အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀)
ဆန့်ကျင်ဘက်ဒြပ်ထု ဖျက်ဆီးရေးဗုံး
ရှနိုင်ငံ၏ ရေပြင်နယ်နိမိတ်။
ဒုံးကျည်များသည် မိုးရွာချသည့်အလား ကျဆင်းလာခဲ့လေသည်။
အီနာကာသည် သင်္ဘောဦးပိုင်းတွင် ရပ်လျက် ကွပ်ကဲရေးဓားကို ကိုင်ဆောင်ထားကာ အော်ဟစ်လိုက် လေ၏။
"ဘန်ဇိုင်း... အင်ပါယာရဲ့ ဂုဏ်သိက္ခာအတွက် တန်ပြန်တိုက်ခိုက်ကြ..."
"ဗိုလ်ချုပ်... ရန်သူ့တိုက်ခိုက်မှုက အရမ်းပြင်းထန်လွန်းတယ်... ကျွန်တော်တို့ သူတို့ကို လုံးဝ မယှဉ်နိုင် ဘူး... လေထဲမှာ ဒုံးကျည်တွေနဲ့ တော်ပီဒိုတွေရှိပြီး ရေအောက်မှာ ရေငုပ်သင်္ဘောတွေ ရှိနေတယ်... ဖရီးဂိတ် စစ်သင်္ဘော ငါးစီးတောင် ဆုံးရှုံးသွားခဲ့ရပြီ..."
"ကျစ်... ထိုင်ဝမ်သာ မရှိရင် ဂျပန်နိုင်ငံဟာ ထာဝရ ဖိနှိပ်ခံထားရတော့မှာ... ဂျပန်နိုင်ငံအတွက် ထိုင်ဝမ် ကို ကာကွယ်ရမယ်... ကာမိကာဇေ အသေခံတပ်ဖွဲ့ကို ချက်ချင်း စုစည်းလိုက်..."
သူတို့ စကားပြောနေစဉ် စစ်သားတစ်ဦးမှာ ရုတ်တရက် အကြည့်များ ရပ်တန့်သွားခဲ့လေသည်။
"ဗိုလ်ချုပ်..."
"ဘာကဲရို... ငါပြောတာ ကြားလား..."
"ဗိုလ်ချုပ်... စစ်သင်္ဘောကြီးက..."
"စစ်သင်္ဘောတွေ ရှိတယ်ဆိုတာ ငါသိတယ်..."
"အဲဒါကြီးက ကောင်းကင်ယံမှာ ပျံသန်းနေတာပါ..."
...
ကောင်းယွမ်သည် တိုက်ပွဲဖြစ်ပွားရာ ဇုန်သို့ ရောက်ရှိလာသည့်အခါ ရှနိုင်ငံ ရေတပ်၏ တိုက်ခိုက်မှု အားလုံးမှာ အလိုအလျောက် ရပ်တန့်သွားခဲ့လေသည်။
ကောင်းယွမ်သည် အောက်ဘက်ရှိ ရေတပ်ကို ငုံ့ကြည့်လိုက်ရာ စွမ်းအင်မြင့် လေဆာအမြောက် ရာပေါင်းများစွာက အလိုအလျောက် ပစ်မှတ်လော့ခ်ချနေပြီ ဖြစ်၏။
"ပစ်..."
ထိုသို့ပြောပြီးနောက် ကောင်းယွမ်သည် စိတ်ထဲမှ သုံးအထိ ရေတွက်လိုက်လေသည်။
*သုံး... နှစ်... တစ်... ပြီးပြီ... ဂျပန်နိုင်ငံဆီ သွားကြစို့...*
ရှနိုင်ငံ ရေတပ် တပ်မှူး မုန့်ဝေ့သည် ဂြိုဟ်တုမှတစ်ဆင့် ဂျပန်ရေတပ်ရှိ အရွယ်အစားစုံလင်သော စစ်သင်္ဘော ဒါဇင်ပေါင်းများစွာ စတင်နစ်မြုပ်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။
သူ မှင်သက်သွားခဲ့ရပေ၏။
"သုံးစက္ကန့်တည်း... သုံးစက္ကန့်ပဲ ကြာလိုက်တယ်..."
