← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) - စမ်းသပ်ခြင်း (၂)

ပတ်ဝန်းကျင်ကို ဦးစွာဂရုတစိုက် အကဲခတ်ပြီးနောက် မည်သည့်ပြဿနာမျှ မရှိကြောင်း သေချာမှသာ ထိုဓားကိုယူရန် လက်လှမ်းလိုက်၏။

သူမက ဓားအိမ်ကို ဆုပ်ကိုင်ကာ အနည်းငယ်အားစိုက်၍ မလိုက်လေသည်။

သို့သော် ထိုဓားက ဓားတင်စင်ပေါ်မှ ကွာသွားသည့် အခိုက်အတန့်တွင် ဂျောက်ခနဲ အသံတစ်ချက်မှာ ဓားတင်စင်ဆီမှ ရုတ်တရက်ထွက်ပေါ်လာ၏။

ထို့နောက် စားပွဲမျက်နှာပြင်နှင့် ကြမ်းပြင်ပေါ်မှ သံကွင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ချင်းလင်၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်လုံးကို ချက်ချင်းပင် ချည်နှောင်လိုက်တော့၏။

အထူးသဖြင့် လက်နှစ်ဖက်ကို လက်ကောက်ဝတ်မှ ဖမ်းဆုပ်ထားပြီးနောက် ထိုယန္တရားက နောက်သို့ ဆွဲယူလိုက်သဖြင့် သူမ၏ခန္ဓာကိုယ်မှာ ကုန်းသွားရလေသည်။

ချင်းလင်မျက်နှာပျက်သွားပြီး ထောင်ချောက်ထဲသို့ ရောက်ရှိသွားကြောင်း သိရှိလိုက်၏။

သူမက ရုန်းကန်ရန် ကြိုးစားသော်လည်း မည်သို့မျှ ရုန်းမထွက်နိုင်ချေ။

"ဟားဟားဟားဟား..."

ကန့်လန့်ကာနောက်မှ ချီကွမ်းက နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ရယ်မောလိုက်တော့၏။

ချင်းလင်၏မျက်ဝန်းများထဲမှ အရိပ်အယောင်များ ပြောင်းလဲသွားသည်။

"ချီကွမ်း..."

"ချင်းလင်လေး... မမျှော်လင့်ဘဲ ဆုံကြတာပဲ..."

ချီကွမ်းက ကန့်လန့်ကာနောက်မှ ထွက်လာပြီး ချင်းလင်၏တင်ပါးများ ကော့တက်ကာ ခန္ဓာကိုယ်တစ်ခုလုံး ယန္တရားဖြင့် ချည်နှောင်ခံထားရသည့်ပုံစံကို ကြည့်ရင်း နှုတ်ခမ်းထောင့်မှ အပြုံးကို မနည်းထိန်းထားရ၏။

အမိုးပေါ်ရှိ ချူချင်းပင်လျှင် အသက်ရှူရန် မေ့လျော့သွားရသည်။

"ချည်နှောင်ကစားနည်းလား..."

"ဒီချီကွမ်းအဘိုးအိုကြီးက တကယ် ကစားတတ်တာပဲ..."

ချူချင်း ပျော်ရွှင်စွာ ကြည့်ရှုနေသည်နှင့် မတူဘဲ ချင်းလင်မှာမူ ဒေါသတကြီးဖြင့် အံကြိတ်နေမိ၏။

"ရှင်... ရှင်က ဖီးနစ်အတုမဲ့ခြေရာပျောက်ဆေးမှုန့်ကို မမိဘူးလား..."

"ရှင်အရင်က ပြောခဲ့တဲ့ စကားတွေအားလုံးက ငါ့ကို လှည့်စားနေတာပဲ..."

ချီကွမ်းက ခေါင်းယမ်းလိုက်သည်။

"မိန်းကလေး... မင်းက တကယ်ကို အရမ်းနုနယ်လွန်းသေးတယ်..."

"အလှပြကွက်ကို ကောင်းကောင်းသုံးချင်ရင် အနည်းဆုံးတော့ ကိုယ်တိုင် ပေးဆပ်ရမှာပေါ့..."

"ဘာမှ မပေးဆပ်ဘဲနဲ့ လူကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ..."

"ပျော်ရွှင်မှုလေးတောင် မပေးဘဲနဲ့ စကားတွေ လာနှိုက်ဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရသလား..."

