← Chapters

အခန်း ၃၄၁၅

Vol. 150 Ch. 3415

အခန်း ၃၄၁၅

Vol. 150 Ch. 3415

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၁၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်က ဆက်၍ပြောလိုက်လေသည်။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ချုန်းချီနဲ့ အရှေ့ဘက်နယ်မြေက ကောင်းကင်ဝံပုလွေတောင်ကြားအပြင်ဘက်မှာ သွားတွေ့တယ်… အဲ့တုန်းက စီနီယာလီဝူရီနဲ့ ကျို့ဖုန်းတို့ လိုက်ဖမ်းနေတာ… စိတ်ဝိဉာဉ်သားရဲကျွန်းဆီ ခေါ်သွားပြီးတော့ စောင့်ကြည့်မယ်ဆိုတာပဲ… ဒါပေမယ့် သူက ကျုပ်ကို သူ့ရဲ့သခင်လေးအဖြစ် လာပြီး အသိအမှတ်ပြုတာ… ကျုပ်ရဲ့ အဆင့်အတန်း၊ ဂုဏ်ပုဒ်နဲ့ဆိုရင် သူ့ကို ကျိန်းသေ အဲ့အကြပ်အတည်းကနေ ကယ်ဆယ်ပေးနိုင်တယ်… ကျုပ်လည်း ချုန်းချီ ဘယ်လောက်တောင်ဆိုးကြောင်း ကြားဖူးပါတယ်… ဒါပေမယ့် အဲ့ဒါတောင် သူ့ကို ဘာဖြစ်လို့ ကယ်ခဲ့လဲဆိုတာကို ပထမအကြီးအကဲသိလား…”

ကျုရန်က ပြန်၍ပြောလိုက်သည်။ “မင်း အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို ကျင့်ကြံထားတာနဲ့ ပတ်သက်နေတာမလား…”

“အဲ့ဒါက အကြောင်းအရင်းတစ်ခုပဲ ရှိသေးတယ်… အဓိကအကြောင်းအရင်းက သူ့ကိုသာ အဲ့အကြပ်အတည်းကနေ ကယ်ဆယ်ပေးမယ်ဆိုရင် ဥတုလေးမျိုးနယ်မြေဆီ ခေါ်သွားပြီးတော့ အချိန်မြစ်မဟာဧကရာဇ်ရဲ့ တကယ့်အမွေအနှစ်ကို ဆက်ခံလို့ရအောင် ကူညီပေးမယ်လို့ ပြောသွားလို့… ကျုပ်ကို ဥတုလေးမျိုးနယ်ဆီ ခေါ်သွားပေးမယ်.. အဲ့မှာ အချိန်မြစ်မဟာဧကရာဇ်ရဲ့ တကယ့်အမွေအနှစ်ကို ဆက်ခံလို့ရမရကတော့ ကျုပ်ဘာသာကျုပ် ကံစမ်းကြည့်ရမှာပေါ့… ပထမအကြီးအကဲလည်း သိတဲ့အတိုင်းပဲ… အချိန်မြစ်မဟာဧကရာဇ်က မဟာဧကရာဇ်တွေထဲမှာတောင် တကယ့်ကို ဒိတ်ဒိတ်ကြဲပဲလေ… ပြီးတော့ အချိန်တာအိုဆိုတာလည်း အရမ်းကို နက်နဲတဲ့တာအို… ဒီတော့ ကျုပ်လည်း ဘယ်လိုလုပ်ပြီး စိတ်မဝင်စားဘဲ နေခဲ့မှာလဲ… ဒါကြောင့်ပဲ သူ့ကို ကျုပ်ဘေးနားမှာထားဖို့ ဆုံးဖြတ်လိုက်တာ…”

