ အစေခံမှ ပြန်ဖြေလိုက်သည်။

"သခင်ကြီး ဒုတိယတံခါး အပြင်ဘက်မှာ ဟူမိသားစုရွာကလို့ ပြောတဲ့ လူအနည်းငယ် ရောက်နေပါတယ် သူတို့က သခင်ကြီးနဲ့ တွေ့ချင်နေကြတယ်"

"ဟူမိသားစုရွာ" ဆိုသည့် စကားလုံးအား ကြားလိုက်ရသည်နှင့် ကျောင်းကျန်း၏ မျက်ခွံများ တဆတ်ဆတ် တုန်ခါသွားခဲ့သည်။ ထိုရွာအကြောင်း တွေးလိုက်မိတိုင်း ကျောင်းကျန်းသည် အမြဲတမ်း ဆိုးရွားသည့် မှတ်ဉာဏ်တွေသာ ရှိခဲ့လေသည်။ ထို့အပြင် ဘိုးဘေးလေးသည်လည်း ထိုနေရာတွင် ရှိနေသေးသည် မဟုတ်ပါလား။

စကားမစပ် အချိန် အတော်ကြာ သွားပြီ ဖြစ်သော်လည်း ဘိုးဘေးလေး ပြန်မလာသေးချေ။ သူ ထိုနေရာတွင် ကောင်းကောင်း နေသားကျ နေလောက်ပြီ ထင်သည်။

"သူတို့ကို ဘေးဘက် ဧည့်ခန်းဆောင်ကို ခေါ်သွားလိုက် ပြီးတော့ မီးဖိုချောင်မှာ သရေစာတွေ ရှိသေးလား သွားကြည့် သူတို့ကို အရင်ခေါ်ထားလိုက် ငါ ခဏနေရင် လာခဲ့မယ်"

"ဟုတ်ကဲ့ပါ"

ဝမ်ချွမ်းဖူနှင့် တခြားသူများသည် သူတို့အမေ ခရိုင်ရုံးတော်သို့ တိုက်ရိုက် ခေါ်လာသည်အား အလွန် စွန့်စားလွန်းသည်ဟု ခံစားနေရလေသည်။ ခရိုင်ရုံးတော်မှ အရာရှိများသည် အနားယူနေကြလောက်ပြီ ဖြစ်သည်။ မနားသေးဘူးဆိုလျှင်ပင် သူတို့အား မည်ကဲ့သို့ လက်ခံတွေ့ဆုံပေးမည်နည်း။

ထို ရုံးတော်မှ အရာရှိများ အကုန်လုံးသည် မာနကြီးကြသည် ဆိုသည်ကိုလည်း သိထားရမည် ဖြစ်သည်။ သူတို့သည် ဖော်ရွေပျူငှာသည် ဆိုလျှင်ပင် ညဥ့်နက်ချိန်ကြီးတွင် လာရောက် ဧည့်ခံပေးရန် ဆိုသည်မှာ မဖြစ်နိုင်လှချေ။

သူတို့ ထိုကဲ့သို့ တွေးနေစဉ်မှာပင် အစေခံဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်မှ အပြုံးဖျော့ဖျော့လေးဖြင့် လျှောက်လာသည်အား မြင်လိုက်ရတော့သည်။

သူသည် အစေခံ တစ်ယောက်သာ ဖြစ်သော်လည်း သူဝတ်ဆင် ထားသည့် အဝတ်အစားများသည် သူတို့ ဝတ်ဆင် ထားသည်ထက် အများကြီး ပိုကောင်းနေသေးသည်။

"အားလုံးပဲ သခင်ကြီးက အထဲကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

အဖွားအိုဝမ်မှ အစေခံအား ပြောလိုက်သည်။

"ငါ့ရဲ့ အသုံးမကျတဲ့သားက ထလို့မရဘူး ကျေးဇူးပြုပြီး မြည်းလှည်းကို တစ်နေရာရာမှာ အရင်သွား ထားပေးပြီး သူ့ကို အဲဒီအပေါ်မှာပဲ နေခိုင်းလိုက်ပါ"

