← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) - ဂိုဏ်းတူအစ်ကိုများနှင့် ညီအစ်မနှစ်ယောက် (၁)

"ပြောစရာရှိတာကို ကောင်းကောင်းပြော..."

ချူချင်းက ဝမ်ရို၏လက်ကို အလျင်အမြန်ဆွဲချလိုက်၏။ သူမ မပြုံးပြလျှင်ပင် အ‌ဆင်‌ပြေသေး၏။

ထိုနေ့က မိမိဦးနှောက်ခြောက်ခြားသွားပြီး ဝမ်ရိုကို ပြုံးတတ်အောင်သင်ပေးရန် ကြံစည်ခဲ့မိသည်ကို တွေးမိတိုင်း သူ့ကိုသူ ပါးရိုက်ချင်စိတ်ပေါက်လာရလေသည်။

ဝမ်ရိုသည်လည်း ထိုနေ့မှစ၍ အကြောင်းရင်းမရှိဘဲ ပြုံးတတ်ရန် ဇွဲသန်နေခဲ့ရာ ဤရက်ပိုင်းအတွင်း ချူချင်းမှာ သူမ၏အပြုံးဒဏ်ကို မကြာခဏခံစားရပြီး စိတ်ဓာတ်များပင် ပြိုလဲလုနီးပါးဖြစ်ခဲ့ရ၏။

ချူချင်းမှာ သူမ၏အပြုံးကြောင့် စိတ်ဒဏ်ရာပင်ရတော့မည်ဟု ခံစားနေရချေပြီ။

မည်သည့်တောင်းဆိုမှုကိုမျှ မလုပ်တတ်သောဝမ်ရိုက အဘယ်ကြောင့် ရုတ်တရက် စားသောက်ဆိုင်သို့သွားလိုသည်ကို မသိသော်လည်း ဇဝေဇဝါမဖြစ်နေတော့ပေ။

"သွားကြစို့... အခုချက်ချင်းသွားကြမယ်…"

ဤနေရာကို ရင်းနှီးနေသည်ဟု ခံစားနေရသော ကျန်းရှင်တောက်မှာ လှည့်ကြည့်လိုက်သည့်အခါ ချူချင်းနှင့် ဝမ်ရိုတို့၏လှုပ်ရှားသံကို မကြားရတော့ချေ။

"ဟင်...သူတို့ ဘယ်ရောက်သွားတာလဲ..."

စားသောက်ဆိုင်မှာ အလွန်စည်ကားနေပြီး လူများစုဝေးကာ ကျန်းဟူလောကအကြောင်းကို တီးတိုးပြောဆိုနေကြ၏။

တံခါးဝသို့ဝင်ပြီးနောက် ဝမ်ရိုက ချူချင်းကို ဒုတိယထပ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားလေသည်။ အပေါ်သို့ရောက်ရုံရှိသေး၊ ချူချင်းသည် ရင်းနှီးသောလူနှစ်ဦးကို မြင်လိုက်ရပေသည်။

နှစ်ကြိမ်သာ တွေ့ဖူးခြင်းဖြစ်သည်။

ပထမအကြိမ် တွေ့ဆုံမှုမှာ သံမြင်းဓားပြခုနစ်ဦးကို လိုက်လံသတ်ဖြတ်စဉ်ကဖြစ်ပြီး ဒုတိယအကြိမ် တွေ့ဆုံမှုမှာ ချူမိသားစုတွင် အစေခံအဖြစ် ဟန်ဆောင်နေစဉ်က ဖြစ်ပေသည်။

ထိုထူးဆန်းသော ညီအစ်မနှစ်ယောက်ပင်။

သူတို့လည်း ဤရှင်တောက်အန်းမြို့သို့ ရောက်နေကြသည်လော။

ယခုအခါ ရှင်တောက်အန်းမြို့တွင် လူများပြည့်နှက်နေပြီး သူတို့သည်လည်း ထျန်းရှာရီဖင်ညီလာခံသို့ တက်ရောက်ရန် ရောက်လာကြခြင်းလော။