ဂျပန်ဝန်ကြီးချုပ်သည် ဂျပန်အင်ပါယာ နန်းတော်ထဲမှ ထွက်လာသည့်အခါ နှစ်အနည်းငယ်မျှ ပိုမိုအိုမင်း သွားသကဲ့သို့ ရှိနေလေသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား အချိန်ကာလသို့ တစ်ဖန် ရောက်ရှိလာခဲ့ပြန်လေပြီ။
တာနာကာသာ ဝင်မစွက်ဖက်ခဲ့ပါက ဂျပန်နိုင်ငံသည် ရှင်သန်နိုင်မည် ဖြစ်၏။
သို့သော် တာနာကာက တိုက်ပွဲကို စတင်လိုက်လေသည်။
လွန်ခဲ့သောခဏကပင် ဆန်ကင်နူရာသည် ငါးရံ့နက် နည်းပညာကုမ္ပဏီနှင့် ပတ်သက်သည့် သတင်းများ ကို မြင်တွေ့ခဲ့ရလေ၏။
ကုမ္ပဏီတစ်ခုက နိုင်ငံတစ်နိုင်ငံကို ရန်သူတော်နိုင်ငံအဖြစ် ကြေညာခြင်းမှာ ယုတ္တိမတန်လှသော်လည်း ထူးဆန်းသည်မှာ မည်သူကမျှ မယုံကြည်ဘဲ မနေရဲကြခြင်းပင် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ ကွဲပြားခြားနားသောကြောင့် ဖြစ်လေသည်။ သူတို့သည် အမှန်တကယ်ပင် စွမ်းဆောင်နိုင်စွမ်း ရှိကြပေ၏။
ဆန်ကင်နူရာသည် ဆဲပူကူလုပ်ချင်ခဲ့သော်လည်း ကောင်းယွမ် ရောက်ရှိလာသည့်အခါ သူ၏ရှေ့မှောက် တွင် တောင်းပန်ရန် ဘုရင်မင်းမြတ်က အမိန့်ပေးခဲ့လေသည်။ ထိုသို့လုပ်ဆောင်ခြင်းက ဂျပန်နိုင်ငံကို ဤကံကြမ္မာဆိုးမှ လွတ်မြောက်စေနိုင်ကောင်း လွတ်မြောက်စေနိုင်မည် ဖြစ်ပေသည်။
သို့သော် ကောင်းယွမ်က မည်သည့်နေရာတွင် ရှိနေသနည်း။
ဆန်ကင်နူရာသည် ဂြိုဟ်တုမှတစ်ဆင့် ကောင်းယွမ်၏ စစ်သင်္ဘောကို ရှာဖွေနိုင်ရန် အမေရိကထံမှ အကူအညီ တောင်းခံရုံသာ တတ်နိုင်ခဲ့သော်လည်း အမေရိကသည် သူ၏ ဖုန်းခေါ်ဆိုမှုများကို လုံးဝ ပြန် လည်ဖြေကြားခြင်း မရှိခဲ့ပေ။ အမှန်တကယ်တွင် အမေရိက၊ ရှနိုင်ငံ၊ ရု ရှားနှင့် ဥရောပတို့ အပါအဝင် တရားဝင် အဖွဲ့အစည်း အားလုံးသည် ဂျပန်နိုင်ငံရှိ တည်နေရာပြစနစ် အသုံးပြုမှုကို ပိတ်ပစ်ခဲ့ကြလေ သည်။
ယခုအခါ ဂျပန်နိုင်ငံမှာ လုံးဝ မျက်ကန်းဖြစ်နေခဲ့ပြီ ဖြစ်၏။
ကောင်းယွမ်သည် ဂျပန်နိုင်ငံ၏ ကောင်းကင်ယံထက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
သူသည် အကြပ်ရိုက်နေခဲ့ပေ၏။ လေဆာအမြောက်များသည် စစ်သင်္ဘောများကို တိုက်ခိုက်ရာတွင် အလွန်ထိရောက်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ ကုန်းတွင်းပိုင်းကို တိုက်ခိုက်ရန်အတွက်မူ မလုံလောက် ပေ။ အဆောက်အအုံများကို တိုက်ခိုက်ရာတွင်ပင် ၎င်းတို့၏ စွမ်းအားမှာ အနည်းငယ်မျှသာရှိပြီး သာမန် ဗုံးများလောက်ပင် ထိရောက်မှု မရှိခဲ့ပေ။
