အခန်း ၃၄၀၆
Vol. 150 Ch. 3406
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၀၆)
ဘာသာပြန်သူ_တိမ်တိုက်
တတ်သာ တတ်နိုင်မည်ဆိုလျှင် ရွှယ့်ယွယ်နှင့် ရှန်ချင်းလော့မှာ ယုရုမန်အား သင်ခန်းစာကောင်းကောင်း ပေးပစ်လိုက်ပေပြီ။ သို့ပါသော်ငြား ယုရုမန်မှာ ဧကရာဇ်အဆင့်တွင် ရှိနေသည့်အတွက်ကြောင့် သူမတို့ နှစ်ဦးစလုံးမှာ ယုရုမန်၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ထိုအပြင် ယုရုမန်သည် ပန်းအရိပ်မဟာဧကရာဇ်၏ တပည့် တစ်ဦးလည်း ဖြစ်နေပေသေးသည်။
သို့ပါသော်ငြား စုယန်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေ၏။ "အစ်မလီက ယောက်ျားနဲ့ ပြောစရာရှိတယ်ဆိုမှတော့ ငါတို့ ထွက်သွားပေးကြတာပေါ့"
ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်မှာ စုယန်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြသည်။ စုယန် ယခုကဲ့သို့ အလွယ်တကူ သဘောတူလိုက်လိမ့်မည်ဟု မထင်ထားကြပေ။ သို့ပါသော်ငြား စုယန် ကိုယ်တိုင်ကပင် ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် သူတို့မှာလည်း ရွေးချယ်စရာ မရှိတော့ဘဲ စုယန် သဘောအတိုင်း ထွက်သွားပေးရုံသာ တတ်နိုင်ကြသည်။
ထွက်မသွားခင် ရှန်ချင်းလော့မှာ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်သွားပေသေးသည်။
ရန်ကိုင်ကမူ ဘာကိုမျှ မမြင်သည့်အလား မသိချင်ယောင်ဆောင်လျက် မျက်နှာကြက်ကိုသာ မော့ကြည့်နေခဲ့သည်။
အမျိုးသမီးသုံးဦး ထွက်သွားပြီးသည့်နောက် ယုရုမန်သည် သူမ လက်ကို ဝှေ့ယမ်းလျက် အခန်းတံခါးကို ဆောင့်ပိတ်ချလိုက်သည်။ ထို့နောက် ခြောက်ကပ်ကပ် ရယ်မောရင်းမှ ရန်ကိုင်အား စိုက်ကြည့်၍ ပြောလိုက်လေ၏။ "နင်ငါ့ကို ထားခဲ့တယ်ပေါ့"
ရန်ကိုင်မှ သူမအား မလိမ့်တပတ် လုပ်ကာ ထားသွားသည့် ကိစ္စကို ပြောနေခြင်းပင် ဖြစ်လေသည်။ ထိုစဉ်က ယုရုမန်မှာ အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့သည်။ သို့ပါသော်ငြား အားနွဲ့သူတစ်ဦးပီပီ စုယန်နှင့် အခြားသူများအနောက် တောက်လျှောက်ကို လိုက်နေခဲ့လေသည်။ ရန်ကိုင် ပြန်လာသည်နှင့် စုယန်တို့ဆီသို့ လာမည်ကို ယုရုမန် ကြိုသိထားပေသည်။ သူမ ထင်ထားသည့်အတိုင်းပင် ဤနေရာသို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ စုယန်နှင့် အခြားသူများကို တန်းလာရှာလေ၏။