ကျုရန် ထိတ်လန့်သွားတော့လေသည်။ “အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်က ဥတုလေးမျိုးနယ်မြေထဲမှာ ရှိနေသေးတာလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ဒါကြောင့်ပဲ ချုန်းချီ ရှောင်အာကို ဥတုလေးမျိုးနယ်မြေဆီ ခေါ်သွားတာ မကောင်းတဲ့အချက်မဟုတ်ဘူးလို့ ကျုပ်ပြော… ချုန်းချီက အချိန်တာအိုကို ကျင့်ကြံမထားဘူးဆိုပေမယ့် အချိန်မြစ်မဟာဧကရာဇ်နောက်ကို တောက်လျှောက်လိုက်နေခဲ့တာ… အချိန်မြစ်မဟာဧကရာဇ် သေသွားတာတောင် အချိန်မြစ်ကျောင်းတော်ကို နှစ်ပေါင်းများစွာကြာအောင် စောင့်ရှောက်ခဲ့သေးတယ်… ဒီတော့ ရှင်းရှင်းပြောရရင် သူက အချိန်မြစ်မဟာဧကရာဇ်ကို အရမ်းသစ္စာရှိတာလို့ ပြောလို့ရတယ်… ဒီလောကကြီးထဲမှာ အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အသင့်တော်ဆုံးက ဘယ်သူဆိုတာကို ချုန်းချီထက် ဘယ်သူမှမသိဘူး… သူထင်တာတော့ ရှောင်အာက အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ကျုပ်ထက် ပိုပြီးသင့်တော်တယ်… ပြီးတော့ အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရနိုင်ချေကလည်း ကျုပ်ထက်ပိုများတယ်လို့ ထင်တာနေမှာပေါ့… အဲ့ဒါကြောင့်ပဲ ကျုပ်အစား ရှောင်အာကို ခေါ်သွားလိုက်တာ…”

ထိုအခါမှသာလျှင် ကျုရန် ပြုံးသွားခဲ့ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်းမှ ရေရွတ်လိုက်လေ၏။ “မင်းပြောတာသာ အမှန်ဆိုရင်တော့ ဒီလူအိုကြီးနဲ့ ဒုတိယအကြီးအကဲ ချုန်းချီကို အကြွေးတင်တော့မှာပဲ…”

ရန်ကိုင်က ပြုံးရင်းမှ ဆက်၍ပြောလိုက်လေသည်။ “သူ့လုံခြုံရေးနဲ့ပတ်သက်ပြီးကတော့ ပထမအကြီးအကဲ စိတ်ပူနေစရာမလိုဘူး… ချုန်းချီရဲ့စရိုက်နဲ့ပတ်သက်ပြီး ကျုပ် အာမ မခံရဲဘူးဆိုပေမယ့် လျို့ယန်ပါ သူတို့နဲ့အတူ လိုက်သွားတာဆိုတော့ ရှောင်အာကို လျို့ယန်က ကျိန်းသေ ကာကွယ်ပေးလိမ့်မယ်…”

“ကောင်းတယ် ကောင်းတယ်…” ကျုရန်မှာ သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်းမှ ဆက်၍ပြောလိုက်လေသည်။ “ဒါဆို ရှောင်အာ ဥတုလေးမျိုးနယ်မြေ ပွင့်သွားလို့ ထွက်လာတဲ့အခါကျ သိရမှာပေါ့…”

ထိုစကားကိုကြားသည့်အခါမှသာလျှင် ရန်ကိုင်မှာ သက်ပြင်းအမောကြီး ချနိုင်တော့လေသည်။ (ဒါပေမယ့် ဒုတိယအကြီးအကဲ ဘယ်လိုတုံ့ပြန်လာဦးမလဲ မသိရသေးဘူး… ပထမအကြီးအကဲက ပြောရဆိုရလွယ်တော့ ကိစ္စမရှိဘူး… ဒါပေမယ့် ဒုတိယအကြီးအကဲက တကယ်ကို ပြောဖို့လွယ်မှာမဟုတ်ဘူး…)

