အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄)
ဗက်စတာ အမဲလိုက်ပွဲ
"အများကြီး မတွေးပါနဲ့... ခေတ်တွေက ပြောင်းလဲနေတာပဲ... နည်းပညာအသစ်တိုင်းက လုပ်ငန်း ဟောင်းတစ်ခုကို ဖယ်ရှားပစ်တာပါပဲ... အွန်လိုင်းဈေးကွက်တွေ ခေတ်စားလာတော့ ပြင်ပဆိုင်ခန်းတွေ အများကြီး ပိတ်သိမ်းသွားခဲ့ရတယ်... အစိုးရရဲ့ နှစ်ဆလျှော့ချရေး မူဝါဒကြောင့်လည်း သင်တန်းလုပ်ငန်း တွေ ရုတ်တရက် ကျဆင်းသွားခဲ့ရတယ်လေ... ဒါပေမဲ့ ငါတို့တွေ ဒါကို ကျော်ဖြတ်နိုင်ခဲ့ကြတယ် မဟုတ် လား..."
သူမက ထိုသို့ပြောခဲ့သော်လည်း ကောင်းယွမ်၏ မျက်နှာတွင်မူ ဝေခွဲမရသည့် အမူအရာက ရှိနေဆဲပင် ဖြစ်လေသည်။ အနာဂတ်ကမ္ဘာရှိ အောက်ခြေလူတန်းစား အများအပြားမှာ အဘယ်ကြောင့် အလုပ် လက်မဲ့ ဖြစ်နေကြရသနည်းဆိုသည်ကို ယခင်က သူ နားမလည်ခဲ့ပေ။ သို့သော် ယခုအခါ ဤအခြေအနေ များအရ အောက်ခြေလူတန်းစားများသည် အဆုံးတွင် ဝက်များကဲ့သို့ မွေးမြူခံရမည့် ဘဝသို့ ရောက်ရှိ သွားမည်မှာ မလွှဲမရှောင်သာ ဖြစ်ကြောင်းကို သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
ဤဖြစ်စဉ်ကြီးမှာ ယခုပင် စတင်နေပြီ ဖြစ်လေသည်။
ကောင်းယွမ်၏ အမူအရာကို မြင်လိုက်ရသည့်အခါ ပိုင်မော့ယွီက သူ့အား နှစ်သိမ့်လိုက်လေ၏။
"အရမ်းကြီး အဆိုးမြင်မနေပါနဲ့... နည်းပညာအသစ်တွေက အမြဲတမ်း ပိုကောင်းတဲ့ အတွေ့အကြုံတွေ ကို ယူဆောင်လာပေးတတ်ပါတယ်... နင်ပြောတဲ့ အသက်ဆက် အခြေခံဆေးရည်အကြောင်းကသာ အမှန်ဆိုရင် လူသားတွေက ရောဂါဝေဒနာ အများစုကနေ ကင်းဝေးသွားကြတော့မှာလေ... ဒါက ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား..."
ထိုစကားကို ကြားသည့်အခါ ကောင်းယွမ် ရယ်မောလိုက်လေသည်။
*ဟုတ်တယ်… ငါက ဘာကို စိုးရိမ်နေရမှာလဲ…*
နည်းပညာ ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာခြင်းက ဤကဲ့သို့သော အကျိုးဆက်များကို မလွဲမ သွေ ဖြစ်ပေါ်လာစေမည်သာ ဖြစ်လေ၏။
မည်သို့ပင်ဆိုစေကာမူ အနှေးနှင့်အမြန် ဖြစ်လာမည့် ကိစ္စတစ်ခုအတွက် အဘယ်ကြောင့် အလဟဿ ပူပန်နေရပါမည်နည်း။
"ငါးကလေး... နင်ပြောတာ မှန်တယ်... ကိုယ့်အလုပ်ကိုပဲ ကိုယ်အာရုံစိုက်ထားလိုက်တော့မယ်... အနာဂတ်အတွက်တော့ အနာဂတ်ကပဲ ရှင်းသွားလိမ့်မယ်လေ... အသက်ဆက် အခြေခံဆေးရည် ကတော့ နင့်လက်ထဲမှာပဲ ရှိနေပြီနော်..."