ရန်ကိုင်၏ အရှိန်အဝါကို သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် ယုရုမန်မှာ ချက်ချင်းဆိုသလို အပြေးလာခဲ့ခြင်း ဖြစ်လေသည်။
လက်ရှိ အခိုက်အတန့်တွင် ယုရုမန်မှာ အမှန်တကယ်ကို ဒေါသူပုန်ထနေခဲ့ပါသော်ငြား သူမ၏ မျက်နှာအထက်တွင်မူ အပြုံးရေးရေးလေး ရှိနေလေသည်။
ရန်ကိုင်မှာမူ ရှင်းပြနေရန်ပင် ကြိုးစားမနေခဲ့ဘဲ ရေနွေးကြမ်းအိုးကို လှမ်းယူ၍သာ တစ်ခွက်ငှဲ့လိုက်လေသည်။
ယုရုမန်သည် ရန်ကိုင် လက်ထဲရှိ ရေနွေးကြမ်းခွက်ကို လှမ်းဆွဲ၍ ရေနွေးကြမ်းများကို သွန်ချကာ ခွက်ကိုမူ စားပွဲခုံပေါ် ဆောင့်ရိုက်ချလိုက်သည်။
ရန်ကိုင်သည် ယုရုမန်ကို ကြည့်ရင်းမှ ပြန်ပြောလိုက်လေ၏။ "နင် ဘာလုပ်နေတာလဲ၊ နင် ရူးသွားတာလား"
ယုရုမန်ကမူ အံကြိတ်ရင်းမှ ပြန်ပြောလိုက်သည်။ "နင်ငါ့ကို တကယ်ကြီး ထားခဲ့တယ်ပေါ့"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ၊ ငါနင့်ကို ခေါ်သွားမယ်လို့မှ မပြောထားတာ၊ နင့်ဘာသာနင် ငါ့အနောက်ကို တကောက်ကောက် လိုက်နေတာလေ၊ ကဲ ငါနင့်ကို ထားခဲ့တယ်၊ အဲဒီတော့ နင် အခု ဘာလုပ်ချင်လဲ"
ယုရုမန်ကမူ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်၏။ "နင် ဒီလောက်တောင် ငါ့အပေါ် ရက်စက်ချင်နေတာလား"
ရန်ကိုင်ကမူ ပြန်ပြောလိုက်သည်။ "အဲဒါ ဘာဆန်းလို့လဲ၊ ဒါ ငါနင့်အပေါ် ရက်စက်တာ ပထမဦးဆုံးအကြိမ်မှ မဟုတ်တာ" ပြောနေရင်းမှ နောက်ထပ် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့လိုက်လေ၏။
ယုရုမန်သည် ထိုရေနွေးကြမ်းခွက်ကို လှမ်းဆွဲ၍ မြေကြီးပေါ် ပစ်ချလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ဒေါသူပုန်ထသွားခဲ့ပြီး ပြန်အော်တော့လေ၏။ "ခွေးမ၊ နင် ဘယ်အချိန်မှ ရပ်မှာလဲ၊ ငါနင့်ကို သတိပေးနေတယ်နော်၊ နင်ဒီအတိုင်း ဆက်လုပ်နေရင် ငါနင့်ကို ယဉ်ကျေးနေတော့မှာ မဟုတ်ဘူးနော်"
ယုရုမန်ကမူ လှောင်ပြုံးပြုံးလျက်... "အဲဒါဆို နင်ငါ့အပေါ် ဘယ်လို မယဉ်ကျေးမှာလဲ၊ ဘာလဲ ငါ့ကို ရိုက်မှာလား၊ လာလေ၊ ရိုက်လေ"
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် အနားသို့ ကပ်၍ ရင်ကိုကော့ ခေါင်းကိုမော့ကာ ပါးလေးကို ထိုးပေးလိုက်လေသည်။
ဒေါသထွက်ထွက်နှင့် ရန်ကိုင်မှာလည်း ယုရုမန်၏ လက်မောင်းကို လှမ်းဆွဲ၍ သူမအား လှန်ချကာ သူမ၏ ဝမ်းဗိုက်ကို သူ့ဒူးပေါ်သို့ တင်လိုက်သည်။ ထို့နောက်တွင် သူ့လက်ကို မြှောက်၍ ယုရုမန်၏ တင်ပါးကို ခပ်ပြင်းပြင်းလေး ရိုက်ချလိုက်လေ၏။
