← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) ရောမတပ်မှူး၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း အလုပ်အကိုင်နှင့် မဟာချင် အတုအပတိုက်ဖျက်ရေးရုံး၏ လျှပ်တစ်ပြက် နှိမ်နင်းမှု

အနောက်ဘက်ဒေသများရှိ ခူချားမြို့တွင် မွန်းတည့်နေမင်းသည် မြေစေးဖြင့် ပြုလုပ်ထားသော မြို့ရိုးများပေါ်သို့ ကြေးနီရည်များ လောင်းချလိုက်သကဲ့သို့ ပူပြင်းစွာ ကျရောက်နေသည်။

ဤနေရာသည် မြောက်ပိုင်း ပိုးလမ်းမကြီး၏ အချက်အချာကျသော နေရာဖြစ်ပြီး လက်ရှိတွင် မဟာချင်မှ အတုအပပစ္စည်းများ အလုံးအရင်း ဝင်ရောက်လာမှုကြောင့် အဆိုးရွားဆုံး ထိခိုက်နစ်နာနေရသော ဒေသလည်း ဖြစ်၏။ လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ရှန်းယန်စစ်စစ် သို့မဟုတ် နန်းတွင်းသုံး ဟူသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည့် ဈေးဆိုင်များကို နေရာအနှံ့ တွေ့မြင်နိုင်သော်လည်း ခင်းကျင်းပြသထားသော ပစ္စည်းများမှာမူ အနည်းငယ် ထိလိုက်ရုံဖြင့် စုတ်ပြဲသွားနိုင်သော ပိုးသားအယောင်ဆောင်ထားသည့် လျှော်မျှင်များသာဖြစ်ပြီး အကောက်ကောက်အကွေ့ကွေ့ ပုံစံများ ရေးဆွဲထားသည့် မြေအိုးများကလည်း ကြွေထည်များအဖြစ် ဟန်ဆောင်ထားကြသည်။

ထူးဆန်းသော ယာဉ်တန်းတစ်ခုသည် မြို့တံခါးအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာလေသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသည်မှာ တောက်ပလွန်းစွာ အလှဆင်ထားသော အမိုးပွင့် ရထားလုံးတစ်စီးဖြစ်ပြီး ၎င်း၏ အမိုးကို ဧရာမ ဒေါင်းမြီးယပ်တောင် ထီးကြီးတစ်ခုဖြင့် မိုးထား၏။ ထိုထီး၏ အောက်တွင် လုံးဝ ကွဲပြားခြားနားသော ဟန်ပန်အသွင်အပြင် ရှိကြသည့် လူနှစ်ဦး ထိုင်နေကြသည်။

ဘယ်ဘက်ရှိ လူတွင် ရွှေရောင်ဆံပင်နှင့် အပြာရောင် မျက်လုံးများ၊ စင်းတန်းနေသော နှာတံနှင့် ချိုင့်ဝင်နေသော မျက်လုံးအိမ်များ ရှိလေသည်။ သူသည် သေချာစွာ ချုပ်လုပ်ထားခြင်း မရှိသော ချင်စတိုင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော်လည်း သံလွင်ခက်များဖြင့် ရက်လုပ်ထားသည့် ပန်းသရဖူကို ခေါင်းပေါ်တွင် ခေါင်းမာစွာ ဆောင်းထားဆဲဖြစ်၏။ သူသည် ဘဝကို လုံးဝ စိတ်ပျက်ငြီးငွေ့နေပုံရပြီး သူ၏ လက်ထဲတွင် ဧရာမ ဆပ်ပြာတုံးကြီးကို ပိုက်ထားလေသည်။

ထိုသူကား ရောမတပ်မှူးနှင့် လက်ရှိ မဟာချင် အနောက်ဘက်ဒေသများ၏ ပုံရိပ်ကိုယ်စားလှယ် မားကပ်စ်ပင် ဖြစ်သည်။

ညာဘက်ရှိ လူမှာမူ စိတ်အားထက်သန်နေပုံရကာ ခေါက်ယပ်တောင်ကို ဝှေ့ယမ်းနေပြီး သပ်ရပ်စွာ ညှပ်ထားသော နှုတ်ခမ်းမွေးနှစ်ချောင်းက သူ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်နှင့်အမျှ အနည်းငယ် ကော့တက်သွားလေသည်။

ထိုသူမှာ မဟာချင်၏ အသစ်ခန့်အပ်လိုက်သော အနောက်ဘက်ဒေသများ စားသုံးသူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ လျူပန် ဖြစ်၏။

“မားကပ်စ် ငါ့ညီ စိတ်ကိုရွှင်ရွှင်ထားစမ်းပါ…”

လျူပန်က သူ၏ ခေါက်ယပ်တောင် အရိုးဖြင့် မားကပ်စ်ကို ထိုးကာ ပြောလိုက်သည်။

“ဒါက ငါတို့ မဟာချင်ရဲ့ အမှတ်တံဆိပ် ကာကွယ်ရေးစစ်ပွဲမှာ ပထမဆုံး ပစ်ခတ်လိုက်တဲ့ သေနတ်သံပဲ... မင်းရဲ့ မျက်လုံးတွေကို ဟိုဟိုဒီဒီ မကြည့်နဲ့... ရှေ့ကို တည့်တည့်ကြည့်ပြီး ပြုံးထား... လောကကြီးအကြောင်း ဘာမှမသိတဲ့ ဒီတောသားတွေကို နိုင်ငံတကာအဆင့်မီ ဟန်ပန်ဆိုတာ ဘာလဲဆိုတာ ပြသလိုက်စမ်းပါ…”

မားကပ်စ်၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားပြီး ငိုရသည်ထက် ပို၍ နာကျင်ရသော အပြုံးတစ်ခုကို ဖော်ပြကာ ရောမလေသံ ရောနှောနေသော ချင်စကားဖြင့် တီးတိုးရေရွတ်လိုက်၏။

