ကျွန်တော်တို့ စီးပွားရေး လုပ်ချင်တယ်
Vol. 9 Ch. 132
လျိုရှီမှ ပြောလိုက်သည်။
"ငါတို့ ပြန်သွားပြီး ဒီကိစ္စကို ဆွေးနွေးရဦးမယ် စီးပွားရေးဆိုတာ အဲဒီလောက် မရိုးရှင်းဘူးလေ"
"သစ်သီးတွေက ခူးပြီးရင် ရက်နည်းနည်းလောက်ပဲ အထားခံတာ အဒေါ်တို့ အရင်ဆုံး သစ်သီးခြောက် တချို့ လုပ်ထားပြီး ကျန်တာတွေကို သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်လို့ရတယ်"
ချင်ဟွိုင်မှ ပြောလိုက်သည်။
"အရမ်း အချိန်ဆွဲနေရင် ဒီစီးပွားရေးက ဆက်လုပ်လို့ မရတော့ဘူး ဘာလို့လဲဆိုတော့ သကြားလုံးရည်စိမ် သစ်သီးချောင်းတွေက အရည်ပျော်လွယ်လို့ပဲ"
လျိုရှီမှ ပြန်ဖြေလိုက်သည်။
"ဒါဆို အဒေါ်တို့ မနက်ဖြန် အဖြေပေးမယ်လေ"
လျိုရှီသည် ချင်ဟွိုင်အား မည်သည့်အခါတွင်မှ အထင်မသေးခဲ့ချေ။ တစ်ဖက်လူသည် အသက် ခုနစ်နှစ်အရွယ် ကလေး တစ်ယောက်မျှသာ ဖြစ်ကာ ပိန်ပိန်သေးသေးလေး ဖြစ်နေလျှင်ပင် ဤကဲ့သို့ စွမ်းအားကြီးလှသည့် လူတစ်ယောက်အား ရွာမှာ လာနေရန် ခေါ်လာနိုင်ခဲ့ကာ သူ့ဘာသာသူ ဆုံးဖြတ်ချက်များ ချနိုင်လေသည်။ ထိုအချက်အား ကြည့်ရုံဖြင့် သူသည် ရွာထဲမှ ကလေးများ အကုန်လုံးထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
သူတို့သည် သူ့အား ကလေး တစ်ယောက်ကဲ့သို့ သဘောထား၍ မရချေ။ သူ စကားပြောလျှင် သဘာဝကျကျပင် ပို၍ သတိထားရမည် ဖြစ်သည်။ ချင်ဟွိုင်မှ ပြန်ပြောလိုက်သည်။
"စတုတ္ထအဒေါ်ရဲ့ စကားကို နားထောင်ပါ့မယ်"
သူ့၏ နှိမ့်ချသည့် သဘောထားကြောင့် လျိုရှီသည် အနည်းငယ် ဝမ်းသာသွားမိသည်။ လူကြီး တစ်ယောက် အနေဖြင့် လေးစားခံရသည်မှာလည်း အသိအမှတ်ပြုခံရမှု၏ အခြားသော ပုံစံတစ်ခုပင် ဖြစ်သည်။ သို့သော် လျိုရှီသည် မိသားစုနှင့် တိုင်ပင်ရန် အတွက် စောင့်ရဦးမည် ဖြစ်သည်။
သူတို့သာ ဤသည်အား စီးပွားရေး အဖြစ် အမှန်တကယ် လုပ်ပြီး ချက်ချင်း သွားရောင်းကာ အမြတ်ထုတ်မည် ဆိုလျှင် အလွန် လွယ်ကူလွန်းနေလိမ့်မည် ဖြစ်သည်။ လက်တွေ့မှာမူ ဖြေရှင်းရမည့် ပြဿနာများ ပေါင်းစုံ ရှိနေဦးမည် ဖြစ်သည်။
လျိုရှီရဲ့ ဗဟုသုတသည် အကန့်အသတ် ရှိကာ သူမ သတိထားရန် လိုအပ်သည့် မည်သို့သော ပြဿနာများ ရှိနေသည် ဆိုသည်အား သူမ သေချာ မသိပါချေ။ သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် ပြန်သွားပြီးနောက် သူမ၏ ယောက္ခမဖြစ်သူနှင့် တိုင်ပင်ဖို့သာ ဖြစ်သည်။
ထို့နောက်တွင်မူ ယောက္ခမသည် ခရိုင်မြို့တော်တွင် ရှိနေသေးကာ မည်ည့် အချိန်တွင်မှ ပြန်လာမည် အား မသိသေးသည်ကို သူမ သတိရသွားတော့သည်။ သူမသည် ဤကိစ္စအား လောလောဆယ်တွင် ခဏဖယ်ထားလိုက်ရုံသာ တတ်နိုင်လေသည်။