ရန်ကိုင် ထိုအကြောင်းကို စဉ်းစားနေတုန်းပင်ရှိသေး လေခွင်းသံနှင့်အတူ လူတစ်ဦး ရန်ကိုင်ဘေးနားသို့ ရောက်လာခဲ့လေသည်။ ထိုလူမှာ ဖုကျွင်းမှလွဲ၍ အခြားမဟုတ်ပေ။ ရောက်သည်နှင့်တစ်ပြိုင်နက် ဖုကျွင်းသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် စိတ်ပျက်သွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်အား အလျင်အမြန် မေးလိုက်လေသည်။ “ရှောင်အာ နင်နဲ့အတူ ပါမလာဘူးလား…”

ရန်ကိုင် ခေါင်းခါပြလိုက်သည်။

ဖုကျွင်းက သက်ပြင်းချရင်း ဆက်ပြောလိုက်လေသည်။ “ဟား… နင်ဘာဖြစ်လို့ သူ့ကိုပါ တစ်ခါတည်း အတူ ခေါ်မလာလိုက်တာလဲ…”

ရန်ရှောင်သည် မွေးမွေးပြီး မကြာခင်မှာပင် ရန်ကိုင်နှင့်အတူ နဂါးကျွန်းမှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် သူထွက်သွားသည်မှာ သုံးနှစ်ခန့်ပင် ရှိသွားခဲ့လေပြီ။ ဖုကျွင်းမှာ အမှန်တကယ်ကို စိတ်ပူမိလေသည်။ သူမ အပြင်ဘက်သို့သာ ထွက်သွားမည်ဆိုလျှင် လောကကြီးတစ်ခုလုံး ပြဿနာတက်သွားနိုင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက သူမအနေဖြင့် မြောက်ဘက်နယ်မြေ ထက်ကောင်းကင်နန်းတော်ဆီသို့ သွား၍ သူမသားကို သွားတွေ့နေလောက်ပေပြီ။ ဘာကြောင့်များ သူမဘာသာသူမ နဂါးကျွန်းတွင် နေနေရပါဦးမည်နည်း။ သို့ပါသော်ငြား သူမသည် အဆင့်တစ်ဆယ်နဂါးတစ်ကောင်ဖြစ်ကာ ဒုတိယအကြီးအကဲလည်း ဖြစ်သည့်အလျောက် လူရှေ့သူရှေ့ ခဏခဏ ထွက်နေဖို့ရာ အဆင်မပြေလှပေ။

ရန်ကိုင်သည် တောင်းပန်တိုးလျှိုးသည့်အမူအယာဖြင့် ကျုရန်ဘက်သို့ ချက်ချင်း လှည့်၍ကြည့်လိုက်သည်။

ကျုရန်မှာလည်း ရန်ကိုင်၏ဆိုလိုရင်းကို နားလည်သွားခဲ့ပြီး အလျင်စလို ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ဒီလိုကွ… ရန်ကိုင်က နဂါးတစ်ပိုင်းမြို့ထဲမှာရှိတဲ့ ပညာရှင်တွေကို ခေါ်သွားချင်လို့ လာခဲ့တာ… အခု ကြယ်တာရာအစုအဝေးမှာ ကိစ္စတစ်ခုခုဖြစ်နေတယ်လေ…”

“အဲ့ဒါဆိုရင်လည်း ခေါ်သွားလိုက်…” ဖုကျွင်းမှာတော့ စိတ်မပါလက်မပါအမူအယာဖြင့် ပြန်ပြောလိုက်သည်။

ကျုရန်က ကြောင်အမ်းအမ်းအမူအယာဖြင့် “ဘာကိစ္စလဲဆိုတာကို နင်မမေးတော့ဘူးလား…”

