အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) ထိုင်ဝမ်ကျွန်းကို ပြန်လည်သိမ်းပိုက်ခြင်း။
ကိစ္စရပ်အားလုံးမှာ စနစ်တကျ အစီအစဉ်အတိုင်း လည်ပတ်နေခဲ့လေသည်။
မွန်းလွဲပိုင်းတွင် ချင်ထျဲ့ကျွင်း ကတိပေးထားသော ကုန်ကြမ်းများသည် မုကျားသို့ စတင်ရောက်ရှိ လာခဲ့ပေသည်။
ဆီသယ်ကားများသည်လည်း စတင်ရောက်ရှိလာကြပြီး မုကျား သိပ္ပံဥယျာဉ်၏ ဧရိယာအကျယ်ကြီးထဲ တွင် ရပ်နားထားကြလေသည်။
ကောင်းယွမ်သည် လက်ရှိကမ္ဘာနှင့် ကိုက်ညီသော မြို့တော်ကြီးရှစ်ခု၏ ကိုဩဒိနိတ်များကို တွက်ချက် ကာ မြေပုံပေါ်တွင် မှတ်သားရန် လုံခြုံရေးစက်ရုပ်ကို ခိုင်းစေလိုက်လေသည်။
ထို့နောက် တာ့ဟူထံမှ အကောင်းဆုံး တည်နေရာကို ရွေးချယ်ကာ အာမေးအုပ်စု၏ ကိုယ်စားလှယ်ထံသို့ ပေးပို့လိုက်လေသည်။
သူတို့ထံမှ တုံ့ပြန်မှုက အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့ပေသည်။
တစ်ဖက်လူက ဓာတ်ဆီများ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ကောင်းယွမ်၏ တည်နေရာကိုသာ စောင့်ဆိုင်း နေကြောင်း ပြောလာခဲ့လေသည်။
တာ့ဟူ၏ ယုံကြည်စိတ်ချရမှုက ကောင်းယွမ်ကို အနည်းငယ်ပင် အားနာသွားစေခဲ့၏။
အသက်ဆက် အခြေခံဆေးရည် တစ်သုတ်ကို တာ့ဟူထံသို့ ပေးပို့လိုက်လျှင် မကောင်းပေဘူးလော။
မည်သို့ပင်ဆိုစေကာမူ ဤအရာသည် အနှေးနှင့်အမြန် ကမ္ဘာတစ်ဝန်းလုံးတွင် ရောင်းချရမည်သာဖြစ်ရာ ကြိုတင်ပေးပို့လိုက်ခြင်းက ကျေးဇူးဆပ်ရာလည်း ရောက်ပေလိမ့်မည်။
(၂၀၂၄) ကလပ် ဂိုဒေါင်ထဲမှ စက်ရုပ်ထုတ်လုပ်ရေးလိုင်းကို အနာဂတ်ကမ္ဘာသို့ ရွှေ့ပြောင်းစဉ်က အာကာ သခရီးသွား ဘက်စ်ကား ထုတ်လုပ်ရေးလိုင်းကိုပါ ဂိုဒေါင်ထဲမှ တစ်ပါတည်း ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်လေ သည်။
ကုန်ကြမ်းများ အသင့်ရှိနေပြီဖြစ်ရာ စက်ရုပ်များကို စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်ပေသည်။
သို့သော် အာကာသခရီးသွား ဘက်စ်ကား ထုတ်လုပ်ရေးလိုင်းကို အမှားရှာပြင်ဆင်ခြင်းနှင့် တပ်ဆင်ခြင်း တို့ အပါအဝင် ဤအလုပ်ရုံများအားလုံးကို စက်ရုပ်များကသာ စီမံခန့်ခွဲနေခြင်း ဖြစ်လေ၏။
ကောင်းယွမ်သည် ပြဿနာတစ်ခုကို သတိပြုမိလိုက်လေသည်။ အနာဂတ်တွင် သူသည် ကုန်ကြမ်းများ ကို ပို၍ပို၍ လိုအပ်လာနိုင်ပြီး သူတစ်ပါး၏ ထောက်ပံ့မှုကိုချည်း မှီခိုနေရပါက ပြဿနာတက်လာနိုင်ပေ သည်။
