သကြားလုံးရည်စိမ် သစ်သီးချောင်းများ ရောင်းချခြင်း
Vol. 9 Ch. 133
"အဘွား ကျွန်တော်တို့က သစ်သီးတွေကို တိုက်ရိုက် ရောင်းမှာ မဟုတ်ဘူး သကြားလုံးရည်စိမ် သစ်သီးချောင်းတွေနဲ့ သစ်သီးခြောက်လို့ ခေါ်တဲ့ အရာတွေကို ရောင်းမှာ"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် သကြားလုံးရည်စိမ် သစ်သီးချောင်းတွေကို ဘေးအိမ်က ချင်ဟွိုင်ဆီက သကြားနဲ့ လုပ်ထားတာ ကျွန်တော်တို့က သစ်သီးတွေ ထုတ်ပေးပြီး စတုတ္ထအဒေါ်ကို သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်ပေးဖို့ အကူအညီ တောင်းမလို့ ပြီးရင် မြို့မှာ သွားရောင်းမယ်လေ"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် သစ်သီးခြောက်တွေ ရပြီဆိုရင် အဲဒါတွေကိုပါ ရောင်းမယ်"
"ပြီးတော့ ကျွန်တော်တို့က စိုက်ဖို့ တောရိုင်းသစ်သီးတွေ ထပ်ရှာဦးမှာ အချိန်တန်ရင် တောင်ပေါ်မှာ ပိုစိုက်မယ် နောင်ကျရင် ကျွန်တော်တို့ စီးပွားရေး ပိုကောင်းလာရင် သစ်သီးတွေ မလောက်တော့မှာ စိုးလို့"
အားလုံးသည် တစ်ယောက်တစ်ပေါက်ဖြင့် ဝင်ပြောနေကြကာ အဖွားအိုဝမ်အား အခြေအနေ ကို အကြမ်းဖျင်း ရှင်းပြလိုက်ကြလေသည်။ အဖွားအိုဝမ်မှ ထိုစကားများအား ကြားပြီးသည့်နောက်တွင် သူတို့အား ရေခဲရေဖြင့် မပက်လိုက်သည့်တိုင် အလွယ်တကူလည်း လက်မခံခဲ့ချေ။
သူမ၏ မြေးများသည် နဂိုကတည်းမှ စိတ်အားထက်သန် နေကြခြင်း ဖြစ်ရာ အဖွားအိုဝမ်မှ ခွင့်မပြုသည်အား မြင်ချိန်တွင် အနည်းငယ် စိတ်ဓာတ်ကျ သွားကြလေသည်။ စိတ်မရှည်သည် ဝမ်စန်းလန်မှ မေးလိုက်လေသည်။
"အဘွား ဘာလို့ သဘောမတူတာလဲ အဘွားကို ဒုက္ခမပေးပါဘူး"
"စီးပွားရေးဆိုတာ နင်တို့ ထင်သလောက် မလွယ်ဘူး မြို့ပေါ်ကို သွားကြည့်ပြီးပြီလား လန်ဟယ်မြို့လို မြို့ငယ်လေးမှာတောင် သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းတဲ့ဆိုင်က သုံးဆိုင်ထက်မက ရှိတယ် နင်တို့က သူတို့ဆီက စီးပွားရေးကို လုယူမလို့လား လူတိုင်းက အဲဒီ ဆိုင်သုံးဆိုင်က သကြားလုံးရည်စိမ် သစ်သီးချောင်းကို စားနေကျပဲလေ ရောင်းရဖို့က တကယ်ပဲ အဲဒီလောက် လွယ်မယ်ထင်လား ဒါ့အပြင် နင်တို့ရဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းက တခြားသူတွေထက် သေချာပေါက် အရသာ ပိုကောင်းမယ်လို့ ဘယ်လိုနည်းနဲ့ အာမခံ နိုင်လို့လဲ အရသာ မကောင်းရင် ဘယ်သူက ဝယ်မှာလဲ ရေရှည်စီးပွားရေး ဘယ်လိုလုပ်မလဲ “
