အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁)
လိုအပ်ချက်များလွန်းနေခြင်း
မီးလောင်သွားသော မြို့နှင့်ပတ်သက်၍ ထိုအရာသည် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် အကျဉ်းထောင်ကြီး တစ်ခုသာ ဖြစ်ပြီး ကမ္ဘာမြေသားများသည် ကမ္ဘာမြေကို ပြန်လည်ရယူနိုင်မည် ဖြစ်လေသည်။
ဤအစီအစဉ်ကြောင့် ကောင်းယွမ် မှင်သက်သွားခဲ့ရလေတော့၏။
"ဌာနမှူးကျိုး... ခင်ဗျား ဒီလိုလုပ်လိုက်ရင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက ခင်ဗျားကို အပြတ်အသတ် ဆန့်ကျင်လာမှာကို မကြောက်ဘူးလား..."
ကောင်းယွမ်က မေးလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ရေးအာဏာသည်သာ အရာအားလုံး ဖြစ်ပေသည်။ အကယ်၍ စစ်ရေး အာဏာသည် သူတို့လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး သူတို့၏ အာဏာကို တိုက်ရိုက်ရုပ်သိမ်းလိုက်မည်ဆိုပါ သူတို့သည် ဟန်ဆောင်နေခြင်းကို ရပ်တန်းကရပ်သွားကြမည်သာ ဖြစ်ချေ၏။
"အန္တရာယ်တော့ ရှိတာပေါ့... ဒါပေမဲ့ စစ်သားအများစုကလည်း လှည့်စားခံထားရပြီး စစ်တပ်ကိုယ်တိုင် ကလည်း မတည်မငြိမ် ဖြစ်နေနိုင်တယ်ဆိုတာကို စဉ်းစားကြည့်ဖူးလား... အခုလိုအချိန်မှာ သူတို့က ပြည်သူတွေကို နှိမ်နင်းဖို့ စစ်တပ်ကို အသုံးပြုမယ်ဆိုရင် ကိုယ့်တွင်းကိုယ်တူးသလို ဖြစ်သွားနိုင်တယ် လေ..."
"စက်ရုပ်တပ်မတော်ကရော ဘယ်မှာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"စက်ရုပ်တွေအတွက်တော့ ဌာနမှူးကောင်း စိုးရိမ်စရာ မလိုပါဘူး..."
ကောင်းယွမ်သည် လွန်ခဲ့သော နှစ်များစွာကို ပြန်လည်စဉ်းစားကြည့်လိုက်လေ၏။ ကောင်းကန့်သည် သိပ္ပံအကယ်ဒမီ ကျောင်းသားတစ်ဦးအဖြစ် သူ၏အဆင့်အတန်းကို ထိန်းသိမ်းထားခဲ့ပြီး ကောင်းချိုး ကမူ လျှို့ဝှက်စွာ စီစဉ်မှုများ ပြုလုပ်နေခဲ့ပေသည်။ ပြီးခဲ့သည့်အကြိမ်က ကောင်းယွမ်သည် သူ့ကို တွေ့ရန် ဗက်စတာသို့ သွားရောက်ခဲ့စဉ်က ကောင်းချိုးသည် 'နိုးထလာသူများ စီမံကိန်း' အကြောင်းကို သာ သူ့အား ပြောပြခဲ့ဖူးလေသည်။
နိုးထလာသူများ စီမံကိန်းတွင် အသိစိတ်ကူးပြောင်းခြင်း ဟုခေါ်သော အဓိကနည်းပညာတစ်ခု ပါဝင်ပြီး ယင်းသည် အစစ်အမှန် လူတစ်ဦး၏ အသိစိတ်ကို သိမ်းဆည်းကာ စက်ရုပ်တစ်ရုပ်ထဲသို့ ကူးပြောင်း ထည့်သွင်းပေးခြင်း ဖြစ်၏။