ဖြန်း။
ယုရုမန် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ ယုရုမန်၏ လည်တိုင်လေးမှာလည်း လုံးဝကို တောင့်တောင့်ကြီးကို ဖြစ်နေခဲ့လေသည်။ အတန်ကြာသည်အထိတိုင် ယုရုမန်မှာ အသိ ပြန်မဝင်လာခဲ့။
နောက်ဆုံး အသိ ပြန်ဝင်လာသည့်အခါတွင်မူ လုံးဝကို မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာ၍ မျက်လုံးအပြူးသားဖြင့် ပြောလိုက်လေ၏။ "နင်ငါ့ကို ရိုက်ရဲတယ်"
ဖြန်း။
ရန်ကိုင်ကမူ နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်ပြန်လေသည်။
နှစ်ကြိမ်စလုံးတွင် ရန်ကိုင်မှာ ယုရုမန်အား ခပ်ပြင်းပြင်းလေး ရိုက်ခဲ့ခြင်း ဖြစ်လေသည်။ ပထမတစ်ကြိမ်တွင်မူ ယုရုမန်မှာ အလစ်ငိုက်မိသွားသလို ဖြစ်သည့်အတွက်ကြောင့် အတန်ကြာသည့်အထိတိုင် အသိ ပြန်မဝင်လာခဲ့။ ရန်ကိုင်မှ သူမအား ယခုကဲ့သို့ လုပ်ရဲလိမ့်မည်ဟု မထင်ထားခဲ့လေဘဲ။ သို့ပါသော်ငြား ဒုတိယတစ်ကြိမ်တွင်တော့ ယုရုမန်၏ မျက်လုံးလေးထဲ နာကျင်မှုတို့ ဖြတ်ပြေးသွားခဲ့ပြီး သူမ၏ မျက်ဝန်းလေးများမှာ အရည်လဲ့လာခဲ့လေသည်။ ထို့နောက် သူမ၏ ပါးစပ်မှ နာကျင်စွာ အော်ညည်းသံလေး တစ်သံ ထွက်လာခဲ့လေ၏။
အပြင်ဘက်၌ စုယန်မှာ လမင်းကို လှမ်းကြည့်နေခဲ့လေသည်။ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့မှာတော့ သေသေချာချာကို ချောင်းနားထောင်နေခဲ့လေ၏။ ရိုက်သံများကို ကြားလိုက်သော် ရှန်ချင်းလော့က ချက်ချင်းပဲ လှောင်ပြောင် ပြောဆိုလိုက်လေသည်။ "သေအောင်သာ ရိုက်ပစ်၊ အဲဒီခွေးမကို သေအောင်သာ ရိုက်ပစ်"
ရွှယ့်ယွယ်ကလည်း စိတ်လှုပ်ရှားနေဟန်ဖြင့်... "အဲဒီ အရှက်မရှိတဲ့ ခွေးမ၊ နည်းတောင် နည်းသေးတယ်"
"နင် ပြဿနာရှာချင်နေသေးလား" ရန်ကိုင်သည် ယုရုမန်ကို စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။
ယုရုမန်မှာ နှုတ်ခမ်းလေးကို တင်းတင်းကိုက်ရင်း အသည်းအသန် ရုန်းကန်နေလေသည်။ သို့ပါသော်ငြား ရန်ကိုင်သည် ယုရုမန်အား ခပ်တင်းတင်း ချုပ်ထားသလို လေဟာနယ်နိယာမများကို အသုံးပြု၍ လှုပ်မရအောင် လုပ်ထားသည့်အတွက်ကြောင့် ယုရုမန်မှာ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိ။ ဤရှက်စဖွယ်ကောင်းသည့် ပုံစံမျိုးဖြင့်သာ ရန်ကိုင်၏ ပေါင်ပေါ် မလှုပ်မယှက် လဲလျောင်းနေခဲ့ရလေသည်။
