← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) - ရှင်တောက်အန်းသို့ ညဘက်ခိုးဝင်ခြင်း (၁)

"ညှာတာပေးပါဦး..."

ထိုအစ်မဖြစ်သူက ဟန်တောက်ကျားငါးကောင်ထဲမှ လူအချို့ကို သူမ၏မျက်ဝန်းတစ်စုံဖြင့် စောင်းငဲ့ကြည့်လိုက်၏။

"ဘာဖြစ်လို့လဲ... သူက ငါ့ကို ဓားနဲ့တစ်ချက်ခုတ်ခဲ့တာလေ... ငါက ဘာလို့ သူ့ကိုမသတ်ရမှာလဲ..."

"အဲဒါက မင်းအရင်ရန်စခဲ့လို့ မဟုတ်ဘူးလား..."

ဟန်တောက်ကျားငါးကောင်ထဲမှ တတိယမြောက်ဖြစ်သော 'ရှန်တောက်ကျား'ဝေမင်က ဒေါသတကြီးပြောလိုက်လေသည်။

သို့သော် ခေါင်းဆောင်ဖြစ်သူ 'ချင်တောက်ကျား'လွီကျစ်က လက်ကိုအသာအယာဝှေ့ယမ်းကာ ထိုအစ်မဖြစ်သူကို မော့ကြည့်လိုက်၏။

"မိန်းကလေး... ကျွန်တော့်ရဲ့ညီအစ်ကိုက စိတ်မြန်လက်မြန်ဖြစ်သွားပြီး မိန်းကလေးကို ပြစ်မှားမိသွားပါတယ်..."

"လွီကျစ်က ဒီနေရာကနေပဲ မိန်းကလေးကို တောင်းပန်ပါတယ်... မိန်းကလေးအနေနဲ့ သူ့ကို စိတ်ထဲမထားပါနဲ့ဦး..."

"အင်း... အင်း... အင်း..."

ညီမဖြစ်သူက ခေါင်းကို အဆက်မပြတ်ညိတ်လိုက်လေသည်။

"အစ်မ... သူပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ... လူကြီးလူကောင်းတွေက သဘောထားကြီးတတ်ကြတာပဲမလား... ငါတို့လည်း သူတို့ကို စိတ်ထဲမထားတော့ဘဲ နေလိုက်ကြမလား..."

"နင်ကတော့ အရူးပဲ..."

အစ်မဖြစ်သူက ညီမဖြစ်သူ၏ခေါင်းကို မနေနိုင်ဘဲ ခပ်ဖွဖွရိုက်လိုက်၏။

"ငါတို့ ခုနကဘာပြောခဲ့လဲဆိုတာ မေ့သွားပြီလား..."

"အော်... ဟုတ်သားပဲ... ဟုတ်တယ်... ဟုတ်တယ်..."

ညီမဖြစ်သူက ခေါင်းကို အဆက်မပြတ်ညိတ်လိုက်ပြန်သည်။

"အရေးကြီးတဲ့ကိစ္စကို မေ့တော့မလို့ပဲ..."

ဟန်တောက်ကျားငါးကောင်သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး အချင်းချင်း သဘောပေါက်နားလည်သွားကြလေသည်။

ဤမိန်းကလေးနှစ်ဦးမှာ တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေပုံရ၏။

လွီကျစ်က ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။

"မိန်းကလေးတို့က ကျွန်တော်တို့ညီအစ်ကိုတွေကို အကူအညီတောင်းစရာ ကိစ္စတစ်ခုခု ရှိနေလို့လား..."

"မိန်းကလေးတို့ဘက်ကသာ ညှာတာပေးမယ်ဆိုရင် ဘာမဆိုပြောလို့ရပါတယ်..."

အစ်မဖြစ်သူ၏မျက်လုံးများ တောက်ပသွား၏။

"ကောင်းပြီလေ... နင်က အဲဒီလိုပြောမှတော့ ငါတို့ကို ဦးချပြီး အစ်ကိုကြီးအဖြစ် သတ်မှတ်လိုက်ကြပေါ့... ဒီနေ့ကစပြီး ငါတို့ညီအစ်မနှစ်ယောက်က နင်တို့ရဲ့ခေါင်းဆောင်ပဲ..."