“သခင်လျူပန် ငါက စစ်သည်တော်တစ်ယောက်ပါ... စီဗစ် ရိုမားနပ်စ်... ငါက ရောမနိုင်ငံသားတစ်ယောက်ပါ... ငါ့ကို ခုလိုအဆီခဲကြီးကိုင်ပြီး လူပြက်တစ်ယောက်လို လမ်းတွေပေါ်မှာ လျှောက်သွားခိုင်းတာက ငါ့ကို စော်ကားတာပဲ…”

“စော်ကားတာက ဘာလဲ…*

လျူပန်က မထီမဲ့မြင်ဟန်ဖြင့် နှာမှုတ်လိုက်ပြီး အသံကို နှိမ့်ချကာ ပြောလိုက်လေသည်။

“မင်း မရသေးတဲ့ အာဖန်းနန်းတော်အနီးက အိမ်လေးကို စဉ်းစားကြည့်ပါဦး... အဲဒါက ကျောင်းနဲ့ နီးတဲ့အိမ်ကွ... နောင်ကျရင် မင်းရဲ့ ကလေးတွေက မဟာချင်က မှူးမတ်တွေနဲ့ အတူတူ ကျောင်းတက်ရမှာ... အိမ်တစ်လုံးအတွက် အပြုံးလေးတစ်ခု ရောင်းရတာ ဘာများ ခက်ခဲလို့လဲ... အရင်တုန်းက ငါ ထမင်းတစ်နပ်ရဖို့အတွက် မုဆိုးမတွေအတွက်တောင် ရေသယ်ပေးခဲ့ဖူးတယ်…”

အိမ်အကြောင်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မားကပ်စ်၏ မျက်လုံးထဲမှ အရှက်ရမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရင်ဘတ်ကို ကော့ကာ သူ၏ လက်ထဲရှိ ဆပ်ပြာကို မြှောက်ကိုင်လိုက်ရင်း လမ်းဘေးမှ သူတို့ကို လက်ညှိုးထိုးနေကြသော ခူချားမြို့သူမြို့သားများကို စံမီသော ဟန်ဆောင်အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်လေသည်။

“ဟိုင်း... မဟာချင်က ပြုလုပ်တာ... ကောင်းတယ်... ဆပ်ပြာက... မွှေးတယ်…”

ပတ်ဝန်းကျင်ရှိ သာမန်ပြည်သူများမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

“ကြည့်ကြစမ်း... သရဲဖြူကြီးနဲ့ တူတဲ့လူက စကားပြောနေတယ်…”

“အဲဒါ ဒဏ္ဍာရီထဲက ရောမလူမျိုးဆိုတာလား... သူတို့ရဲ့ မြေကြီးက ရွှေတွေနဲ့ ဖုံးလွှမ်းနေပြီး အိမ်သာတွေတောင် ရွှေနဲ့လုပ်ထားတယ်လို့ ငါ ကြားဖူးတယ်…”

“သူ ဘာကို ကိုင်ထားတာလဲ... ဘာလို့ အဲဒီလောက် ဖြူနေရတာလဲ…”

ယာဉ်တန်း၏ အနောက်ဘက်တွင်မူ သူ၏ ဝူရန်မြင်းပေါ်တွင် စီးနင်းလိုက်ပါလာသော ရှန်းယွီသည် အရှေ့ဘက်မှ ဆူညံသံများကို နားထောင်ရင်း ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သံချပ်ကာကို ဝတ်ဆင်ထားခြင်း မရှိဘဲ ကျောဘက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားသည့် အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ မျက်နှာတွင် ငါ လူသတ်ချင်နေတယ် ဟူသော စာလုံးများ ရေးသားထားသည့်အလား ထင်မှတ်ရလေသည်။

“အစ်ကိုကြီး ငါတို့ တကယ်ပဲ အဲ့ဒီလူဆိုး လျူပန်နောက်ကို လိုက်ပြီး ကုန်ပစ္စည်းတွေ... သွားရောင်းရမှာလား…”

သူ့ဘေးတွင် ရှိနေသော လုံချဲ့မှာ အနည်းငယ် မွန်းကျပ်နေသကဲ့သို့ ခံစားနေရသည်။

“အဲဒါကို ဥပဒေစောင့်ရှောက်ခြင်းလို့ ခေါ်တယ်…”

ရှန်းယွီက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ စူးရှသော အကြည့်များဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

“အနောက်ဘက်ဒေသက ရေတွေက အရမ်းနောက်နေတယ်လို့ အရှင်မင်းကြီးက မိန့်တော်မူခဲ့တယ်... အဲဒီကောင်လေး မော့သုက ဒီနေရာမှာ သူလျှိုတွေ အများကြီး စိုက်ပျိုးထားတယ်... ငါတို့ရဲ့ တာဝန်က အဲဒီသူလျှိုတွေကို ဆွဲထုတ်ဖို့ပဲ…”

ထိုအချိန်တွင် ခူချားနန်းတော်ရှေ့ရှိ ရင်ပြင်၌ ရေတစ်စက်မျှပင် ယိုဖိတ်၍ မရနိုင်လောက်အောင် လူများ ပြည့်နှက်နေလေပြီ။

လျူပန်သည် စင်မြင့်တစ်ခုကို ဆောက်လုပ်ထားပြီး ဈေးကွက်ထဲမှ စုဆောင်းလာသော အတုအပပစ္စည်းများနှင့်အတူ သူ ယူဆောင်လာသော စစ်မှန်သော ထုတ်ကုန်များကိုပါ ခင်းကျင်းပြသထားလေသည်။(၅၃ရဲ့အဆက်ကို ၅၄မှာပြန်ထည့်ထားပုံရပါတယ်။ မူရင်းမှာလည်း ဒီအတိုင်းပါပဲ)

“ခူချားက အစ်ကိုကြီးတို့ အစ်မကြီးတို့ ဆွေမျိုးမိဘတွေအားလုံးပဲ…”

လျူပန်သည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ သံဖြူဖြင့် ပြုလုပ်ထားသော လော်စပီကာကြီးတစ်ခုကို ကိုင်ဆောင်ထားပြီး သူ၏ ဝမ်းဗိုက်မှ ထွက်ပေါ်လာသော အသံဖြင့် သူ၏ တင်ဆက်မှုကို စတင်လိုက်သည်။