ရုတ်တရက်ဆိုသလို ယုရုမန်မှာ သွေးရူးသွေးတန်းဖြင့် ထအော်လေ၏။ "နင် ဒီနေ့ ငါ့ကို သေအောင် ရိုက်ရင်ရိုက်၊ မဟုတ်ရင် ဒီနေ့ကိစ္စ မပြီးဘူး"
"နင် ပြန်ပြောရဲတယ်ပေါ့" ရန်ကိုင်က ထပ်ရိုက်လေသည်။ အရိုက်ခံနေရသော ယုရုမန်၏ မျက်နှာလေးမှာတော့ နီရာမှတစ်ဆင့် ဖြူလာခဲ့လေသည်။ ရန်ကိုင် သူမအား ရိုက်ရာတွင် အတော်လေးကိုမှ အားသုံးထားသည်မှာ သိသာလှပေသည်။ ရိုက်နေရင်းမှ ထပ်၍ အော်ပြောလိုက်လေသေး၏။ "ခွေးမ၊ နင် ပြဿနာရှာရဲတယ်ပေါ့ ဟုတ်လား၊ ငါ့ဖန်ခွက်ကို ခွဲရဲတယ်" ပြောနေရင်းမှ ရန်ကိုင်သည် တစ်ချက်ပြီးတစ်ချက် ရိုက်နေခဲ့သည်။
အစပိုင်းတွင် ယုရုမန်မှာ ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်မည်ဟု အော်ဟစ်ပြောဆိုနေခဲ့ပါသော်ငြား ထပ်တလဲလဲ ရိုက်ခံနေရပြီးသည့်နောက် အဆုံးတွင် မလှုပ်မယှက် ဖြစ်သွားခဲ့လေသည်။ ခေါင်းကို ငုံ့ရင်းဖြင့်သာ ရန်ကိုင် ပေါင်ပေါ် ငြိမ်သက်စွာ လဲနေတော့လေ၏။
တောက်၊ တောက်၊ တောက်။
ရေစက်ကလေးများ မြေပြင်ပေါ်သို့ ကျနေသည့် အသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားလိုက်သည့်အခိုက် ရန်ကိုင်လည်း ရပ်လိုက်ပြီး ယုရုမန်အား ငုံ့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့လေ၏။
သူရိုက်လိုက်သည့်အတွက်ကြောင့် ယုရုမန်မှာ ယခုဆိုလျှင် ငိုပင်ငိုနေခဲ့လေပြီ။
ရုတ်တရက် သူလွန်သွားသည်ဟု ရန်ကိုင် ခံစားလိုက်ရသည်။ ယုရုမန်မှာ သူ့အား အော်ပြော၍ အသည်းအသန် ရုန်းကန်နေချိန် ရန်ကိုင် လုံးဝကို မရပ်ခဲ့ပေ။ သို့ပါသော်ငြား ယုရုမန် ဆက်ငိုလာသည့် အချိန်တွင်တော့ ရန်ကိုင်မှာ ခေါင်းကိုက်လာရလေ၏။
ထွက်နေသည့် ဒေါသများမှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်မှာ ကိုးရိုးကားရား ဖြစ်သွားသည့် အမူအရာမျိုးဖြင့် ခေါင်းကိုသာ ကုတ်နေတော့သည်။ ထို့နောက်တွင် ယုရုမန်၏ ပါးလေးကို လက်ကလေးဖြင့် တို့ရင်းမှ ပြောလိုက်လေ၏။ "ပြောစရာရှိရင် ပြောလေ၊ ဘာဖြစ်လို့ ငိုနေတာလဲ"
ယုရုမန်ကမူ ကလေးတစ်ဦးသဖွယ် တရှိုက်ရှိုက် ငိုကြွေးရင်းဖြင့်သာ ခေါင်းကို အခြားတစ်ဖက်သို့ လှည့်ထားခဲ့လေသည်။
"မငိုနဲ့လေ" ရန်ကိုင်က နှစ်သိမ့်ပေးလိုက်လေ၏။ "ငါနင့်ကို ထားခဲ့ရတာ အကြောင်းအရင်း ရှိတယ်၊ ငါ သွားတဲ့နေရာက အရမ်းအန္တရာယ်များတာ၊ နင့်ကို အတူခေါ်သွားလို့ နင်တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ"