"ဟမ်..."

လွီကျစ် ဆွံ့အသွား၏။ ဤသည်က အဓိပ္ပာယ်မရှိလှပေ။

ကျန်းဟူလောကထဲတွင် ကျင်လည်ခဲ့သည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်သော်လည်း နာမည်သိပ်မကြီးသေးဘဲ ယခုမူ မိန်းကလေးငယ်နှစ်ဦး၏လက်အောက်ခံ ဖြစ်သွားရတော့မည်လော။

ဤစကားထွက်လာသည်နှင့် စားသောက်ဆိုင်အတွင်း၌ ရယ်မောသံများ ချက်ချင်းဆူညံသွားချေသည်။

ချူချင်းက ထိုညီအစ်မနှစ်ဦးကို ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က အခြေအနေကို ပြန်လည်သတိရမိသွား၏။ ထိုစဉ်က သံမြင်းဓားပြခုနစ်ဦးသည် သူတို့နှင့်အတူ ရှိနေခဲ့ခြင်းပင်။

ထိုမိန်းကလေးနှစ်ဦးသည် သံမြင်းဓားပြခုနစ်ဦးကို ကူညီ၍ ချူဖန်ကိုရင်ဆိုင်ခဲ့ကြပြီး တိုက်ခိုက်နေစဉ်အတွင်း၌လည်း ချူဖန်သာ သူတို့ကိုမနိုင်ပါက ဦးချ၍ အစ်ကိုကြီးအဖြစ် သတ်မှတ်ရမည်ဟု ပြောခဲ့ဖူးလေသည်။

သူတို့သည် ဦးချခံရမည့် ကိစ္စအပေါ် အလွန်အမင်းစွဲလမ်းနေကြခြင်း ဖြစ်နိုင်‌ပေသည်။

"လွီကျစ်... ငါကြည့်ရသလောက်တော့ ဒီမိန်းကလေးတွေက တော်တော်လေး ချောမောလှပတာပဲ... မင်းလည်း သူတို့စကားကိုပဲ နားထောင်လိုက်ပါတော့..."

"ဟုတ်ပ... ဟုတ်ပ... ဒီလောက်လှတဲ့ မိန်းကလေးကို ဦးချပြီး အစ်ကိုကြီးလို့ ခေါ်ရမယ်ဆိုရင်တော့ ငါလည်း သေချာပေါက် လက်ခံမိမှာပဲ..."

"ဟားဟားဟားဟား..."

စားသောက်ဆိုင်ထဲတွင် လွီကျစ်ကို သိကျွမ်းသူအချို့က ဝိုင်းဝန်းလှောင်ပြောင်ကြလေသည်။

သို့သော် နောက်ဆုံးစကားလုံးက ထိုအစ်မဖြစ်သူ၏အာရုံကို ဆွဲဆောင်သွားသဖြင့် သူမက ခေါင်းကိုလှည့်ကြည့်ကာ ခေါင်းခါလိုက်၏။

"မရဘူး... မရဘူး... နင်က ငါ့ကို ဦးချလို့မရဘူး..."

"နင်က အရမ်းပိန်လွန်းတယ်... ကြည့်ရတာလည်း ခန့်ညားထည်ဝါမနေဘူး... နင်က ငါ့ကို ဦးချပြီး အစ်ကိုကြီးလို့သတ်မှတ်ရင် အပြင်မှာ သတင်းပြန့်သွားတဲ့အခါ ငါအရှက်ကွဲရလိမ့်မယ်..."

"မင်း ဘာပြောလိုက်တယ်..."