ဝမ်ရိုသည် သူတို့၏အတွင်းအားရနံ့ကို ရရှိသဖြင့် မိတ်ဆွေဟောင်းနှင့်တွေ့ဆုံရန် လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

စိတ်ထဲတွင် သံသယမျိုးစုံဖြစ်ပေါ်နေစဉ် ဝမ်ရိုက ထိုညီအစ်မနှစ်ယောက်ကို တစ်ချက်မျှပင်မကြည့်ဘဲ အခြားဘက်သို့လျှောက်သွားသည်ကို မြင်လိုက်ရ၏။

ပြတင်းပေါက်နားရှိ စားပွဲတစ်ခုတွင် လူငယ်နှစ်ဦး ရှိနေပေသည်။

တစ်ဦးက ထိုင်နေပြီး တစ်ဦးက မတ်တတ်ရပ်နေ၏။

ထိုင်နေသောသူက လက်ထဲတွင် သေရည်အိုးကိုကိုင်ကာ သေရည်ငှဲ့နေပြီး မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

သူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကျမှာ ထောင့်ကျကာ အလွန်သွက်လက်ချက်ချာပုံပေါ်လေသည်။

အခြားတစ်ဦးမှာမူ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်စင်းချိတ်ဆွဲထားကာ လက်နှစ်ဖက်ကိုနောက်ပစ်လျက် ပြတင်းပေါက်မှတစ်ဆင့် ပြင်ပလောကရှိ လူများကိုငေးကြည့်နေ၏။

သူ၏ဆံနွယ်များ လေထဲတွင်လွင့်ပျံနေပြီး ဝတ်စုံစများမှာလည်း တဖျတ်ဖျတ်လှုပ်ခတ်နေသည်မှာ လောကကြီးနှင့် ကင်းကွာနေကာ အထီးကျန်ဖွယ်ကောင်းလှသည်။

ချူချင်း ဇဝေဇဝါဖြစ်နေစဉ် ဝမ်ရိုက ထိုလူနှစ်ဦး၏ရှေ့သို့ ရောက်ရှိသွားချေသည်။

ထိုင်နေသောသူက အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး မှင်တက်သွား၏။

ဝမ်ရိုက အေးစက်စွာ ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး... ဂိုဏ်းတူအစ်ကိုလတ်... မတွေ့တာကြာပြီနော်..."

ဂိုဏ်းတူအစ်ကိုကြီးနှင့် ဂိုဏ်းတူအစ်ကိုလတ်လော။

ချူချင်း မှင်တက်သွား၏။ ဤသူများသည် အမျက်မထွက်သံလက်သီး ချွေ့ပုနူ၏ အခြားတပည့်နှစ်ဦး ဖြစ်ပေသလော။

"ဂိုဏ်းတူညီမလေးဝမ်..."

ထိုင်နေသော အမျိုးသားက မယုံကြည်နိုင်ဟန်ဖြင့် ခေါ်လိုက်ပြီးမှ ပြုံးလိုက်လေသည်။

"တကယ်ပဲ မင်းဖြစ်နေတာပဲ... မင်း ဘာလို့ ဒီကိုရောက်နေတာလဲ... ဂိုဏ်းတူညီလေးသုံးကော..."

သူကပြောရင်းနှင့် ဝမ်ရို၏နောက်ကွယ်သို့ ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှမတွေ့ရဘဲ ချူချင်းကိုသာ မြင်လိုက်ရ၏။

သူ၏အကြည့်က ချူချင်းထံတွင် တစ်ခဏမျှရပ်တန့်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

"ချူချင်း..."

ဤစကားထွက်လာသည်နှင့် ပြတင်းပေါက်နားတွင် ရပ်နေသော အဖြူရောင်ဝတ်လူငယ်ပင် လှည့်ကြည့်လာရချေသည်။

သူက သေချာစွာကြည့်ရှုပြီးနောက် ခေါင်းခါလိုက်၏။

"မဟုတ်ဘူး... မဟုတ်ဘူး... ဒီတစ်ယောက်က အရမ်းချောလွန်းတယ်... ဂိုဏ်းတူညီလေးသုံးရဲ့ညီက ဒီလောက်မချောဘူး..."