ပြောနေရင်းမှ ယုရုမန် အနာ သက်သာသွားအောင် ဧကရာဇ်ချီကို သုံး၍ ယုရုမန်၏ တင်ပါးလေးကို အသာအယာ ပွတ်သပ်ပေးလိုက်၏။
အစောပိုင်းက ရိုက်ရာတွင် အတော် အားပါသွားသည့်အတွက်ကြောင့် ယုရုမန်၏ တင်ပါးမှာ အနည်းငယ် ရောင်သလို ဖြစ်ချင်နေလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ဧကရာဇ်ချီကို သုံး၍ ဒဏ်ရာကို သက်သာသွားအောင် ကုစားပေးရင်းမှ ဆက်၍ နှစ်သိမ့်ပေးလိုက်လေ၏။ "ပြီးတော့ နင်လည်း လွန်ပါတယ်၊ အကြိမ်တိုင်းကို ငါ့ကို ပြန်ပြန်ပြီးတော့ပဲ ပြောနေတယ်၊ ဘာလဲ၊ ငါနဲ့ သူသေကိုယ်သေ တိုက်မယ်ဆိုတာချည်းပဲ၊ ဒီလောကကြီးထဲမှာ နင့်လို မိန်းမမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ၊ မိန်းမတိုင်းက နင့်လိုမျိုးဆိုရင် ယောက်ျားတွေ ဘယ်လိုလုပ်ပြီး အသက်ရှင်ဦးမှာလဲ"
"နင်ပြောစရာရှိရင် စကားနဲ့ပဲ ပြောလေ၊ လက်တွေ မပါနဲ့လေ၊ ကဲကဲ၊ အခုတစ်ခါ ငါနည်းနည်း စိတ်လောပြီးတော့ အမှားလုပ်မိသွားတယ် ဟုတ်ပြီလား၊ ငါတောင်းပန်တယ်၊ နော်၊ ဒီတော့ စိတ်ထဲ ထားမနေတော့နဲ့"
"နင် စကားပြောနိုင်တယ်ဆိုရင် ခေါင်းညိတ်လိုက်၊ ဒေါသထွက်နေတယ်ဆိုရင် နင်ကြိုက်သလောက် ငါ့ကို ရိုက်၊ ငါနင့်ကို ဘာမှ ပြန်မလုပ်ဘူး၊ ဟုတ်ပြီလား"
ရန်ကိုင်မှာ ယုရုမန်အား တောက်လျှောက်ကို နှစ်သိမ့်ပေးနေပါသော်ငြား ယုရုမန်ကမူ တောက်လျှောက်ကိုသာ ငိုနေခဲ့လေသည်။
ရန်ကိုင်မှာလည်း တဖြည်းဖြည်းနှင့် သိပ်၍ စိတ်မရှည်တော့ပေ။ နောက်ဆုံးတွင် ယုရုမန်၏ တင်ပါးအား ပွတ်နေသည်ကို ရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။ "နင် ပြောချင်တာရှိရင် ပြော၊ တိတ်ချည်းပဲ တိတ်မနေနဲ့"
ယုရုမန်မှာ တစ်ခဏမျှ တိတ်နေပြီးသည့်နောက် ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"နင် ဘာပြောလိုက်တာလဲ" ယုရုမန် ပြောသည်မှာ အလွန်ကိုမှ တိုးသည့်အတွက်ကြောင့် ရန်ကိုင်မှာ သေချာအောင် နောက်တစ်ကြိမ် ထပ်မေးလိုက်လေသည်။
"မရပ်နဲ့" ယခုတစ်ကြိမ်တွင်တော့ ယုရုမန်၏ အသံမှာ နည်းနည်း ပိုကျယ်နေလေသည်။
ယုရုမန် ပြောသည့် စကားကို ကြားပြီးသည့်နောက် ရန်ကိုင်မှာ ယာယီမျှ ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။ တစ်ခဏမျှ စဉ်းစားပြီးမှသာလျှင် သူမ ဘာပြောချင်နေသလဲဆိုသည်ကို သဘောပေါက်သွား၏။ တစ်ချိန်တည်း၌ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်လောက်အောင်ပင် ဖြစ်သွားခဲ့ရလေသည်။ သို့ပါသော်ငြား ယုရုမန် ပြောသည့်အတိုင်း သူ့လက်ကို သူမ၏ တင်ပါးပေါ်သို့ တင်၍ အသာအယာလေး ထပ်ပွတ်ပေးလိုက်လေ၏။