*ငါ ကိုယ်ပိုင် သတ္တုတွင်းတစ်ခု ပိုင်ဆိုင်ထားသင့်သလား…*
ကမ္ဘာပေါ်ရှိ မြေယာအားလုံးသည် တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှုများသာ ဖြစ်လေသည်။ ကောင်းယွမ် အနေဖြင့် တိုက်ရိုက် သိမ်းပိုက်လိုက်ရန် ဖြစ်နိုင်သော်လည်း သူ ထိုသို့လုပ်ဆောင်ရန် မလိုအပ်ပေ။
ယခုအခါ အာကာသခရီးသွား ဘက်စ်ကားများကို ထုတ်လုပ်နေပြီဖြစ်ရာ လပေါ်သို့ ဆင်းသက်ရန်မှာ များစွာ လွယ်ကူသွားပြီ ဖြစ်၏။
*လပေါ်မှာ အခြေစိုက်စခန်းတစ်ခု တည်ဆောက်လိုက်လျှင် ကောင်းမလား…*
ပထမအချက်အနေဖြင့် ကမ္ဘာမြေနှင့် လကမ္ဘာကြား သီးသန့် ခရီးသွားလမ်းကြောင်းတစ်ခုကို ဖွင့်လှစ် နိုင်မည် ဖြစ်လေသည်။ ဒုတိယအချက်အနေဖြင့် သူတို့၏ ကိုယ်ပိုင် သတ္တုတွင်းအခြေစိုက်စခန်းတစ်ခု ရှိလာမည်ဖြစ်ရာ အနာဂတ်တွင် သူတစ်ပါးထံမှ ကုန်ကြမ်းများ ရှာဖွေနေရန် လိုအပ်တော့မည် မဟုတ် ပေ။
ထို့အပြင် ကောင်းယွမ်၏ အဆင့်မြင့်နည်းပညာများက လူအများအပြားကို အလုပ်လက်မဲ့ ဖြစ်သွားစေ ခဲ့လေသည်။
ကောင်းယွမ်သည် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးရန်နှင့် သူ၏ဝင်ငွေများကို ဖြန့်ဝေပေးရန် စီစဉ်ထား လေသည်။ ငွေကြေးသည် လည်ပတ်နေခြင်း မရှိပါက ဂဏန်းတစ်ခုမျှသာ ဖြစ်ပေမည်။
မုကျား အခြေစိုက်စခန်းသည် ကောင်းယွမ်၏ အမာခံနယ်မြေဖြစ်ပြီး ဤနေရာတွင် အကြွင်းမဲ့ လုံခြုံရေး ကို အာမခံနိုင်ရန် လိုအပ်သောကြောင့် စက်ရုပ်များကိုသာ အသုံးပြုလိုခြင်း ဖြစ်လေ၏။
သို့သော် အခြားသော စက်မှုလုပ်ငန်းများကိုမူ အမှန်တကယ်ပင် တိုးချဲ့နိုင်ပြီး အလုပ်အကိုင်များကို တတ်နိုင်သမျှ အများဆုံး ဖန်တီးပေးသင့်ပေသည်။
မိမိကို မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းပြုနေသူ ပိုများလေလေ၊ ဩဇာလွှမ်းမိုးမှုက ပို၍ကြီးမား လေလေ ဖြစ်ပေမည်။
အင်အားသုံး၍ သူတစ်ပါးကို မိမိအား ကြောက်ရွံ့စေခြင်းမှာ အစစ်အမှန် အုပ်ချုပ်မှု မဟုတ်ပေ။ သူ တစ်ပါးကို သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် မိမိအပေါ် မှီခိုလာစေမှသာလျှင် သူတို့က မိမိ နောက်သို့ လိုလိုလားလား လိုက်ပါလာကြမည် ဖြစ်လေသည်။
...