“ငါက မဟာချင်က လျူပန်ပဲ... ဒီနေ့ ငါဒီနေရာကို ရောက်လာတာ ကိစ္စနှစ်ခုအတွက်ပဲ... ပထမတစ်ခုက တရားမျှတမှု... ဒုတိယတစ်ခုကလည်း အဲဒီ တရားမျှတမှုအတွက်ပဲ…”

“မင်းတို့အားလုံး ဒေါသထွက်နေကြတယ်ဆိုတာကို ငါ သိတယ်... မင်းတို့က ပိုးထည်တွေကို ဝတ်ဖို့ဝယ်ပေမယ့် ခန္ဓာကိုယ်မှာ အနာတွေ ပေါက်လာတယ်... ရေနွေးထည့်လိုက်တာနဲ့ ကွဲထွက်သွားတဲ့ ကြွေပန်းကန်တွေကို ဝယ်ခဲ့ရတယ်... မဟာချင်က နှလုံးမည်းတယ်လို့ မင်းတို့ ကျိန်ဆဲကြတယ်... ချင်ဧကရာဇ်က မတရားဘူးလို့ ကျိန်ဆဲကြတယ်…”

“ဒါပေမယ့်…”

လျူပန်၏ လေသံ ပြောင်းလဲသွားပြီး ဘယ်ဘက်ရှိ အတုအပပစ္စည်းများကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်၏။

“ဒီအမှိုက်တွေက ငါတို့ မဟာချင်က ထုတ်လုပ်ထားတာ လုံးဝ မဟုတ်ဘူး... ဒါတွေက အဲဒီမီးခိုးငွေ့တွေ ထွက်နေတဲ့ ရှန်းနုံလူယုတ်မာမော့သု ငှားရမ်းထားတဲ့ လက်ကြောမတင်းတဲ့ လက်မှုပညာရှင်တွေက အတုလုပ်ထားတာပဲ…”

စင်အောက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

“စကားပြောတာက လွယ်ပါတယ်... သူတို့အားလုံးမှာ မဟာချင်ရဲ့ တံဆိပ်တုံးတွေ ပါနေတာပဲလေ…”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

“တံဆိပ်တုံးပါတိုင်း အစစ်ဖြစ်သွားရောလား…”

လျူပန်က လှောင်ပြုံးပြုံးလိုက်သည်။

“ငါ့နဖူးပေါ်မှာ ဘုရင်ဆိုတဲ့ စာလုံးကို ထွင်းလိုက်ရင် ငါက ကျားတစ်ကောင် ဖြစ်သွားရောလား…”

သူက လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်၏။

“ဒီနေ့ အစစ်အမှန် ရွှေဆိုရင် မီးကိုမကြောက်ဘူးဆိုတာ ဘာလဲဆိုတာကို မင်းတို့ မျက်လုံးဖွင့်ပြီး ကြည့်ခွင့်ပေးမယ်... ဖန်ခွိုက်... မီးဖိုကို ယူလာခဲ့…”

အင်္ကျီချွတ်ထားသော ဖန်ခွိုက်သည် တောက်လောင်နေသော မီးဖိုကြီးတစ်ခုကို သယ်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာလေသည်။

လျူပန်သည် အတုပြုလုပ်ထားသော ပိုးထည်တစ်စကို ကောက်ယူလိုက်ပြီးနောက် ရှန်းယန်မှ ယူဆောင်လာသော စစ်မှန်သည့် ပိုးထည်တစ်စကို ကောက်ယူလိုက်သည်။

“အားလုံးပဲ သေချာကြည့်ကြ... ဒါက မော့သု ပြုလုပ်ထားတဲ့ ပိုးထည်အတုပဲ... ကိုင်ကြည့်လိုက်ရင် ကြမ်းတမ်းပြီး ချဉ်စူးစူး အနံ့ထွက်နေတယ်... ဘာလို့လဲဆိုတော့ အတုလုပ်ဖို့အတွက် အရည်အသွေးညံ့တဲ့ ဆိုးဆေးတွေနဲ့ ပုပ်ဟောင်းနေတဲ့ လျှော်မျှင်တွေကို အသုံးပြုထားလို့ပဲ…”

သူသည် ပိုးထည်အတုကို မီးအနီးသို့ ယူသွားလိုက်၏။

ဝှစ်...

အမည်းရောင် မီးခိုးလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး စူးရှသော မီးလောင်ကျွမ်းသည့် အနံ့ဆိုးတစ်ခုနှင့်အတူ အထည်မှာ လျင်မြန်စွာ မာကျောသော အမည်းရောင် အခဲများအဖြစ်သို့ ကွေးကောက်သွားလေသည်။

“အဲဒီအနံ့ကို ရလား... အဲ့ဒါက အဆိပ်ပဲ... ခုလိုအဝတ်အစားမျိုးကို ဝတ်ရင် မင်းတို့ရဲ့ အရေပြားတွေ ပုပ်ပွသွားတာ အံ့သြစရာ မဟုတ်ဘူး…”

ထို့နောက် သူသည် စစ်မှန်သော ပိုးထည်ကို မီးတောက်အနီးသို့ ယူဆောင်သွားလိုက်သည်။

မီးတောက်များက ၎င်းကို လျှက်လိုက်သောအခါ မည်သည့် အမည်းရောင် မီးခိုးမှ ထွက်ပေါ်လာခြင်း မရှိဘဲ ဆံပင်မီးလောင်သည့် အနံ့သင်းသင်းလေးသာရရှိကာ ပြာများမှာ ထိလိုက်ရုံဖြင့် အလွယ်တကူ ကြေမွသွားပြီး မည်သည့် အညစ်အကြေးမျှ မရှိပေ။

“ဒါက ပိုးထည်ပဲ... ဒါက ပရိုတင်းပဲ... ပိုးကောင်တွေက ထွေးထုတ်လိုက်တဲ့ အနှစ်သာရပဲ…”

စင်အောက်ရှိ ပြည်သူများမှာ အံ့သြမှင်တက်သွားကြ၏။ ခြားနားချက်မှာ အလွန်သိသာလွန်းသဖြင့် အရူးတစ်ယောက်ပင်လျှင် ထိုကွာခြားချက်ကို မြင်နိုင်ပေသည်။