ဖုကျွင်း ဤမျှ အလွယ်တကူ သဘောတူလာလိမ့်မည်ဟု မထင်ထားသဖြင့် ရန်ကိုင်မှာလည်း အမှန်တကယ်ကို အံ့အားသင့်နေမိလေသည်။ ဤသည်မှာ နဂါးကလန်၏ ဒုတိယအကြီးအကဲဖြစ်သော ဖုကျွင်းမှ ဟုတ်မှဟုတ်ပါလေစ။

ဖုကျွင်းကမူ ကျုရန်ကို လုံးဝလျစ်လျူရှုထားလျက် ရန်ကိုင်ဘက်သို့လှည့်၍သာ ပြောလိုက်လေ၏။ “ဒီတစ်လောအတွင်း ရှောင်အာဘယ်လိုနေလဲ… သူအရပ်ပိုရှည်လာသေးလား… ငါ့ကိုရောလွမ်းလား…”

ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး မည်သို့ပြန်ဖြေလို့ပြန်ဖြေရမှန်း မသိတော့ပေ။

ကျုရန်မှာ လမ်းကြောင်းလွဲသွားပြီမှန်း သဘောပေါက်လိုက်သည့်နောက် အလျင်စလို ဝင်ပြောလိုက်လေ၏။ “ငါ ခုနလေးတင်ပဲ ရန်ကိုင်နဲ့ ရှောင်အာအကြောင်း‌‌ပြောနေတာ… ရန်ကိုင်ပြောတာတော့ ရှောင်အာက ထက်ကောင်းကင်နန်းတော်ထဲမှာ အဆင်ပြေတယ်တဲ့… ဒီတော့ စိတ်ပူမနေနဲ့… ပြီးတော့ သူလည်း နင့်ကို အရမ်းလွမ်းနေတာ…”

“တကယ်လား…” ထိုအခါမှသာလျှင် ဖုကျွင်း ပြုံးသွားခဲ့သည်။ သို့ပါသော်ငြား ချက်ချင်းပဲ အံကြိတ်၍ ထပ်ပြောလိုက်လေ၏။ “ရှောင်အာ ဒီကိုဘယ်ချိန်ပြန်လာမလဲ သိရသေးတာမဟုတ်ဘူး… ငါလည်းသူ့ကို မြင်ချင်နေတာ… ဘာပဲဖြစ်ဖြစ် အပြင်ဘက်မှာ ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိတယ်မလား… အဲ့ဒါက သိပ်လည်းမဝေးဘူးဆိုတော့…”

ကျုရန်မှာ နဖူးထက်ရှိချွေးအေးများကိုသုတ်ရင်းမှ ပြောလိုက်လေ၏။ “ရှောင်အာ မကြာသေးခင်ကပဲ တံခါးပိတ်ကျင့်စဉ်ဝင်သွားတယ်…”

ဖုကျွင်း မျက်မှောင်ကျုံ့သွားလေ၏။ “ရှောင်အာက ငယ်ငယ်လေးပဲရှိသေးတာကို… ဘာဖြစ်လို့ တံခါးပိတ်ကျင့်စဉ် ဝင်နေရတာလဲ…”

ရန်ကိုင်က ချက်ချင်းပြောလိုက်လေ၏။ “ဒုတိယအကြီးအကဲမသိလို့… ရှောင်အာက ငယ်သာငယ်တယ်ဆိုပေမယ့် အရမ်းကို ပါရမီပါတာ… ဒုတိယအကြီးအကဲ သူ့ကို နောက်တစ်ကြိမ်ပြန်တွေ့တဲ့အချိန်ကျရင် လုံးဝကို အံ့အားသင့်သွားမယ်လို့ ကျုပ်ပြောရဲတယ်…”