ကောင်းယွမ် ရုံးသို့ ရောက်ရှိလာခဲ့လေသည်။
ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အဆင့်မြင့် အစည်းအဝေးတစ်ခုကို ကျင်းပနေလျက်ရှိ၏။
အစည်းအဝေးခန်းထဲတွင် လူဆယ်ယောက်ကျော် ရှိနေပြီး သူတို့ထဲမှ အများစုကို ကောင်းယွမ် သိရှိခြင်း မရှိပေ။
ဤသည်မှာ ပိုင်မော့ယွီအတွက် ထိုသို့သော အဆင့်မြင့် အစည်းအဝေးကို ပထမဆုံးအကြိမ် တက် ရောက်ဖူးခြင်းဖြစ်ပြီး ယင်းမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူရို၏ အစည်းအဝေးကဲ့သို့ပင် တည်ငြိမ် လေးနက်နေမည်ဟု သူမက မျှော်လင့်ထားခဲ့လေသည်။
သို့သော် အစည်းအဝေး စတင်သည်နှင့် တစ်ပြိုင်နက် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အစည်းအဝေးများ မှာ လုံးဝ စည်းကမ်းမဲ့နေကြောင်းကို သူမ ရှာဖွေတွေ့ရှိလိုက်လေ၏။
စားပွဲများပေါ်ရှိ လက်ဖက်ရည်ပန်းကန်လုံးများမှာ သေသပ်စွာ စီစဉ်ထားခြင်း မရှိသလို မှတ်စုမှတ်ရန် ဘောပင်နှင့် စက္ကူများကလည်း ပြန့်ကျဲလျက်ရှိနေခဲ့ပေသည်။
စားပွဲပေါ်တွင် နာမည်ကတ်ပြားများပင် မရှိဘဲ လူတိုင်းသည် သူတို့ထိုင်ချင်သည့်နေရာတွင် ထိုင်နိုင် ကြလေသည်။
အုပ်စု၏ ဒုတိယဥက္ကဋ္ဌဖြစ်သော ကျန်းပိုင်ရီသည် သာမန်ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင် ထားပြီး ခြေချိတ်ထိုင်နေခဲ့လေ၏။
"ကောင်းယွမ်... မင်း နောက်ကျနေပြီနော်..."
"ငါတို့ဆီမှာ အဆင့်မြင့် အမှုဆောင်တွေ ဒီလောက်တောင် များသွားပြီလား... လောင်ကျန်း... သူတို့ကို မိတ်ဆက်ပေးပါဦး..."
"မင်းက တကယ်ကို လက်လွှတ်စပယ် နေတဲ့သူပဲ... ကိုယ့်ဝန်ထမ်းတွေကိုတောင် မသိဘူးဆိုတော့လေ... လင်းမေကို မင်းသိတယ်... ပိုင်မော့ယွီကိုလည်း မင်းသိတယ်မလား... ဒါက ယွမ်ဖန်းက ဝါရင့်ဝန်ထမ်း လောင်ဟောက်ပဲ... အခု ရှနိုင်ငံ ဈေးကွက်မှာရှိတဲ့ ဆိုင်ခွဲအားလုံးကို တာဝန်ယူထားတယ်... ရှောင်ကျိုး ကိုလည်း မင်းသိတယ်မလား... ယွမ်ဖန်းက နောက်ထပ် ဝါရင့်ဝန်ထမ်းတစ်ယောက်ပြီးတော့ ငါးရံ့နက်ရဲ့ နည်းပညာ ညွှန်ကြားရေးမှူးပဲ..."
"ငါ မသိတဲ့သူတွေအကြောင်း ပြောပါဦးကွ..."
ကောင်းယွမ်သည် ပိုင်မော့ယွီ၏ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်လေသည်။
"ဒီလူတွေကို ဘယ်လိုပဲဖြစ်ဖြစ် မင်းမသိပါဘူးကွာ... အဲဒီတော့ ဘာလို့ အချိန်ကုန်ခံနေတော့မလဲ... မင်း ပြောချင်တာသာ ပြောလိုက်စမ်းပါ... လူတိုင်းက တော်တော်လေး အလုပ်များနေကြတယ်..."
ကောင်းယွမ် ဒေါသထွက်သွားလိမ့်မည်ဟု ပိုင်မော့ယွီ ထင်လိုက်မိလေသည်။
သို့သော် မထင်မှတ်ဘဲ ကောင်းယွမ်က ပြုံးကာ ပြောလိုက်လေ၏။
"ဒါဆိုလည်း စလိုက်ကြတာပေါ့..."