...
ပိုင်မော့ယွီ တာဝန်စတင်ထမ်းဆောင်သည့်အခါ ကောင်းယွမ်က သူမအား ကျန်းပိုင်ရီနှင့် လင်းမေတို့ထံ မိတ်ဆက်ပေးလိုက်လေသည်။ သူတို့သည် ယခင်ကတည်းက တစ်ဦးကိုတစ်ဦး သိကျွမ်းပြီးဖြစ်သော် လည်း ယခုအခါတွင်မူ သူတို့၏ အဆင့်အတန်းများမှာ မတူညီတော့ပေ။
ကောင်းယွမ် (၂၀၂၄) ကလပ်သို့ ရောက်ရှိလာချိန်တွင် ဟွမ်ဖူရှန်းမှာ အလုပ်စတင်နေပြီ ဖြစ်လေသည်။
(၂၀၂၄) ကလပ်သည် လုံကျင်းမြို့၏ အတောက်ပဆုံးသော အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။ သာမန်လူများသည် သူတို့၏ အမြင်ကျယ်စေရန် ဤနေရာသို့ လာရောက်ကြပြီး အထက်တန်းလွှာများ သည် မိတ်ဆွေဖွဲ့ရန်အတွက် လာရောက်ကြလေသည်။
ကောင်းယွမ်သည် ဟွမ်ဖူရှန်းအား တာဝန်နှစ်ခု ချမှတ်ပေးရန် ညွှန်ကြားလိုက်လေသည်။
ပထမတစ်ခုမှာ အသက်ဆက် အခြေခံဆေးရည် ထုတ်လုပ်ရေးလိုင်းပင် ဖြစ်၏။ ကောင်းယွမ်သည် အသက်ဆက် အခြေခံဆေးရည်ကို မြှင့်တင်တော့မည်ဖြစ်ရာ ထုတ်လုပ်မှုမှာလည်း သေချာပေါက် အမီလိုက်နိုင်ရန် လိုအပ်ပေသည်။
ဒုတိယတစ်ခုမှာ အာကာသယာဉ်များ၊ ဘက်ထရီများ၊ အာဟာရအနှစ်များနှင့် ခေါက်သိမ်းနိုင်သော ရွက်ဖျင်တဲများကဲ့သို့သော ထောက်ပံ့ရေးပစ္စည်းများကို တတ်နိုင်သမျှ အများဆုံး ဝယ်ယူစုဆောင်းရန် ဖြစ်လေသည်။
ကောင်းယွမ်သည် သံသယဖြစ်ခံရမည်ကို မကြောက်ရွံ့ပေ။ ဤအရာများအားလုံးမှာ သာမန် ထောက်ပံ့ ရေးပစ္စည်းများသာဖြစ်ပြီး သူတို့ သံသယဝင်လျှင်တောင်မှ သူက မြို့တော်ကြီးရှစ်ခုကို မီးရှို့ဖျက်ဆီး တော့မည်ဟု ထင်မြင်ကြမည် မဟုတ်ပေ။
ထိုကိစ္စ ဖြစ်ပွားပြီးနောက် ကောင်းမိသားစုတွင် တာဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက် ရေး အထွေထွေအုပ်ချုပ်မှုဌာနသည် ကောင်းမိသားစုအပေါ် သေချာပေါက် အပြစ်ပုံချမည်ဖြစ်ရာ ကောင်းယွမ်အနေဖြင့် သံသယကင်းရှင်းစေရန် ရှောင်လွှဲနေစရာ မလိုအပ်တော့ပေ။
ထိုအချိန်ရောက်လျှင် အခြေအနေများမှာ ဆိုးရွားနေပြီ ဖြစ်လိမ့်မည်။
ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၌သာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပါက သူတို့ သည် တုံ့ဆိုင်းနေမည်မဟုတ်ဘဲ သေချာပေါက် လုပ်ဆောင်ကြမည်သာ ဖြစ်လေသည်။
သို့တိုင်အောင်... သူတို့ မလုပ်ရဲခြင်း သို့မဟုတ် မလုပ်နိုင်ခြင်းများလည်း ရှိနေနိုင်သေး၏။