ထိုလူသည် ဤစကားကိုကြားသောအခါ ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားတော့၏။

သူသည် ဟန်တောက်ကျားငါးကောင်နှင့် တစ်ချိန်တည်းနီးပါး ကျန်းဟူလောကထဲသို့ ခြေချခဲ့သော လူငယ်ပညာရှင်တစ်ဦးဖြစ်သော်လည်း ဟန်တောက်ကျားငါးကောင်နှင့် မတူညီသည်မှာ သူက တစ်ကိုယ်တော်လှုပ်ရှားရသည်ကို ပိုမိုနှစ်သက်ပြီး အုပ်စုဖွဲ့လှုပ်ရှားမှုကို အလွန်အမင်းမုန်းတီးခြင်းပင်။

ထို့ကြောင့် သူသည် ဟန်တောက်ကျားငါးကောင်နှင့် တစ်ကြိမ်ထက်မက ပဋိပက္ခဖြစ်ပွားခဲ့ဖူးလေသည်။

သို့သော် လွီကျစ်တစ်ဦးတည်း၏သိုင်းပညာကပင် သူ့ထက်မနိမ့်ကျသဖြင့် ထိပ်တိုက်တွေ့တိုင်း သူသာ အမြဲရှုံးနိမ့်ခဲ့ရ၏။

ယနေ့တွင် ဟန်တောက်ကျားငါးကောင်မှာ မိန်းကလေးနှစ်ဦး၏လက်အောက်တွင် အရေးနိမ့်နေသည်ကို ခဲရာခဲဆစ်မြင်တွေ့လိုက်ရသဖြင့် သူက အခွင့်ကောင်းယူ၍ လှောင်ပြောင်ရန်ကြံရွယ်ခဲ့သော်လည်း ဤမိန်းကလေး၏ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

သူသည် တစ်ခဏချင်းမှာပင် ဒေါသမထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်တော့၏။

"ငါဘယ်သူလဲဆိုတာ မင်းသိရဲ့လား... ဝမ်တောက်ကျားက မင်းရဲ့လက်ထဲကို ရောက်သွားရုံနဲ့ ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့..."

"လွီကျစ်က သူ့လူကိုစိုးရိမ်လို့ လက်တွန့်နေပေမဲ့ ငါကတော့ အဲဒါတွေကို ဂရုမစိုက်ဘူး..."

ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က လျှပ်တပြက်လှုပ်ရှားသွားပြီး ခါးကြားမှ ဓားမြှောင်တစ်စင်းမှာ ဓားအိတ်ထဲမှ ထွက်ပေါ်လာလေသည်။

သို့သော် ဓားသွား၏အရှိန်မကုန်ဆုံးမီမှာပင် ၎င်းကို လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းဖြင့် အသာအယာ ညှပ်ယူခြင်းခံလိုက်ရ၏။

ထိုလူက ဆွံ့အသွားပြီး အားစိုက်ထုတ်ရန်ပြင်လိုက်စဉ်မှာပင် ဂျောက်ခနဲ အသံတစ်သံနှင့်အတူ ထိုဓားမှာ အစ်မဖြစ်သူ၏လက်ထဲ၌ အလယ်တည့်တည့်မှ ကျိုးပြတ်သွားချေသည်။

ထို့နောက် သူမက လက်ဝါးကိုပြောင်းပြန်လှန်ကာ သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားသို့ ရိုက်ချလိုက်၏။

ဝုန်းခနဲအသံနှင့်အတူ ထိုလူမှာ လွင့်ထွက်သွားပြီး ပြတင်းပေါက်ကို ဖြတ်ကျော်ကာ အပြင်ဘက်လမ်းမကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။

အစ်မဖြစ်သူက ဤသည်ကိုမြင်သောအခါ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်၏။

"ငါပြောသားပဲ... အရမ်းပိန်လွန်းလို့ တစ်ချက်လေးတောင် မခံနိုင်ဘူး..."

"ဒီလို အားနည်းတဲ့ပုံစံနဲ့တော့ လေတိုက်ရင်တောင် လွင့်သွားဦးမယ်..."