ယင်းက စက်ရုပ်များသည် လူသားများထက် အားနည်းချက် ပိုများကြောင်းကို ပြသနေပေသည်။ သူတို့ မည်မျှပင် ဉာဏ်ရည်ထက်မြက်စေကာမူ စက်ယန္တရားများသည် လူသားတို့၏ ဦးနှောက်ကို ယှဉ်နိုင်စွမ်း မရှိသေးပေ။
ကောင်းကန့်၏ အရန်အစီအစဉ်မှာ မည်သို့ဖြစ်သည်ကို ကောင်းယွမ် သေချာ မသိခဲ့သော်လည်း ကျိုးဟန်ယန်းက ထိုသို့ပြောလာခဲ့ခြင်းကြောင့် သူ ယုံကြည်လိုက်လေသည်။
အကယ်၍ စက်ရုပ်တပ်မတော်ကို ဆက်လက်မလိုအပ်တော့ပါက ကမ္ဘာမြေ၏ ရေဒီယိုသတ္တိကြွမှုနှင့် ပတ်သက်သည့် လိမ်လည်မှုကို ဖော်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းသည် အခြေအနေများကို ပြောင်းလဲပစ်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤတစ်ကြိမ်တွင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ ထိပ်သီးသုံးဦးကို မဖြုတ်ချနိုင် လျှင်တောင်မှ သူတို့ကို အကြီးအကျယ် ထိခိုက်သွားစေနိုင်မည် ဖြစ်ပေ၏။
ကျိုးဟန်ယန်းသည် အမှန်တကယ်ပင် ထောင်ချောက်တစ်ခု၏ အစိတ်အပိုင်းများ ဖြစ်နေမည်လားဟု ကောင်းယွမ် သံသယဝင်မိလေသည်။
သို့သော် ကျိုးဟန်ယန်းသည် ဗက်စတာအကြောင်းကို သိရှိနေပေသည်။
ထို့အပြင် ကျိုးဟန်ယန်း ပြောပြခဲ့သော အစီအစဉ်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ အလွန်မြင့်မား နေခဲ့ပေ၏။
ပို၍အရေးကြီးသည်မှာ အနာဂတ်ကမ္ဘာသည် နှစ်ရာပေါင်းများစွာကတည်းက ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများကို စွန့်လွှတ်ခဲ့ပြီးဖြစ်ရာ ဓာတ်ဆီအမြောက်အမြားကို သူတို့သာလျှင် ရယူနိုင်မည် ဖြစ် လေသည်။
ဤသည်မှာ သူသိရှိထားသမျှ အချက်အလက်များသာ ဖြစ်၏။
အကယ်၍ ကျိုးဟန်ယန်းကို အခြားတစ်ယောက်ယောက်က စေလွှတ်လိုက်ခြင်းဖြစ်ပါက သူ၏ အကြောင်းများအားလုံး လုံးဝ ပေါက်ကြားသွားပြီဟု ဆိုလိုပေသည်။
ကျိုးဟန်ယန်း၏ အကြံအစည်မှာ ထောင်ချောက်ဖြစ်စေ၊ မဖြစ်စေကာမူ သူသည်ကား အဆုံးသတ်သွား ပြီ ဖြစ်လေသည်။
ထို့ကြောင့် ကျိုးဟန်ယန်းသည် ကောင်းမိသားစုက အမှန်တကယ် ယုံကြည်ရသူဖြစ်ကြောင်းကို ကောင်းယွမ်က ယုံကြည်လိုက်ရန်သာ ရှိပေတော့သည်။
ထိုသို့ တွေးတောနေစဉ်မှာပင် ကောင်းယွမ်သည် ကျိုးဟန်ယန်းက သူ့အား လက်မထောင်ပြလိုက် သည်ကို မြင်လိုက်ရလေ၏။
"ဌာနမှူးကောင်း ပြောတာ မှန်ပါတယ်... ကျွန်မက တကယ်ပဲ ကောင်းမိသားစုဘက်ကပါ... ဒါကြောင့် စိတ်ချပါ... ကျွန်မက သတင်းစကားပါးဖို့ သက်သက်ပဲ လာခဲ့တာပါ..."
"ဒါပြီးရင် ခင်ဗျားကို ထပ်ဆက်သွယ်ရဦးမလား..."