[ငါလခွမ်း၊ ဒီခွေးမ စရိုက်ကသာ မကောင်းတာ ခန္ဓာကိုယ်ကတော့ တကယ်ကို ထိပ်တန်းပဲ၊ မသိရင် ပျော့အိအိ ခေါင်းအုံးလေးကို ပွတ်နေရသလိုပဲ]
ငိုရှိုက်သံတို့ ရပ်တန့်သွားပြီးသည်နောက်တွင် နာကျင်မှုကြောင့်လား ကြည်နူးသာယာမှုကြောင့်လား မသိရ။ ယုရုမန်၏ ခန္ဓာကိုယ်လေးမှာ စတင်၍ လှုပ်စိလှုပ်စိ ဖြစ်လာလေသည်။ သူမ၏ အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာခဲ့ပြီး ဖြူရော်နေသည့် မျက်နှာလေးမှာလည်း တဖြည်းဖြည်း နီမြန်းလာလေ၏။
ရုတ်တရက် ယုရုမန်က ပြောလိုက်လေသည်။ "နင်ငါ့ကို ထားခဲ့တာ ငါတစ်ခုခု ဖြစ်သွားမှာ ကြောက်လို့လို့ ပြောတယ်နော်၊ နင် တကယ်ပြောတာလား၊ လိမ်နေတာလား"
ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "ငါနင့်ကို လိမ်လို့ ဘာရမှာမလို့လဲ၊ ငါသွားခဲ့တဲ့ နေရာက ကြယ်တာရာအစုအဝေးရဲ့ တားမြစ်နေရာတွေထဲက တစ်ခုပဲ၊ အဲဒီနေရာကို မဟာဧကရာဇ်တွေတောင် မဆင်မခြင် ဝင်ရဲတာ မဟုတ်ဘူး၊ နဂါးတစ်ကောင်တောင် အဲဒီမှာ သေဖူးတယ်၊ ဘယ်လောက် အန္တရာယ်များသလဲဆိုရင် အဲဒါကိုပဲကြည့်"
ယုရုမန်က ပြန်၍ မေးလိုက်လေ၏။ "အဲဒါဆိုရင် ငါ့ကိုဘာဖြစ်လို့ အရင်ကြိုမပြောဘဲနဲ့ ဒီအတိုင်းကြီး ထားခဲ့တာလဲ"
ရန်ကိုင်က သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။ "နင့်ကို ငါပြောရင် အသုံးဝင်မှာမလို့လား၊ နင် ငါ့စကားကို ကျိန်းသေနားထောင်မှာ မဟုတ်ဘူး၊ ဒီတော့ ဘာဖြစ်လို့ အချိန်ကုန်ခံပြီးတော့ ပြန်ငြင်းနေရဦးမှာလဲ၊ နင့်ကို ပြောလည်း နင်က ခေါင်းမာမာနဲ့ လိုက်မှာ မဟုတ်ဘူးလား၊ အဲဒါကြောင့်ပဲ ငါဘာသာငါ အရင်သွားပြီးတော့မှ နောက်ကျမှ နင့်ကိုပြောဖို့ စဉ်းစားထားတာ"
ယုရုမန်မှာတော့ ရန်ကိုင် ပြောသည်ကို လက်ခံသွားသည့်အလား တိတ်သွားခဲ့လေသည်။
သို့ပါသော်ငြား ရန်ကိုင်၏ လက်များမှာ စတင်၍ မရိုးသားလာတော့ပေ။ သူသည် သူမ၏ တင်ပါးများကို ပွတ်ပေးနေရင်းမှ မသိလိုက်မသိဘာသာနှင့် သူ့လက်မှာ အခြားသော နေရာတစ်ခုဆီသို့ ရောက်ရောက်သွားတတ်သည်။ ယုရုမန်ကလည်း လက်မခံချင်သလို ပုံစံမျိုး လုပ်ပြပေသည်။ သို့ပါသော်ငြား အကြောက်အကန်ကြီး ငြင်းနေသည့် ပုံစံမျိုးတော့ မဟုတ်ပေ။