သို့သော် နျူကလီးယားဗုံးကို အသုံးပြုပါက ဂျပန်နိုင်ငံသည် ရှနိုင်ငံနှင့် အလွန်နီးကပ်လွန်းလှရာ နျူက လီးယား ရေဒီယိုသတ္တိကြွမှုများ ရှနိုင်ငံသို့ ရောက်ရှိမလာဘူးဆိုသည်ကို အာမခံရန် ခက်ခဲလှပေသည်။
ယခုအခါ ကောင်းယွမ်တွင် ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်ရှိတော့လေသည်။
ဆန့်ကျင်ဘက်ဒြပ်ထု ဖျက်ဆီးရေးဗုံး ပင်ဖြစ်၏။
ဤသည်မှာ လအဆင့် စစ်သင်္ဘော၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှု ဖြစ်လေသည်။ ယင်းကို ပစ်လွှတ်ပြီးနောက် စစ်သင်္ဘော၏ စွမ်းအင်မှာ အကြီးအကျယ် ချို့တဲ့သွားမည် ဖြစ်၏။
စစ်သင်္ဘော၏ အင်ဂျင်မှာ ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင် ဖြစ်ပေသည်။ သိုလှောင်ထားသော ဆန့်ကျင် ဘက်ဒြပ်ထုများကို စားသုံးပြီးနောက် သုံးနာရီမျှသာ ဆက်လက်ပျံသန်းနိုင်မည်ဖြစ်ပြီး ခရီးဝေး အာကာသခရီးစဉ်များကို လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
သူ ခဏမျှ တွေဝေသွားခဲ့လေသည်။
ကောင်းယွမ်သည် တစ်စုံတစ်ရာ လုပ်ဆောင်ရန် လိုအပ်သည်ဟု ခံစားလိုက်ရ၏။ ဤမျှအထိ ဖြစ်နေ သည့်တိုင် တစ်စုံတစ်ယောက်က သူ့အား စိန်ခေါ်ရဲနေသေးသည် မဟုတ်ပါလော။
ဆန့်ကျင်ဘက်ဒြပ်ထု အမြောက်များတွင် ရေဒီယိုသတ္တိကြွမှု မရှိသော်လည်း ၎င်းတို့၏ စွမ်းအားမှာ နျူကလီးယားဗုံးများထက် များစွာ ပိုမိုကြီးမားလှပေသည်။
အာဏာစက်ကို တည်ဆောက်ရမည် ဖြစ်လေ၏။
ဤနည်းဖြင့်သာလျှင် သူသည် ဤကမ္ဘာပေါ်တွင် သူ၏ စကားတစ်ခွန်းက ဥပဒေဖြစ်လာမည့်သူ တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်ပေသည်။
ထိုအချိန်မှစ၍ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် များစွာ ပိုမိုအဆင်ပြေလာမည် ဖြစ်လေသည်။
ထိုအချက်ကို စဉ်းစားမိသည့်အခါ ကောင်းယွမ်သည် သူ၏ ဆုံးဖြတ်ချက်ကို ချလိုက်လေ၏။
သူတို့အား အသေအလဲ ရိုက်နှက်ဆုံးမလိုက်မည် ဖြစ်ပေသည်။
ဆုံးဖြတ်ချက် ချပြီးနောက် ကောင်းယွမ်သည် ကျိုးကျန်းလီကို ဆက်သွယ်လိုက်လေသည်။
"အရာရှိကျိုး... ကျွန်တော် ဂျပန်ကို ဗုံးကြဲတော့မယ်... ဂျပန်မှာရှိတဲ့ ရှနိုင်ငံသား အားလုံးကို ဘေးလွတ် ရာ ရွှေ့ပြောင်းဖို့ ချက်ချင်း အကြောင်းကြားပေးပါ... သုံးနာရီနေရင် ကျွန်တော် စတင်တိုက်ခိုက်တော့ မယ်..."
ကျိုးကျန်းလီသည် ခဏမျှ တွေဝေသွားပြီး အကြံပေးချင်သော်လည်း မည်သို့ပြောရမည်ကို မသိဖြစ် နေခဲ့လေသည်။
"ကောင်းပြီ... ငါ အခုချက်ချင်း အကြောင်းကြားလိုက်မယ်..."