ကောင်းယွမ်က မေးလိုက်လေသည်။
"မလိုပါဘူး... ကျွန်မ ဒီကို ထပ်မလာတော့ပါဘူး... တစ်ကြိမ်လာတာကတင် တော်တော်လေး သိသာ နေပြီလေ... ရှင် အဆင်သင့်ဖြစ်တာနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကျောင်းအုပ်ကြီးကောင်း က ပြောလိုက်ပါတယ်... တခြားဘာကိုမှ စိတ်ပူစရာ မလိုပါဘူး... အားလုံးကို ကျောင်းအုပ်ကြီးကောင်း တာဝန်ယူပါလိမ့်မယ်..."
ကောင်းယွမ် နားလည်သွားခဲ့ပေသည်။
သူ ခေါင်းညိတ်ပြတော့မည့်ဆဲဆဲတွင် ကျိုးဟန်ယန်းက စကားပြောလာခဲ့ပြီး ဤတစ်ကြိမ်တွင်မူ ဦးနှောက်လှိုင်းကွန်ရက်ဖြင့် မဟုတ်ဘဲ တိုက်ရိုက်ပင် ပြောဆိုလိုက်ခြင်း ဖြစ်လေ၏။
"ဌာနမှူးကောင်း... စောစောက သကြားလုံးကို ကြိုက်ရဲ့လား..."
"အာ... အင်း... အရသာရှိသားပဲ... ဌာနမှူးကျိုးပေးတဲ့ သကြားလုံးက အချိုဆုံး ဖြစ်ရမှာပေါ့..."
"ကျွန်မ တောင်းထားတဲ့ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကရော..."
"ကျွန်တော် ကိုယ်တိုင် ရှာပေးပါ့မယ်..."
ကောင်းယွမ်သည် အချက်အလက်များကို စတင်ရှာဖွေလိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဟန်ဆောင်မှုတစ်ခုသည် ပြီးပြည့်စုံနေရန် လိုအပ်ပေသည်မဟုတ်လော။
...
ကျိုးဟန်ယန်း ထွက်သွားပြီးနောက် ကောင်းယွမ်သည် ခဏမျှ တွေဝေသွားပြီးနောက် လှည့်ထွက်လာ ခဲ့ရာ အောက်ထပ်တွင် ရှိနေသည့် ဆူးတိုက်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရလေ၏။
"သခင်လေးဆူး... ကလပ်ကို သွားရအောင်..."
ဆူးတိုက်သည် ကိလေသာရမ္မက် ဖုံးလွှမ်းနေသည့် အမူအရာကို ပြသလိုက်လေသည်။
သူက လျှောက်လာပြီး ကောင်းယွမ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။
"မင်း ဒီလိုမျိုးတွေကို သဘောကျမယ်ဆိုတာ ငါသိပြီးသားပါကွာ... ဟားဟား... မင်းကို ပြောပြရဦးမယ် ... ဒါက ကြာသပတေးဂြိုဟ်က ရောက်လာတဲ့ ပစ္စည်းအသစ်တွေကွ... ကြာသပတေးဂြိုဟ်မှာ လူတွေ နေလို့ရတယ်ဆိုတာ မင်းမသိဘူးမလား..."
"ကျွန်တော် မသိဘူးဗျ... ဒါက တော်တော်လေးကို မျက်စိပွင့်သွားစေတာပဲ... ကြာသပတေးဂြိုဟ်က ဓာတ်ငွေ့ဂြိုဟ်ကြီး မဟုတ်ဘူးလား... ဓာတ်ငွေ့ဂြိုဟ်ကြီးထဲမှာ လူတွေက ဘယ်လိုလုပ်ပြီး နေလို့ရမှာ လဲ..."
"ဟီးဟီး... မင်း မသိပါဘူး... ကြာသပတေးဂြိုဟ်ရဲ့ ထူထပ်တဲ့ ဓာတ်ငွေ့အလွှာကြီးရဲ့ အောက်မှာ ကမ္ဘာ မြေနဲ့ ဆင်တူတဲ့ ကျောက်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အတွင်းပိုင်းဂြိုဟ်တစ်ခု ရှိတယ်ကွ... အတိအကျ ပြောရရင် ကြာသပတေးဂြိုဟ်ရဲ့ အလယ်ဗဟိုပေါ့ကွာ... အဲဒီဗဟိုချက်မှာ ကျောက်ဆောင် မျက်နှာပြင်ရှိ ပြီး အတွင်းပိုင်းမှာက သံနဲ့ နီကယ်တွေ ရှိနေတာလေ... ငါတို့ လူသားတွေရဲ့ အခြေစိုက်စခန်းက ကြာသပ တေးဂြိုဟ်ရဲ့ အတွင်းပိုင်းဂြိုဟ်မှာ ရှိတာပေါ့..."