“ပြီးတော့ နင်တို့က ဘေးအိမ်က ချင်ဟွိုင်ဆိုတဲ့ ကလေးနဲ့ တွဲလုပ်ချင်တယ် လို့ ပြောတယ် သူက သကြားပေးမယ်လို့ ပြောတယ် ဒါက ပူးပေါင်း လုပ်ဆောင်ချင်တယ် ဆိုတဲ့ သဘောပဲ ပူးပေါင်း လုပ်ဆောင်မှုရဲ့ အခြေခံက ဒီကိစ္စက အမြတ်ထွက်ရမယ်လို့ ဆိုလိုတာလေ ဒါပေမဲ့ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ သူ့ကို လျော်ပေးဖို့ လိုလား မလျော်ပေးဘူး ဆိုရင် သူ အချည်းနှီး နစ်နာသွားမှာ မဟုတ်ဘူးလား ကျရှုံးမှုရဲ့ အကျိုးဆက်တွေကို ဘယ်လို ခံနိုင်ရည်ရှိအောင် လုပ်မလဲဆိုတာကော တွေးပြီးပြီလား"
အဖွားအိုဝမ်သည် သူမ၏ မြေးများအား ယခုလို အများကြီး ပြောပြနေခြင်းသည် ဤသည်မှာ ပထမဆုံးအကြိမ် ပင် ဖြစ်သည်။ သူမသည် သူတို့အား မလှောင်ပြောင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော ဤမြေးများသည် တစ်ခုခုအား အမှန်တကယ် လုပ်ဆောင်ချင်နေကြမှန်း သူမ သိထား၍ ဖြစ်သည်။
ထို့တိုင် ဤကလေးများသည် ငယ်လွန်းလှသေးသည်။ သဘာဝကျကျပင် သူတို့၏ အတွေးအခေါ်များသည် ဤမျှလောက် ပြည့်စုံနေလိမ့်မည် မဟုတ်ချေ။
အဖွားအိုဝမ်၏ စကားများသည် အမှန်ပင် တည်ငြိမ်သွားစေသည့် အာနိသင် ရှိပုံရသည်။ ဝမ်မိသားစု၏ မြေးများသည် အကုန်လုံး တိတ်ဆိတ် သွားကြကုန်သည်။
ဟုတ်ပေသည်။ သူတို့သည် အောင်မြင်ရန် အလားအလာကိုသာ တွေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ရှုံးသွားခဲ့လျှင် မည်သို့ လုပ်ကြမည်နည်း။ ကျရှုံးမှု၏ အကျိုးဆက်များအား သူတို့ အမှန်ပင် ခံနိုင်ရည် ရှိပါ့မည်လား။ သေချာ ဖြေရှင်းနိုင်ပါ့မည်လား။
နောက်ပိုင်းတွင် လူကြီးများအား သူတို့၏ တစ်ခုခု မှားယွင်းစွာ လုပ်မိခြင်း အတွက် ပြဿနာများ ရှင်းခိုင်းရမည် ဆိုလျှင် အဆင်မပြေချေ။ သူမ၏ အစ်ကိုများ စိတ်ဓာတ်ကျသွားသည်အား မြင်ချိန်တွင် အားယွီလေးသည် သူတို့ စိတ်ထိခိုက် သွားပြီ ဆိုသည်အား အကြမ်းဖျင်း သိလိုက်တော့သည်။
"ဒါပေမဲ့ ဒါ သမီးတို့ စမ်းကြည့်မှ သိမှာပေါ့"
အားယွီလေးမှ တစ်လုံးချင်း ပြောလိုက်ခြင်း ဖြစ်သည်။
"ဒါက သမီးတို့ နေ့တိုင်း ထမင်းစားသလိုမျိုးပဲလေ ဒီတိုင်း ကြည့်ရုံ အဲဒီဟင်းနဲ့ ထမင်းက ပူလား နွေးလား ဆိုတာ ညီမလေးတို့ မသိဘူး ဒါကြောင့် စမ်းကြည့်မှ သိမှာလေ ပူမှာကို ကြောက်လို့ မစားဘဲ မနေဘူးမလား အဲဒီအစား မစားခင် မှုတ်စားလိုက်မလား သမီးတို့ အဲဒီလိုမျိုး အရင် စမ်းလုပ်လို့ မရဘူးလား"
ဝမ်အာ့လန်မှ ဉာဏ်အလင်း ပွင့်သွားခဲ့သည်။
