အခန်း ၃၄၁၇
Vol. 150 Ch. 3417
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၁၇)
ဘာသာပြန်သူ_တိမ်တိုက်
လေခွင်းသံများနှင့်အတူ သဲများမှာ ကောင်းကင်ပေါ်သို့ ပလူပျံအောင် ပျံတက်နေခဲ့သည်။
နတ်ဆိုးစစ်တပ်ကြီးသည် ယခင်တစ်ကြိမ်ကထက် ပိုမိုအားကောင်း အရွယ်အစား ကြီးမားလှသော စစ်တပ်ဖြင့် ထပ်မံ ချီတက်လာခဲ့လေပြီ။ ပိန်းပိန်းပိတ် နက်မှောင်သော နတ်ဆိုးစစ်တပ်ကြီးသည် ကျားဟိန်းသံမြို့ တစ်မြို့လုံးကို ဝါးမျိုပစ်မည့် အနက်ရောင် ဒီရေလှိုင်းလုံး တစ်ခုပမာ တရွေ့ရွေ့နှင့် ချီတက်လာလေ၏။
ကျားဟိန်းသံမြို့မှာလည်း အဆင်သင့်ပြင်ထားပြီးနေလေပြီ။ သို့ပါသော်ငြား အရေအတွက် အလွန်တရာကိုမှ ကွာခြားနေသည်က တစ်ကြောင်း ကျားဟိန်းသံမြို့၏ အကာအကွယ်အစီအရင်မှာ အလုပ်မဖြစ်သေးသည်က တစ်ကြောင်းတို့ကြောင့် လူတိုင်းမှာ ကြောက်လည်းကြောက် လန့်လည်း လန့်နေကြလေ၏။
လူတိုင်း၏ အကြည့်သည် လူတစ်ဦးတည်း အပေါ်တွင်သာ ရှိနေခဲ့လေသည်။
ထိုလူသည် ကောင်းကင်၏ အမြင့်ဆုံးထက်တွင် ဝဲနေရင်းမှ တရွေ့ရွေ့ ချီတက်လာနေသော နတ်ဆိုးစစ်တပ်အား မျက်နှာမူထားခဲ့လေသည်။
ထိုလူမှာ ယခင်တစ်ကြိမ် စစ်ပွဲ၏ အခြေအနေကို အထက်အောက် ပြောင်းပြန်လှန်ပစ်ခဲ့သော လူမှ လွဲ၍ အခြားမဟုတ်ပေ။ ထိုစဉ်က သူသည် မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ပစ်ရင်းမှ စစ်တပ် တစ်တပ်လုံး၏ တိုက်ခိုက်လိုစိတ်ကို နိုးကြားတက်ကြွလာအောင် လုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်သည်။
ထိုလူသာ မရှိလျှင် လက်ရှိ ကျားဟိန်းသံမြို့၏ သောင်းနှင့်ချီသော ကျင့်ကြံသူများမှာ နတ်ဆိုးစစ်တပ်အား လုံးဝ တိုက်ခိုက်ရဲကြတော့လိမ့်မည် မဟုတ်ပေ။ သို့ပါသော်ငြား ထိုလူသည် ကောင်းကင်အထက်၏ အမြင့်ဆုံးနေရာတွင် ဝဲနေသည့်တိုင် လူတိုင်းမှာ သူ့အား သေသေချာချာ မြင်နေရသည့်တိုင် ထိုလူသည် လူတိုင်းအား လုံခြုံသည့် ခံစားချက်ကို မပေးစွမ်းနိုင်သေးပေ။
ဧကရာဇ်အဆင့်ပညာရှင်များမှာမူ ကူးကလန်ခတ် ပြေးလွှားနေရင်းမှ လူတိုင်းအား စိတ်ခိုင်ခိုင်ထားကြရန် မကြောက်ကြရန် နှိုးဆော်အားပေးနေကြသည်။
တဝုန်းဝုန်းနှင့် ထွက်ပေါ်လာနေသော မိုးခြိမ်းသံပမာ ကျယ်လောင်သည့် ခြေသံများသည် လူတိုင်း၏ ရင်အစုံကို ရိုက်ခတ်နေသော တူကြီးတစ်လုံးပမာ မြေပြင်တစ်ချက် တုန်သွားတိုင်း တုန်သွားတိုင်း လူတိုင်းမှာ ရင်တုန်ပန်းတုန် ဖြစ်ကြရသည်။ အချိန်အခိုက်အတန့် တဒင်္ဂချင်းစီတိုင်းဝယ် ကျားဟိန်းသံ မြို့သူမြို့သားများမှာ အလွန်ကိုမှ စိုးရိမ်ပူပန်နေကြရလေ၏။