မည်သို့ပင်ဆိုစေကာမူ နှစ်ရာပေါင်းများစွာတိုင်အောင် လှည့်စားခံရပြီး အကျဉ်းချခံထားရသော လူသား များထံမှ မည်ကဲ့သို့သော ဒေါသများ ပေါက်ကွဲထွက်လာမည်ကို မည်သူကမျှ မသိနိုင်ပေ။
အချိန်ကား အလွန်ပင် နီးကပ်နေခဲ့ပြီ ဖြစ်လေသည်။
အစီအစဉ်များ ချမှတ်ပြီးနောက် ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်လာခဲ့ပြီး ချင်ကျင်းမြို့သို့ သွား ကာ ထိုမှတစ်ဆင့် ရှောင်ကျင်းမြို့သို့ ဆက်သွားပြီး နောက်ဆုံးတွင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ အုပ်ချုပ်မှုဌာနသို့ ရောက်ရှိသွားခဲ့လေသည်။
မီးမလောင်မီ ဆူးမိသားစုကို တည်ငြိမ်အောင် သူ လုပ်ဆောင်ထားရန် လိုအပ်ပေသည်။
ဆူးတိုက်သည် ထုံးစံအတိုင်း ကောင်းယွမ်ကို လာရောက်တွေ့ဆုံခဲ့လေ၏။
"သခင်လေးဆူး... ဒီနေ့ ကျွန်တော်တို့ ကလပ်ကို မသွားတော့ဘူးနော်..."
"မင်း အခုကတည်းက လက်မြှောက်နေပြီလား... ကောင်းယွမ်... မင်းက နည်းနည်း အားနည်းနေသလို ပဲ... မင်းအတွက် ပစ္စည်းကောင်းလေးတစ်ခု သွားယူပေးမယ်..."
"ဘာများလဲ..."
"မင်းရဲ့ ရွှေလှံတံကြီးက မတ်မတ်ကြီး ရပ်တည်နိုင်ပြီး မင်းရဲ့ကျောက်ကပ်ကလည်း ဘယ်တော့မှ မပျက် စီးနိုင်တော့ဘူးလို့ အာမခံတယ်..."
"သွားစမ်းပါ... ငါက ကျောက်ဆောင်လို မာကျောပြီးသားကွ... မင်းဘာသာမင်းပဲ သိမ်းထားလိုက်..."
"ဟီးဟီး... မနေ့က မင်း ဌာနမှူးကျိုးကို မနိုင်ခဲ့ဘူးမလား..."
"မင်းကရော နိုင်မယ်ထင်နေလား... သွားစမ်းကြည့်လိုက်လေ..."
"ကျစ်... ငါလည်း မနိုင်ပါဘူးကွာ... ဒီအကြောင်းတွေ ဆက်မပြောတော့ပါဘူး... ကောင်းပြီလေ... ကလပ်ကို မသွားဘူးဆိုတော့လည်း... အလုပ်သွားနေတော့ရော ဘာထူးမှာလဲ... ဒီသတင်းအချက် အလက်ဌာနကြီးက အရမ်းကို ပျင်းစရာကောင်းတာ... အဲဒီအစား ငါတို့ အမဲလိုက်ထွက်ကြရင်ကော..."
"အမဲလိုက်မယ်..."
ကောင်းယွမ် အနည်းငယ် အံ့ဩသွားခဲ့လေသည်။
*ဒီအနာဂတ်ကမ္ဘာမှာ အမဲလိုက်ဖို့ သားကောင်တွေ ရှိနေသေးတာလား…*
"ဟားဟား... မင်း မသိဘူးမလား... မင်းကို ဗက်စတာမှာ အမဲလိုက်ဖို့ ခေါ်သွားမလို့ကွ... ဒီရက်ပိုင်းမှာ သခင်လေး အတော်များများ အဲဒီကို သွားကြတယ်လေ... တကယ်တော့ ထွက်ပြေးနေတဲ့ သတ္တုတွင်း လုပ်သားတွေကို လိုက်ပြီးသတ်ရတာပါပဲ... ဘယ်သူအများဆုံး သတ်နိုင်မလဲဆိုပြီး ပြိုင်ပွဲလုပ်ကြတာ ကွ..."