"ဟုတ်တယ် ငါတို့က မစခင်ကတည်းက ကျရှုံးမှာကို ကြောက်နေရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး ငါတို့ ရှုံးနိုင်တယ် ဆိုရင်တောင် အရင်ဆုံး ပြင်ဆင် ထားကြတာပေါ့ အဲဒီလိုဆိုရင် ရှုံးသွားရင်တောင် အရမ်းကြီး နာကျင်မှာ မဟုတ်ဘူး ဟုတ်တယ်မလား အဘွား"
ဝမ်တာ့လန်မှလည်း ဆက်ပြောလိုက်သည်။
"အဘွားက ကျွန်တော်တို့ စီးပွားရေး လုပ်တာကို ကန့်ကွက်တာ မဟုတ်ဘူးမလား အဘွားက သေချာလုပ်ဖို့ သတိပေးနေတာပါ ဒါကို ကစားစရာ တစ်ခုလို သဘောထားလို့ မရဘူးလေ"
ဝမ်ဝူလန်မှ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ကျွန်တော်တို့ အလေးအနက် ထားပြီး လုပ်ဖို့ ပြင်ဆင်ထားပါတယ်"
သူတို့သည် ငယ်သေးသော်လည်း မိသားစု၏ စိုးရိမ်ပူပန်မှုများအား မျှဝေခံစားချင်ကြခြင်း ဖြစ်သည်။ သူတို့သည် တောရိုင်းသစ်သီးများအား ဖြစ်သလို စိုက်ခဲ့ကြသော်လည်း နေ့တစ်ဝက်လောက် ဆွေးနွေးပြီးမှ မည်သို့ လုပ်ရမယ်ဆိုသည်အား ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ စီးပွားရေး လုပ်မည် ဆိုသည့် အကြံသည် ရုတ်တရက် ပေါ်လာသည့် အကြံဆိုသော်လည်း သူတို့သည် ထိုမျှလောက် အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ချေ။
သူမမြေးများသည် အတော်လေး စိတ်ပိုင်းဖြတ် ထားသည်အား မြင်ချိန်တွင် အဖွားအိုဝမ်မှ လက်ခါပြပြီး ပြောလိုက်လေသည်။
"ကောင်းပြီ နင်တို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ဆက်လုပ်ကြပါ ဒါပေမဲ့ ငါ အရင်ဆုံး ပြောထားလိုက်မယ်နော် အိမ်က အလုပ်တွေကို နှောင့်နှေးလို့ မရဘူး အထူးသဖြင့် လူကြီးတွေရဲ့ အလုပ်ကိစ္စတွေပေါ့ နင်တို့ လုပ်သင့် လုပ်ထိုက်တာကို အရင်လုပ်ရမယ် စီးပွားရေး လုပ်နေလို့ဆိုပြီး ပုန်းနေပြီး ပျင်းနေလို့ရပြီလို့ မထင်နဲ့"
မြေးများသည် ဝမ်းသာအားရ မဖြစ်ခင်မှာပင် အဖွားအိုဝမ်မှ ထပ်ပြောလိုက်လေသည်။
"ပြီးတော့ နင်တို့ရဲ့ ပညာရေးနဲ့ သိုင်းပညာကိုလည်း နှောင့်နှေးလို့ မရဘူး အချိန်ဘယ်လို စီစဉ်ရမလဲဆိုတာကို ဆရာတွေနဲ့ သွားဆွေးနွေးကြ နောင်ကျရင် နင်တို့ရဲ့ အရည်အချင်းက ဘယ်လိုပဲဖြစ်ဖြစ် စာမေးပွဲတော့ ဖြေရမယ် လူတိုင်းမှာ အခွင့်အရေး နှစ်ခါရှိတယ် တကယ်လို့ မအောင်မြင်ဘူး ဆိုရင်တော့ ဘဝမှာ အောင်မြင်မှုရဖို့ တခြားနည်းလမ်းတွေ စဉ်းစားလို့ရတယ် နားလည်လား"
မြေးများသည် အချင်းချင်း ကြည့်လိုက်ကြလေသည်။ အဖွားအိုဝမ်သည် ထိုစည်းကမ်းချက်များနှင့် မည်သည်အား ဆိုလိုချင်မှန်း သူတို့ မသိသော်လည်း အဘွားဖြစ်သူသည် သူတို့အား ဒုက္ခမပေးဘူး ဆိုသည်ကိုမူ သူတို့ နားလည်ထား ကြပေသည်။
"နားလည်ပါပြီ"