"..."

ချူချင်းမှာ မိမိ၏သရုပ်မှန်ပေါ်သွားသဖြင့် အံ့အားသင့်ရန်ပင် အချိန်မရလိုက်ဘဲ ထိုစကားကြောင့် ဒေါသထွက်သွားရလေသည်။

‘ဒါက တွေ့တွေ့ချင်းလူကို ပြောရမဲ့စကားလား။’

ထိုင်နေသောလူငယ်က ခေါင်းခါလိုက်၏။

"မဟုတ်ဘူး... လူဆိုတာ ကြီးပြင်းလာတတ်တာပဲ... သူက ငယ်ငယ်တုန်းက သိပ်မချောရင်တောင် ကြီးလာတဲ့အခါ မျက်နှာပေါက်ပွင့်သွားပြီး ချောမောလာနိုင်တာပဲ... ပြီးတော့ ဂိုဏ်းတူအစ်ကိုကြီး... လူတစ်ယောက်ရဲ့ရုပ်ရည်ကို မျက်နှာချင်းဆိုင်ဆွေးနွေးတာက မသင့်တော်ဘူး..."

"ရှင်တို့ နားလည်မှုလွဲနေပြီ..."

ဝမ်ရိုက ခေါင်းခါလိုက်သည်။

"ဂိုဏ်းတူအစ်ကိုသုံးက ဒဏ်ရာရထားလို့... ချူထျန်းအစ်ကိုကြီးက ကျွန်မ အိမ်ပြန်ချင်ဇောပြင်းပြနေတာကို စိုးရိမ်ပြီး သူ့ရဲ့မိတ်ဆွေကို လိုက်ပို့ပေးဖို့ တောင်းဆိုခဲ့တာ... ဒီတစ်ယောက်က အစ်ကိုသုံး..."

"တွေ့လား... ငါပြောသားပဲ... မင်း မှားတာပါဆို..."

ဂိုဏ်းတူအစ်ကိုကြီးက ဂိုဏ်းတူအစ်ကိုလတ်ကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်၏။

"မင်းရဲ့အမြင်အာရုံက ဘယ်တော့မှ တိုးတက်လာမှာလဲ..."

"အစ်ကိုသုံး..."

ဂိုဏ်းတူအစ်ကိုလတ်က ချူချင်းကို ပြုံးစိစိဖြင့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"တကယ်တော့ သခင်လေးသုံး ဖြစ်နေတာပဲ... ကျွန်တော် နားလည်မှုလွဲသွားပုံရတယ်... ရိုသေလေးစားပါတယ်..."

သူက ပြောရင်းနှင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။

ချူချင်းမှာမူ ဤလူသည် မိမိ၏သရုပ်မှန်ကို သိရှိသွားသော်လည်း ဖွင့်မပြောခြင်းသာဖြစ်သည်ကို သိရှိလိုက်သည်။

သူသည်လည်း လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်၏။

"ထိုက်ရိဂိုဏ်းရဲ့တပည့်ကျော်တွေ ဖြစ်နေတာပဲ... မလေးမစားဖြစ်သွားရင် ခွင့်လွှတ်ပါ..."

"မပြောပါနဲ့..."

ဂိုဏ်းတူအစ်ကိုလတ်က လက်ဟန်ပြလိုက်သည်။

"ကျွန်တော်တို့ရဲ့ဂိုဏ်းတူညီမလေးကို လမ်းတစ်လျှောက်လုံး စောင့်ရှောက်ပေးခဲ့တဲ့အတွက် သခင်လေးသုံးကို ကျေးဇူးတင်ပါတယ်... ထိုင်ပါဦး..."