"မင်းက ငါချီကွမ်းကို ဘယ်လိုလူလို့ ထင်နေတာလဲ..."

သူက ပြောရင်းဖြင့် ချင်းလင်၏ရှေ့သို့ ရောက်ရှိလာပြီး လက်လှမ်းကာ သူမ၏ပါးပြင်ကို ပွတ်သပ်လိုက်၏။

ထို့နောက် သူမ၏မျက်နှာဖုံးပုဝါကို ဖယ်ရှားလိုက်လေသည်။

ဤညဝတ်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ထိုမျက်နှာလေးက ချီကွမ်းအား မသိစိတ်အရ တံတွေးမြိုချမိစေ၏။

"တကယ်ကို လှပတဲ့ မျက်ဝန်းနဲ့ သွားလေးတွေ ရှိပြီး ဒေါသထွက်နေတဲ့ မိန်းကလေးပဲ..."

"ဒေါသထွက်စမ်းပါ... မင်း ဒေါသထွက်လေ ဒီမျက်နှာလေးက ပိုကြည့်ကောင်းလေပဲ..."

"ခဏနေရင် ငါ ပိုပြီးတော့ ပျော်ရွှင်ရတော့မှာ..."

"ရှင့်ကြီး‌တော်ကို သွားပြီး ပျော်လိုက်..."

ချင်းလင်က ရုတ်တရက် ဆဲရေးတိုင်းထွာလိုက်တော့၏။

"ချီကွမ်း... အရှက်မရှိတဲ့ကောင်... သတ္တိရှိရင် ငါ့ကို လွှတ်ပေးလိုက်... ငါတို့ အကြိမ်သုံးရာလောက် တိုက်ခိုက်ကြတာပေါ့..."

"မင်း တိုက်ချင်ရင် တိုက်ရတာပေါ့..."

ချီကွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒါပေမဲ့ သိုင်းပညာနဲ့ တိုက်ခိုက်တာ မဟုတ်ဘဲ ကုတင်ပေါ်မှာ တိုက်ခိုက်ကြမှာ... မင်း ဘယ်လိုမျိုး ရှုံးနိမ့်သွားမလဲဆိုတာ ကြည့်ကြတာပေါ့..."

သူက ပြောရင်းဖြင့် ချင်းလင်၏နောက်သို့ ပတ်သွားကာ သူမ၏ခါးပတ်ကို ရှာဖွေရန် လက်လှမ်းလိုက်၏။

ချူချင်းက အချိန်တန်ပြီဟု တွေးလိုက်ပြီး သူ၏စိတ်အာရုံ လွင့်ပျံ့နေသည့် အခိုက်အတန့်ကို အသုံးချကာ သူ့ကို ဖမ်းဆီးရန် ပြင်ဆင်လိုက်လေသည်။

သို့သော် ထိုစဉ်မှာပင် ချင်းလင်၏မျက်ဝန်းများထဲတွင် ရုတ်တရက် တောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက် သူမ၏လက်မောင်းနှစ်ဖက်မှာ မြွေတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ထိုယန္တရားအတွင်းမှ လွတ်မြောက်သွားတော့၏။

သူမက လက်ကိုဝှေ့ယမ်းလိုက်ရာ အဖြူရောင် မြူခိုးများ ချက်ချင်း ပျံ့နှံ့သွားလေသည်။

ချီကွမ်းက မိမိကိုယ်ကိုယ် အနိုင်ရပြီဟု ထင်မှတ်ထားသော်လည်း ထိုမိန်းကလေးတွင် အလွန်ထူးခြားသော အရိုးကျုံ့ကျင့်စဉ် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း နောက်ဆုတ်သွားပြီး အဖြူရောင်မြူခိုးများကို ရှောင်ရှားလိုက်၏။

သူက ဂရုတစိုက်ကြည့်ရှုလိုက်ရာ အနက်ရောင် အရိပ်တစ်ခုမှာ ပြတင်းပေါက်ဆီသို့ တိုက်ရိုက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

ချင်းလင်ကမူ လွန့်ရှန်ဓားကို ခိုးယူရန် မစဉ်းစားတော့ဘဲ အစီအစဉ် ပျက်ပြားသွားသဖြင့် ထွက်ပြေးရန်သာ ပြင်ဆင်တော့၏။