ဗက်စတာဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ကောင်းယွမ်၌ နိမိတ်မကောင်းသည့် ခံစား ချက်တစ်ခု ရရှိသွားခဲ့လေပြီ။
သို့သော် သူတို့က လူသတ်ပြိုင်ပွဲ လုပ်နေကြသည်ဟု ကြားလိုက်ရသောအခါ သူ၏ရင်ထဲတွင် ဒေါသအ လိပ်လိပ် ထွက်ပေါ်လာခဲ့လေတော့၏။
ဆူးတိုက်သည် စကားပြောနေစဉ် ကောင်းယွမ်၏ မျက်နှာကို စူးစိုက်ကြည့်နေခဲ့လေသည်။ ကောင်းယွမ် ၏ ဒေါသကို မြင်လိုက်ရသည့်အခါ သူက မသိမသာ ပြုံးလိုက်လေ၏။
"ဟေ့... အဲဒီလို ဒေါသမထွက်ပါနဲ့ကွာ... ဂြိုဟ်သိမ်ဂြိုဟ်မွှား သတ္တုတွင်းလုပ်သားတွေက တကယ့်လူ တွေမှ မဟုတ်တာ... ပြီးတော့လည်း ဗက်စတာနားက သတ္တုတွင်းတွေကလည်း ကုန်သလောက် ဖြစ်နေ ပြီလေ... ဒီလုပ်သားတွေကို မဖယ်ရှားပစ်ရင် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုကြီးက လုံခြုံမှာ မဟုတ် တော့ဘူး ကွ..."
"သခင်လေးဆူး... ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုမှာ သတ္တုတွင်းနယ်မြေတွေ အများကြီး ရှိတာကို ဘာလို့ ဗက်စတာ တစ်ခုတည်းကိုပဲ ရှင်းလင်းပစ်ရတာလဲ... ဆီရက်စ်က သတ္တုတွင်းတွေကိုကျတော့ မရှင်းလင်းဘူးလား..."
"ဆီရက်စ်လား... လုံးဝမဖြစ်နိုင်တာ... ဆီရက်စ်က ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုထဲက ငါတို့လူသား တွေရဲ့ အမာခံနယ်မြေကြီးလေ... မင်းမှ မသိတာ... လေဆာတွေ တပ်ဆင်ထားတဲ့ ပြုပြင်ထားတဲ့ ယာဉ် ပျံကို မောင်းနှင်ပြီး တစ်ချက်ပြီးတစ်ချက် ပစ်ခတ်ရတာက... တကယ်ကို မိုက်တာကွ..."
ကောင်းယွမ်၏ စိတ်နှလုံးမှာ အောက်ခြေအထိ ထိုးကျသွားခဲ့ရလေသည်။
ယခင်က ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနသည် ဗက်စတာကို ပစ်မှတ်ထားနေကြောင်း ကျိုးဟန်ယန်းက ပြောပြခဲ့သော်လည်း သူသည် အခြေအနေကို သေချာနားမလည်ခဲ့ပေ။
ဤသခင်လေးများသည် ယခုအခါ အပြင်ဘက်နယ်မြေများတွင် အမဲလိုက်နေကြခြင်း ဖြစ်၏။ သတ္တု တွင်းအတွင်းပိုင်းရှိ အခြေအနေမှာ ဤထက်ပင် ပို၍ဆိုးရွားနေမည်မှာ သေချာပေသည်။
လူပေါင်း သန်းနှင့်ချီ ရှိနေပေသည်။ သူတို့အားလုံးကို အမှန်တကယ်ပင် သတ်ဖြတ်ပစ်ကြတော့မည် လော။
ထိုနေရာတွင် ကောင်းချိုးတစ်ယောက် မည်သို့ရှိနေမည်ကို သူ တွေးပူမိသွားလေ၏။
ဆူးတိုက်သည် ကောင်းယွမ်၏ အမူအရာကို အနီးကပ် စောင့်ကြည့်နေခဲ့လေသည်။
"ကောင်းယွမ်... မင်းက ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုကို ပိုပြီးတော့ အာရုံစိုက်နေသလိုပဲနော်..."