"ဂျယ်လီငါး ဇီဝနည်းပညာကုမ္ပဏီက ရှေ့ဆက်ပြီး ငါတို့ရဲ့ အဓိက ဦးစားပေးဖြစ်လာလိမ့်မယ်... ငါတို့က အွန်လိုင်းရော အော့ဖ်လိုင်းပါ ပုံစံနှစ်မျိုးစလုံးကို အသုံးပြုသွားမယ်... အွန်လိုင်းမှာဆိုရင် ငါးရံ့နက် အိမ် သုံးဆော့ဖ်ဝဲလ်ထဲမှာ ကျန်းမာရေး ကဏ္ဍတစ်ခုကို ထည့်သွင်းသွားမယ်... "
"အော့ဖ်လိုင်းမှာဆိုရင်တော့ ခရိုင်မြို့တိုင်းမှာ အနည်းဆုံး ဆိုင်တစ်ဆိုင်ရှိဖို့ သေချာအောင် လုပ်ရမယ်... ဆိုင်တစ်ဆိုင်စီမှာ အရောင်းဝန်ထမ်း အနည်းဆုံး ဆယ်ယောက် ခန့်ထားပြီး သူတို့က သူနာပြု ဒါမှ မဟုတ် ဆေးဘက်ဆိုင်ရာ နောက်ခံရှိတဲ့သူတွေဆိုရင် ပိုကောင်းတယ်... လစာကို နိုင်ငံရဲ့ ပျမ်းမျှလစာ ထက် နှစ်ဆ သတ်မှတ်ပေးရမယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ကောင်းယွမ်သည် အလုပ်လက်မဲ့ ဖြစ်တော့မည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို လျော်ကြေးပေးရန် စတင်နေပြီဖြစ်ကြောင်း ပိုင်မော့ယွီ သဘောပေါက်သွားခဲ့လေသည်။
"နားလည်ပါပြီ..."
"အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်း ဆိုင်တွေမှာလည်း ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန် စေဖို့အတွက် ဝန်ဆောင်မှုဝန်ထမ်းတွေကို ဆက်ပြီး ခေါ်ယူပေးပါ..."
"တခြားကိစ္စ ရှိသေးလား..."
ကျန်းပိုင်ရီက မေးလိုက်လေသည်။
"ရှိသေးတယ်... ထိုင်ဝမ်ကျွန်းပေါ်မှာ ဆိုင်တစ်ဆိုင် သွားဖွင့်မယ်..."
"ဒါက... သင့်တော်ပါ့မလား..."
"ဘာမသင့်တော်စရာ ရှိလို့လဲ... တကယ်လို့ အဆင်မပြေဘူးဆိုရင် နိုင်ငံအတွက် ပြန်သိမ်းပိုက်လိုက်ကြ မလား..."
ကောင်းယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
ထိုသို့ ပြောပြီးနောက် သူ၏ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာခဲ့လေ၏။ ဤအရာကို အမှန်တကယ်ပင် လုပ်ဆောင်နိုင်ပေသည်။
အစိုးရအနေဖြင့် စိုးရိမ်ပူပန်မှုအချို့ ရှိနေနိုင်ပြီး ယခုထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးသော်လည်း သူ့အတွက်မူ မည်သည့် တုံ့ဆိုင်းစရာမှ မရှိပေ။
ဓာတ်ဆီများ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်လာလျှင် ယာဉ်ပျံများကို အသုံးပြုရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။ ၎င်းတို့က သေးငယ်လွန်းလှပေသည်။ ကောင်းယွမ်သည် စစ်သင်္ဘောကို ပြန်လည်ယူ ဆောင်လာရန် လိုအပ်ပေသည်။