သို့သော် သူမက ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရုံရှိသေးရာ ပခုံးပေါ်သို့ လက်တစ်ဖက် ရောက်ရှိလာလေသည်။

ပြင်းထန်သော အားတစ်ခုက ဆွဲယူလိုက်သဖြင့် သူမ၏ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ဘဲ နောက်သို့ ပြန်လွင့်စင်သွားရ၏။

သူမက လေပေါ်တွင် ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ အလွန်အားနည်းသော ခံစားချက်တစ်ခုက စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှံ့ညွန်ကဲ့သို့ လေပေါ်မှ ပြုတ်ကျကာ ကြမ်းပြင်ပေါ်တွင် ပျော့ခွေသွားတော့၏။

"ရှင်... ရှင် ပြတင်းပေါက်မှာ တစ်ခုခု လုပ်ထားတာလား..."

ချင်းလင်က အလွန်အံ့အားသင့်သွားပြီး ဤနေရာမှာ သာမန်ဟု ထင်ရသော်လည်း ခြေလှမ်းတိုင်းတွင် အန္တရာယ်များနေလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။

ချီကွမ်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ အနီးသို့ လျှောက်လာခဲ့သည်။

"ဒီအဆိပ်က ဟွမ်ချွမ်ဆေးမှုန့်လို့ ခေါ်တယ်... မင်း အဖြူရောင်မြူခိုးတွေ ထုတ်လိုက်တဲ့အချိန်မှာ ငါက အခွင့်ကောင်းယူပြီး ရောနှောလိုက်တာပဲ..."

"ပြတင်းပေါက်မှာ တစ်ခုခု လုပ်ထားတာ မဟုတ်ဘူး..."

"ဘယ်လိုလဲ... အတွင်းအားကို မထုတ်နိုင်တော့ဘူးမလား... တစ်ကိုယ်လုံးလည်း အားအင်ကုန်ခမ်းနေပြီမလား..."

"စိတ်ချပါ... ခဏနေရင် မင်း ပိုပြီးတော့ အားအင်ကုန်ခမ်းသွားစေရမယ်..."

"ရှင်... ရှင် အနားမလာနဲ့..."

ဤအခိုက်အတန့်တွင် ချင်းလင်၏စကားပြောသံမှာ အလွန်ပင် အားနည်းနေချေပြီ။

သူမက နောက်ဆုတ်လိုသော်လည်း အားအင်အနည်းငယ်မျှပင် မထုတ်နိုင်တော့ချေ။

သူမက သက်ပြင်းချကာ ပြောလိုက်ရုံသာ တတ်နိုင်တော့၏။

"တော်ပြီ... တော်ပြီ... မကစားတော့ဘူး... ရှင် အနားမလာနဲ့... မဟုတ်ရင်တော့..."

ဤသို့ပြောပြီးသည်နှင့် သူမ၏မျက်ဝန်းများထဲမှ အရိပ်အယောင်များ ရုတ်တရက် ပြောင်းလဲသွားပြီး ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

သို့သော် ထိုခဏမျှ ဖြတ်ပြေးသွားသော အကြည့်ကို ချီကွမ်းက သတိပြုမိလိုက်လေသည်။

သူက နောက်သို့လှည့်ကြည့်ရန် ကြိုးစားသော်လည်း အချိန်မမီတော့ချေ။

ပြင်းထန်သော အားတစ်ခုက နောက်ကျောဘက်မှ ရောက်ရှိလာပြီး သူ၏ခန္ဓာကိုယ်မှာ ရှေ့သို့လွင့်စင်သွားရ၏။

သို့သော် ချီကွမ်း၏အတွင်းအားမှာ သာမန်လူများနှင့် လုံးဝမတူညီချေ။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း သူက ယင်ဖုန်းစခန်းတွင် သွေးသီးများကို စိုက်ပျိုးပြီး သွေးနတ်ဘုရားဆေးလုံးများကို ဖော်စပ်ကာ နေ့ညမပြတ် ဤဆေးလုံးများဖြင့် အတွင်းအားကို တိုးမြှင့်ပြီး စွမ်းအားများကို မွေးမြူခဲ့ပေသည်။