"နာနေသေးလား" ရန်ကိုင်သည် ကျေနပ်နေသည့် အမူအရာမျိုးဖြင့် ပွတ်ပေးနေရင်းမှ မေးလိုက်လေ၏။
ယုရုမန် ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။
"အခြားနာနေတဲ့ နေရာတွေရော ရှိသေးလား" ရန်ကိုင်က ထပ်မေးလိုက်သည်။
"ဘယ်နေရာမှ မနာတော့ဘူး"
"ငါ စစ်ပေးလို့ရသေးတယ်" ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြောလိုက်လေ၏။
"မလိုဘူး" ယုရုမန်၏ အသက်ရှူနှုန်းမှာ တဖြည်းဖြည်းနှင့် မြန်ဆန်လာခဲ့သည်။
အိမ်အပြင်ဘက်တွင် ရှိနေသော ရှန်ချင်းလော့၏ မျက်နှာကြီးမှာတော့ သုန်မှုန်နေလေသည်။ ရွှယ့်ယွယ်မှာလည်း မျက်နှာမကောင်းပေ။ ဤသည်မှာ သူတို့ မျှော်လင့်ထားသည့် အရာမျိုး မဟုတ်။ သူတို့ မျှော်လင့်ထားသည့် အရာမှာတော့ ထိုခွေးမ ဆိုးဆိုးရွားရွား ရိုက်ခံရခြင်းသာ ဖြစ်လေသည်။ သို့ပါသော်ငြား အဆုံးတွင်တော့ သူမတို့၏ ယောက်ျားသည် ထိုကဝေမနှင့် စတင်၍ ပလူးပလဲ လုပ်လာသည့်အတွက်ကြောင့် အပြင်ဘက်တွင် ရှိနေသော အမျိုးသမီးနှစ်ဦးမှာ အရူးတစ်ပိုင်း ဖြစ်ခါနီး ဖြစ်လာတော့လေသည်။
ရှန်ချင်းလော့သည် စုယန်ဘက်သို့ ကြည့်၍ ပြောလိုက်လေသည်။ "အစ်မ၊ ဟိုကဝေမ ကျွန်မတို့ ယောက်ျားကို ဖြားယောင်းနေတာကို အစ်မ လုံးဝ ဂရုမစိုက်တော့ဘူးလား"
စုယန်က ပြုံးသာပြုံး၍ ပြန်ပြောလိုက်လေသည်။ "ငါကတော့ သွားသင့်နေပြီ"
ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့ မှင်တက်သွားခဲ့ကြသည်။ သို့ပါသော်ငြား သူတို့နှစ်ဦး မတုံ့ပြန်နိုင်သေးခင်မှာပင် စုယန်သည် လမ်းလျှောက် ထွက်သွားခဲ့လေပြီ။ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့သည် တစ်ဦးကိုတစ်ဦး တစ်ခဏမျှ ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် နှစ်ဦးသားအတူ အံကြိတ်၍ အိမ်တည့်တည့်ဆီသို့ ရိုက်ချလိုက်လေ၏။
အမျိုးသမီးနှစ်ဦးမှာ ဧကရာဇ်အဆင့်သို့ မရောက်သေးပါသော်ငြား တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် သူမတို့၏ တိုက်ခိုက်မှုသည် အိမ်နံရံများအထက် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေခဲ့လေသည်။
ထို့နောက်တွင် ရှန်ချင်းလော့သည် တခစ်ခစ် ရယ်သွမ်းသွေးရင်းမှ ရွှယ့်ယွယ်နှင့်အတူ စုယန် အနောက်သို့ လိုက်သွားခဲ့လေသည်။
အခန်းထဲတွင် ရှိနေသော ရန်ကိုင်မှာမူ ယုရုမန်ကို ကိုင်ထားရင်းမှ ပြုတ်ကျလာသည့် သစ်သားစများကို အသည်းအသန် ကောက်ရှောင်လိုက်လေသည်။ ထို့နောက်တွင် သူ့မျက်နှာကြီး သုန်မှုန်သွားတော့လေ၏။