စစ်သင်္ဘောသာ ဤ နေရာသို့ ရောက်ရှိနေပြီဆိုပါက ဂရင်းကမ့်ပ် အဖွဲ့ကို ခေါင်းဖြတ်တိုက်ခိုက်ရန်မှာ အသေးအဖွဲ ကိစ္စလေးတစ်ခုမျှသာ ဖြစ်ချေ၏။ သူတို့သည် စက်ရုပ် (၈၀၀၀၀) ကို ထုတ်လုပ်ပြီးဖြစ်ရာ ဆီများ မသယ်ယူမီ ထိုစက်ရုပ်များအတွက် လေ့ကျင့်ခန်း အနည်းငယ် လုပ်ပေးလိုက်ခြင်းကလည်း ကောင်းသည်ပင်မဟုတ်ပါလား။
လတ်တလောတွင် ဘဏ္ဍာရေးဈေးကွက်များမှာ မတည်မငြိမ် ဖြစ်နေပြီး စီးပွားရေးအခြေအနေသည် လည်း သိပ်မကောင်းလှပေ။ ထို့ကြောင့် ယုံကြည်မှုကို မြှင့်တင်ရန် ထိုင်ဝမ်ကျွန်းကို ပြန်လည်သိမ်းပိုက် လိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်တော့သည်။
ထိုအကြောင်းကို ပိုတွေးလေလေ၊ ပို၍ ဖြစ်နိုင်ခြေရှိလေလေ ဖြစ်နေတော့၏။
အာဏာရှိလာသည်နှင့်အမျှ မိမိလုပ်ချင်သည့်အရာကို လုပ်လိုသည့် ဆန္ဒများလည်း ပေါ်လာတတ်ပေ သည်။ ရှနိုင်ငံမှ မည်သည့် လူငယ်တစ်ယောက်ကများ ထိုင်ဝမ်ကျွန်းကို ပြန်လည်သိမ်းပိုက်ရန် ကွပ်ကဲဖို့ မတွေးဖူးဘဲ နေမည်နည်း။
ယခုအခါ အခွင့်အရေးက ရောက်ရှိလာပြီဖြစ်ရာ ကောင်းယွမ်အနေဖြင့် ယင်းကို မည်သို့လုပ် လက်လွှတ် ခံနိုင်မည်နည်း။
ကျန်းပိုင်ရီသည် အစပိုင်းတွင် ပြန်လည်ချေပချင်ခဲ့သော်လည်း ယခင်က ကောင်းယွမ် လုပ်ဆောင်ခဲ့ဖူး သည်များကို ပြန်စဉ်းစားကြည့်လိုက်သောအခါ သူက အမှန်တကယ်ပင် လုပ်ဆောင်လာနိုင်သည်ဟု ခံစားလိုက်ရလေသည်။
ထို့ကြောင့် သူက လက်မထောင်ပြလိုက်လေ၏။
"မိုက်တယ်... ဥက္ကဋ္ဌကောင်း... တခြား လိုအပ်တာများ ရှိသေးလား..."
"ဒီအစည်းအဝေးမှာ အကြောင်းအရာ တစ်ခုတည်းပဲ ရှိတယ်... ဝန်ဆောင်မှု အရည်အသွေးကို မြှင့်တင် ပြီး ဝန်ထမ်းခေါ်ယူမှုကို တိုးချဲ့ဖို့ပဲ... ပြီးတော့ ခရီးသွားလုပ်ငန်းရေးရာ ဌာနတစ်ခုကိုလည်း အမြန်ဆုံး ဖွဲ့စည်းပေးပါ..."
"ခရီးသွားလုပ်ငန်း..."
ကျန်းပိုင်ရီ အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။
*ဒါက နည်းနည်းလေး ခုန်ပျံကျော်လွှားလွန်းရာ မကျဘူးလား…*
ကောင်းယွမ်သည် အမှန်တကယ်ပင် အလွန်ကြီးမားသော ခြေလှမ်းကြီးများကို လှမ်းခဲ့ခြင်း ဖြစ်ပေ၏။ သူသည် တည်းဖြတ်စက်ဖြင့် စတင်ခဲ့ပြီး ထို့နောက် လက်ပတ်ဖုန်း၊ အပူချိန်ထိန်းအဝတ်အစားနှင့် ယခု အသက်ဆက် အခြေခံဆေးရည်တို့အထိ ရောက်ရှိလာခဲ့လေသည်။ ယခုအခါတွင် ခရီးသွားလုပ်ငန်းထဲ သို့ ဝင်ရောက်လာပြန်လေပြီဖြစ်ချေ၏။
"ဆယ်လ်မွန် ဖျော်ဖြေရေးကလည်း အခု လောလောဆယ် သိပ်အလုပ်မများသေးဘူးလေ... ပြီးတော့ ငါတို့ရဲ့ ရုပ်ရှင်ပြသချိန်ကလည်း ပြီးတော့မှာ... ငါတို့က နယ်လှည့်ပွဲတွေ ဘာတွေလည်း လုပ်မှာ မဟုတ် ဘူးဆိုတော့ ငါတို့ရဲ့ ခရီးသွားလုပ်ငန်းကို ဆယ်လ်မွန် ဖျော်ဖြေရေးအောက်မှာ ထားလိုက်ရင်ရော ဘယ် လိုလဲ... သူတို့ကိုပဲ တာဝန်ယူခိုင်းလိုက်ပေါ့..."