ကလေးများမှာမူ အလွန် စိတ်လှုပ်ရှားနေကြလေသည်။ လယ်ထဲမှ သစ်သီးများသည် အကုန် မခူးရသေးချေ။ တစ်ခါတလေ ရွာသားများသည် သစ်သီးပင်များအား သွားကြည့်တတ်ကြလေသည်။ တစ်ခါတရံ ကျလျှင်လည်း အကုန်လုံးသည် တစ်လုံး နှစ်လုံးလောက် ခူးပြီး စမ်းစားကြည့်ကြလေသည်။
ကလေးများသည် အလွန် ရက်ရောကြလေသည်။ အရသာ မြည်းကြည့်ရန် အားနာနေသည့် လူများဖြင့် တွေ့လျှင် သူတို့မှ ကိုယ်တိုင် ဦးဆောင်ပြီး ခူးပေးတတ်ကြသေးသည်။
ထိုကဲ့သို့သော အပြုပမူများသည် သဘာဝကျကျပင် လူတိုင်း၏ ချီးကျူးမှုအား သူတို့ ရရှိကြလေသည်။ ဝမ်မိသားစု၏ ကလေးများသည် အလွန်ပင် သိတတ်ကြသည်ဟု ရွာသားများ အားလုံးမှ ပြောကြလေသည်။ ထို့နောက်မှာမူ သူတို့သည် ဤအရာများအား သစ်သီးခြောက် လုပ်ချင်နေကြခြင်း ဖြစ်သည်ဟု ကြားလိုက်ရတော့သည်။ ထိုသစ်သီးများအား သိမ်းမထားနိုင်အား ကြောက်၍ ဖြစ်ရပေမည်။
"ငါတို့ အကူအညီ လိုသေးလား ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ရက်နည်းနည်လောက်က အိမ်မှာ လုပ်စရာရှိတာတွေ အကုန်လုပ် ပြီးသလောက် ဖြစ်နေပြီ"
ဟု စိတ်ထားကောင်းသည့် ရွာသား တစ်ယောက်မှ မေးလိုက်လေသည်။ ဝူစန်းလန်၏ သူငယ်ချင်းများ ရောက်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မြေကြီးပေါ်မှ တောရိုင်းသစ်သီးများအား ကြည့်ကာ သူတို့ သွားရည် ကျနေကြတော့သည်။ နောက်ဆုံးတွင် သူတို့သည် ဖြစ်သလို မခူးကြဘဲ ဝမ်ဝူလန်တို့နှင့် တိုင်ပင်ကြတော့သည်။
"ဝူလန် မင်းတို့ကို သစ်သီးတွေ စုပေးပြီး အဲဒီ သစ်သီးခြောက် လုပ်ပေးမယ် အဲဒီအစား ငါတို့ကို စားဖို့ သစ်သီးတချို့ ပေးရင် ဘယ်လိုလဲ"
ဝမ်ဝူလန်မှ ပြောလိုက်သည်။
"ငါတို့က သူစိမ်းတွေမှ မဟုတ်တာ စားချင်ရင် ယူသာ စားပါ ဘာပဲဖြစ်ဖြစ် အများကြီး ရှိတာပဲ မင်းတို့ ကူညီနိုင်ရင် အရမ်းကောင်းတာပေါ့ ငါတို့က ဒီဟာတွေကို ယူပြီး စီးပွားရေး သွားလုပ်မလို့ပဲ ဒါပေမဲ့ လူကြီးတွေကိုတော့ အကူအညီ မတောင်းချင်ဘူး လူကြီးတွေမှာလည်း သူတို့လုပ်စရာ အလုပ်တွေ ရှိတယ်လေ ဒါကို ငါတို့ဘာသာ လုပ်သင့်တယ်"
ဟုတ်ပေသည်။ သကြားလုံးရည်စိမ် သစ်သီးချောင်း စီးပွားရေး လုပ်ငန်းအား စလုပ်မည် ဆိုလျှင်ပင် သူတို့ဘာသာ လုပ်နိုင်လောက်သည် ဟု ကလေးများမှ တွေးထားကြခြင်း ဖြစ်သည်။ အချိန်တန်လျှင် စတုတ္ထအဒေါ်အား မည်သို့ လုပ်ရမည် ဆိုသည်အား သင်ပေးခိုင်းလိုက်ရုံသာ ရှိသည်။