မကြာမီမှာပင် ရှနိုင်ငံအစိုးရက အရေးယူဆောင်ရွက်လာပြီး နိုင်ငံသားများကို ရွှေ့ပြောင်းပေးရန် စစ်သင်္ဘောများကို ဂျပန်နိုင်ငံသို့ တိုက်ရိုက် စေလွှတ်လိုက်လေသည်။ သံရုံးကလည်း ဂျပန်နိုင်ငံရှိ ရှနိုင်ငံသား အားလုံးကို မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ချက်ချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အကြောင်းကြားလိုက်ပေသည်။
အာဏာပိုင်များသည် အရပ်ဘက် ခရီးသည်တင် လေယာဉ်များနှင့် ကုန်တင်လေယာဉ်များ အားလုံးကို ဂျပန်သို့ ပျံသန်းရန် စုစည်းလိုက်လေသည်။
ရှနိုင်ငံ၏ လုပ်ရပ်များမှာ အလွန်ပြင်းထန်လွန်းလှရာ အခြားနိုင်ငံများသည် အန္တရာယ်ကို ချက်ချင်းပင် အာရုံခံမိသွားကြလေ၏။
ရှနိုင်ငံ၏နောက်သို့ လိုက်ကာ သူတို့သည်လည်း သူတို့၏ နိုင်ငံသားများကို စတင်ရွှေ့ပြောင်းလာကြ လေသည်။
ဂျပန်အာဏာပိုင်များ ဘာတွေဖြစ်နေသနည်းဟု နားလည်အောင် မကြိုးစားနိုင်မီမှာပင် အိမ်နီးချင်းနိုင်ငံ များ ရောက်ရှိလာခဲ့ကြပြီ ဖြစ်လေ၏။
တောင်ပိုင်းမင်းဆက်က အလျင်မြန်ဆုံး တုံ့ပြန်ခဲ့ပြီး ဂျပန်လူမျိုး အမြောက်အမြား တောင်ပိုင်းမင်းဆက် သို့ အလုံးအရင်း ဝင်ရောက်လာမည်ကို ကာကွယ်ရန် သူတို့၏ စစ်တပ်က နယ်စပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဗိုလ်ချုပ် အီနာကာ၏ တပ်ဖွဲ့ လုံးဝ ပြုတ်ပြုတ်ပြုန်းသွားသည့် သတင်းမှာ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ လေပြီဖြစ်၏။
သို့သော် လူတိုင်း တိတ်ဆိတ်သွားခဲ့ကြလေသည်။
မြေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့သည် လုံးဝ မတုံ့ပြန်ရဲခဲ့ပေ။ ဆန်ကင်နူရာသည် ရှနိုင်ငံ၏ တရား ဝင် အာဏာပိုင်များကို အရေးပေါ် ဆက်သွယ်ခဲ့ပြီး သူတို့မှတစ်ဆင့် ကောင်းယွမ်နှင့် အဆက်အသွယ်ရ ရန် မျှော်လင့်နေခဲ့ခြင်းဖြစ်လေသည်။
သို့သော် ကျိုးကျန်းလီက ငြင်းဆန်ခဲ့ပေသည်။
ကောင်းယွမ်အတွက် အကောင်းဆုံး လုပ်ဆောင်မှုမှာ သူ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ပင် ဖြစ်လေ၏။ ဤအချိန်တွင် ကောင်းယွမ်သည် မုကျားသို့ ပြန်သွားကာ ဆီသယ်ကားများကို စစ်သင်္ဘောပေါ်သို့ တင်ဆောင်နေခဲ့လေသည်။
အမြောက်များ ပစ်ခတ်ပြီးနောက် စွမ်းအင်မလုံလောက်မှုကို ကာကွယ်ရန် ဓာတ်ဆီများကို အနာဂတ် ကမ္ဘာသို့ အရင်သယ်ယူပို့ဆောင်ရန် လိုအပ်ပြီး ယင်းမှာ ရှနိုင်ငံမှ နိုင်ငံသားများ ရွှေ့ပြောင်းမှုနှင့်လည်း အချိန်ကိုက် ဖြစ်သွားမည် ဖြစ်ပေသည်။
စစ်သင်္ဘောကြီးမှာ ကြီးမားလှသည်ဟု ထင်ရသော်လည်း သယ်ယူပို့ဆောင်ရေးအတွက်မူ လုံလောက် ခြင်းမရှိသေးပေ။ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားသည့်အခါ ကောင်းယွမ်သည် ပုန်းအောင်း နေရန်ပင် မလိုအပ်တော့ပေ။ တာ့ဟူ မိသားစုသည် ကောင်းယွမ်၏ ဧရာမ ကြယ်တာရာ စစ်သင်္ဘောကြီး ကို မြင်လိုက်ရသည့်အခါ မှင်သက်သွားခဲ့ကြလေ၏။
တာ့ဟူ၏ ကိုယ်စားလှယ်များသည် စစ်သင်္ဘောများ၏ ဈေးနှုန်းကို စုံစမ်းရန် လူများကိုပင် စေလွှတ်ခဲ့ လေသည်။