ချူချင်းနှင့်ဝမ်ရိုတို့လည်း အတူတူထိုင်လိုက်ကြ၏။

ဝမ်ရိုက ချူချင်းအား မိတ်ဆက်ပေးရာ ဂိုဏ်းတူအစ်ကိုကြီး၏အမည်မှာ မော့တူရှင်းဖြစ်ပြီး ဂိုဏ်းတူအစ်ကိုလတ်၏အမည်မှာ ပျန်းချန်ဖြစ်ပေသည်။

ချူချင်းသည် ဤလူနှစ်ဦးမှာ အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရ၏။

သူတို့၏အမည်နှင့် အငွေ့အသက်များမှာ အလွန်ထူးခြားလှပေသည်။

ဂိုဏ်းတူအစ်ကိုကြီး၏အငွေ့အသက်မှာ အလွန်ကောင်းမွန်ပြီး အမည်မှာလည်း ထူးခြားလှ၏။

ဂိုဏ်းတူအစ်ကိုလတ်မှာမူ ဤနေရာတွင် ထိုင်နေသော်လည်း ထူးခြားမှုမရှိဘဲ အမည်မှာလည်း အနည်းငယ်ရိုးရှင်းလှသည်။

သို့သော် ချူချင်းနားမလည်နိုင်သည်မှာ ထိုက်ရိဂိုဏ်း၏သိုင်းပညာရပ်များမှာ လက်သီးနှင့်ခြေထောက်သိုင်းများသာ ဖြစ်သော်လည်း ဤမော့တူရှင်းက အဘယ်ကြောင့် ခါးတွင်ဓားချိတ်ထားရသနည်း။

ချူချင်း၏ စိတ်ထဲမှသံသယကိုရိပ်မိပုံရသဖြင့် ပျန်းချန်က ပြုံးလိုက်၏။

"သခင်လေးသုံး မသိလို့ပါ... ဂိုဏ်းတူအစ်ကိုကြီးရဲ့ နာမည်ကို ဆရာပေးခဲ့တာ... ကျွန်တော်တို့ထိုက်ရိဂိုဏ်းက လက်သီးနဲ့ ခြေထောက်သိုင်းမှာ ကျွမ်းကျင်ပေမဲ့ ဂိုဏ်းတူအစ်ကိုကြီးကတော့ ဓားသိုင်းကိုပဲ နှစ်သက်နေခဲ့တယ်…”

“ဒါပေမဲ့ ကျွန်တော်တို့ဂိုဏ်းမှာ ဒီလိုဓားသိုင်းအမွေအနှစ် မရှိတာကြောင့် သူ့ရဲ့ဓားသိုင်းက သာမန်ပဲဖြစ်ပြီး လက်သီးနဲ့ ခြေထောက်သိုင်းကလည်း ညံ့ဖျင်းလှတယ်... ဆရာက သူ တစ်ယောက်တည်း အပြင်ထွက်ရင် အသတ်ခံရလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်…”

“ဒါကြောင့် သူ့ကို... မော့တူရှင်းလို့ နာမည်ပေးခဲ့တာပဲ... အဓိပ္ပာယ်ကတော့ နောင်တစ်ချိန် အပြင်ထွက်တဲ့အခါ ငါနဲ့အတူတူ သွားရမယ်... တစ်ယောက်တည်း မသွားရဘူးဆိုတာကို သတိရစေဖို့ပဲ..."

မော့တူရှင်းက ထိုစကားကိုကြားသောအခါ ပျန်းချန်ကို အေးစက်စွာကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။

"ဂိုဏ်းတူညီလေးနှစ်... မင်း စကားအရမ်းများနေပြီ..."

"သခင်လေးသုံးက အပြင်လူမှမဟုတ်တာ... ကျွန်တော်တို့အကြောင်းကို သိထားသင့်တာပေါ့..."

ပျန်းချန်က ပြုံးလျက် ပြောလိုက်သည်။

"ဒါမှ ကျွန်တော်တို့အပေါ် နားလည်မှုမလွဲမှာ..."