မည်သို့ပင် ဆိုစေ လျိုရှီ သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်ချိန်တွင် သူတို့ အကုန်လုံး ဘေးမှနေ ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့ ကြည့်နေခဲ့သော်လည်း တိုင်ပင်ရန် လိုအပ်သည့် နည်းပညာ တချို့မှာမူ ရှိသေးပေသည်။ သူတို့သာ အရာအားလုံးကို ကိုယ်တိုင် လုပ်နိုင်လျှင် မြို့တွင် ရောင်းချသည့် ကိစ္စအားလည်း ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။
ဤမြေသည် သူတို့၏ မြေပင် ဖြစ်သည်။ ထို မြေမှနေ ထွက်လာသည့် အရာများအား ကိုင်တွယ်ရန်လည်း သူတို့၏ အပေါ်မှာသာ မူတည်ပေသည်။ ထိုသည်မှာ သူတို့ စဉ်းစားရမည့် ကိစ္စသာ ဖြစ်သည်။ ထို အချက်များသည် အစကတည်းမှ အဖွားအိုဝမ်သည် သူတို့နှင့် သဘောတူ ထားခဲ့ခြင်း ဖြစ်ပေသည်။ ဟူစန်းဖန် မှ အရမ်းအံ့ဩသွားခဲ့သည်။
"မင်းတို့က ဘာစီးပွားရေး လုပ်မှာလဲ ဒီ တောရိုင်း သစ်သီးတွေကို ရောင်းမလို့လား တကယ်ကို စားလို့ကောင်းပေမယ့် ဝယ်မယ့်သူ ရှိပါ့မလား တောင်ပေါ်မှာ နေရာတိုင်း ရှိနေတာပဲ မဟုတ်ဘူးလား မင်းတို့ဟာက ပိုချိုပြီး ပိုကြီးနေတာလေးပဲ ရှိတာ"
တခြား ကလေးများသည်လည်း ထိုအရာအား ရောင်း၍ မရနိုင် ဟု ထင်နေကြခြင်း ဖြစ်သည်။ ဘယ်မိသားစုမှာများ ထိုတောရိုင်းသစ်သီးများ မရှိကြလေသနည်း။
အခုချိန်တွင် နွေဦး၏ အစောပိုင်းကာလများ ဖြစ်သည့် အတွက် တောရိုင်းသစ်သီးများသည် ဖြေးဖြေးချင်း ကြီးထွားသေးဆဲ ဖြစ်သည်။ အချိန် အနည်းငယ် ကြာလျှင် ထို တောရိုင်းသစ်သီးများသည် အမှန်ပင် နေရာတိုင်းတွင် ပေါက်လာတော့မည် ဖြစ်သည်။ အလွယ်တကူ ခူးယူ ရရှိနိုင်သည့် အရာအား တကယ် လိုချင်သည့်သူ ရှိပါ့ဦးမည်လား။ သူတို့သည် အရူးများ မဟုတ်ကြချေ။
"တစ်ယောက်ယောက်ကတော့ လိုချင်မှာ သေချာတယ် ငါတို့ရဲ့ သစ်သီးတွေက နတ်ဘုရားမိုးရဲ့ မျက်နှာသာပေးမှုကို ခံရတာလေ အဲဒီအချိန်ကျရင် ငါတို့က အဲဒီလို ပြောလိုက်တာနဲ့ လာဝယ်မယ့်သူ အများကြီး ရှိမှာ သေချာတယ်"
ထို နည်းလမ်းအား ဝမ်အာ့လန်မှ အကြံပြုထားခြင်း ဖြစ်သည်။ ထို သစ်သီးများ အလွန် မြန်မြန်ဆန်ဆန် ကြီးထွားလာသည်အား တွေ့ပြီးသည့်နောက် ရွာသားများ အကုန်လုံး အလွန်ပင် အံ့အား သင့် သွားကြသည်အား ဝမ်အာ့လန်မှ သတိထားမိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူတို့သည် ဤသည်အား မင်္ဂလာရှိသည့် အရာတစ်ခုဟု ခံစားကြရသည့် အတွက် စားပြီးလျှင် ကျန်းမာလာမည် ဟု တွေး ထင်ကြလေသည်။
ဝမ်အာ့လန်မှ ထိုစကားများအား မှတ်ထားပြီးနောက် သူ၏ ညီများကို ပြောပြခဲ့ခြင်း ဖြစ်သည်။ ဝမ်လျိုလန်မှ ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် အဲဒီအချိန်ကျရင် ငါတို့က ဒါကို နတ်သမီးတွေရဲ့ ရေစင်နဲ့ လောင်းထားတာလို့ ပြောမယ် စားပြီးရင် သူတို့ရဲ့ ကံက ပိုကောင်းလာလိမ့်မယ် သူတို့ ဝယ်မယ်လို့ ထင်လား"