ကြာသပတေးဂြိုဟ်ကို နေထိုင်ရန် နေရာတစ်ခုအဖြစ် အသုံးပြုနိုင်မည်ဟု ကောင်းယွမ် လုံးဝ မထင်ထား ခဲ့ပေ။
"ကြာသပတေးဂြိုဟ် မျက်နှာပြင်ပေါ်က ဖိအားက တော်တော်လေးကြီးမားပြီး ကမ္ဘာမြေထက် အများ ကြီးပိုများတယ်နော်..."
"ဒါကတော့ သဘာဝပဲလေ... အတွင်းပိုင်းဂြိုဟ် မျက်နှာပြင်ပေါ်က လေထုဖိအားက ကမ္ဘာမြေထက် အဆပေါင်း (၇၈၇) ဆ ပိုများတယ်... အဲဒီကို သံတုံးတစ်တုံး ပစ်ချလိုက်ရင်တောင်မှ အပြားလိုက် ဖြစ် သွားနိုင်တယ်... ဒါကြောင့် ကြာသပတေးဂြိုဟ် မျက်နှာပြင်ပေါ်က ကျောက်ခဲတွေက အလွန်မာကျောပြီး သိပ်သည်းဆ မြင့်မားတာပေါ့... ထုထည်တူညီတဲ့ ကြာသပတေးဂြိုဟ်က ကျောက်ခဲတစ်လုံးဟာ ရွှေ ထက် နှစ်ဆပိုလေးတယ်ကွ... "
"ကြာသပတေးဂြိုဟ် အခြေစိုက်စခန်းက လူသားတွေအတွက် မျက်နှာသစ်ပစ္စည်းတွေ ရှာဖွေ ဖော်ထုတ်ရာ အဓိက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတစ်ခု ဖြစ်ခဲ့တာ ကြာပြီလေ... အချိန် ကြာလာတာနဲ့အမျှ တချို့လူတွေက ကြာသပတေးဂြိုဟ်မှာတောင် မွေးဖွားလာခဲ့ကြတယ်... ဒီအသုတ် အသစ်က ကြာသပတေးဂြိုဟ်သားတွေပေါ့... အခြေစိုက်စခန်းထဲမှာတောင်မှ ဖိအားက ကမ္ဘာမြေထက် ပိုများတာကြောင့် ကြာသပတေးဂြိုဟ်မှာ ကြီးပြင်းလာသူတွေဟာ ဟီးဟီး... အရပ်ပုကြပေမဲ့ တော် တော်လေးတော့ သန်မာကြတယ်ကွ..."