သူက နှစ်ပေါင်းများစွာ စွမ်းအားကို ဖုံးကွယ်ထားခဲ့သဖြင့် မည်သူမျှ မသိရှိခဲ့ကြချေ။

ခြေလှမ်းကိုထိန်းကာ လှည့်ရန်ကြိုးစားစဉ်မှာပင် ပြင်းထန်သော အားတစ်ခုက ထပ်မံရောက်ရှိလာပြန်သည်။

ပထမလက်ဝါးရိုက်ချက်မှာ ပြင်းထန်သော်လည်း ထူးခြားမှုမရှိချေ။

သို့သော် ဒုတိယလက်ဝါးရိုက်ချက် ကျရောက်လာသောအခါ ချီကွမ်းသည် အေးစိမ့်သော အငွေ့အသက်တစ်ခုက အရိုးထဲအထိ စိမ့်ဝင်သွားပြီး သွေးကြောများအားလုံး ရေခဲကဲ့သို့ အေးခဲသွားသလို ခံစားလိုက်ရလေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏အတွင်းအားမှာ နက်ရှိုင်းသဖြင့် ဆက်တောင့်ခံနိုင်သေး၏။

သို့သော် သူ၏စိတ်နှလုံးမှာမူ ချောက်နက်ထဲသို့ ကျဆင်းသွားရချေပြီ။

တစ်ဖက်လူက တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေခြင်းမှာ မိမိ၏သိုင်းပညာကို ကြိုတင်တွက်ချက်ထားခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

ယခုအခါ သွေးကြောများမှာ အေးစိမ့်သော အငွေ့အသက်ကြောင့် ပျက်စီးသွားသဖြင့် တစ်ခဏအတွင်း အားပြန်မသွင်းနိုင်ဘဲ ပြိုင်ဘက်၏ ဆက်တိုက်တိုက်ခိုက်မှုအောက်သို့ ကျရောက်သွားရတော့မည် ဖြစ်၏။

အမှန်တကယ်တွင် သူ၏အတွင်းအားမှာ မှားယွင်းခြင်း မရှိချေ။

ချူချင်းက အခွင့်ကောင်းရရှိထားရာ သူ့အား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မည်သို့ပေးမည်နည်း။

တစ်ချက်...

နှစ်ချက်...

သုံးချက်...

လေးချက်...

ချူချင်း၏အတွင်းအားမှာ အားနည်းလွန်းသဖြင့် ဤမျှလောက် ဆက်တိုက်တိုက်ခိုက်သော်လည်း ချီကွမ်းကို မသတ်နိုင်ခြင်း မဟုတ်ချေ။

သူက တိုက်ခိုက်ရင်းဖြင့် စမ်းသပ်နေခြင်း ဖြစ်၏။

ပထမလက်ဝါးရိုက်ချက်မှာ အရိုးပျော်နူးညံ့လက်ဝါး ဖြစ်ပြီး အားအင်ကို ထိန်းချုပ်ထားကာ ပေါက်ကွဲထွက်သွားပါက ချီကွမ်းမှာ သေချာပေါက်သေဆုံးရမည် ဖြစ်ပေသည်။

ဒုတိယလက်ဝါးရိုက်ချက်မှာမူ ထိုသို့မဟုတ်ဘဲ မင်ယွိကျင့်စဉ်ဖြင့် အားအင်ကိုစုစည်းကာ ချီကွမ်း၏အကန့်အသတ်ကို တဖြည်းဖြည်းချင်း စမ်းသပ်နေခြင်း ဖြစ်၏။

ချီကွမ်းအနေဖြင့် ဤမျှလောက် ပြင်းထန်သော တိုက်ခိုက်မှုများကို တောင့်ခံနိုင်ခြင်းမှာ သူ၏စွမ်းရည်မှာ အမှန်ပင် မြင့်မားသောကြောင့် ဖြစ်ပေသည်။

ချူချင်းက သွေးနတ်ဘုရားဆေးလုံး၏အစွမ်းကို ကြိုတင်တွက်ချက်ထားသဖြင့် တိုက်ခိုက်လိုက်သည်နှင့် သူ့အားပြန်လည်ခုခံရန် အခွင့်အရေးလုံးဝပေးမည် မဟုတ်ချေ။

ဆက်တိုက်ရှစ်ချက်တိုက်ခိုက်ပြီးနောက် ချီကွမ်းမှာ နောက်ဆုံးတွင် ဆက်မတောင့်ခံနိုင်တော့ချေ။