ကောင်းယွမ် တွေးကြည့်လိုက်ရာ ယင်းမှာ အမှန်တကယ်ပင် အကြံဉာဏ်ကောင်းတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။
*အဲဒီအခါကျရင် လကမ္ဘာပေါ်မှာ လွင့်မျောနေတဲ့အကြောင်း ရုပ်ရှင်တစ်ကား ရိုက်လိုက်မယ်... ဒါကို ကြည့်ပြီးသွားရင် ဘယ်သူကများ လပေါ်ကို ခရီးမထွက်ချင်ဘဲနေမှာလဲ….*
...
အစည်းအဝေးပြီးနောက် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ သွားရောက်ကာ အလုပ်လုပ်ခဲ့လေ သည်။
ခန္ဓာကိုယ်နှင့် ကိုက်ညီအောင် ပြုပြင်ထားသော အလိုအလျောက် စမတ်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ကောင်းယွမ်၏ မျက်နှာမှာ စိတ်အနှောင့်အယှက် ဖြစ်နေဟန် ပေါ်နေခဲ့၏။ သူသည် ရပ်နားခြင်းမရှိဘဲ အလုပ်လုပ်နေရပြီး နေရာနှစ်ခုကြားတွင် ပြေးလွှားကာ အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ကိုင်နေရသ ဖြင့် အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့လေသည်။
*ငါ အရမ်းပင်ပန်းနေပြီ... အပန်းဖြေဖို့ ကလပ်တစ်ခုခုကို သွားမှဖြစ်မယ်...*
သနားစရာကောင်းသော ကလပ်သည် ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတော့မည် ဖြစ်၏။ ဤသည်မှာ ၎င်းအတွင်းရှိ နူးညံ့သိမ်မွေ့မှုများကို သူ နောက်ဆုံးအကြိမ် ခံစားရခြင်းပင် ဖြစ်ပေလိမ့် မည်။
အနာဂတ်တွင် ကလပ် ရှိတော့မည်မဟုတ်ကြောင်းကို သိရှိထားသဖြင့် ကောင်းယွမ်သည် အမြန်သွားရန် လိုအပ်ကြောင်း သိနေခဲ့လေသည်။
တတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့လေ၏...
စက်ရုပ်များကို ထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ပြီး တာ့ဟူ၏ ဓာတ်ဆီထောက်ပံ့မှုမှာလည်း အားလုံး နီးပါးခန့် ပြီးစီးနေပြီဟု ကောင်းယွမ် မျှော်မှန်းထားလေရာ ယခုအခါ လုပ်ငန်းများ စတင်အသက်ဝင်ရန် အချိန်ကျရောက်လာပြီ ဖြစ်၏။
ရှောင်ကျင်းမြို့ရှိ လေဆိပ်သို့ သူ ထပ်မံရောက်ရှိလာခဲ့လေသည်။
ချင်ယွီကျားကျားသည် ပြုံးရွှင်သော မျက်နှာထားဖြင့် သူ့ကို ကြိုဆိုရန် အစောကြီး ထွက်လာခဲ့လေ သည်။
"ဌာနမှူးကောင်း... ရှင် စစ်သင်္ဘောကို မောင်းဖို့ ထပ်ရောက်လာပြန်ပြီလား..."
"ဟုတ်တယ်... ကိစ္စလေးတစ်ခု ပေါ်လာလို့..."
"အခုချက်ချင်းပဲ ရှင့်အတွက် ပြင်ဆင်ပေးပါ့မယ်... ရှင့်ဆီမှာ ကျွန်မရဲ့ ဦးနှောက်ချိတ်ဆက်မှုကွန်ရက် ရှိပြီးသားဆိုတော့ နောက်တစ်ခါဆိုရင် ကြိုပြီး အကြောင်းကြားပေးပါ... ဒါဆိုရင် ရှင့်ရဲ့ ထွက်ခွာမှုအ တွက် ကျွန်မ ကြိုပြီး ပြင်ဆင်ထားပေးလို့ရတာပေါ့..."
"ကောင်းပြီလေ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"ဒါက ပြဿနာမရှိပါဘူး..."
ချင်ယွီကျားကျားက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။