“အခု ကြွေထည်ကို ကြည့်ရအောင်…”

လျူပန်သည် ပကတိ ပျက်စီးသွားသောအခါ လူတစ်ယောက်၏ မျက်လုံးကို ကန်းသွားစေသည်ဟု ဆိုသော ပန်းကန်လုံးအတုကို လက်ညှိုးထိုးပြလိုက်သည်။

“စစ်သူကြီးရှန်း…”

လျူပန်က အော်ခေါ်လိုက်၏။

ရှန်းယွီသည် မျက်နှာသေဖြင့် စင်မြင့်ပေါ်သို့ လျှောက်လာကာ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်၍ ထိုပန်းကန်လုံးအတုကို ဖြည်းညင်းစွာ ခေါက်လိုက်လေသည်။

ခွပ်..

ပန်းကန်လုံးမှာ ကြွပ်ရွသော မုန့်ချပ်တစ်ခုကဲ့သို့ ချက်ချင်းပင် အစအနများအဖြစ်သို့ ကွဲကြေသွားလေသည်။

“အဲဒါကို နားထောင်ကြည့်... အဲဒါ ဘာအသံလဲ... အမိုးကြွေပြားတွေ ကွဲသွားတဲ့ အသံနဲ့ တူတယ်…”

လျူပန်က လှောင်ပြောင်လိုက်၏။

ထို့နောက် ရှန်းယွီသည် စစ်မှန်သော မဟာချင် အပြာနှင့် အဖြူရောင် ကြွေပန်းကန်လုံးတစ်လုံးကို ကောက်ယူလိုက်သည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ အင်အားများကို စုစည်းကာ ကျောက်တုံးခင်းထားသော မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ခလွမ်..

ကြည်လင်ပြတ်သားပြီး သာယာသော သတ္တုနှင့် ကျောက်တုံး ထိခတ်သံက ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

ပန်းကန်လုံးသည် မြေပြင်ပေါ်တွင် နှစ်ကြိမ်ခန့် ခုန်သွားပြီးနောက် လုံးဝ အကောင်းပကတိ ကျန်ရှိနေခဲ့ကာ နေရောင်အောက်တွင် ၎င်း၏ စဉ့်ရောင်လက်နေမှုကိုပင် ရောင်ပြန်ဟပ်နေသေးသည်။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် မိုးခြိမ်းသံကဲ့သို့ လက်ခုပ်တီးသံများ ထွက်ပေါ်လာလေသည်။

“ကောင်းလိုက်တာ... ဒါက တကယ့်ကို နတ်ဘုရားတွေရဲ့ ပစ္စည်းပဲ…”

“ငါတို့ အစစ်တွေကို ဝယ်ချင်တယ်... သခင်လျူပန်... အစစ်တွေက ဘယ်လောက်လဲ…”

လျူပန်သည် ကြက်ခိုးစားထားသော မြေခွေးတစ်ကောင်ကဲ့သို့ ပြုံးလိုက်၏။

“မဈေးကြီးပါဘူး မဈေးကြီးပါဘူး... သူတို့က အတုတွေထက် နည်းနည်းပိုဈေးကြီးပေမယ့် အရည်အသွေးနဲ့ အရေအတွက်ကိုတော့ အာမခံပါတယ်... ပြီးတော့…”

သူသည် မားကပ်စ်ကို စင်မြင့်ရှေ့သို့ တွန်းပို့လိုက်သည်။

“ငါတို့ဆီမှာ ရောမအင်ပါယာ... အိုးမဟုတ်ဘူး... ရောမဆီးနိတ်က အသိအမှတ်ပြု လက်မှတ်လည်း ရှိသေးတယ်…”

မားကပ်စ်သည် စိတ်ကိုတင်းထားကာ လက်မထောင်ပြလိုက်ပြီး တောင့်တင်းသော ခူချားဒေသသုံး စကားဖြင့် အော်ဟစ်လိုက်လေသည်။

“မဟာချင် ပြုလုပ်တာ... ကောင်းတယ်... မော့သု ပြုလုပ်တာ... သောက်ချေးပဲ…”

ရင်ပြင်ထဲရှိ လေထုမှာ ပူပြင်းလာပြီး လျူပန်၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်နေချိန်တွင် လူအုပ်ထဲရှိ အေးစက်သော မျက်လုံးအစုံများစွာက စင်မြင့်ဆီသို့ စူးစိုက်ကြည့်ရှုနေကြသည်။

ဤသူများသည် ဒေသခံဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း ရက်စက်ကြမ်းကြုတ်သော အကြည့်များ ရှိကြသည့် အမျိုးသားများ ဖြစ်ကြ၏။ သူတို့၏ ခါးများတွင် လျှို့ဝှက်ပစ္စည်းများကြောင့် ဖောင်းကားနေလေသည်။

“ခေါင်းဆောင်ကြီး ငါတို့ စတင်လှုပ်ရှားရတော့မလား…”

အမျိုးသားတစ်ဦးက တီးတိုးမေးလိုက်သည်။

“မလောနဲ့…”

ခေါင်းဆောင်ဖြစ်သူ မျက်လုံးတစ်ဖက်ကန်းက ဆိုလေသည်။ သူသည် မော့သု ချန်ထားခဲ့သော လျှို့ဝှက်သူလျှိုများ၏ ခေါင်းဆောင် ဖြစ်သည်။

“အဲဒီလူကောင်ကြီးက သွားစတော့လို့ ရတဲ့လူ မဟုတ်ဘူး... လူတွေ ကွဲသွားပြီး လျူပန် တစ်ယောက်တည်း ကျန်တဲ့အချိန်အထိ စောင့်နေ…”

သူ စကားပြော၍ပင် မဆုံးသေးမီ သူ၏ လည်ပင်းတွင် ရုတ်တရက် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

အေးစက်ပြီး ကြီးမားသော လက်တစ်ဖက်က သူ၏ ပခုံးပေါ်သို့ မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်ကို မသိရပေ။