ညီမဖြစ်သူကလည်း အဆက်မပြတ် သက်ပြင်းချလိုက်လေသည်။

သူတို့၏ စကားထဲမှစိတ်ပျက်မှုကို ကြားရသောအခါ ထိုနေရာရှိ လူအချို့က မနေနိုင်ဘဲ ထပ်မံရယ်မောမိကြပြန်၏။

သို့သော် လူအများစုမှာမူ တိတ်ဆိတ်သွားကြချေသည်။

လွီကျစ်က မျက်ခုံးကို အပြင်းအထန် တွန့်ချိုးလိုက်၏။ ဤလူ၏သိုင်းပညာမှာ မိမိထက် အနည်းငယ်သာနိမ့်ကျသော်လည်း ဤမိန်းကလေး၏လက်ဝါးတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ချေ။

ဤညီအစ်မနှစ်ဦးသာ ပူးပေါင်းလိုက်မည်ဆိုပါက ဟန်တောက်ကျားငါးကောင်ဟူသော အမည်နာမမှာ ယနေ့တွင် ကျန်းဟူလောကမှ ပျောက်ကွယ်သွားရပေလိမ့်မည်။

ထို့ကြောင့် သူသည် သက်ပြင်းအသာချကာ ပြောလိုက်၏။

"မိန်းကလေးရဲ့သိုင်းပညာက တကယ်ပဲ ပြိုင်ဘက်ကင်းပါတယ်... ဒီနေ့တော့ ကျွန်တော်တို့ညီအစ်ကိုတွေ အရှုံးပေးလိုက်ပါပြီ..."

"မိန်းကလေးအနေနဲ့ ညှာတာပေးဖို့ မျှော်လင့်ပါတယ်..."

အစ်မဖြစ်သူက ဤစကားကိုကြားသောအခါ သေချာစဉ်းစားပြီးနောက် ဝမ်တောက်ကျား၏ဓားကို လွှတ်ပေးလိုက်ကာ လွီကျစ်ဘက်သို့ လှည့်ကြည့်လိုက်၏။

"ဒါနဲ့... နင်က သဘောတူလိုက်တာလား..."

"ဒါက..."

လွီကျစ်က အခြားညီအစ်ကိုများကို ကြည့်လိုက်ပြီးနောက် အံတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။

"ဒီနေ့ကစပြီး ကျွန်တော်လွီကျစ်က မိန်းကလေးတို့ရဲ့ လက်အောက်ခံအဖြစ် အမှုထမ်းပါ့မယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ ဒီညီအစ်ကိုတွေကိုတော့ မိန်းကလေးတို့အနေနဲ့ လွှတ်ပေးစေချင်ပါတယ်..."

"အစ်ကိုကြီး... ဘာလို့ အဲဒီလိုပြောရတာလဲ..."

"ကျွန်တော်တို့ညီအစ်ကိုတွေက အစ်ကိုကြီးကို ထားခဲ့လို့ရပါ့မလား..."

"ဟုတ်တယ်... ဒီနေ့အတူတူသွားရင်သွား... မသွားရင်လည်း အတူတူနေမယ်... မဟုတ်ရင်လည်း အတူတူသေကြတာပေါ့..."

"ဒါပေါ့..."

ညီအစ်ကိုအချို့က တစ်ယောက်တစ်ပေါက်ပြောဆိုရင်း စိတ်လှုပ်ရှားလာကာ ဖက်ငိုမိတော့မတတ် ဖြစ်သွားကြလေသည်။

ညီအစ်မနှစ်ဦးမှာမူ အချင်းချင်းကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် အပြစ်ကင်းစင်မှုများ ပြည့်နှက်နေကာ ဤအရာအားလုံးမှာ သူတို့နှင့် မသက်ဆိုင်သကဲ့သို့ပင်။

နောက်ဆုံးတွင် လွီကျစ်က သက်ပြင်းအရှည်ကြီးချလိုက်ပြီးနောက် လေးနက်သောလေသံဖြင့် ပြောလိုက်၏။

"ကျွန်တော်တို့ညီအစ်ကိုတွေ ခုနက တိုင်ပင်ပြီးပါပြီ... ဒီနေ့ကစပြီး ကျွန်တော်တို့က မိန်းကလေးတို့အမိန့်ကိုပဲ နာခံပါ့မယ်..."

"ဒါပေမဲ့ ကျွန်တော်တို့ ကြိုသဘောတူထားရမယ့်အချက်ကတော့... မတရားတာ မလုပ်ဖို့နဲ့ အပြစ်မဲ့တဲ့လူတွေကို မသတ်ဖို့ပါပဲ..."