ဝမ်ချွမ်းကွေ့ တစ်ယောက် မိခင်ဖြစ်သူ၏ စကားများကြောင့် ဆွံအသွားရပြန်လေသည်။

‘ကျေးဇူးရှင် မိခင်အရင်းကြီးရယ်’

အစေခံ၏ မျက်နှာပေါ်မှ အပြုံးသည် အေးခဲသွားခဲ့လေသည်။

‘ဒီအဘွားကြီး ဘာဖြစ်နေတာလဲ သခင်ကြီးဆီ လာတွေ့တာကိုတောင် ဒုက္ခိတတစ်ယောက်ကို ခေါ်လာသေးတယ်လား’

သူ့ကို တိရစ္ဆာန်ခြံထဲ တွန်းပို့လိုက်ရင် ပြဿနာ မတက်ဘူးလား’

"သူ့ကို စောင့်ရှောက်ပေးဖို့ လူတစ်ယောက် လွှတ်လိုက်ပါ့မယ် စိတ်မပူပါနဲ့"

ဟုသာ အစေခံမှာ ပြန်ပြောနိုင်တော့သည်။ အဖွားအိုဝမ်သည် ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်တို့အား ခရိုင်ရုံးတော် အတွင်းသို့ ခေါ်သွားခဲ့ရသည်။ သူမ၏ သားနှစ်ယောက်သည် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

ခရိုင်ရုံးတော်မှ အဆောက်အအုံများသည် ခမ်းနား ထည်ဝါမနေသော်လည်း သူတို့ရွာမှ အိမ်လေးများ ထက်မူ အများကြီး ပိုကောင်းလှပေသည်။ လမ်းပေါ်မှ အထပ်မြင့် အဆောက်အအုံများနှင့် ယှဉ်၍ တော့ မရပေ။

အစေခံသည် သူတို့အား ဘေးဘက် ဧည့်ခန်းဆောင်သို့ ခေါ်သွားပြီး သရေစာများ တည်ခင်း ဧည့်ခံပေးခဲ့သည်။ ထို့နောက် သူသည် ဝမ်ချွမ်းကွေ့ အတွက် စီစဉ်ပေးရန် လူတစ်ယောက်အား သွားခေါ်လိုက်တော့သည်။

"ဒီမှာ ခဏစောင့်နေပေးပါ သခင်ကြီး ခဏနေရင် လာပါလိမ့်မယ်"

အဖွားအိုဝမ်မှ ပြောလိုက်သည်။

"သွားသွား ငါတို့ကို စိတ်မပူနဲ့"

တိုက်ဆိုင်စွာပင် သူမသည်လည်း ခရီးပန်းလာခြင်း ဖြစ်သည့်အ တွက် ယခု အနားယူလို့ရသွားပြီ ဖြစ်သည်။ အစေခံမှ ပြုံးပြကာ လှည့်ထွက် သွားတော့သည်။

"အမေ ငါတို့ ပြန်သွားရင် မကောင်းဘူးလား လူနည်းနည်းလောက် ရှာပြီး အဲဒီ အောင်သွယ်တော်မတွေကို ငါတို့ဘာသာ ပညာပေးလိုက်မယ်လေ"

ဝမ်ချွမ်းဖူမှ အနည်းငယ် ကြောက်လန့်နေခဲ့ပြီး အဖွားအိုဝမ်အား တိုးတိုးလေး ကပ်ပြောလိုက်သည်။ အဖွားအိုဝမ်သည် သူ့အား လျစ်လျူရှု ထားလိုက်လေသည်။ အဖွားအိုဝမ်သည် အဘယ်ကြောင့် ခရိုင်ရုံးတော်တွင် ကိုယ့်အိမ် ကိုယ့်ယာကဲ့သို့ အေးအေးဆေးဆေး ဖြစ်နေရသည် ဆိုသည်ကို ဝမ်ချွမ်းမန် တစ်ယောက် သိချင်နေခဲ့သည်။