နတ်ဆိုးစစ်တပ်သည် ယခုဆိုလျှင် ကျားဟိန်းသံမြို့နှင့် မိုင်ငါးဆယ်လောက်သာ ဝေးတော့ပေသည်။ နောက်တစ်ကြိမ် ထပ်မံ ချီတက်လာရုံဖြင့် မြို့အား တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်လာပေလိမ့်မည်။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် မာန်သွင်း အော်ဟစ်လိုက်ပြီးသည့်နောက်တွင် ကောင်းကင်အပေါ်သို့ ထိုးတက်ကာ နတ်ဆိုးစစ်တပ်ဆီသို့ ဥက္ကာခဲ တစ်စင်းပမာ ပြေးဝင်သွားလေ၏။
လူတိုင်းမှာတော့ ရန်ကိုင်အား အထိတ်တလန့် ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ထိုစစ်တပ်ထဲသို့ ပြေးဝင်သွားနေသည့် ရန်ကိုင်ကို ကြည့်ရင်း ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိသည့်အလျောက် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများမှာ လုံးဝကို မှင်တက်နေကုန်ကြလေသည်။ စစ်ပွဲမှာ ကျင့်ကြံသူတစ်ဦး မည်မျှပင် အားကောင်းနေစေကာမူ တစ်ကိုယ်တည်း တိုက်၍ ရသည့် တိုက်ပွဲမျိုး မဟုတ်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် တစ်သန်းခန့် ရှိသော ရန်သူ့စစ်တပ်ကြီးအား သူတစ်ဦးတည်းဖြင့် မည်ကဲ့သို့များ ရင်ဆိုင်ပါမည်နည်း။ သူသာ အဝိုင်းခံလိုက်ရမည်ဆိုပါက တစ်ခဏလေးအတွင်း အားကုန်သွားရပေလိမ့်မည်။ မဟာဧကရာဇ်တစ်ပိုင်းသည်သာ ယခုကဲ့သို့သော အခြေအနေမျိုးမှ ပြန်လည် ရုန်းထွက်လာနိုင်ပေလိမ့်မည်။
သို့ပါသော်ငြား ရန်ကိုင်သည် မဟာဧကရာဇ်တစ်ပိုင်း မဟုတ်။ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်လေသည်။
ကျားဟိန်းသံမြို့၏ ကျင့်ကြံသူများသည်ပင်လျှင် ဇောချွေးပြန်နေခြင်း မဟုတ်။ လီကျောက်၊ ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာလည်း စိုးရိမ်တကြီး အမူအရာများဖြင့် လက်သီးကို တင်းတင်းဆုပ်ထားကြလေသည်။ စစ်ကူများကို ရှာတွေ့ပြီဟု ရန်ကိုင်မှ ပြောခဲ့သည်။ သို့ပါသော်ငြား ထိုစစ်ကူများ မည်သည့်နေရာတွင် ရှိနေလေသလဲ စစ်ကူ အရေအတွက် မည်မျှ ရှိသလဲဆိုသည်ကိုတော့ ပြောမသွားခဲ့ပေ။ ယခု ရန်ကိုင်မှ ရန်သူ စစ်တပ်ထဲသို့ တစ်ကိုယ်တည်း ပြေးဝင်သွားလေရာ သူတို့အနေဖြင့် ရန်ကိုင်အား စိတ်ပူမိသည်မှာ သဘာဝသာ ