အခန်း ၉၇
Vol. 9 Ch. 97
အခန်း။ ၉၇
ထိုနေ့တွင် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
[တရားစွဲလိုက်ပြီ]
[တန်ကျန်းကောက ထပ်ပြီး တရားစွဲလိုက်ပြီ]
တစ်နှစ် ကုန်လွန်ခဲ့ပြီးနောက် တန်ကျန်းကောသည် ထပ်မံ၍ တရားစွဲဆိုလိုက်ပြန်သည်။
ယခင်က တန်ရှင်းရန် အဆောက်အအုံပေါ်မှ ခုန်ချခဲ့သည့် အမှုဟောင်းပင် ဖြစ်ပြီး ထိုအမှုအပြင် လန်ရှောင်ချူးကို အွန်လိုင်းနှောင့်ယှက်မှုကြောင့် အဆောက်အအုံပေါ်မှ ခုန်ချစေခဲ့သည့် အမှုအတွက်ပါ တန်ကျန်းကောက အားလုံးကို တရားစွဲဆိုလိုက်ခြင်းပင်။
ထို့ပြင် ဤတစ်ကြိမ်တွင် တရားလိုရှေ့နေမှာ ဂူချန်ပင်။
ဂူချန်သည် အမှုတစ်ခုကို ထပ်မံလက်ခံလိုက်ခြင်းပင်။
သတင်းထွက်ပေါ်လာချိန်တွင် အင်တာနက်အသုံးပြုသူအားလုံးက အမှုတွဲပေါ်ရှိ ရှေ့နေ၏ အမည်ကို သတိပြုမိသွားကြသည်။
[ဥပဒေမဲ့မိုက်ရူးရဲ ဂူချန်]
ဂူချန်သည် တရားခွင်သို့ ထပ်မံ၍ ဝင်ရောက်တိုက်ခိုက်တော့မည်ပင်။
[ဥပဒေမဲ့မိုက်ရူးရဲက တရားခွင်ဝင်တော့မလို့လား]
[အဲ့ဒါဆိုရင်တော့ ဒီအမှုမှာ ငါ ဂူချန်ဘက်ကပဲ ရပ်တည်လိုက်မယ်။ တန်ကျန်းကောဘက်ကပဲ ရပ်တည်မယ်]
[ငါလည်း ဂူချန်ဘက်ကပဲ ရပ်တည်မှာ အခုထိတော့ ဂူချန်ရဲ့ အမှုလိုက်ပါမှုတွေမှာ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ဘူး။ သူကိုင်တွယ်တဲ့ အမှုသုံးခုစလုံးကို ငါကြည့်ခဲ့တာ]
[ဂူချန်ဆိုတာ အမှုမလိုက်ရင်လည်းမလိုက်ဘူး လိုက်ရင်လည်း အကြီးစားတွေပဲ။ ဒါဆိုရင် တန်ရှင်းရန် ကိုယ့်ကိုကိုယ် သတ်သေတဲ့အမှုမှာ တကယ်ပဲ တစ်ခုခု လျှို့ဝှက်ချက် ရှိနေတာလား သိပ်တော့ မသေချာဘူး]
[ငါထင်တာတော့ အဲဒီလောက်ထိ မပြင်းထန်လောက်ပါဘူး။ အဲဒီတုန်းက ရဲတွေ စုံစမ်းစစ်ဆေးပြီးသားလေ။ ပြဿနာသိပ်မရှိနိုင်ပါဘူး။ တန်ရှင်းရန် ကိုယ့်ကိုကိုယ် သတ်သေတာ သေချာပါတယ်... အကယ်၍ ကိုယ့်ကိုကိုယ် သတ်သေတာဆိုရင် ကျောင်းအနေနဲ့ ဘာမှလုပ်လို့မရဘူး။ ဘာလျှို့ဝှက်ချက်တွေ ရှိနိုင်မှာလဲ။ တခြားသူတစ်ယောက်ယောက်က အဆောက်အအုံပေါ်ကနေ တွန်းချလိုက်တာတော့ မဖြစ်နိုင်လောက်ဘူးမလား]
[ငါကြည့်ရသလောက်တော့ ကျောင်းရဲ့ အောင်ချက်ရာခိုင်နှုန်းကလည်း တော်တော်ကောင်းတယ်။ ကျောင်းကိုယ်တိုင်ကလည်း ကောင်းပုံပဲ။ စာသင်ရတာ အဆင်ပြေတဲ့ ပတ်ဝန်းကျင်ဆိုတော့ လျှို့ဝှက်ချက်တွေ မရှိနိုင်လောက်ပါဘူး။ ဟုတ်တယ်မလား]