ဖုကျွင်းမှာ ဒေါသထွက်ခြင်းမရှိဘဲ သူမသားအတွက်သာ စိတ်မကောင်းဖြစ်နေမိခြင်းသာ ရှိသည်။ သို့ပါသော်ငြား ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် သူမ၏မျက်နှာထက် မျှော်လင့်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်က ထပ်၍ပြောလိုက်လေ၏။ “တကယ်တော့ ကျုပ်မှာ ညီမလေးတစ်ယောက်ရှိတယ်… သူက ရှောင်အာထက် အသက်ပိုကြီးတယ်ဆိုပေမယ့် နှစ်ယောက်စလုံးက လုံးဝကို အသက်တူရွယ်တူတွေအတိုင်းပဲ… အခု ထက်ကောင်းကင်နန်းတော်ကို ရောက်လာပြီးတဲ့နောက်ပိုင်း ရှောင်အာက ကျုပ်ညီမလေးနဲ့ပဲ ကစားနေတာ… အခုဆို သူတို့နှစ်ယောက်က ခွဲလို့မရအောင်တောင် ဖြစ်နေပြီ…”

ဖုကျွင်းက ယဲ့ယဲ့လေးပြုံးရင်းမှ “သူ့မှာ ကစားဖော်ရှိတာတော့ ကောင်းပါတယ်… ကြည့်ရတာ နင် ရှောင်အာကို ခေါ်သွားတာ သူ့အတွက် ပိုကောင်းတယ်နဲ့တူတယ်… သူသာ နဂါးကျွန်းမှာ နေနေလို့ရှိရင် တစ်ယောက်တည်း အထီးကျန်နေမှာ…”

ကျုချင်းသည် ရန်ကိုင်အား အထိတ်လန့်တကြားဖြင့်ကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။ “နင့်မှာ ညီမလေးရှိတာလား…” သူမစိတ်ထဲ အနည်းငယ်စိတ်ပူနေသည့်ပုံပင်။ (သူ့မှာ ညီမလေးရှိတယ်… ဒါဆို အဲ့ညီမလေးက ငါ့ရဲ့ယောက်မပေါ့…) ထိုသို့သာဆိုလျှင်တော့ သူမတို့ကြားရှိ ဆက်ဆံရေးမှာ လုံးဝကို ကယောက်ကယက် ဖြစ်ကုန်လေပြီ။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေ၏။ “သူက အသက်ဘယ်လောက်မှကြီးသေးတာမဟုတ်ဘူး… ငယ်ငယ်လေးပဲရှိသေးတယ်…”

ကျုချင်းမှာတော့ သူမ၏ခြေချောင်းလေးများကို ငုံ့ကြည့်ရင်းမှ အတွေးနက်နေလေ၏။

ထို့နောက်တွင် ဖုကျွင်းမှာ ရန်ရှောင်အကြောင်းကို ထပ်၍မေးလေ၏။ ရန်ကိုင်မှာလည်း ပထမအကြီးအကဲ၏ အကူအညီဖြင့် ပြန်ဖြေရသည်။ ပြန်ဖြေရာတွင်လည်း အနည်းငယ်မျှ ချို့ယွင်းချက်မပါအောင် ဖြေဆိုခဲ့လေသည်။ ရန်ကိုင် စိတ်ပူနေသည်မှာတော့ ဖုကျွင်း ခေါင်းမာမာနှင့် သူ့သားကို မြင်လိုသည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်ဆီသို့ လိုက်လာမည်ကိုပင်။

ကံကောင်းစွာဖြင့် ဖုကျွင်းမှာ ထိုသို့လုပ်လိုခြင်းမရှိပေ။ ပထမအကြီးအကဲမှာလည်း ရှောင်အာအကြောင်းကို သိထားလေရာ ဖုကျွင်း နောက်နောင် အမှန်တရားကို သိသွားခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် အပြစ်ကို ပထမအကြီးအကဲအပေါ် လွှဲချ၍ရပေသည်။