ကောင်းယွမ်က အမေရိကန်ဒေါ်လာ သုံးထရီလီယံဟု တိုက်ရိုက်ပင် ဈေးခေါ်လိုက်ရာ ထိုဈေးနှုန်းကို တာ့ဟူကပင် လန့်ဖျပ်သွားခဲ့ရလေ၏။
*စျေးကြီးလွန်းတယ်… အရမ်းကို စျေးကြီးလွန်းတယ်…*
နည်းပညာပိုင်းအရ ကျွမ်းကျင်နေလျှင်တောင်မှ သူတို့ မတတ်နိုင်သေးပေ။
ကောင်းယွမ်က ဆီသယ်ကားများကို စစ်သင်္ဘောပေါ်သို့ တင်ဆောင်နေသည်ကို သူတို့မှာ မနာလိုစွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။ ဆီများ အပြည့်ပါသော ကားများကို စစ်သင်္ဘောပေါ်သို့ တိုက်ရိုက် မောင်းနှင်သွားခဲ့လေ၏။ တစ်ကြိမ်လျှင် ကားငါးရာ တင်ဆောင်နိုင်ပြီး အသွားအပြန် (၁၆) ခေါက် လုပ် ဆောင်ရန် လိုအပ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် အကွာအဝေးမှာ မဝေးလှပေ။
ကောင်းယွမ်သည် သတ်မှတ်ထားသော ကိုဩဒိနိတ်များသို့ ပျံသန်းသွားပြီးနောက် အချိန်နှင့်အာကာသ တံခါးကို ဖွင့်လိုက်ရာ ဆီသယ်ကားများသည် အနာဂတ်ကမ္ဘာသို့ တိုက်ရိုက် မောင်းနှင်သွားကြသော် လည်း စစ်သင်္ဘောကြီးမှာမူ လက်ရှိကမ္ဘာတွင်သာ ရှိနေသေးပေသည်။
စက်ရုပ်များသည် သူတို့၏ နောက်မှ အနာဂတ်ကမ္ဘာသို့ လိုက်ပါသွားကာ ဓာတ်ဆီများကို စတင်ဖြန်း ပက်ခဲ့ကြလေ၏။ သူတို့မှာ အလွန်ပင် စွမ်းဆောင်ရည် မြင့်မားကြပေသည်။
သို့တိုင်အောင် သုံးနာရီကြာပြီးနောက် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာရှိ ကျိုတိုမြို့ လေးနေရာတွင် သာ လုပ်ဆောင်ပြီးစီးသေးရာ လမ်းတစ်ဝက်၌သာ ရှိနေသေးပေသည်။
ကောင်းယွမ်သည် ကျိုးကျန်းလီကို ဆက်သွယ်လိုက်ရာ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ် ဆောင်နေဆဲဖြစ်ကြောင်း သိလိုက်ရလေသည်။
အချိန်ကို နောက်ထပ် သုံးနာရီ ထပ်တိုးရန် သူ ဆုံးဖြတ်လိုက်၏။
...
အနာဂတ်ကမ္ဘာမှ လူများသည် သူတို့ မည်သည်နှင့် ရင်ဆိုင်ရတော့မည်ကို လုံးဝ မသိရှိကြသေးပေ။
ဝမ်ချန်ကျားကျားသည် ဂေဟစနစ် ကင်းလှည့်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လုံကျင်းမြို့ ဂေဟစနစ် ကင်းလှည့်တပ်မဟာ၊ တတိယတပ်ခွဲ၊ အဖွဲ့အမှတ် (၁၉၁) မှ ဖြစ်လေသည်။
ကျိုတိုမြို့ကဲ့သို့ မြို့တိုင်းတွင် ထိုကဲ့သို့သော အဖွဲ့ပေါင်း တစ်ထောင်ခန့် ရှိပေသည်။
ဝမ်ချန်ကျားကျားနှင့် သူမ၏အဖွဲ့သည် ဆင်ခြေဖုံးရပ်ကွက်မှ လုံကျင်းမြို့သို့ သူတို့၏ ယာဉ်ပျံကို မောင်းနှင်ကာ ပြန်လာခဲ့ကြခြင်း ဖြစ်လေသည်။ ဤလအတွက် သူတို့၏ အလုပ်များ ပြီးစီးသွားခဲ့ပြီ ဖြစ်၏။
သူတို့ လုံကျင်းမြို့သို့ ရောက်ခါနီးအချိန်တွင် ဖြစ်လေသည်။
ဝမ်ချန်ကျားကျားသည် အကျင့်ပါနေသဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရုတ်တရက် မှင်သက်သွား ခဲ့လေရ၏။
အဲဒီမှာ လူတစ်ယောက် ရှိနေတာလား။
လုံကျင်းမြို့၏ ပတ်ဝန်းကျင် ဧရိယာသည် ယခုအခါ ကမ္ဘာဦးသစ်တောများဖြင့် ဖုံးလွှမ်းနေပြီး အနည်း ဆုံး နှစ်ပေါင်း ငါးရာခန့် အရိုင်းသက်သက် ကြီးထွားလာခဲ့ခြင်း ဖြစ်လေသည်။
"နင်တို့ မြင်လိုက်လား..."