"လူတွေနေထိုင်တဲ့ နေရာတိုင်းကို ကျွန်တော် ဂရုစိုက်ပါတယ်... လူသတ်တယ်ဆိုတာကို ကြားရတာ ကျွန်တော် မခံစားနိုင်လို့ပါ... ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုက သတ္တုတွင်းလုပ်သားတွေကလည်း လူတွေပဲလေ..."
"နောက်နေတာပါကွာ... ထားလိုက်ပါတော့... မင်းကလည်း တော်တော်လေး ပျင်းစရာကောင်းတာပဲ... ငါတော့ ကလပ်ကိုသွားပြီး ကြာသပတေးဂြိုဟ်က ကြွက်သားတောင့်တောင့် မိန်းကလေးကိုပဲ သွားရှာ တော့မယ်..."
...
ဆူးတိုက် ထွက်သွားပြီးနောက် ကောင်းယွမ်၏ မျက်နှာမှာ မှုန်မှိုင်းသွားခဲ့လေသည်။
ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနသည် အမှန်တကယ်ပင် လူအစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများကို တိုက်ရိုက်လုပ်ဆောင်ရဲမည်လော။ ပြည်သူလူထု၏ ဒေါသကို ဆွပေးသလို ဖြစ်မသွားနိုင် ဘူးလော။ သူတို့က သတင်းများကို ပိတ်ဆို့ရန် ကြိုးစားလျှင်တောင်မှ ကမ္ဘာမြေပေါ်တွင်သာ ပိတ်ဆို့နိုင် မည်ဖြစ်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုဘက်မှ သတင်းများကိုမူ အပြည့်အဝ ပိတ်ဆို့နိုင်မည် မဟုတ် ပေ။
ထိုနေရာရှိ သန်းရာနှင့်ချီသော သတ္တုတွင်းလုပ်သားများသာ... အကယ်၍ ပုန်ကန်အုံကြွလာကြမည် ဆိုပါက ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။
သို့သော် ထိုနေရာရှိ လူများသည် သောက်သုံးရေနှင့် လေကဲ့သို့သော အခြေခံအကျဆုံး ပြဿနာများကို ပင် မဖြေရှင်းနိုင်ကြကြောင်း တွေးမိလိုက်သည့်အခါ ကောင်းယွမ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရလေ ၏။ ပုန်ကန်အုံကြွမှု စတင်ခြင်းက မည်သို့သော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေမည်နည်း။
သူတို့ဘက်မှ ကိစ္စရပ်များကို အရှိန်မြှင့်ရန် လိုအပ်နေပြီ ဖြစ်ပေသည်။
ကောင်းချိုးတစ်ယောက် တောင့်ခံထားနိုင်ပါစေဟုသာ မျှော်လင့်ရပေတော့မည်။
တစ်နေ့တာ အလုပ်ကိစ္စများလုပ်ပြီးနောက် ကောင်းယွမ်သည် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှု ဌာနက ပေးထားသော ဘေဂျင်းမြို့ရှိ သူ၏ တိုက်ခန်းသို့ ပြန်လာခဲ့လေသည်။
ပြတင်းပေါက်နားတွင် ရပ်လျက် စည်ကားနေသော မြို့ကြီးကို ငုံ့ကြည့်ရင်း ကောင်းယွမ် အနည်းငယ် ဝေခွဲမရ ဖြစ်နေမိလေ၏။ မြို့ပြကြီးများဆိုသည်မှာ လူသားတို့၏ ယဉ်ကျေးမှုများကို ပေါင်းစပ်ဖော်ပြ နေခြင်း ဖြစ်သော်လည်း ဤမြို့ကြီးကို ရက်အနည်းငယ်အတွင်း သူက မီးရှို့ဖျက်ဆီးတော့မည် ဖြစ်လေ သည်။