“ငါ တစ်ယောက်တည်း ကျန်တဲ့အချိန်အထိ စောင့်ချင်နေတာလား…”

ပျင်းရိလေးတွဲသော အသံတစ်သံက သူ၏ နားထဲတွင် ထွက်ပေါ်လာလေသည်။

မျက်လုံးတစ်ဖက်ကန်းမှာ အေးခဲသွားပြီး သူ၏ ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်၏။ လျူပန်သည် မည်သည့်အချိန်ကတည်းက စင်ပေါ်မှ ဆင်းလာသည်ကို မသိရဘဲ အခွံနွှာထားသော ကြံတစ်ချောင်းကို ကိုင်ဆောင်ကာ ပြုံး၍ ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

“မင်း... မင်း…”

“မင်းတွေ ဘာတွေလုပ်မနေနဲ့…”

လျူပန်က ကြံကို တစ်ကိုက် ကိုက်လိုက်သည်။

“မင်းတို့ဆီက သိုးသားနံ့ကို နှစ်မိုင်အကွာကတည်းက ငါ အနံ့ရနေတာ…”

“ညီအစ်ကိုတို့... အလုပ်စလုပ်ကြ…”

လျူပန်၏ အမိန့်ပေးသံနှင့်အတူ ပွဲကြည့်ပရိသတ်များကြားတွင် ရောနှောနေကြသော မဟာချင် လုံခြုံရေးကုမ္ပဏီ ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် ရုတ်တရက် စတင်လှုပ်ရှားကြလေတော့သည်။

“ဒုတ်... ဒုတ်... ဒုတ်…”

တုံးတိတိ အသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။

ထိုသူလျှိုများ သူတို့၏ ဓားများကို မထုတ်နိုင်မီမှာပင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး သူတို့၏ ပါးစပ်များတွင် အနံ့ဆိုးထွက်နေသော ခြေအိတ်များ သွတ်သွင်းခံရကာ လုံခြုံစွာ တုပ်နှောင်ခံလိုက်ရလေသည်။

ရှန်းယွီသည် စင်မြင့်ပေါ်တွင် လက်ပိုက်ကာ ရပ်နေပြီး ဤအရာအားလုံးကို အေးစက်စွာ စောင့်ကြည့်နေလေသည်။

“အမှိုက်ကောင်တွေချည်းပဲ…”

တစ်ချိန်တည်းမှာပင် မိုင်တစ်သောင်းကွာဝေးသော ရှန်းယန်၌။

အာဖန်းနန်းတော်၏ ဓာတုဗေဒအကယ်ဒမီအတွင်း၌မူ လေထုသည် အနောက်ဘက်ဒေသများထက်ပင် ပို၍ တင်းမာနေလေသည်။

နှာခေါင်းစည်း တပ်ဆင်ထားသော ချင်ရှီဟွမ်သည် မီးခိုးဖြူရောင် အမှုန့်ပုံကြီးတစ်ခုကိုကြည့်ကာ စိတ်ရှုပ်ထွေးနေလေသည်။

ဤအရာမှာ ကျန်းချန်နှင့် လျူပန်တို့ ပြန်လည်ပို့ဆောင်လာသော အနောက်ဘက်ဒေသများ၏ ဒေသထွက် အထူးကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် မီးတောင်ပြာများ ဖြစ်သည်။ ပမာဏမှာ မများပြားဘဲ အိုးအနည်းငယ်သာ ရှိသော်လည်း မားကပ်စ်၏ အဆိုအရ ဤအရာသည် ရောမအဆောက်အအုံများ နှစ်တစ်ထောင်တိုင်အောင် မတ်မတ်ရပ်တည်နိုင်စေသည့် လျှို့ဝှက်ချက်ဖြစ်သည်ဟု ဆို၏။

“ရှောင်ဂျီ…”

ချင်ရှီဟွမ်က သူ၏ စိတ်ထဲတွင် မေးလိုက်သည်။

“ငါတို့ မဟာချင်မှာ အဲ့ပစ္စည်း တကယ်ပဲ မရှိတာလား…”

[အရှင်မင်းကြီး... မဟာချင်ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ သဘာဝ မီးတောင်ပြာတွေက တကယ့်ကို ရှားပါးပါတယ်...]

[ဒါပေမယ့် မီးတောင်တစ်ခုကို ရှာဖွေဖို့ မလိုအပ်ပါဘူး...]

[မီးတောင်ပြာရဲ့ အနှစ်သာရက အပူချိန်မြင့်မားတဲ့ နေရာမှာ ကျွမ်းလောင်ထားတဲ့ ဆီလီကိတ်တွေနဲ့ အလူမီနိတ်တွေပါပဲ...]

[အခုအချိန်မှာ အရှင်မင်းကြီးဆီမှာ မီးတောင် မရှိပေမယ့်... ပေါက်ကွဲဖိုတွေ ရှိပါတယ်...]

ချင်ရှီဟွမ် အံ့သြသွား၏။

“ပေါက်ကွဲဖိုတွေလား…”

[ဟုတ်ပါတယ်... သံရည်ကျိုစဉ်မှာ ထွက်ပေါ်လာတဲ့ ဖိုအကြွင်းအကျန်တွေအပြင် ကျောက်မီးသွေး လောင်ကျွမ်းပြီးနောက် ကျန်ရစ်ခဲ့တဲ့ ပြာတွေပေါ့...]

[ရေနဲ့ အအေးခံတဲ့ လုပ်ငန်းစဉ်ကို ဖြတ်သန်းပြီးနောက်မှာ ဤပစ္စည်းများရဲ့ ဓာတုဗေဒ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက မီးတောင်ပြာတွေနဲ့ အလွန်ကို ဆင်တူပါတယ်...]

[ဒီအရာကိုလူလုပ် မီးတောင်ပြာလို့ ခေါ်ပါတယ်...]

[အဲဒါကို အမှုန့်ဖြစ်အောင် ကြိတ်ပြီး ထုံး၊ ကျောက်မှုန့်တို့နဲ့ ရောနှောလိုက်ရင် 'ဖိုအကြွင်းအကျန် ဘိလပ်မြေ' ကို ရရှိမှာ ဖြစ်ပါတယ်...]