အားယွီလေးမှ လက်အား ပလုတ်တုတ်လေးကဲ့သို့ ခါရမ်းလိုက်လေသည်။
"မရဘူး မရဘူး"
"ညီမလေးအားယွီ ဘာလို့ မရတာလဲ"
"ဘွားဘွားက နတ်ဘုရားမိုး အကြောင်း ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပြောထားတယ်လေ တခြားရွာတွေ သိသွားရင် လာလုကြလိမ့်မယ်တဲ့ ဒါကြောင့် သမီးတို့ ပြောလို့ မဖြစ်ဘူး"
ရွာထဲမှ ကလေးများသည် ထိုသည်အား ကြားချိန်တွင် ‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ တခြားလူတွေက လာလုရဲတယ်လား သူတို့က လာလုတဲ့ ဘယ်သူ့ကိုမဆို ရိုက်ပစ်မယ်’ ဟု အစပိုင်းတွင် ပြောချင်ခဲ့သော်လည်း ရှန်ယန်းရွာအား သွားသတိရ လိုက်မိကြလေသည်။ အမှန်တကယ် တစ်ယောက်ယောက်မှ လာလုလျှက် သူတို့ နိုင်ခဲ့လျှင်ပင် အိမ်မှ လူကြီးများလည်း ဒဏ်ရာရကြလိမ့်မည် ဖြစ်သည်။
ထိုတိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် လူကြီးများမှာ အပြည့်အဝ မပျောက်ကင်းသေးသည့်် ဒဏ်ရာတချို့ ရှိနေကြသေးသည်။ လယ်လုပ်သည့် အချိန်တွင် သူတို့ အများကြီး ဒုက္ခရောက်ခဲ့ကြရလေသည်။ ဝမ်ဝူလန်မှ အလျင်စလို ပြောလိုက်တယ်။
"ဒါဆို ငါတို့ ဘာမှမပြောတော့ဘူး ငါတို့ရွာ အတွက် ပြဿနာ မဖြစ်စေရဘူး ဒါကို သီးသန့် လျှို့ဝှက်ချက် ဖော်မြူလာလို့ပဲ ပြောကြတာပေါ့"
[ဒါက တကယ်ပဲ သီးသန့် လျှို့ဝှက်ချက် ဖော်မြူလာတစ်ခုပါ ဘာပဲဖြစ်ဖြစ် ဒီသစ်သီးက မင်းတို့ ကမ္ဘာမှာ တစ်ခုတည်းပဲ ရှိတာလေ]
[မင်းတို့သာ သေချာ ဂရုစိုက်ရင် ဒီသစ်သီးကို ၁၀ နှစ် ဒါမှမဟုတ် ၈ နှစ်လောက် စိုက်ဖို့က ပြဿနာ မရှိပါဘူး]
အားယွီလေး၏ နေရာလွတ်ထဲတွင် စိုက်ထားသည့် တောရိုင်းသစ်သီးများသည် အမျိုးအစား တစ်ခုထက်မက ရှိပေသည်။ သို့သော် သူမသည် ယခု အကုန်လုံးအား ထုတ်လိုက်လျှင် အလွန် အာရုံစိုက်ခံရလိမ့်မည် ဖြစ်ရာ ထိုကိစ္စများအား ဖြေရှင်းရန် အတွက် နောက်မှ သေချာ စဉ်းစားရအုန်းမည် ဖြစ်သည်။ အားယွီလေးသည် နေရာလွတ်ထဲမှ အသားလုံးလေးအား မေးလိုက်လေသည်။
"ငါတို့ရဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းကို ဘယ်သူမှ မဝယ်ရင် ဘယ်လိုလုပ်မလဲ"
[ဒါက မဖြစ်နိုင်တာ မဟုတ်ဘူး အဲဒီအချိန်ကျရင် မင်း အကုန်လုံး စားလို့ရတယ်လေ အဲ့ခါကျမှ ငါတို့ တခြားနည်းလမ်းတွေ စဉ်းစားကြတာပေါ့]