ရှေးယခင်ခေတ်က တော်လှန်ရေးများကဲ့သို့ပင် ဖျက်ဆီးမှုမရှိဘဲ အစပြုခြင်းအသစ်ဟူ၍ ရှိလာမည် မဟုတ်ပေ။
ကောင်းယွမ် ခံစားချက်များ နက်ရှိုင်းနေချိန်မှာပင်...၊
လက်ရှိကမ္ဘာရှိ တောင်ပိုင်းမင်းဆက်တွင် ကြယ်ကိုးစင်းအဖွဲ့မှ အမှုဆောင်များသည် ပြီးခဲ့သည့် နှစ်ရက် အတွင်း အသက်ဆက် အခြေခံဆေးရည်နှင့် ပတ်သက်၍ စမ်းသပ်မှုအမျိုးမျိုးကို ပြုလုပ်နေခဲ့ကြပြီး မတူညီသော ရောဂါကျွမ်းနေသည့် လူနာသုံးဦးကိုပင် တိုက်ကျွေးခဲ့ကြလေသည်။
ကဏ္ဍစုံမှ စမ်းသပ်မှုရလဒ်များမှာ ယခုအခါ သူတို့၏ မျှော်မှန်းထားချက်များကို ကျော်လွန်နေခဲ့ပြီ ဖြစ် ချေတော့သည်။
လီပင်းရှီက သက်ပြင်းချကာ ပြောလိုက်လေသည်။
"ကောင်းယွမ်ရဲ့ ကိုယ်ကျင့်တရားကတော့ နည်းနည်း မေးခွန်းထုတ်စရာ ရှိပေမဲ့ သူ့ရဲ့စွမ်းရည်တွေက တော့ သေချာပေါက် ပြဿနာမရှိဘူးပဲ..."
"ငါတို့ သူတို့နဲ့ ပူးပေါင်းသင့်လား..."
"သေချာတာပေါ့... ဒီအံ့ဖွယ်ဆေးက လက်ရှိခေါင်းဆောင်ရဲ့ လက်ရှိအကျပ်အတည်းဖြစ်တဲ့ ဆေးဘက် ဆိုင်ရာဝန်ထမ်းတွေရဲ့ အကြီးစား သပိတ်မှောက်မှုကြောင့် လူနာတော်တော်များများ ဆေးကုသမှု မခံယူ နိုင်တော့တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လေ... ဒီအချိန်မှာ အသက်ဆက် အခြေခံဆေးရည်ကို မိတ်ဆက်လိုက်ခြင်းအားဖြင့် ငါတို့ ကြယ်ကိုးစင်းက တောင်ပိုင်းမင်းဆက်ရဲ့ ကယ်တင်ရှင်တွေ ဖြစ်လာ လိမ့်မယ်... "
"ခေါင်းဆောင်တွေဆိုတာ အပြောင်းအလဲရှိမှာပဲ... ငါတို့ ကြယ်ကိုးစင်းအဖွဲ့က တည်ငြိမ်နေသရွေ့တော့ အသက်ဆက် အခြေခံဆေးရည်နဲ့အတူ တခြား အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးတွေကို အဝေးကြီးမှာ ချန်ထားရစ်ခဲ့နိုင်မှာပဲ..." လီပင်းရှီက ပြောလိုက်လေသည်။
"ကောင်းယွမ်က ယုံကြည်ရတယ်လို့ မင်းထင်လား..." လီထိုက်ရှီက မေးလိုက်လေ၏။
"ငါ မသိဘူး... ပြီးခဲ့တဲ့အကြိမ်ကတော့ ငါတို့ လှည့်စားခံခဲ့ရတယ်... အဲဒါကို ငါ ပြန်ဆန်းစစ်ကြည့်တော့ ကောင်းယွမ်က ငါ့ကို အလုပ်တစ်ခု လုပ်ခိုင်းရာမှာ ငါက အလွဲလွဲအချော်ချော် ဖြစ်အောင် လုပ်ပစ်ခဲ့မိလို့ ဖြစ်နိုင်တယ်..."
ကောင်းယွမ်က သူမကို ရှာပေးရန် တောင်းဆိုခဲ့သော တိရစ္ဆာန်လေး အခိုးခံလိုက်ရကြောင်းကို သတိရ သွားသည့်အခါ လီပင်းရှီ ဒေါသထွက်သွားခဲ့လေသည်။
သူတို့နေရာတွင် ဝင်ကြည့်မည်ဆိုပါက မိမိလည်း ဒေါသထွက်မိမည်ဟု သူမ တွေးလိုက်မိလေသည်။