← Chapters

အခန်း ၁၀၁

Vol. 9 Ch. 101

အခန်း ၁၀၁

Vol. 9 Ch. 101

အခန်း။ ၁၀၁

ဂူချန် ဖော်ထုတ်လိုက်သည့် အမှန်တရားများကြောင့် တရားခွင်တစ်ခုလုံး အသက်ရှူမှားလုမတတ် တိတ်ဆိတ်သွားသည်။

တရားသူကြီး ရှန်ကျားရွှေပင်လျှင် တုန်လှုပ်ချောက်ချားသွားသည်။

အကယ်၍ ဂူချန်ပြောသည့်အတိုင်းသာ ဖြစ်ခဲ့မည်ဆိုပါက တန်ရှင်းရန်သေဆုံးရခြင်း၏ အဓိက တရားခံမှာ ကျောင်းအုပ်ကြီး မန်းဒယ်လျန်သာ ဖြစ်တော့သည်။

တန်ရှင်းရန် ကိုယ့်ကိုကိုယ် သတ်သေခြင်းမှာ သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်နိုင်သော်လည်း အသက်ရှင်လျက်ရှိသေးသည့် အချိန်တွင် ကုသမှုမပေးဘဲ အထောက်အထားဖျက်ရန် ကြိုးစားခဲ့ခြင်းမှာ မည်သို့မျှ ခွင့်လွှတ်နိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်သည်။

တရားခံဘက်မှ အဆင့်မြင့်ရှေ့နေသုံးဦးဖြစ်သော ဟိုင်ကျီယန်၊ ဝမ်ကျွင်းနှင့် ရီယုလန်တို့မှာလည်း အံ့အားသင့်လျက်ရှိသည်။

သူတို့သည် ဤအမှု၏ အခြေအနေကို အပြည့်အစုံ မသိရှိခဲ့ဘဲ တရားခံဘက်မှ ခုခံကာကွယ်ရန် လာရောက်ခဲ့ခြင်းပင်။

သို့သော် ယခု ဂူချန်တင်ပြလိုက်သည့် အချက်အလက်များက မှန်ကန်နေပါက သူတို့အတွက် ခုခံကာကွယ်ရန် နေရာပင် မရှိတော့ပေ။

တစ်နိုင်ငံလုံးက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေချိန်တွင် ထိပ်တန်းရှေ့နေများအနေဖြင့် မည်သို့မျှ ခုခံကာကွယ်ပေး၍ မရနိုင်တော့ပေ။

ရက်စက်မှု၊ လူမဆန်မှု၊ တာဝန်မဲ့မှုတို့ဖြင့် ပြည့်နှက်နေသည့် ဤလုပ်ရပ်များကို မည်သို့မျှ ဥပဒေကြောင်းအရ လှည့်ပတ်ကာကွယ်၍ မရပေ။

မနက်ခင်းတုန်းကတင် အသက်ရှင်လျက် အကောင်းကြီးရှိနေသေးတဲ့ သမီးဖြစ်သူက နေ့လယ်

ပိုင်းကျတော့မှ အရိုးပြာအိုး ဖြစ်သွားရတာကို ဘယ်လိုမိဘမျိုးက ခွင့်လွှတ်နိုင်မှာလဲဗျာ...!"

အထောက်အထားဖျက်ရန်အတွက် အသက်ကယ်ဆယ်ရေးကို နောက်ဆုတ်ခဲ့ခြင်းမှာ ရာဇဝတ်မှုထက်ပင် ပိုမိုဆိုးရွားနေသည်။

အကယ်၍သာ ဂူချန် ပြောသည့်အတိုင်း အထောက်အထား ခိုင်လုံနေပါက တရားခံများအတွက် ထွက်ပေါက် မရှိတော့ပေ။

ပြဿနာမှာ ဂူချန်သည် တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော ဤအမှုအတွက် အမှန်တကယ် ခိုင်လုံသော အထောက်အထားများ ပိုင်ဆိုင်ထားပါသလားဆိုသည့်အချက်သာ ဖြစ်သည်။

တရားခွင်၏ နောက်ကွယ်တွင် ဖန်တရှေ့နေရုံးမှ ကောင်းရုန်နှင့် သခင်လေးရွှယ်တို့မှာလည်း အသက်ရှူမှားသွားကြသည်။

အစပိုင်းတွင် ဂူချန်ကို အထင်သေးခဲ့ကြသော်လည်း ယခုအခါတွင်မူ အမှန်တရား၏ အရုပ်ဆိုးမှုကို မြင်လိုက်ရသည့်အခါ သူတို့ နှစ်ဦးစလုံး အလွန်ပင် တုန်လှုပ်သွားခဲ့ကြသည်။

တရားခွင်၏ တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ဂူချန်၏ အထောက်အထားများက မန်းဒယ်လျန်၏ တစ်သက်တာ အနာဂတ်ကို အဆုံးသတ်သွားစေမည့် ပုံပေါ်နေသည်။

ဂူချန်သည် ယခင်က အမှုသုံးခုကို ကိုင်တွယ်ခဲ့ဖူးသဖြင့် သူ၏ အရည်အချင်းကို လူတို့သိထားကြသည်။

ဂူချန်သည် ဤစကားကို ပြောရဲသည်ဆိုကတည်းက သူတွင် အထောက်အထား ရှိနေရမည်ဟု ကောင်းရုန် သိရှိလိုက်သည်။

ဒါပေမဲ့ အဲ့ဒီအထောက်အထားက ဘယ်ကလာတာလဲ။

ကောင်းရုန် စဉ်းစား၍ပင် မရနိုင်ပေ။

အကြောင်းမှာ စောင့်ကြည့်ကင်မရာမှတ်တမ်းများမှာ ဖျက်ဆီးခံလိုက်ရသောကြောင့်ပင်။

အမှုဖြစ်ပွားစဉ်က အထောက်အထား မရှိခဲ့သလို သက်သေလည်းမရှိဘဲ ရုပ်ဝတ္ထုအထောက်အထားလည်း မရှိခဲ့ပေ။

တကယ်လို့... ယွမ်မြို့ အမှတ် ၃ အလယ်တန်းကျောင်းက ကင်မရာမှတ်တမ်းတွေကို တကယ်ပဲ တမင်ဖျက်ဆီးခဲ့ကြတာဆိုရင်... ဘယ်သူက ဖျက်ဆီးခဲ့တာလဲ...

အခုလို သက်သေမှတ်တမ်းတွေ ပျောက်ဆုံးသွားတဲ့အပေါ် ဒါက တမင်သက်သက် ဖျက်ဆီးပစ်တာလား ဒါမှမဟုတ် စက်ချို့ယွင်းချက်ကြောင့် အလိုလို ပျက်စီးသွားတာလားဆိုတာကိုကော... ဘယ်လိုနည်းနဲ့ သက်သေပြမလဲ...

ကောင်းရုန်က "ဒီအမှုက တကယ်ကို ခက်ခဲတယ်။ တစ်နှစ်ကျော်ခဲ့တဲ့ အမှုမှာ ဂူချန်က သတင်းအချက်အလက်တွေ အများကြီး တူးဆွနိုင်ခဲ့တယ်။ ဒါပေမဲ့ အထောက်အထားကို ဘယ်လိုရှာမလဲ။ ကျွန်တော်ဆိုရင်တော့ ဒီအထောက်အထားကို ဘယ်လိုရှာရမလဲဆိုတာ စဉ်းစားလို့တောင် မရဘူး။ ကျွန်တော်သာ အထောက်အထား ရှာရမယ်ဆိုရင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ တန်ကျန်းကော တစ်နှစ်လုံး ဘာမှမရှာနိုင်ခဲ့တာ မဆန်းပါဘူး" ဟု ပြောသည်။

သခင်လေးရွှယ်က "ဒီအမှုက တိုက်ခိုက်ရ ခက်ခဲတယ်။ ဂူချန်ပြောတာတွေက အမှန်ဆိုတာ ဘယ်လိုသက်သေပြမလဲ ဂူချန်က အဖြစ်အပျက်တွေကို ပြန်လည်ဖော်ထုတ်ပြနိုင်ရင်တောင် အထောက်အထား လိုအပ်နေဦးမှာပဲ အထောက်အထားမရှိရင် ဘာလုပ်လို့ရမှာလဲ"

"မန်းဒယ်လျန်ရဲ့ လုပ်ရပ်တွေကို ကျင့်ဝတ်နဲ့ မညီဘူးလို့ပဲ ပြောလို့ရမယ်။ သူက စည်းကမ်းဖောက်ဖျက်မှု၊ ပြဿနာရှာမှု စတဲ့ တရားဝင်အကြောင်းပြချက်တွေ ရှိနေတာပဲ။ သူ့ကျင့်ဝတ်က ရွံစရာကောင်းပေမဲ့ သူ့ကို ခေတ္တရပ်ဆိုင်းရုံလောက်ပဲ လုပ်လို့ရမယ်။ ကျန်တာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဂူချန်ပြောတာတွေအားလုံးအတွက် အထောက်အထား လိုအပ်တယ်" ဟု ပြောသည်။

သခင်လေးရွှယ်သည် ဂူချန် အမှုနိုင်မည်ဟု ယခုထိ မယုံကြည်ပေ။

"တရားရုံးမှာ အထောက်အထားက အရေးအကြီးဆုံးပဲ။ ဂူချန် အထောက်အထားတွေကို ဘယ်ကရမှာလဲ အထောက်အထားမရှိဘဲနဲ့ သူက သူတို့ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ စွပ်စွဲနေတာ ဖြစ်ပြီး အဲဒီအစား သူကပဲ ဥပဒေအရ တာဝန်ရှိလာလိမ့်မယ်။ သူ ဒီစကားတွေ မပြောခင်မှာ အထောက်အထား ရှိထားသင့်တယ်။ အထောက်အထားမရှိရင် သူကိုယ်တိုင် အပြစ်ပေးခံရမှာ မဟုတ်ဘူးလား"

သခင်လေးရွှယ်က ပြောသည်။

"ဒီမှာ ပါဝင်ပတ်သက်နေတာတွေ အများကြီးပဲ။ ကင်မရာမှတ်တမ်း ဖျက်ဆီးခြင်း၊ ၁၂၀ ကို ၂၅ မိနစ် ကြန့်ကြာအောင် ခေါ်ခြင်း၊ တန်ရှင်းရန် ဘာကြောင့်သေတာလဲ၊ ဦးခေါင်း ထိခိုက်မှု ရှိမရှိ ဆိုတာတွေပေါ့"

"တစ်ခုချင်းစီတိုင်းအတွက် အထောက်အထား လိုတယ်။ ကောလာဟလသက်သက်ဆိုရင် တရားရုံးမှာ အသုံးမဝင်ဘူး"

သခင်လေးရွှယ်က ပြောလိုက်သည်။

ကောင်းရုန် "တကယ်တော့ ဂူချန်မှာ အထောက်အထား ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အထောက်အထားမရှိဘဲ သူ ဒီစကားတွေကို ပေါ့ပေါ့တန်တန် ပြောမှာ မဟုတ်ဘူး"

သခင်လေးရွှယ် "ဒီအမှုအတွက် အထောက်အထားကို ဘယ်လိုရှာမလဲ ဒါ တစ်နှစ်ကျော်တဲ့ အမှုလေ။ အထောက်အထားတွေကို အခုထိ ရှာတွေ့နိုင်ဦးမလား"

ထိုအမှုက တကယ်ကို ခက်ခဲသည်။

ထိုအချိန်တွင်ပင် မန်းဒယ်လျန်က "သဘာဝမကျလိုက်တာ ခင်ဗျားမှာ အထောက်အထား ရှိလား။ အထောက်အထားက ဘယ်မှာလဲ။ အထောက်အထားမရှိရင် ခင်ဗျားကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားစွဲမယ်။ တရားသူကြီးမင်း သူ ကျွန်တော့်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြောနေတာပါ ဂူချန်ကို ရာဇဝတ်မှုအရ တာဝန်ယူစေဖို့ တောင်းဆိုပါတယ်" ဟု အော်ပြောသည်။

မန်းဒယ်လျန်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသည်။

ဂူချန်က ဘယ်လိုသိတာလဲ။

ဒါက တစ်နှစ်ကျော်ကတည်းက ကိစ္စမဟုတ်ဘူးလား။

ဂူချန်က ဒါတွေကို ဘယ်လိုလုပ်ပြီး အကုန်သိနေတာလဲ။

မန်းဒယ်လျန် တစ်ယောက် လုံးဝကို ကြောင်အသွားသည်။

အကယ်၍ ဂူချန်က အထောက်အထားကို တကယ်ထုတ်ပြလိုက်ရင်...

မဖြစ်နိုင်ဘူး ဂူချန်မှာ အထောက်အထား ရှိစရာ အကြောင်းမရှိဘူး။

တရားသူကြီးကလည်း ဂူချန်ကို ကြည့်ကာ "တရားလိုရှေ့နေမှာ အထောက်အထား ရှိလား" ဟု မေးလိုက်သည်။

ဂူချန်က "ရှိပါတယ်" ဟု ပြောသည်။

"အခု ကျွန်တော် လူတိုင်းကို အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြမယ်"

"မန်းဒယ်လျန် ခင်ဗျား ကင်မရာမှတ်တမ်းတွေကို ဖျက်လိုက်ရင် အဖြစ်အပျက် ပျောက်သွားမယ်လို့ ထင်နေတာလား။ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေက လေထဲမှာ ပျောက်ကွယ်သွားမယ်လို့ ထင်နေတာလား ခင်ဗျား သိလား။ အခု စောင့်ကြည့်ကင်မရာတွေအားလုံးက အချင်းချင်း ချိတ်ဆက်ထားတာ"

"ကင်မရာတွေကို ထိန်းသိမ်းပြုပြင်နေတဲ့အချိန် မဟုတ်ဘူးဆိုရင်ပေါ့"

ဂူချန်က "မန်းဒယ်လျန် ခင်ဗျား သုံးနေတဲ့ စောင့်ကြည့်ကင်မရာတွေအားလုံးက ကောင်းကင်မျက်လုံးကုမ္ပဏီကဆိုတာ ခင်ဗျား သိလား။ ခင်ဗျား ကင်မရာမှတ်တမ်းတွေကို နေရာမှာတင် ဖျက်လိုက်ရင်တောင် ကတ်ထဲက မှတ်တမ်းတွေကိုပဲ ဖျက်လိုက်တာပါ။ တကယ့်မှတ်တမ်း အစစ်တွေက Cloud ထဲမှာ ရှိနေတာ။ ကျွန်တော် မြို့တော်ကိုသွားပြီး စုံစမ်းခဲ့တာ။ တကယ်လည်း ရှာတွေ့ခဲ့တယ်"

"အမှုဖြစ်စဉ်ရဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေ ဒီမှာရှိတယ်။ တကယ်ဘာဖြစ်ခဲ့လဲဆိုတာ လူတိုင်း မြင်တွေ့ရမယ့် အချိန်ရောက်ပြီ"

ဘာသာပြန်သူမှတ်ချက် - Cloud ဆိုတာက iOS မှာဆိုရင် iCloud လိုမျိုးကိုယ်က ဖျက်လိုက်ပေမဲ့ cloud ထဲကျန်နေတဲ့ ဒေတာသိုလှောင်ရုံကြီးလိုမျိုးပါ။ ကျွန်တော် cloud လို့ပဲဆက်သုံးသွားမယ်ဗျ"

All Chapters