"အမေ သခင်ကြီးကျန်းကို သိလို့လား"

အဖွားအိုဝမ်မှ ပြန်ပြောလိုက်သည်။

"နင်တို့ထက် ပိုစောပြီး တွေ့ဖူးတာတော့ မဟုတ်ပါဘူး"

ကျောင်းကျန်းသည် အရင်တွင် သူတို့ ကယ်တင်ခဲ့ဖူးသည့် လူဆိုသည်ကိုသာ ရွာသားများ သိထားကြပြီး ဖြစ်သော်လည်း သူသည် သာမန် အရာရှိ တစ်ယောက်ဟုသာ သူတို့ ထင်ထားကြခြင်း ဖြစ်သည်။ ကျောင်းကျန်းသည် မည်မျှ အာဏာရှိသည် ဆိုသည်အား သူတို့ လုံးဝ မသိကြချေ။

တကယ်တမ်းတွင် အဖွားအိုဝမ်သည်လည်း မသိပါချေ။ ထို့တိုင် သူမ အကြမ်းဖျင်း ခန့်မှန်း၍ ရပေသည်။ အနည်းဆုံးတွင် သူသည် ယခု အချိန်တွင် စကားပြောဆိုခွင့်နှင့် ဆုံးဖြတ်ချက် ချပိုင်ခွင့် ရှိနေပြီ ဖြစ်သည်။

"သခင်ကြီးကျန်းနဲ့ တွေ့ရင် ကျွန်တော်တို့ ဘာပြောကြမလဲ အကြောင်းစုံ အကုန် ပြောပြရမှာလား ဒါပေမဲ့ အောင်သွယ်တော်မက ကောလာဟလ ဖြန့်ရုံပဲလေ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ"

ဤသည်မှာ ညီအစ်ကိုများ တွေးနေသည့် ကိစ္စလည်း ဖြစ်ပေသည်။ သူတို့အထင်တွင်မူ ထို အောင်သွယ်တော်မားသည် အတင်း ပြောသည်မှ လွဲ၍ တခြား မည်သည်ကိုမှ လုပ်မထားခဲ့ချေ။ အရာရှိများသည်လည်း သူတို့ပြောသည်အား ဂရုစိုက်ပါ့မည်လား။

အောင်သွယ်တော်များသည် သူတို့၏ ဂုဏ်သိက္ခာအား အပြင်တွင် ဖျက်ဆီးနေပါသည်ဟု အရာရှိများအား သွားတိုင်မည် ဆိုလျှင်ပင် ပြဿနာသေးသေးလေးအား အကြီးကြီးချဲ့နေသကဲ့သို့ ဖြစ်နေလိမ့်မည် မဟုတ်ပါလား။ အဖွားအိုဝမ်သည် ပြုံးယောင်သမ်း သွားခဲ့သည်။

"ကောလာဟလရဲ့ စွမ်းအားကို လျှော့မတွက်နဲ့ လျှာတစ်ဖျားရဲ့ စွမ်းအားကြောင့် လူဘယ်နှယောက်များ ရှုံးနိမ့်ခဲ့ရပြီလဲ"

ဝမ်ချွမ်းမန်မှ ထပ်မေးချင်သေးသော်လည်း အဖွားအိုဝမ်သည် ခေါင်းငုံ့ပြီး လက်ဖက်ရည် သောက်နေပြီ ဖြစ်သည်။ ခရိုင်ရုံးတော်မှ လက်ဖက်ရည်သည် သူတို့အိမ်တွင် ပျားရည်ပန်းနှင့် ဖြစ်သလို ဖျော်သောက်သည့် လက်ဖက်ရည်ထက် အများကြီး ပိုကောင်းလှသည်။ ပူစီနံရွက် လက်ဖက်ရည်ထက်လည်း ပိုကောင်းသေးသည်။

ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်တို့ တွေးတောနေစဉ် အတွင်းမှာပင် အဖွားအိုဝမ်သည် သရေစာများ၏ တစ်ဝက်လောက်ကို စားပစ်လိုက်ပြီ ဖြစ်သည်။ သူတို့ အပြင်ထွက်လာချိန်တွင် အစားအသောက် အများအပြား မသယ်လာခဲ့ကြချေ။ အဖွားအိုဝမ်မှာ ဗိုက်ဆာနေပြီ ဖြစ်သည်။

တစ်နာရီ ကြာ ပြီးနောက် ကျောင်းကျန်းသည် သူ၏ အလုပ်များအား အကုန် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှသာ လူများ စောင့်နေသေးသည် ဆိုသည်အား သူ သတိရသွားခဲ့ကာ ဘေးဘက် ဧည့်ခန်းဆောင်ဆီသို့ အလျင်စလို သွားလိုက်တော့သည်။

နောက်ဆုံးတွင် သူသည် ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်နေသည့် လူနှစ်ယောက်နှင့် ဆံပင်ဖြူဖြူ အဘွားကြီး တစ်ယောက်အား တွေ့လိုက်ရသည်။ သူမသည် ကိုယ်အားစောင်း ခေါင်းကိုမှီ၍ ကုလားထိုင်ပေါ်မှာ အိပ်ပျော်နေခြင်း ဖြစ်သည်။

ရုတ်တရက် ကြည့်လိုက်မိချိန်တွင် ကျောင်းကျန်းက သူမ ဤနေရာမှာတင် သေသွားပြီလို့ ထင်လိုက်မိခြင်း ဖြစ်သည်။ သူ အလွန် လန့်သွားသည့် အတွက် အသည်းနှလုံးများပင် ကျွတ်ကျမတတ် ဖြစ်သွားရတော့သည်။

"အမေ သခင်ကြီး ရောက်လာပြီ"

ဝမ်ချွမ်းဖူသည် ကျောင်းကျန်းအား မြင်လိုက်သည်နှင့် အဖွားအိုဝမ်အား အမြန် နှိုးလိုက်လေသည်။ ဝမ်မိသားစုမှ လူတစ်ယောက်ယောက် ဖြစ်လိမ့်မည် ဟု ကျောင်းကျန်း အစကတည်းမှ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထင်သည့်အတိုင်းပင် ဖြစ်သည်။

"ဒေါ်လေးဝမ် ဘာလို့ ဒီလောက် ညဉ့်နက်ကြီး ရောက်လာရတာလဲ"

အဖွားအိုဝမ်သည် အထူး လေးနက်သည့် မျက်နှာထားဖြင့် မတ်တတ်ရပ်လိုက်သည်။

"သခင်ကြီးကျန်း တကယ်တော့ ကျွန်မ သခင်ကြီးကို ဒုက္ခမပေးသင့်ပါဘူး ဒါပေမဲ့ ဒီကိစ္စက အရမ်း အရေးကြီးတယ်လို့ ထင်လို့ပါ သခင်ကြီးကိုတော့ အသိပေးမှ ဖြစ်မယ်လို့ ထင်လို့ပါ မကြာသေးခင်က ကျွန်မတို့ နန်ဟယ်မြို့နယ်ထဲမှာ လူတော်တော်များများက မကောင်းတဲ့ ကောလာဟလတွေ ဖြန့်နေကြတယ် စုံစမ်း ကြည့်လိုက်တော့ တစ်ဖက်လူတွေက တကယ်တော့ ဇာစ်မြစ် မသိရတဲ့ တာအိုဘုန်းကြီးတွေနဲ့ ပူးပေါင်းကြံစည်နေတဲ့ အောင်သွယ်တော် တစ်စု ဖြစ်နေတယ်"

ကျောင်းကျန်း အံ့သြသွားရလေသည်။ အောင်သွယ်တော်များသည် တာအိုဘုန်းကြီးများဖြင့် ပူးပေါင်း ကြံစည်နေသည်။