တစ်နာရီကျော်ကြာအောင် စကားပြောနေပြီးသည့်နောက် ဖုကျွင်းမှာ လုံးဝကို စိတ်အားတက်ကြွနေပေသေးသည်။ သို့ပါသော်ငြား အခြေအနေ တစ်ခုခုမှားယွင်းသွားမည်စိုးသည့်အတွက်ကြောင့် ကျုရန်က ဖြတ်ပြောလိုက်လေ၏။ “ကဲ တော်ပြီ တော်ပြီ… ရန်ကိုင် ဒီကို အရေးကြီးတဲ့ကိစ္စနဲ့ လာခဲ့တာ… သူ့မှာ အချိန်သိပ်ရှိတာမဟုတ်ဘူး… သူ့ကိုသွားခွင့်ပေးလိုက်ပေတော့…”

ဖုကျွင်းသည် ကျုရန်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်ကာ ပြန်ပြောလိုက်လေ၏။ “နင် နောက်တစ်ကြိမ် နဂါးကျွန်းကိုလာရင် ရှောင်အာကိုပါ ပါအောင်ခေါ်ခဲ့… အဲ့ဒါကို သေချာမှတ်ထားနော်…”

“ကျုပ် သေချာမှတ်ထားမယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေ၏။ နောက်နောင်တွင်လည်း ရန်ရှောင် ဥတုလေးမျိုးနယ်မြေထဲမှ ထွက်မလာသေးခင်အထိ နဂါးကျွန်းဆီသို့ လုံးဝမလာရန်လည်း ဆုံးဖြတ်လိုက်တော့သည်။

ကျုရန်သည် ရန်ကိုင်ကိုကြည့်ရင်းမှ ပြောလိုက်လေ၏။ “အချိန်က သိပ်ရှိတော့တာမဟုတ်ဘူး… အခု နဂါးတစ်ပိုင်းမြို့တော်ဆီ သွားလိုက်ပေတော့… ဖုလင် မင်းကို အဲ့မှာစောင့်နေတယ်… ကျန်တဲ့ကိစ္စတွေကို သူမင်းကို ကူညီပေးလိမ့်မယ်…”

“ကျေးဇူးအများကြီးတင်ပါတယ် ပထမအကြီးအကဲ…” ရန်ကိုင်သည် ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ကို လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီးသည့်နောက် နှုတ်ဆက်စကားဆိုလိုက်လေ၏။ “ဒါဆို ဒီဂျူနီယာ သွားလိုက်ပါဦးမယ်…”

ထို့နောက်တွင် ကျုချင်းကိုဖက်၍ ပျံသန်းသွားလေ၏။

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးတစ်ပိုင်းမြို့၏ ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့လေသည်။ ထိုနေရာတွင် ဖုလင်မှာ ရန်ကိုင်အား ရပ်စောင့်နေလေ၏။ ပထမအကြီးအကဲဆီမှ သတင်းရထားသည့်အလား ရန်ကိုင်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပြေးလာခဲ့သည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေ၏။ “ခဲအို… ပထမအကြီးအကဲပြောတာ ခဲအိုက နဂါးတစ်ပိုင်းမြို့ကလူတွေကို ခေါ်ထုတ်သွားမယ်ဆို… အဲ့ဒါ အမှန်ပဲလား…”

ရန်ကိုင်သည် ဖုလင်၏ ရင်ဘတ်ကိုကြည့်ရင်းမှ ပြောလိုက်လေ၏။ “နင် အရင် သွားဝတ်ပြီးမှ ငါ့ကိုလာပြော…”

ဖုလင်သည် နှုတ်ခမ်းကိုဆူ၍ ပေါ်နေသော သူမရင်ဘတ်ကို အဝတ်စဖြင့် ကောက်အုပ်လိုက်သည်။ ထို့နောက် မေးလိုက်လေ၏။ “ပထမအကြီးအကဲပြောတာ နတ်ဆိုးမျိုးနွယ်တွေ ကျူးကျော်လာတယ်ဆို… အဲ့ဒါ တကယ်ပဲလား…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… တကယ်ပဲ… အခု အနောက်ဘက်နယ်မြေရဲ့အခြေအနေက တော်တော်လေးဆိုးနေတာ… လူအင်အားကလည်း လိုအပ်နေတာ… ဒါကြောင့်ပဲ ဒီကိုလာပြီးတော့ စစ်ကူတွေလာရှာတာ…” ရန်ကိုင်သည် ရုတ်တရက် မျက်မှောင်ကျုံ့၍ မေးလိုက်လေ၏။ “နင် ဘာဖြစ်လို့ ဒီလောက် မေးခွန်းတွေအများကြီး မေးနေတာလဲ… မြန်မြန်အလုပ်သွားလုပ်လေ…”