"မိန်းကလေးတို့ဘက်က သဘောတူပေးဖို့ တောင်းဆိုပါတယ်..."

"အော်... ရတာပေါ့..."

ထိုညီအစ်မနှစ်ဦးကလည်း အလွန်လွယ်ကူစွာပင် သဘောတူလိုက်ကြ၏။

သူတို့ကိုယ်တိုင်ပင် မယုံကြည်နိုင်သကဲ့သို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အစ်မဖြစ်သူက ခေါင်းကို အဆက်မပြတ်ညိတ်လိုက်၏။

"ငါတို့မှာ လက်အောက်ခံတွေ ရှိသွားပြီ..."

"လောကတစ်ခုလုံးကို စိုးမိုးမဲ့မဟာရည်မှန်းချက်ကြီးဆီကို နောက်ထပ်ခြေလှမ်းတစ်လှမ်း တိုးသွားပြန်ပြီ..."

"နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါကျရင် ငါတို့က သေချာပေါက် လောကရဲ့အရှင်သခင် ဖြစ်လာလိမ့်မယ်..."

လွီကျစ်သည် သစ္စာခံပြီးခါစတွင် သူတို့၏စကားများကို ကြားလိုက်ရသဖြင့် ကြောင်အသွားတော့၏။

"မိန်းကလေးတို့က တောင်ပေါ်ဓားပြ‌တွေများလား။"

"မဟုတ်ပါဘူး..."

အစ်မဖြစ်သူက ပြုံးလျက် ပြောလိုက်သည်။

"နင်တို့က ငါတို့ရဲ့ လက်အောက်ခံတွေ ဖြစ်သွားပြီဆိုမှတော့ ငါတို့ရဲ့ မူလဇစ်မြစ်ကိုလည်း သိထားသင့်တာပေါ့..."

"ငါက အစ်မဖြစ်သူ နျန့်ရှင်း..."

"ငါက ညီမဖြစ်သူ နျန့်အန်း..."

ညီအစ်မနှစ်ဦးက အချင်းချင်းကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။

"ငါတို့က ပုထီကျောင်းတော်ကပဲ..."

ဝုန်းခနဲ အသံတစ်သံထွက်ပေါ်လာ၏။

ပုထီကျောင်းတော်ဟူသော စကားလုံး ထွက်ပေါ်လာသည့်အခါ စားသောက်ဆိုင်အတွင်းရှိ အခြားလူများမှာ အေးဆေးရှိနေကြသော်လည်း ကျန်းရှန်တောက်၏လက်ထဲမှ ပေါက်စီမှာမူ ရုတ်တရက်ပြုတ်ကျသွားပြီး ဟင်းရည်ပန်းကန်ကို တိုက်မိသွားလေသည်။

ချူချင်းက မျက်ခုံးကို အနည်းငယ်တွန့်လိုက်၏။ ပုထီကျောင်းတော်ဟူသောအမည်မှာ သူအတွက် အလွန်စိမ်းသက်နေပြီး တစ်ခါမျှ မကြားဖူးခဲ့ချေ။

သူက ကျန်းရှန်တောက်ကို စူးစမ်းလိုသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ကျန်းက... ဒီပုထီကျောင်းတော်အကြောင်းကို သိနေတာလား..."

"ဟမ်..."

ကျန်းရှန်တောက်က ဇဝေဇဝါဖြင့် ခေါင်းခါပြလိုက်၏။

"မကြားဖူးပါဘူး... မသိပါဘူး... ခုနက သွေးကြောပိတ်အပ်က ရုတ်တရက် လှုပ်ရှားလာလို့ လက်တုန်ပြီး ပေါက်စီ ပြုတ်ကျသွားတာပါ..."

"အားနာလိုက်တာ... တောင်းပန်ပါတယ်နော်..."

ချူချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ထပ်မမေးတော့ပေ။

ထိုညီအစ်မနှစ်ဦးသည် ဟန်တောက်ကျားငါးကောင်နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် အုပ်စုလိုက် ထွက်ခွာသွားကြတော့သည်။

All Chapters