ကလေးများသည် အမြဲ အလျင်လို နေတတ်ကြသည်။ ထို့အပြင် ရွာထဲရှိ ကလေးများသည်လည်း စိတ်အားထက်သန်စွာဖြင့် လာကူညီကြသည့် အတွက် သစ်သီး တစ်ဝက်လောက်အား မြန်မြန်ဆန်ဆန်ပင် ခူးဆွတ်နိုင်ခဲ့ကာ ခြင်းတောင်းကြီး တစ်လုံး အပြည့် ဖြစ်သွားခဲ့သည်။
အဖွားအိုဝမ် စိုက်ထားသည့် အပင်ဆယ်ပင် အပြင် စိတ်ဝိဉာဉ်စမ်းရေဖြင့် လောင်းထားသည့် တချို့လည်း ရှိသေးပေသည်။ ထိုသည်မှာလည်း သစ်သီးများ အများအပြား တွဲလောင်းကျနေခဲ့သည်။ တစ်ခုတည်းသော အချက်မှာ ထိုသစ်သီးများသည် နည်းနည်း ပိုသေးလျှက် ရှိကာ အရသာမှာလည်း အနည်းငယ် ချဉ်ပေသည်။
နေ့လယ်ပိုင်းတွင်မူ အဖွားအိုဝမ် ပြန်ရောက်လာခဲ့ကာ မိသားစုတစ်ခုလုံး၏ နွေးထွေးလှသည့် ကြိုဆိုမှုအား ရရှိခဲ့လေသည်။ လူကြီးမှ နေ ကလေး အထိ အားလုံး အလွန် စိတ်လှုပ်ရှားနေကြတော့သည်။ အဖွားအိုဝမ်မှ သူတို့အား သံသယဝင်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"ငါ အိမ်မှာ မရှိတုန်း နင်တို့ မကောင်းတာ တစ်ခုခု လုပ်ထားသေးလား"
‘မဟုတ်ရင် ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်နေကြတာပါလိမ့်’
အားယွီလေးမှ ပြောလိုက်သည်။
"မဟုတ်ပါဘူး ဘွားဘွား သမီးတို့ မကောင်းတာ ဘာမှ မလုပ်ပါဘူး ဘွားဘွားကို အကူအညီ တောင်းစရာလေး ရှိလို့"
အားယွီလေး၏ စကားအား ကြားချိန်တွင် အဖွားအိုဝမ်၏ မျက်နှာပေါ်မှ အပြုံးသည် ပို၍ တောက်ပလာခဲ့သည်။ သူမသည် အားယွီလေးအား ပွေ့ဖက်ပြီး နူးညံ့လှသည့် လေသံဖြင့် မေးလိုက်သည်။
"အို အဘွားဆီက ဘာအကူအညီ လိုလို့လဲ"
အဖွားအိုဝမ်သည် ဤကလေးများ တခြား မည်သည်ကိုမှ မစဉ်းစားတတ်ဘူးဟု ထင်လိုက်ခြင်း ဖြစ်သည်။ သူတို့ သူမ၏ အကူအညီ လိုနေတုန်းသာ ဖြစ်သည်။ သူတို့ တစ်ခုခု ထပ်လုပ်ချင်နေကြပြန်ပြီ ထင်သည်။ ကလေးများ အားလုံးသည် ဝမ်တာ့လန်အား ကြည့်လိုက်ကြလေရာ သူသည် သတ္တိမွေးပြီး ပြောလိုက်သည်။
"အဘွား ကျွန်တော်တို့ စီးပွားရေး လုပ်ပြီး လယ်ထဲက သစ်သီးတွေကို ရောင်းချင်လို့ပါ"
"နင်တို့ မျောက်လောင်းလေးတွေက စီးပွားရေး လုပ်ချင်သေးတယ်ပေါ့ ဟုတ်လား မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး ဆုံးရှုံးသွားအောင် လုပ်မလို့လား သစ်သီးတွေကို ရောင်းချင်သေးတယ်ပေါ့ ဒီခေတ် ဒီအခါမှာ အဲဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး အစားအသောက် ရောင်းဖို့တောင် မလွယ်ဘူး အဲဒီ တောရိုင်းသစ်သီးတွေကို ရောင်းလို့ရရင် နင့်အဘိုးရဲ့ နာမည်ကို ပြောင်းပြန် ရေးပစ်လိုက်မယ်"
စကားနည်းလှသည့် အဖိုးအိုဝမ်မှာမူ ပြောရန် စကား မဲ့သွားသည့် အဖြစ် အား ထပ်မံ၍ ကြုံတွေ့လိုက်ရတော့သည်။
‘ မဟုတ်သေးပါဘူး ဘာလို့ ငါ့အကြောင်း ထပ်ပါလာရပြန်တာလဲ’