ချူချင်းမှာ ဤလူနှစ်ဦး၏စကားကို ယုံကြည်သင့်၊ မယုံကြည်သင့်ကို မဝေခွဲနိုင်တော့ချေ။

ဤဂိုဏ်းတူအစ်ကိုကြီးမော့တူရှင်း၏ အငွေ့အသက်မှာ အလွန်ကောင်းမွန်လှရာ ဓားသိုင်းသာမန်နှင့် လက်သီးသိုင်း ညံ့ဖျင်းသူတစ်ဦးနှင့် လုံးဝမတူပေ။ သူရပ်နေပုံမှာ တည်ငြိမ်ရင့်ကျက်လှပြီး သိုင်းပညာရှင်ကြီးတစ်ဦး၏အရှိန်အဝါ ရှိနေသည်ဟု ပြောလျှင်ပင် မမှားနိုင်ချေ။

သူသည် မသိစိတ်အရ ဝမ်ရိုကို လှမ်းကြည့်လိုက်၏။

ဝမ်ရိုက စားပွဲပေါ်ရှိအစားအစာများကို စားသောက်ရင်း ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုလတ် ပြောတာမှန်တယ်... ကျွန်မ ဂိုဏ်းထဲကိုဝင်တုန်းက ဂိုဏ်းတူအစ်ကိုကြီးက ဆရာ့ကိုစိတ်ဆိုးအောင်လုပ်လို့ ဆရာရက်အတော်ကြာ ထမင်းမစားနိုင်ဖြစ်ခဲ့ရတယ်လို့ အမြဲကြားဖူးတယ်…”

“နောက်ပိုင်း ဂိုဏ်းတူအစ်ကိုကြီးက ကျန်းဟူလောကထဲကို တစ်ယောက်တည်း ထွက်သွားပြီး နှစ်ရက်မပြည့်ခင်မှာပဲ လူနာတင်ထမ်းစင်နဲ့ ပြန်သယ်လာခဲ့ရတယ်…”

“ဆရာက ဒေါသထွက်ပြီး ဂိုဏ်းတူအစ်ကိုကြီးရဲ့ နာမည်ကို ပြောင်းပေးလိုက်တာ... အဲဒီနောက်ပိုင်း ဂိုဏ်းတူအစ်ကိုကြီးက တစ်ယောက်တည်း အပြင်မထွက်တော့ဘဲ ဂိုဏ်းတူအစ်ကိုလတ်က အမြဲလိုက်ပါပေးခဲ့ရတယ်..."

မော့တူရှင်းက ဝမ်ရိုကို တစ်ချက်ကြည့်လိုက်၏။

"ဂိုဏ်းတူညီမလေး... ထမင်းကို ကောင်းကောင်းစားပါ..."

ထို့နောက် သူက ချူချင်းကိုကြည့်လိုက်သည်။

"သခင်လေးသုံး... သူတို့စကားကို စိတ်ထဲမထားပါနဲ့..."

သူ၏လေသံမှာ အေးဆေးတည်ငြိမ်လှပြီး တကယ့်ကို တုနှိုင်းမဲ့ပညာရှင်ကြီးတစ်ဦးကဲ့သို့ပင်။

ချူချင်းက ခေါင်းညိတ်ရင်း မေးလိုက်၏။

"မင်းတို့နှစ်ယောက်လည်း ထျန်းရှာရီဖင်ညီလာခံအတွက် လာခဲ့ကြတာလား..."

မော့တူရှင်းနှင့် ပျန်းချန်တို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် ပျန်းချန်က ပြောလိုက်သည်။

"သံခြေလှမ်း တောင်မြစ် လော့ချန်က ဖိတ်စာတွေ ပေးပို့ပြီး ရှင်တောက်အန်းမြို့မှာ စုဝေးဖို့ ဖိတ်ခေါ်ခဲ့တယ်... ကျွန်တော်တို့ ထိုက်ရိဂိုဏ်းလည်း ဖိတ်စာရခဲ့တာပေါ့…”

All Chapters