အဖွားအိုဝမ်၏ ခွင့်ပြုချက် ရသွားချိန်တွင် ရှေ့ဆက်ရန် အများကြီး ပိုမြန်သွားတော့သည်။ ကလေးများသည် အလျင်စလို ပြင်ဆင်နေကြတော့သည်။ လျိုရှီသည် အစပိုင်းတွင် သကြားရည် မည်သို့ ကျိုရမည် ဆိုသည်အား သူတို့အား သင်ပေးရန် ရည်ရွယ်ထားသော်လည်း ထိုကလေးများသည် အမှန်ပင် အရည်အချင်း သိပ်မရှိကြပါချေ။ သူတို့သည် ငယ်လွန်းသေးသည့် အတွက် မီးအပူချိန်အား သေချာ မထိန်းနိုင်၍လည်း ဖြစ်နိုင်ပေသည်။ သကြားများ အများအပြား အလဟဿ ဖြစ်သွားပြီးသည့် နောက်တွင် အဖွားအိုဝမ်မှ ပြောလိုက်သည်။
"ကဲ သူတို့လုပ်တာ ပထမဆုံးအကြိမ် ဆိုတော့ သူတို့ကို သွားကူညီလိုက်ပါ သူတို့ တကယ်ပဲ အမြတ်ရနိုင်တယ်ဆိုရင် ဒီနည်းပညာကို သူတို့ဘာသာ လေ့လာပါစေ"
သူမသည် ကလေးများ လေ့ကျင့်နိုင်ရန် အတွက် အခုလေးတင် ဝယ်လာသည့် သကြားများအား မပေးခဲ့ချေ။ ထိုအစား ချင်ဟွိုင်၏ သကြားများကိုသာ သုံးလိုက်တော့သည်။ အစောပိုင်း အဆင့် လေ့ကျင့်ရေး ပစ္စည်းများသည်လည်း သူတို့၏ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၏ ကုန်ကျစရိတ်တစ်ခု ဟု သတ်မှတ်၍ ရပေသည်။
အဖွားအိုဝမ်သည် သူတို့၏ စီးပွားရေး ကျရှုံးသွားလျှင် အိမ်မှ သကြားများအား သုံးကာ ချင်ဟွိုင်အား လျော်ပေးဖို့ရန် အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် ကလေးများမှာမူ ထိုအကြောင်းအား မသိကြချေ။ မျက်တောင် တစ်ခတ် အတွင်းမှာပင် နှစ်ရက်ခန့် ကုန်လွန်သွားခဲ့သည်။
အဖိုးအိုဝမ်သည် သူတို့အတွက် ဝါးခြင်းတောင်း အနည်းငယ် လုပ်ပေးခဲ့လေသည်။ သူတို့ ရောင်းချင်သည့် တောရိုင်း သစ်သီးခြောက်များအား ထိုအထဲတွ၍် အကုန်ထည့်ထား ပေးလေသည်။ သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်ရန် သုံးမည့် သစ်သီးများကိုမူ လယ်ထဲမှ လတ်လတ်ဆတ်ဆတ် ခူးရမည် ဖြစ်သည်။
ထိုညတွင်မူ ကလေးများသည် သမ်းဝေရင်းဖြင့် သကြားလုံးရည်စိမ် သစ်သီးချောင်းများ စလုပ်ကြတော့သည်။ သူတို့သည် သကြားရည် မကျိုတတ်သော်လည်း တခြားအလုပ်များ၌ လျိုရှီအား ကူညီပေးနိုင်ကြသေးသည်။ အားယွီလေးပင်လျှင် ဘေးမှနေ သစ်သီးများအား ဆေးကြော သုတ်သင် ပေးနေလေသည်။ သူမလေးသည် အလွန်ကိုမှ အလုပ်ရှုပ်နေခြင်း ဖြစ်သည်။
ထိုအုပ်စုထဲတွင် အားယွီလေးသည် အတက်ကြွဆုံး ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ညဘက်တွင် နေရာလွတ်ထဲ၌ အနားယူထား၍ ဖြစ်သည်။ သန်းခေါင်ယံရောက်ချိန်တွ၍် သူတို့သည် သကြားလုံးရည်စိမ် သစ်သီးချောင်း အချောင်း ၃၀ ကျော် လုပ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ကလေးများသည် သူတို့၏ စားချင်စိတ်များအား မြိုသိပ်ပြီးနောက် တစ်ကိုက်မှ မစားကြချေ။