‘ဒါက ဘာကြီးလဲ’

ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်တို့အင် မနေနိုင်စွာ ပါးစပ် အဟောင်းသား ဖြစ်သွားကြကုန်သည်။ သူတို့အမေ ဖြစ်သူသည် မည်သို့သော အကြောင်းအရာအား ပြောနေလေသနည်း။ အဖွားအိုဝမ်မှ ဆက်ပြောပြန်သည်။

"အောင်သွယ်တော်တွေက တရားဝင် အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး သူတို့က လွတ်လပ်တဲ့ အောင်သွယ်တော်တွေနဲ့ ဖွဲ့စည်းထားတာပါ သေချာတာပေါ့ တာအိုဘုန်းကြီးတွေကလည်း တောကြိုအုံကြားက တာအိုဘုန်းကြီးတွေပါပဲ တရားဝင် မှတ်ပုံတင်ထားတာ မဟုတ်ပါဘူး အခုချိန်မှာ တရားဝင် သိုင်းဂိုဏ်းတွေတောင် ဧကရာဇ် နန်းတော်ကို သတင်းပို့ရသေးတယ် ဒါပေမဲ့ ဒီအောင်သွယ်တော်တွေနဲ့ တာအိုဘုန်းကြီးတွေကတော့ ဥပဒေပြင်ပမှာ ရောက်နေကြတယ်လေ”

“လူတိုင်းက အရာရှိတွေကို လေးစားကြပေမယ့် အောင်သွယ်တော်တွေကိုလည်း အရမ်း ယုံကြည်ကြတယ် ဘာပဲဖြစ်ဖြစ် အောင်သွယ်တော်တွေမှာ လုပ်ပိုင်ခွင့် အများကြီး ရှိတယ်မလား မိသားစုတိုင်းရဲ့ မင်္ဂလာကိစ္စက အောင်သွယ်တော်တွေ အပေါ် မူတည်နေတာကိုး ဒါ့အပြင် တာအိုဘုန်းကြီးတွေကို လူတိုင်းက လေးစားတာကလည်း နတ်ဘုရားတွေကို ကြည်ညိုတဲ့ စိတ်ကနေ လာတာပါ တာအိုဘုန်းကြီးတွေက အပြင်မှာ ပြစ်မှုတွေ ကျူးလွန်မယ်ဆိုရင် နတ်ဘုရားတွေကို စော်ကားတာ မရောက်ဘူးလား”

“သာမန်အရပ်သားတွေက ဒါကို ခွဲခြားသိမြင်နိုင်စွမ်း မရှိကြဘူးလေ အရင်တုန်းက ကျွန်မတို့ မိသားစု တောထဲမှာ နေတုန်းက ဒါကို ကြားဖူးခဲ့တယ် ဒေသခံ အောင်သွယ်တော်တွေနဲ့ တာအိုဘုန်းကြီးတွေသာ တကယ်ပဲ ပူးပေါင်း ကြံစည်နေမယ် ဆိုရင် သူတို့က ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းနဲ့ ဖုံးကွယ်ထားနိုင်လိမ့်မယ်တဲ့"

ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်တို့သည် အစပိုင်းတွင် စကားလုံး အနည်းငယ်အား နားလည်နိုင်သေးသည့်တိုင် ကျန်သည့် အပိုင်းများသည် အလွန်ပင် ရှုပ်ထွေးလွန်းနေခဲ့သည်။ သို့သော် ကျောင်းကျန်းမှာမူ အဖွားအိုဝမ် ဆိုလိုသည်အား နားလည်နေခဲ့သည်။

"ဒေါ်လေးဝမ် ဆိုလိုချင်တာက တစ်ယောက်ယောက်က ပြည်သူတွေရဲ့ ခံစားချက်တွေကို အသုံးချပြီး ပြည်သူတွေကို လှည့်စားနေတယ်ပေါ့ ဘယ်လောက်တောင် ရဲတင်းလိုက်ကြသလဲ"

All Chapters