ဖုလင်မှာ သက်ပြင်းလေးချရင်းမှ မြို့ထဲသို့ ဆင်းသွားလေ၏။ တစ်ခဏအကြာ၌ ကျယ်လောင်သည့်နဂါးဟိန်းသံတစ်သံ ကောင်းကင်အနှံ့ ပြန့်နှံ့လာခဲ့လေသည်။ ဖုလင်သည် မူလနဂါးပုံစံသို့ ပြောင်း၍ နဂါးဖိအားဖြင့် မြို့တစ်မြို့လုံးကို လွှမ်းခြုံကာ အော်ပြောလိုက်လေ၏။ “တန်ခိုးရှင်ဘုရင်အဆင့်နှင့်အထက် ကျင့်ကြံသူတွေအားလုံး မြို့ပြင်မှာစုမယ်…”

မြို့တစ်ခုလုံး ရုတ်တရက်ဆိုသလို ကသောင်းကနင်း ဖြစ်ကုန်တော့လေသည်။ သို့ပါသော်ငြား မကြာမီ လူပေါင်းများစွာမှာ မြို့ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေ၏။

နဂါးတစ်ပိုင်းမြို့ထဲတွင် နေထိုင်သူများသည် ယေဘုယျအားဖြင့် နဂါးကလန်၏ မျိုးဆက်များ ဖြစ်ကြပေသည်။ သို့ပါသော်ငြား အချို့မှာ နဂါးကလန်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်းမရှိသလို ပိုင်ဆိုင်ထားခဲ့မည်ဆိုလျှင်လည်း သွေးမျိုးဆက်မှာ အလွန်ကိုမှ အဆင့်နိမ့်လှသည်။ သို့ပါသော်ငြား သူတို့၏အခြေအနေ မည်သို့ပင်ရှိနေစေကာမူ နဂါးကလန်အား လုံးဝရန်စရဲခြင်းမရှိပေ။ အကြောင်းမှာ ဤနဂါးကျွန်းပေါ်တွင် နဂါးကလန်သည်သာ အရှင်သခင်ဖြစ်သည့်အတွက်ကြောင့်ပင်။

“ရွှစ်… ရွှစ်… ရွှစ်…”

လေခွင်းသံများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် မြို့ပြင်သို့ ထွက်လာကြကာ မကြာမီ မြို့ပြင်၌ လူအုပ်ကြီးဖြစ်သွားခဲ့လေ၏။

ထိုလူအုပ်ကြီးကိုကြည့်ရင်း ရန်ကိုင်မှာ စိတ်လှုပ်ရှားနေခဲ့လေသည်။

ရန်ကိုင်မှာ နဂါးတစ်ပိုင်းမြို့ထဲရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အတော်လေးမြင့်မားကြောင်းကို သိပြီးသားပင်။ သို့ပါသော်ငြား တကယ်မြင်တွေ့လိုက်ရသည့်အခါမှသာလျှင် လက်တွေ့အခြေအနေသည် သူထင်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေကြောင်း တွေ့လိုက်ရသည်။ ဧကရာဇ်အဆင့်ပညာရှင်သက်သက်နှင့်ပင်လျှင် အယောက်တစ်ရာကျော်နေလေပြီ။ ထိုအရေအတွက်မှာ ဧကရာဇ်အဆင့်ပညာရှင် အကုန်အစင်မဟုတ်သေးပေ။ မြို့ထဲ၌ အပြင်သို့ ထွက်မလာရသေးသော ဧကရာဇ်အဆင့်ပညာရှင်များလည်း ကျန်ရစ်နေပေသေးသည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် ဖုလင်၏အမိန့်အတိုင်း နဂါးတစ်ပိုင်းမြို့ထဲရှိ ကျင့်ကြံသူများ မြို့ပြင်ဘက်၌ စုဝေးလာကြလေသည်။