ထိုအခိုက်အတန့်မှာပင် လေဟာနယ်နိယာမ စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့ပြီး ကျောက်စိမ်းပြားတစ်ပြား ရန်ကိုင် အရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုကျောက်စိမ်းပြားကို လှမ်းယူ၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားကာ ပြောလိုက်လေ၏။ "ငါ ကျားဟိန်းသံမြို့ဆီ သွားတော့မယ်၊ အဲဒီဘက်မှာ တစ်ခုခုဖြစ်သွားလို့ ငါ့ကို ခေါ်နေတယ်"
"အဲဒါဆို အဆင်ပြေပါစေ" ယုရုမန်က ပြန်ပြောလိုက်သည်။
ရန်ကိုင်လည်း ခေါင်းညိတ်၍ ယုရုမန်ကို ကြည့်ကာ မေးလိုက်လေ၏။ "နင်ရော လိုက်ဦးမှာလား"
ယုရုမန် ခေါင်းညိတ်ပြလိုက်၏။
ရန်ကိုင်လည်း ယဲ့ယဲ့လေး ပြုံး၍ လေဟာနယ်နိယာမ စွမ်းအားများကို အသက်သွင်းလိုက်သည်။ ထို့နောက်တွင် ရန်ကိုင်နှင့် ယုရုမန်တို့မှာ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။
လက်ရှိ အခိုက်အတန့်တွင် ကျားဟိန်းသံမြို့တော် တစ်ခုလုံးမှာ မငြိမ်မသက် ဖြစ်နေကြပြီး လူတိုင်းမှာလည်း အလွန်ကိုမှ စိုးရိမ်နေကြသည်။
ထိုအခိုက်အတန့်ဝယ် ရန်ကိုင်နှင့် ယုရုမန်မှာ ကောင်းရွှယ်ထင်း ဘေးနား၌ ပေါ်လာခဲ့လေသည်။ သို့ပါသော်ငြား လက်ရှိအချိန်တွင် ကောင်းရွှယ်ထင်းမှာ မြို့သခင်စံအိမ်ထဲ၌ ရှိမနေခဲ့ဘဲ မြို့ဂိတ်ပေါက် ဘေးနားတွင် ရှိနေခဲ့သည်။ ကောင်းရွှယ်ထင်း၏ အမူအရာမှာ အတော်လေးကိုမှ မြင်မကောင်း ရှုမကောင်း ဖြစ်နေပြီး မြို့ဂိတ်ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ဆူညံနေလေ၏။
ရန်ကိုင် ရောက်လာသည်ကို သတိထားမိလိုက်သော် ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား တစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် လက်ထဲတွင် ရှိနေသော ယုရုမန်အား အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ" ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ ဇဝေဇဝါ အမူအရာဖြင့် မေးလိုက်လေသည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက် မြို့ဂိတ်ပေါက်ဝတွင် လူအုပ်ကြီး နှစ်အုပ် ရှိနေကြောင်းကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
လူအုပ် တစ်အုပ်သည် သားနားစွာ ဝတ်ဆင်ထားခဲ့ပြီး အခြား တစ်ဖွဲ့မှာတော့ နေမင်းပြာကျောင်းတော်မှ တပည့်များ ဖြစ်နေကြသည်။