ကောင်းယွမ်သည် စိတ်လှုပ်ရှားနေဟန် ဆောင်လိုက်လေသည်။
သူသည် အမှန်တကယ်ပင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ကြွက်သားအပြည့် နှင့် မိန်းကလေးငယ်တစ်ဦးကို မည်သူကမျှ ငြင်းဆန်နိုင်မည်မဟုတ်ပေ။
သို့သော် ဤတစ်ကြိမ် ကောင်းယွမ်၏ ကလပ်သို့ သွားရောက်မှုမှာ အကာအကွယ်တစ်ခုသာ ဖြစ်ပေ သည်။ ဆူးတိုက်ကို သူ၏သက်သေအဖြစ် ထားရှိခြင်းအားဖြင့် အနာဂတ်တွင် မြို့တော်၌ မီးလောင်မှုဖြစ် ပွားလာပါက သူနှင့် မည်သို့မျှ သက်ဆိုင်မည်မဟုတ်ဘဲ သူကိုယ်တိုင်လည်း သားကောင်တစ်ဦး ဖြစ်လာ မည်သာ ဖြစ်ပေ၏။
သူတို့ အိုင်ဘားထဲသို့ ဝင်ရောက်သွားခဲ့ကြလေသည်။
ကောင်းယွမ်သည် အရှေ့ဆုံးတွင် ရပ်နေသည့် ကုန်ပစ္စည်းအသစ်များကို ချက်ချင်းပင် မြင်လိုက်ရလေ သည်။
သူမသည် အလွန်သေးငယ်သော်လည်း အသားအရေမှာ အလွန်ကောင်းမွန်ပြီး မျက်နှာသွင်ပြင်ကလည်း ပြီးပြည့်စုံနေလျက်ရှိပေသည်။
ဆံပင်နှစ်ခွ ချည်နှောင်ထားမှုက ကောင်းယွမ်ကို အနည်းငယ်ပင် ယိမ်းယိုင်သွားစေခဲ့လေ၏။ ဤမျှ ကောင်းမွန်သော ဘဝကို အဘယ်ကြောင့် ဒုက္ခခံနေရမည်ကို သူနားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ အာဏာစက်တစ်မျိုးမျိုးကို လိုက်လံရှာဖွေနေမည့်အစား နှစ်ပေါင်း နှစ်ရာကျော်ကြာအောင် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
သူသည် အောက်ခြေလူတန်းစားမှ ဆင်းသက်လာသူ မဟုတ်ပေ။
ဆင်းရဲနွမ်းပါးသူများအတွက် မိမိ၏ အသက်ကို စွန့်လွှတ်ရန် အကြောင်းအရင်း မရှိပေ။
"ကောင်းယွမ်... မင်းအရင် ရွေးလိုက်လေ..."
မကြာသေးမီက ဆူးတိုက်သည် ကောင်းယွမ်နှင့်အတူ ကိလေသာနွံထဲသို့ ကျဆင်းသွားရခြင်းမှာ အမှန် တကယ်ပင် ဆူးမူယန်၏ လက်ချက်သာ ဖြစ်ပေသည်။
ဆူးမူယန်သည် ကောင်းယွမ်၏ ပွေလီရှုပ်ပွသော အပြုအမူများကို မဝေဖန်ရဲသဖြင့် သူ၌ ကြီးမားသော ရည်မှန်းချက်များ ရှိသည်ဟုဆိုကာ သူ၏ပခုံးကိုသာ ပုတ်ပေးခဲ့လေသည်။
ကြီးမားသော ရည်မှန်းချက်များ ရှိနေခြင်းက ကောင်းမွန်သော်လည်း ရည်မှန်းချက်နှင့် အရည်အချင်း နှစ်ခုစလုံး ရှိနေခြင်းကမူ အန္တရာယ်များပေသည်။
ယခုအချိန်အထိ ကောင်းယွမ်သည် မည်သည့် အထူးအရည်အချင်းကိုမျှ မပြသခဲ့ပေ။ လုံကျင်းမြို့၏ (၂၀၂၄) ကလပ်နှင့် ပတ်သက်၍ အခြားသူများ၏ မျက်လုံးထဲတွင် ဒဏ္ဍာရီတစ်ခု ဖြစ်သော်လည်း ဆူးမူယန် ၏ မျက်လုံးထဲတွင်မူ ယင်းမှာ ကစားစရာတစ်ခုမျှသာ ဖြစ်၏။
အတွင်းရှိ အရာများသည် အံ့ဩဖွယ်ကောင်းလှသော်လည်း မည်သို့ပင်ဆိုစေကာမူ ကောင်းယွမ်သည် ကောင်းမိသားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် သူက အတွင်းရေးအချက်အလက် အချို့ကို သိရှိနေ ခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။ အကယ်၍ သူသာ အမှန်တရားကို သိရှိခဲ့ပါက ဤပန်းများ၊ အပင်များ၊ မြေဆီလွှာများ၊ သစ်သီးပင်များနှင့် အခြားအရာများကို ရယူရန်မှာ လုံးဝ ခက်ခဲလိမ့်မည် မဟုတ်ပေ။
ယခုမူ ကောင်းယွမ်သည် နေ့စဉ်နေ့တိုင်း ဆူးတိုက်နှင့်အတူ ကလပ်များသို့သာ အချိန်ဖြုန်းရန် သွားနေခဲ့ လေသည်။
ဆူးမူယန်သည် စိတ်သက်သာရာ ရသွားခဲ့၏။
ကောင်းယွမ်၏ ဇာတ်လမ်းက ဤနေရာတွင် အဆုံးသတ်သွားပေသည်။
အကယ်၍ သူတို့သည် ဤအခြေအနေကို ကျော်ဖြတ်ရန် ကောင်းကန့်ကို အသုံးပြုနိုင်ပါက ဖွံ့ဖြိုးတိုး တက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကို မည်သူကမျှ မေးခွန်းထုတ်ရဲတော့မည် မဟုတ်ပေ။
...