[ဒီဘိလပ်မြေက ရေခံနိုင်ရည် အလွန်ကောင်းမွန်ပြီး တူးမြောင်းတွေ၊ ဆိပ်ခံတံတားတွေ တည်ဆောက်ဖို့နဲ့ အာဖန်းနန်းတော်အတွက် မြေအောက်ခန်း တည်ဆောက်ဖို့အတွက်တောင် အသင့်တော်ဆုံးပါပဲ...]

ချင်ရှီဟွမ်သည် စွန့်ပစ်တော့မည့် သံရည်ကျို ဖိုအကြွင်းအကျန် အမှိုက်ပုံကြီးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ထိုးထွင်းသိမြင်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။

“အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲပစ်တာလား…”

“ကျောက်ကောင်းရေ…”

ကျောက်ကောင်းသည် သွားတိုက်ဆေးကို အရသာ မည်သို့ထည့်ရမည်ကို သုတေသနပြုရန် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေစဉ် အခေါ်ခံလိုက်ရသဖြင့် ကမန်းကတန်း ပြေးလာလေသည်။

“ကျွန်တော်မျိုးရှိပါတယ် အရှင်မင်းကြီး…”

“မင်းရဲ့ ပုရွက်ဆိတ်တွေနဲ့ ကစားနေတာကို ရပ်လိုက်တော့…”

ချင်ရှီဟွမ်က အမှိုက်ပုံကြီးကို လက်ညှိုးထိုးပြလိုက်၏။

“ဒါတွေကို ငါ့အတွက် စုဆောင်းထားလိုက်…”

“အဲဒါတွေကို အအေးခံဖို့ ရေအေးနဲ့ လောင်းချလိုက်... ပြီးရင် အမှုန့်ဖြစ်အောင် ကြိတ်ပြီး ဘိလပ်မြေထဲကို ရောထည့်လိုက်…”

“ငါက ရေထဲမှာ မာကျောသွားနိုင်တဲ့... ကျောက်တုံးတစ်မျိုးကို ဖန်တီးချင်တယ်…”

ကျောက်ကောင်းသည် အမည်းရောင် ဖိုအကြွင်းအကျန်ပုံကြီးကို ကြည့်လိုက်ပြီး သူ သံသယဝင်နေသော်လည်း နာခံစွာဖြင့် မှတ်သားထားလိုက်သည်။

“ကျွန်တော်မျိုး နာခံပါ့မယ်... ဒါပေမယ့် အရှင်မင်းကြီး... ဒီဖိုအကြွင်းအကျန်တွေကိုရဖို့ လွယ်ကူပေမယ့် ရောမတွေပြောတဲ့ အဲဒီအများပြည်သူသုံး ရေချိုးခန်းကိုရော တည်ဆောက်သင့်သလား…”

“ရေချိုးခန်း ဟုတ်လား…”

ချင်ရှီဟွမ်က မျက်ခုံးပင့်လိုက်၏။

“ဟုတ်ပါတယ်…”

ကျောက်ကောင်းက မျက်နှာချိုသွေးကာ ပြောလိုက်သည်။

“ရောမတွေရဲ့ အကြီးမားဆုံး ဝါသနာက ရေချိုးတာလို့ မားကပ်စ်က ပြောပါတယ်... အခု ကျွန်တော်မျိုးတို့ဆီမှာ ဘုံပိုင်ရေတွေ၊ ရေနွေးအိုးတွေနဲ့ ဆပ်ပြာတွေ ရှိနေပြီဆိုတော့ ရေချိုးခန်းကြီးတစ်ခု မဆောက်တာက နှမြောစရာ မကောင်းဘူးလား…””

ချင်ရှီဟွမ်သည် ခေတ္တမျှ စဉ်းစားလိုက်သည်။

“ခွင့်ပြုတယ်…”

“ဒါပေမယ့် ရောမစတိုင် မဆောက်နဲ့... ငါ့အတွက် ချင်စတိုင်ရေချိုးခန်းတစ်ခုကို တည်ဆောက်…”

“အဲဒါက ကြီးမားရမယ်... လူတစ်ထောင်လောက် အတူတူ ရေချိုးနိုင်ရမယ်... ပြီးတော့... ရေချိုးခန်း အချေးတွန်းသမားတွေ ရှိရမယ်…”

“ရှန်းယန်က ပြည်သူတွေ ဒီကျောက်မီးသွေးပြာများ အားလုံးကို ဆေးကြောပြီး သန့်သန့်ရှင်းရှင်းနဲ့ သူတို့ရဲ့ ဘဝတွေကို ဖြတ်သန်းနိုင်ဖို့ ငါကိုယ်တော် လိုလားတယ်…”

အနောက်ဘက်ဒေသ၊ ခူချားမြို့၌။

အတုအပတိုက်ဖျက်ရေး မုန်တိုင်းအပြီးတွင် မဟာချင်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ခူချားဘုရင် ပိုင်ပါးသည် သူ၏ ရိုးသားမှုကိုပြသရန် ခမ်းနားသော ညစာစားပွဲကြီးတစ်ခုကို ကျင်းပခဲ့လေသည်။

ညစာစားပွဲတွင် ခွက်များကို အပြန်အလှန် လဲလှယ်သောက်သုံးကြပြီး လေထုမှာ အလွန် သက်ဝင်လှုပ်ရှားနေ၏။

သို့သော် ရှန်းယွီသည် ခန်းမအလယ်ရှိ ခင်းကျင်းပြသထားသော စင်တစ်ခုကိုသာ စိုက်ကြည့်နေခဲ့သည်။

ထိုနေရာတွင် ဓားတစ်လက်ကို တင်ထားလေသည်။

ခူချားဘုရင်က အမျိုးသားရတနာတစ်ခုအဖြစ် သတ်မှတ်ထားသော ဓားကောက်တစ်လက်ဖြစ်၏။ ထိုဓား၏ အသွားပေါ်တွင် ရေစီးကြောင်းများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံစံများ ဖုံးလွှမ်းနေပြီး လက်ရှိ မီးရောင်အောက်တွင် ဝိညာဉ်ကို လှုပ်ခတ်သွားစေနိုင်သော အေးစက်သည့် အလင်းရောင်များ တောက်ပနေလေသည်။