သူ၏ခန္ဓာကိုယ်မှာ ဝုန်းခနဲအသံနှင့်အတူ လွင့်ထွက်သွားသော်လည်း ပြတင်းပေါက်ရှေ့သို့ မကျရောက်မီမှာပင် ပြင်းထန်သော ဆွဲအားတစ်ခုကြောင့် ချူချင်းထံသို့ မထိန်းချုပ်နိုင်ဘဲ ပြန်လည် ရောက်ရှိလာလေသည်။

ချူချင်းက သူ့ကို လက်ဖြင့်ဖမ်းဆုပ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပြန်ပစ်ချလိုက်၏။

ဝုန်း...

ပြင်းထန်သောအသံနှင့်အတူ တစ်အိမ်လုံးမှာ အနည်းငယ် တုန်ခါသွားရလေသည်။

သာမန်အခြေအနေမျိုးတွင် ဤလှုပ်ရှားမှုမျိုးကို ရှင်တောက်အန်းတပည့်များ သေချာပေါက် သတိပြုမိ‌ပေမည်။

သို့သော် ချီကွမ်းက ဤနေရာတွင် အမဲလိုက်ရန် ရည်ရွယ်ထားပြီး အနှောင့်အယှက် မခံလိုသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

ထို့ကြောင့်ပင် ချူချင်းက ချီကွမ်းကို အသုံးပြု၍ မိမိ၏စွမ်းအားကို စမ်းသပ်နိုင်ခြင်း ဖြစ်ပေသည်။

ဤသို့ စမ်းသပ်ပြီးနောက် ချူချင်းက မိမိ၏သိုင်းပညာအဆင့်အတန်းကို အကြမ်းဖျင်းနားလည်သွားလေသည်။

ချီကွမ်းကဲ့သို့ အတွင်းအားနက်ရှိုင်းသူကို တိုက်ခိုက်ရန်အတွက် မိမိ၏အတွင်းအား ခြောက်ပုံ သို့မဟုတ် ခုနစ်ပုံခန့်ကို အသုံးပြုရုံဖြင့် လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပေသည်။

သို့သော်... သာမန်ကျန်းဟူလောကသားများမှာ ချီကွမ်းကဲ့သို့ အခွင့်အရေးမျိုး မရှိကြချေ။

သူတို့မှာ သွေးနတ်ဘုရားဆေးလုံးကို အသုံးပြု၍ အတွင်းအားကို မမြှင့်တင်နိုင်ကြချေ။

သူတို့ကို တိုက်ခိုက်ရာတွင် လူမသတ်လိုပါက အားအင်ကို ထိန်းချုပ်ထားရမည် ဖြစ်ပြီး မဟုတ်ပါက လက်ဝါးတစ်ချက်လျှင် တစ်ယောက်သေဆုံးသွားပေလိမ့်မည်။

သို့သော် ဤသွေးနတ်ဘုရားဆေးလုံးမှာ ကောင်းကင်မိစ္ဆာဂိုဏ်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

နောင်တွင် ကောင်းကင်မိစ္ဆာဂိုဏ်းမှ လူများနှင့် တွေ့ဆုံပါက မည်သူပင်ဖြစ်စေ တိုက်ခိုက်လိုက်သည်နှင့် အစွမ်းကုန်တိုက်ခိုက်ရမည် ဖြစ်ပေသည်။

သူတို့အား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမပေးသင့်ချေ။

ဘေးတွင် ပျော့ခွေနေသော ချင်းလင်မှာ ရုတ်တရက် ရောက်ရှိလာသော အနက်ရောင်ဝတ်လူက တတိယဂိုဏ်းချုပ်ကို ပြန်လည်ခုခံနိုင်စွမ်းမရှိအောင် တိုက်ခိုက်နေသည်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုနေမိ၏။

ယခုအခါ သူက ထိုအနက်ရောင်ဝတ်လူ၏ ဖိနှိပ်ခြင်းကို ခံထားရပြီး မျက်နှာတစ်ခုလုံးမှ သွေးထွက်နေကာ ခွေးသေတစ်ကောင်ကဲ့သို့ ဖြစ်နေချေပြီ။

ဤလူ၏သိုင်းပညာမှာ အမှန်ပင် ပြင်းထန်လှပေသည်။

'သူက ဘယ်သူလဲ…’

All Chapters