လူအုပ်ကြီးမှာ အဖွဲ့သုံးဖွဲ့ကွဲနေလေသည်။

ဘယ်ဘက်တွင်ရှိနေသော အဖွဲ့မှာ လူအင်အားအနည်းဆုံးဖြစ်ပြီး အယောက်နှစ်ရာပင်မပြည့်ပေ။ သို့ပါသော်ငြား ထိုအဖွဲ့မှာ ဧကရာဇ်အဆင့်ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေ၏။ ထိုလူများထဲ၌ အတော်များများမှာ နဂါးတစ်ပိုင်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် အဆင့်တူကျင့်ကြံသူများထက် ပိုမိုသာလွန်သည့် ခွန်အားကို ထုတ်ဖော်နိုင်ပေသည်။

အလယ်တွင်ရှိနေသည့်အဖွဲ့မှာမူ တာအိုသခင်အဆင့် ကျင့်ကြံသူများအဖွဲ့ ဖြစ်ပြီး အယောက်နှစ်သောင်းခန့်ရှိပေသည်။

ဤသည်မှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည့် အရေအတွက်ဖြစ်သည်။ ကျားဟိန်းသံမြို့ထဲဝယ် ဒေသခံကျင့်ကြံသူများနှင့် နယ်မြေကြီးသုံးခုမှ စစ်ကူလာသည့် ကျင့်ကြံသူများ အကုန်ပေါင်းလျှင်ပင် ငါးသောင်းလောက်သာ ရှိသည်။ ထိုငါးသောင်းအနက် ကိုးဆယ့်ရှစ်ရာခိုင်နှုန်းလောက်မှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အယောက်နှစ်ထောင်လောက်သာလျှင် တာအိုသခင်အဆင့်သို့ ရောက်နေကြသည်။

သို့ပါသော်ငြား ဤနဂါးတစ်ပိုင်းမြို့ထဲတွင်မူ အယောက်နှစ်သောင်းလောက်မှာ တာအိုသခင်အဆင့်သို့ ရောက်နေကြသည်ကို ကြည့်ပါက နဂါးတစ်ပိုင်းမြို့ထဲ၌ အားကောင်းလှသည့်ကျင့်ကြံသူများ မည်မျှများများ စုဝေးနေကြောင်းကို မြင်တွေ့နိုင်ပေသည်။

သို့ပါသော်ငြား ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်ပေ။ နဂါးကျွန်းပေါ်တွင် ရနိုင်သည့် ပစ္စည်းများသည် အတော်လေးကိုမှ အဖိုးတန်လှသည့် ရတနာများပင် မဟုတ်လေလော။ ထို့အပြင် ဤနေရာသည် မိုးမြေစွမ်းအင်ကြွယ်ဝသည့် နေရာတစ်ခုလည်း ဖြစ်နေ၏။ အရေးကြီးဆုံးအချက်မှာ နဂါးကျွန်းပေါ်၌ သတ်ဖြတ်ခြင်းအား တားမြစ်ထားခြင်းပင်။ ထိုအကြောင်းကြောင့် နဂါးတစ်ပိုင်းမြို့ထဲရှိ ကျင့်ကြံသူများမှာ အလျင်အမြန် အားကောင်းလာအောင် လုပ်နိုင်ကြကာ တစ်နေ့ထက်တစ်နေ့ မြို့ထဲရှိ ကျင့်ကြံသူအရေအတွက်မှာ ပိုပို၍ တိုးလာလေသည်။

All Chapters