မိုးလင်းချိန်တွင် သူတို့သည် သကြားလုံးရည်စိမ် သစ်သီးချောင်းများအား မြို့တွင် သွားရောင်းရန် ပြင်ဆင်ကြတော့သည်။ ကလေးများသည် စောစောထ လာကြကာ အကုန်လုံး သမ်းဝေနေကြလေသည်။ ဝမ်တာ့လန်မှ ပြောလိုက်သည်။
"ဒီတစ်ခါ တတိယညီနဲ့ စတုတ္ထညီပဲ ငါနဲ့လိုက်ခဲ့ ကျန်တဲ့သူတွေ ပြန်အိပ်ကြတော့ နေ့လယ်ကျရင် ငါတို့ ပြန်လာခဲ့မယ်"
အားယွီလေးမှ လက်အား အမြင့်ကြီး မြှောက်လိုက်လေသည်။
"အစ်ကိုကြီး အစ်ကိုကြီး ညီမလေး သွားချင်တယ် သွားချင်တယ်"
သူမလေးသည် သူတို့၏ နောက်မှ လိုက်နိုင်ဖို့ အတွက် အသားလုံးလေးအား တမင်နှိုးခိုင်းထားခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ယခု သူမအား လိုက်ခွင့်မပြု ဆိုလျှင် အလွန် ဝမ်းနည်းစရာ ကောင်းလှပေသည်။
ဝမ်တာ့လန်သည် အစပိုင်းတွင် သူ၏ အစီအစဉ်အတိုင်းသာ လုပ်ချင်သော်လည်း အားယွီလေး၏ သနားစရာ မျက်လုံးလေးများအား မြင်ချိန်တွင် အမှန်ပင် မငြင်းနိုင်တော့ချေ။ မည်သည်ကများ သူ၏ ညီမလေးကို ဤမျှလောက် ချစ်စရာကောင်းအောင် လုပ်ခိုင်းထားလေသနည်း။
"အဲဒီကျရင် ငါတို့က ညီမလေးကို သေချာ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး ပြီးတော့ စီးပွားရေး လုပ်တာက အရမ်းပျင်းစရာကောင်းတယ်"
အားယွီလေးမှ ခေါင်းခါလိုက်လေသည်။
"အားယွီက ပျင်းရတာကို မကြောက်ပါဘူး အားယွီလည်း သကြားလုံးရည်စိမ် သစ်သီးချောင်း ရောင်းတာ ကူညီပေးနိုင်တယ် အားယွီက အရမ်းတော်တာ"
သူမသည် သူမ၏ လက်သီး သေးသေးလေးများအား ဆုပ်ပြီး မြှောက်လိုက်လေရာ ကိုယ့်ကိုယ်ကိုယ် အားပေးနေသကဲ့သို့ ဖြစ်နေကာ ဝမ်တာ့လန်၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေခဲ့သည်? ဝမ်စန်းလန်နှင့် ဝမ်စစ်လန်တို့သည်လည်း ဘေးမှနေ၍ တောင်းဆိုနေကြတော့သည်။
"အစ်ကိုကြီး ညီမလေး အားယွီ့ကို လိုက်ခွင့်ပြုလိုက်ပါ သူက ငါတို့ဘေးမှာ ရှိနေရင် ငါတို့ရဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းတွေ တကယ် ရောင်းရနိုင်တယ်"
ဖောက်သည်များသည် သူတို့၏ ညီမလေး မည်မျှ ချစ်စရာကောင်းသည် ဆိုသည်အား မြင်ပြီးနောက် သကြားလုံးရည်စိမ် သစ်သီးချောင်းမား ဝယ်သွားလျှင် မည်သို့ လုပ်မည်နည်း။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ လိုက်ခဲ့"
သူ မည်သို့မျှ မတတ်နိုင်တော့ချေ။ သူမအား မည်သို့ ငြင်းရမည် ဆိုသည်အား သူ အမှန်ပင် မသိတော့ချေ။