ကောင်းယွမ်က အလှဆုံးတစ်ယောက်ကို ရွေးချယ်လိုက်လေသည်။
"သခင်လေးဆူး... ကျွန်တော် အရင်သွားနှင့်မယ်နော်..."
"သွားလည်လိုက်ဦး... ဒီပစ္စည်းအသစ်တွေက အရမ်းသန်မာတယ်နော်..."
"သိပါပြီဗျ..."
ကောင်းယွမ်သည် 'ညီမလေး' တစ်ဦးကို အခန်းထဲသို့ ဆွဲခေါ်သွားရန် မစောင့်ဆိုင်းနိုင်တော့ပေ။
ဆူးတိုက်သည် အခန်းထဲဝင်သွားသော ကောင်းယွမ်ကို ရွံရှာဖွယ် အမူအရာဖြင့် ကြည့်နေခဲ့လေသည်။
ကောင်းယွမ် အခန်းထဲသို့ ဝင်ရောက်သွားခဲ့လေ၏။
"သွား ရေချိုးလိုက်ဦး... ကိုယ်က အသန့် အရမ်းကြိုက်တာမလို့ မင်း မထွက်လာခင် နာရီဝက်လောက် အချိန်ယူပြီး ရေချိုးရမယ်နော်..."
ကြွက်သားတောင့်တောင့်နှင့် မိန်းကလေးက နူးညံ့သောအသံဖြင့် ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ သူဌေး... ကျွန်မ သူဌေးကို အရင်ရေချိုးပေးဖို့ လိုသေးလား..."
"မလိုပါဘူး..."
မိန်းကလေးငယ် စမတ်ရေချိုးခန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည့်အခါ ကောင်းယွမ်၏ ခေါင်း ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့ပြီး ကလပ်အခန်းရှေ့တွင် တံခါးတစ်ချပ် ပေါ်လာခဲ့လေ၏။
တစ်လှမ်း လှမ်းဝင်လိုက်သည်နှင့် နှစ်တစ်ထောင်ခန့် အတိတ်သို့ ပြန်ရောက်သွားပေမည်။
ဤနေရာမှာ ချင်ကျင်းမြို့ ဖြစ်ပေသည်။ ကောင်းယွမ်သည် လမ်းမပေါ်တွင် လျှောက်သွားရင်း ဓာတ်ဆီ အမြောက်အမြားကို မည်သို့ရယူရမည်ကို စဉ်းစားခန်း ဝင်နေခဲ့လေ၏။ ဤကမ္ဘာပေါ်တွင် ဓာတ်ဆီအ များဆုံး နေရာက မည်သည့်နေရာ ဖြစ်မည်ကို သူတွေးတောနေမိသည်။
ကောင်းယွမ် နက်နက်နဲနဲ တွေးတောနေစဉ် ခေါင်းပေါင်း ပေါင်းထားသော အမျိုးသားတစ်ဦးက သူ့ထံသို့ လျှောက်လာခဲ့လေသည်။
ကောင်းယွမ် ချက်ချင်းပင် နားလည်သွားခဲ့၏။ အာရပ်ရေနံထက် ပို၍များပြားသော ရေနံများ မည်သည့် နေရာတွင်မှ ရှိနိုင်မည်မဟုတ်ပေ။
သူသည် ဓာတ်ဆီများစွာ လိုအပ်နေသောကြောင့် ဓာတ်ဆီအတွက် တာ့ဟူကို သွားရမည်မှာ သေချာပေ တော့သည်။