[ငါတော့ မသိဘူး။ ဒါပေမဲ့ တစ်ခုခုတော့ ပြဿနာရှိနေမယ်လို့ အသေအချာ ခံစားနေရတယ်။ မဟုတ်ရင် တန်ကျန်းကောအနေနဲ့ တစ်နှစ်လုံး အချိန်ကုန်ခံ လိုက်ရှာနေစရာ အကြောင်းမရှိဘူး။ သူကလည်း အမှန်တရားကိုပဲ လိုချင်တာပါတဲ့။ ပိုက်ဆံကို ဂရုမစိုက်ပါဘူးတဲ့လေ]
[ဒါပေမဲ့ မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ တကယ်ကို ရင်ကွဲရမှာပါ။ လူကိုမမြင်ရဘဲ သမီးရဲ့ အရိုးပြာကိုပဲ မြင်ရတာ။ ဘယ်သူက လက်ခံနိုင်မှာလဲ။ ငါဆိုရင် ချက်ချင်း ရူးသွားမှာ]
သုံးရက်အကြာတွင် ယွမ်ချန် အဆင့်မြင့်ပြည်သူ့တရားရုံးက တရားခွင်စတင်တော့မည်ဟု ကြေညာလိုက်သည်။
ဤအမှုနှင့် ပတ်သက်၍ အွန်လိုင်းပေါ်ရှိ လူထုသဘောထားမှာ အလွန်ပင် ကျယ်လောင်နေပြီး အင်တာနက်တစ်ခွင် ဆူညံသွားစေသည်။
အထူးသဖြင့် တရားလိုရှေ့နေမှာ ဂူချန်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ အင်တာနက်လောကမှာ ပို၍ပင် ပူနွေးလာခဲ့သည်။
အင်တာနက်အသုံးပြုသူ အများအပြားက ရှေ့နေမှာ ဂူချန်ဖြစ်ကြောင်း မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ဂူချန်ကို ယုံကြည်သွားကြသည်။
သူတို့လည်း နားလည်သွားကြသည်။
ယွမ်မြို့ အမှတ်၃ အလယ်တန်းကျောင်း၏ အောင်ချက်ရာခိုင်နှုန်း ဘယ်လောက်မြင့်မားပါစေ၊ ကျောင်းပတ်ဝန်းကျင် ဘယ်လောက် ကောင်းမွန်ပါစေ အမှန်တရားတစ်ခုတော့ လိုအပ်နေသေးသည်
တန်ကျန်းကောနည်းတူပင် သမီးဖြစ်သူ၏ ကိုယ့်ကိုကိုယ် သတ်သေရခြင်း၏ နောက်ကွယ်မှ အမှန်တရားကို ရှာဖွေနေခြင်းပင်။
[သမီးဖြစ်သူက ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေရတာလဲ။
ဘာကြောင့် တန်ကျန်းကော ရောက်လာတဲ့အခါ သမီးဖြစ်သူရဲ့ အရိုးပြာကိုပဲ မြင်ခဲ့ရတာလဲ။
[အရာအားလုံးရဲ့ နောက်ကွယ်က အမှန်တရားက ဘာလဲ]
အကယ်၍သာ ရိုးရိုးရှင်းရှင်း ကိုယ့်ကိုကိုယ် သတ်သေတာဆိုရင် ဘာကြောင့် ကင်မရာမှတ်တမ်းတွေကို တန်ကျန်းကောကို မပြနိုင်ရတာလဲ]
အထူးသဖြင့် ဂူချန်က ဤအမှုတွင် ပါဝင်လာသောကြောင့် လူတိုင်းသည် ဂူချန်၏ ယခင်က အံ့အားသင့်ဖွယ်ရာ အောင်မြင်သော မှတ်တမ်းများကို အမှတ်ရနေကြသည်။
ဥပဒေကို အလွဲသုံးစားလုပ်ပြီး ခြစားသည့် တရားသူကြီးမှာ ဖမ်းဆီးခံလိုက်ရပြီး ပြိုင်ဘက်ရှေ့နေမှာ ထောင်ထဲသို့ ရောက်သွားသည်။
တရားခွင်ရှိ ပရိသတ်များနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများပါ ထောင်ထဲ ရောက်ကုန်ကြသည်။
ထို့ပြင် ဂူချန်သည် တရားလိုများကို သေဒဏ်ကျစေနိုင်သည့် ခုခံကာကွယ်ရေး ရှေ့နေဖြစ်ခဲ့သည်ကို မည်သူက မထင်မှတ်ထားပေ။
ဘာပဲဖြစ်ဖြစ် တရားခွင်တွင် တရားလိုဖြစ်စေ၊ တရားခံဖြစ်စေ အရေးကြီးသည်မှာ အထောက်အထားသာ ဖြစ်သည်။
ထို့ပြင် အမှုနှစ်ခုတွင် ဂူချန်က ခုခံကာကွယ်ရေး ရှေ့နေ ဖြစ်ခဲ့သည်။
တစ်ကြိမ်မှာ ချိုင်ချန်း၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအမှုတွင်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ဝမ်ယုံချန်၏ လူသတ်မှုအမှုတွင် ဖြစ်သည်။
ဂူချန်သည် အမှုနှစ်ခုစလုံးကို အောင်မြင်စွာ ခုခံကာကွယ်နိုင်ခဲ့သည်။
ယခု ဂူချန်သည် တရားလိုဘက်တွင် ရောက်ရှိနေပြီဖြစ်ရာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် အင်တာနက်အသုံးပြုသူများက ထိုတရားခွင်ကို ကြည့်ရှုရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
သူတို့သည်လည်း ထိုအမှု၏ နောက်ကွယ်မှ အမှန်တရားကို သိလိုကြသည်။
တန်ရှင်းရန် ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေရသလဲဆိုတာကို သိလိုကြသည်။
တကယ်လို့ ကိုယ့်ကိုကိုယ် သတ်သေတာပဲဆိုရင် ဘာလို့ အခု ဂူချန်က တရားလိုရှေ့နေ ဖြစ်နေရတာလဲ...
သူက ဘာတွေများ ထပ်ပြီး တောင်းဆိုချင်လို့လဲ ဒါမှမဟုတ် အချက်အလက်အသစ်တွေ ထပ်ရထားလို့လား...
တကယ်ပဲ သတ်သေခဲ့တာဆိုရင် ကျောင်းဘက်ကလည်း လျော်ကြေးပေးပြီးပြီပဲ...
ဒါဆိုရင် ဒီအမှုက အလိုလို ပြီးပြတ်သွားရမှာ မဟုတ်ဘူးလား...
အခုတော့ ဂူချန်ကိုယ်တိုင် ဝင်ပါလာပြီဆိုမှတော့... ဒီအမှုရဲ့ နောက်ကွယ်မှာ တစ်ခုခု ထိမ်ချန်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာ... အသေအချာပဲ...!
အင်တာနက်အသုံးပြုသူများမှာလည်း တရားခွင်ကို စောင့်မျှော်ရင်း အမျိုးမျိုး ခန့်မှန်းနေကြသည်။
[ဒီအမှုမှာ ငါမသိသေးတဲ့ အကြောင်းအရာတွေ ထပ်ရှိနေသေးတာလား]
[ကိုယ်တိုင်ခုန်ချတာဆိုတော့... အမှုကလည်း စီရင်ပြီးသွားပြီလေ။ ထပ်ပြီး ဘာလုပ်စရာကျန်သေးလို့လဲ]
[သေချာမသိသေးဘူး... တန်ရှင်းရန်က ကိုယ်တိုင်ခုန်ချသွားတာ။ ကျောင်းနဲ့ တကယ်ရော ဆိုင်ပါ့မလား]
[ဖိအားပေးမှုတွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ တရားခွင်ကျမှပဲ သိရတော့မှာပါ]
[ဘယ်လိုပဲဖြစ်ဖြစ် လန်ရှောင်ချူးကို အွန်လိုင်းကနေ နှောင့်ယှက်ခဲ့တဲ့သူတွေကိုတော့ ဖမ်းပြီး ထောင်ချမှကို ရမှာ]
...