“ဒါက... ဝုဇ်သံမဏိလား…”

ရှန်းယွီက သူ၏စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

သူ တစ်ခါမှ မမြင်ဖူးခဲ့သော စွမ်းအားတစ်ခု ထိုဓားထဲတွင် ရှိနေသည်ကို သူ ခံစားနိုင်လေသည်။ ၎င်းသည် အထူအပါးပေါ် မူတည်၍ တည်ဆောက်ထားသော မာကျောမှုမျိုး မဟုတ်ဘဲ ပစ္စည်းကိုယ်တိုင်မှ စိမ့်ထွက်နေသော ကြံ့ခိုင်မှုမျိုး ဖြစ်သည်။

“စစ်သူကြီးရှန်းက မျက်စိရှင်တာပဲ…”

ခူချားဘုရင်သည် ရှန်းယွီ၏ အကြည့်ကို သတိပြုမိသွားပြီး ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်လိုက်၏။

“ဒါက အနောက်ဘက် ပါရှားလက်မှုပညာရှင်တွေ ဥက္ကာပျံသံမဏိနဲ့ ပုံသွင်းထားတဲ့ ဒမတ်စကတ်ဓားပဲ... အဲဒါက သံမဏိကို ရွှံ့လို ဖြတ်တောက်နိုင်ပြီး ဓားသွားပေါ်ကို လေမှုတ်လိုက်ရုံနဲ့ ဆံပင်တစ်ပင်ကို ပြတ်တောက်သွားစေနိုင်တယ်…”

“အို…”

ရှန်းယွီသည် မတ်တတ်ရပ်ကာ လျှောက်သွားလိုက်သည်။

“ငါ စမ်းကြည့်လို့ရမလား…”

ခူချားဘုရင်မှာ အနည်းငယ် တွေဝေသွားသော်လည်း ရှန်းယွီ၏ ယပ်တောင်ကဲ့သို့ ကြီးမားသော လက်များကို ကြည့်ကာ မငြင်းဆန်ရဲပေ။

“ရပါတယ်... ရတာပေါ့…”

ရှန်းယွီသည် ဓားကောက်ကို လက်တစ်ဖက်တည်းဖြင့် မြှောက်ကိုင်လိုက်၏။

*ပေါ့ပါးလိုက်တာ…”

၎င်းသည် သူ၏ အရှင်သခင်ဓားကြီးထက် များစွာ ပို၍ ပေါ့ပါးလေသည်။

သူသည် အနီးအနားရှိ အသားကင်ရာတွင် အသုံးပြုသော သံချောင်းတစ်ချောင်းကို ပေါ့ပေါ့ပါးပါးပင် ဆုပ်ကိုင်လိုက်သည်။

“သေချာကြည့်ထား…”

ရှန်းယွီ၏ လက်ကောက်ဝတ် လှုပ်ရှားသွား၏။

ဝှစ်...

အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားလေသည်။

အသံများများစားစား မထွက်ပေါ်လာဘဲ သံချောင်းမှာ ခေါက်ဆွဲတစ်ချောင်းကဲ့သို့ သပ်ရပ်စွာ ပြတ်တောက်သွားလေသည်။ ပြတ်သွားသော နေရာမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေ၏။

ထိုဓားကောက်၏ အသွားတွင် မည်သည့် အရာရာမျှပင် ထင်ကျန်ရစ်ခြင်း မရှိပေ။

ရှန်းယွီ၏ သူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားလေသည်။

သူ၏ ဓားမှာ လေးလံပြီး အစွမ်းထက်သော်လည်း သူ ယခုလေးတင် လုပ်လိုက်သည့်အတိုင်းသာ လုပ်လိုက်ပါက ဓားသွား ပဲ့သွားမည်မှာ သေချာလှသည်။

“ဓားကောင်းပဲ…”

ရှန်းယွီက ချီးကျူးလိုက်သော်လည်း သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော အကျပ်အတည်း ခံစားချက်တစ်ခု ပေါ်ထွက်လာလေသည်။

မော့သု၏ မြင်းတပ်သားများတိုင်းတွင် ဤကဲ့သို့သော ဓားတစ်လက်စီသာ ရှိနေပါက မဟာချင်၏ သားရေချပ်ဝတ်တန်ဆာများနှင့် သံမဏိစေတီ၏ သံကြိုးချပ်ဝတ်တန်ဆာများပင်လျှင် ၎င်း၏ရှေ့တွင် စက္ကူကဲ့သို့ ဖြစ်သွားမည် မဟုတ်လော။

“ဒီဓားကို... ဘယ်လို ပုံသွင်းထားတာလဲ…”

ရှန်းယွီသည် ခူချားဘုရင်ဘက်သို့ လှည့်ကာ မေးလိုက်၏။

ခူချားဘုရင်က ခေါင်းယမ်းလိုက်သည်။

“ဒါကိုတော့ ငါ မသိဘူး... ပါသီယာ အင်ပါယာကနေ ဝယ်လာတာပဲ... လုပ်ငန်းစဉ်က ထိပ်တန်းလျှို့ဝှက်ချက်လို့ ဆိုကြတယ်…”

ရှန်းယွီသည် ဓားကို ချထားခဲ့ပြီး သူ၏ ထိုင်ခုံသို့ ပြန်သွားလိုက်သည်။

သူ အရက်ထပ်မသောက်တော့ပေ။

သူသည် သူနှင့်အတူ အမြဲသယ်ဆောင်လေ့ရှိသော ဓားသွေးကျောက်တစ်ခုကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်၏။ ၎င်းမှာ နန်းတွင်းရေးရာဌာနမှ သူ ခိုးယူလာခဲ့သော ကော်ရန်ဒမ် ဓားသွေးကျောက် ဖြစ်သည်။

သူသည် သူ၏ ခါးရှိ ချင်ဓားကို တိတ်ဆိတ်စွာ စတင် သွေးနေလေတော့သည်။

ကျွီ... ကျွီ...