"အဖွဲ့ခေါင်းဆောင်... ဘာမြင်လိုက်လို့လဲ..."
"အောက်ဘက်မှာ လူတွေ ရှိနေတယ်..."
"မဖြစ်နိုင်တာ... ဒီက ရေဒီယိုသတ္တိကြွမှု အဆင့်ကို ကြည့်လိုက်ဦးလေ... တစ်ထောင်ကျော်နေပြီ... အဲဒီအောက်မှာ စက်ရုပ်တစ်ရုပ်ဆိုရင်တောင် တစ်ရက်လောက်နေရင် ချို့ယွင်းသွားနိုင်တယ်... လူ တစ်ယောက်ဆိုရင် အကာအကွယ်မပါဘဲ နာရီဝက်လောက်နေတာနဲ့ အနာတွေ ဖြစ်လာမှာ... အဲဒီမှာ လူတစ်ယောက် ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဝမ်ချန်ကျားကျားလည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။ ဟုတ်ပေသည်၊ ထိုနေရာတွင် မည်သူမျှ ရှိနေနိုင်မည် မဟုတ်ပေ။
သူမ ထပ်ကြည့်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ပေ။
*ငါ အမြင်မှားတာများလား…*
"ငါတို့ အောက်ဆင်းပြီး သွားမကြည့်သင့်ဘူးလား... တကယ်လို့ အဲဒီမှာ လူတစ်ယောက်ယောက် ရှိနေခဲ့ ရင်ရော..."
"အဖွဲ့ခေါင်းဆောင်... အဲဒီလောက်လုပ်စရာ မလိုပါဘူး... ပြန်ကြရအောင်ပါ..."
"အနိမ့်ပျံသန်းပြီး ကင်းလှည့်ကြမယ်..."
"အင်းပါလေ..."
...
လက်ရှိကမ္ဘာ၏ အချိန်ဖြင့်ဆိုရလျှင် ကောင်းယွမ်သည် မြို့တော်ကြီးရှစ်ခုပေါ်သို့ ဓာတ်ဆီဖြန်းပက်သည့် လုပ်ငန်းစဉ်ကို နောက်ဆုံးတွင် အပြီးသတ်နိုင်ခဲ့လေပြီ။
ဓာတ်ဆီ လီတာ သန်းရာနှင့်ချီ လောင်းချလိုက်မည်ဆိုပါက ကျိုတိုမြို့၏ နေရာတိုင်းသည် မီးတောက် များထဲတွင် ဝါးမျိုခံရမည် ဖြစ်လေသည်။ ကာကွယ်ရေးအမိုးအကာ ကပင် ယင်းကို ကာကွယ်ပေးနိုင် မည် မဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် သူတို့သည် ထွက်ပြေးရုံမှလွဲ၍ အခြားရွေးချယ်စရာ ရှိလာမည် မဟုတ်တော့ပေ။
ဟွမ်ဖူရှန်း၏ ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းမှု မည်သို့ရှိနေမည်ကို သူ တွေးပူမိလေသည်။
ကောင်းယွမ်အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မျှ မချမီ ပြန်သွားပြီး ကြည့်ရှုရန် လိုအပ်သော်လည်း လတ်တလောတွင်မူ သူသည် အမြောက်တစ်ချက် အရင်ပစ်ဖောက်ကာ တစ်ကမ္ဘာလုံးကို သူ၏ စွမ်းအားကို ပြသလိုနေပြီ ဖြစ်လေတော့သည်။