ဖန်တရှေ့နေရုံးတွင် ကောင်းရုန်သည်လည်း ဤအမှုကို အာရုံစိုက်နေသည်။
ရွှယ်ချင်းချင်း၏ အစ်ကိုဖြစ်သူ သခင်လေးရွှယ်လည်း အနားတွင် ရှိနေသည်။
သူသည် နိုင်ငံရပ်ခြားမှ ပြန်လာသော ရှေ့နေတစ်ဦး ဖြစ်သော်လည်း သူ၏ ညီမ ရွှယ်ချင်းချင်းသည် ဂူချန်၏ ရှေ့နေရုံးတွင် သွားရောက်လုပ်ကိုင်နေသည်ကို သိရှိချိန်တွင် အလွန်ပင် စိတ်ပျက်သွားသည်။
ဂူချန်မှာ လေ့ကျင့်ရေးရှေ့နေတစ်ယောက်သာ ဖြစ်ပြီး ရွှေတံဆိပ်ရှေ့နေတောင် မဟုတ်သေးပေ။
ရွှေတံဆိပ်ရှေ့နေများရှိသည့် နိုင်ငံ၏ ထိပ်တန်းရှေ့နေရုံးတွင် လုပ်ကိုင်နိုင်မည့် အရည်အချင်းရှိသည့် ညီမဖြစ်သူက ဂူချန်၏ အသေးစားရှေ့နေရုံးတွင် တစ်လ လစာ တစ်သောင်းဖြင့် လုပ်ကိုင်နေသည်ကို သူ လက်မခံနိုင်ဖြစ်နေသည်။
"ဒါ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ဂူချန်ရဲ့ ရှေ့နေရုံးမှာ ဘာအနာဂတ်ရှိလို့လဲ ညီမလေးက ဘေဂျင်းတက္ကသိုလ် ဥပဒေဌာနက ထိပ်တန်းကျောင်းသူတစ်ယောက် ဘာလို့များ ဂူချန်ဆီ သွားလုပ်ရတာလဲ"
သူက တိုင်တန်းနေသည်။
သူ့အမြင်တွင် ဂူချန်၏ အမှု ၃ ခု အနိုင်ရရှိမှုမှာ သာမန်မျှသာ ဖြစ်ပြီး ထိပ်တန်းရှေ့နေရုံးများနှင့် နှိုင်းယှဉ်၍မရပေ။
"ဂူချန်က သူ့ရှေ့နေရုံးကို တိုင်းပြည်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မှာမို့လို့လား"
သူက မေးခွန်းထုတ်သည်။
ကောင်းရုန်က "သခင်လေးရွှယ်ရယ် စိတ်မပူပါနဲ့။ ရွှယ်ချင်းချင်းအနေနဲ့ ဂူချန်ဆီမှာ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။ ဂူချန်ရဲ့ အမှုလိုက်ပုံက အတော်လေး ထူးချွန်ပါတယ်" ဟု ပြန်ပြောသည်။
သခင်လေးရွှယ်က "အမှု ၃ ခုပဲ ရှိသေးတာလေ။ အဲဒါနဲ့တင် ရှေ့နေရုံးဖွင့်ရဲတာပဲ။ အမှုရှုံးပြီး နာမည်ပျက်သွားရင် ဘယ်လိုလုပ်မလဲ" ဟု ထပ်ပြောသည်။
ကောင်းရုန်က "တရားခွင် စတော့မယ်။ သခင်လေးရွှယ်ဘယ်လိုထင်လဲ ဂူချန် အနိုင်ရနိုင်မလား" ဟု မေးသည်။
သခင်လေးရွှယ်က အမှုတွဲကို ကြည့်လိုက်ပြီး "ဒီအမှုကတော့ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ တစ်နှစ်ကျော်ကတည်းက ပိတ်သွားတဲ့အမှု ရဲစုံစမ်းချက်လည်း ထွက်ပြီးသား တရားရုံးစီရင်ချက်လည်း ရှိပြီးသား။ အခု ဂူချန်က ထပ်စွဲတယ်ဆိုတာ ဘာအထောက်အထားအသစ်များ တွေ့လို့လဲ" ဟု မေးခွန်းထုတ်ကာ အထင်သေးစွာ ပြောလိုက်သည်။