စူးရှသော ဓားသွေးသံမှာ ပျော်ရွှင်ဖွယ်ကောင်းသော ညစာစားပွဲ တေးဂီတသံများကြားတွင် အထူးပင် နားကလော်စရာ ကောင်းနေလေသည်။

လျူပန်က အနီးသို့ ကပ်လာပြီး တီးတိုးပြောလိုက်၏။

“ရှန်းအိုကြီး... ဘာဖြစ်လို့လဲ... စိန်ခေါ်ခံလိုက်ရသလို ခံစားနေရလို့လား…”

ရှန်းယွီသည် လျူပန်ကို မော့ကြည့်လိုက်သည်။

“လျူဇီ... ငါတို့ ပစ္စည်းတချို့ ပြန်ယူသွားဖို့ လိုတယ်…”

“ဘာပစ္စည်းလဲ…”

“သံမဏိ…”

ရှန်းယွီက ထိုဓားကောက်ကို လက်ညှိုးထိုးပြလိုက်၏။

“ဒီလိုပုံစံ သံမဏိမျိုး... ဘယ်လိုပဲ ကျိုချက်ထားပါစေ... အဲဒါကို ကျောက်ကောင်း ကြည့်ဖို့ ငါ ပြန်ယူသွားရမယ်…”

“မဟာချင်က ဒီထက်ပိုမာတဲ့ ဓားကို မပုံသွင်းနိုင်ဘူးဆိုရင်…”

ရှန်းယွီ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားလေသည်။

“နောက်တစ်ကြိမ် မော့သုကို တွေ့တဲ့အခါ ငါတို့ အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်…”

လျူပန်သည် အေးစက်တောက်ပနေသော ဝုဇ် သံမဏိဓားကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်ရှိ နောက်ပြောင်လိုသော အမူအရာများ ပျောက်ကွယ်သွားလေသည်။

“ကောင်းပြီလေ…”

“ဝယ်မယ်... ဘယ်လောက်ပေးရ ပေးရ ဝယ်မယ်…”

“ဓားကို ဝယ်ရုံတင်မကဘူး... အဲဒီပန်းပဲဆရာကိုပါ ဝယ်မယ်... ပိုက်ဆံနဲ့ ဖွင့်လို့မရတဲ့ ပါးစပ်ဆိုတာ ရှိတယ်လို့ ငါ မယုံဘူး…”

ညဉ့်နက်သွားပြီ ဖြစ်သည်။

ရှန်းယွီသည် တည်းခိုခန်းရှိ ခုတင်ပေါ်တွင် လှဲလျောင်းရင်း ဟိုဘက်ဒီဘက် လူးလှိမ့်နေလေသည်။

သူ၏ စိတ်ထဲတွင် သံချောင်းကို ဖြတ်တောက်သွားသည့် ထိုဓားကောက်၏ ပုံရိပ်များဖြင့် ပြည့်နှက်နေ၏။

ဝုဇ်သံမဏိ...

မာကျောမှု... ကြံ့ခိုင်မှု...

သူသည် ဓာတုဗေဒကို နားမလည်သော်လည်း သူ၏ စစ်သည်တော်တစ်ဦး၏ အလိုအလျောက် သိမြင်နိုင်စွမ်းက သံမဏိနှင့် ပတ်သက်သော တော်လှန်ရေးတစ်ခုသည် မဟာချင်နှင့် အနောက်ဘက်ဒေသများကြားတွင် ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း ပြောပြနေလေသည်။

ထိုအချိန်တွင် ရှန်းယန်၌ နန်းတွင်းရေးရာဌာန၏ ပေါက်ကွဲဖိုများမှာ နေ့ရောညပါ ဟိန်းဟောက်နေဆဲ ဖြစ်၏။

ချင်ရှီဟွမ်သည် ပေါက်ကွဲဖိုတစ်ခုရှေ့တွင် မတ်တတ်ရပ်ကာ ဆူပွက်နေသော သံရည်များကို ကြည့်နေရင်း ရုတ်တရက် နှာချေလိုက်လေသည်။

“ဟတ်ချိုး…”

“ဘယ်သူက ငါ့အကြောင်း ပြောနေတာလဲ…”

သူသည် နှာခေါင်းကို ပွတ်လိုက်၏။

“ရှောင်ဂျီ... အနောက်ဘက်မှာ တစ်ခုခု မှားယွင်းနေသလိုမျိုး ငါ အမြဲခံစားနေရတယ်…”

[အရှင်မင်းကြီး... သင့်ရဲ့ အလိုအလျောက် သိမြင်နိုင်စွမ်းက အလွန်တိကျပါတယ်...]

[သမိုင်းအရ သတ္တုဗေဒ နည်းပညာမှာ အောင်မြင်မှုတွေက စစ်ပွဲတွေ ပြင်းထန်လာခြင်းရဲ့ ရှေ့ပြေးနိမိတ်တွေ ဖြစ်လေ့ရှိပါတယ်...]

[သင်က... 'အအေးလက်နက်ခေတ်ရဲ့ အထွတ်အထိပ် အားပြိုင်မှု' ကို ကြိုဆိုဖို့ ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်...]

ချင်ရှီဟွမ်သည် တောက်ပနေသော အနီရောင် သံရည်များကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ကွေးတက်သွားလေသည်။

“အထွတ်အထိပ် အားပြိုင်မှု ဟုတ်လား…”

“ကောင်းပြီလေ…”

“အဲဒီတော့ သူတို့ရဲ့ပုံသွင်းသံမဏိက ပိုမာသလား၊ ဒါမှမဟုတ် ငါ့ရဲ့ စက်မှုလုပ်ငန်း စီးဆင်းမှုက ပိုရက်စက်သလားဆိုတာကို ကြည့်ကြတာပေါ့…”

“ကျောက်ကောင်းကို အမိန့်ပေးလိုက်... အဲဒီ ကုတ်ကျောက်မီးသွေးနဲ့ သံမဏိချက်လုပ်ခြင်းအတွက် ဖိုအပူချိန်ကို တိုးမြှင့်လိုက်ဖို့ ပြောလိုက်…”

All Chapters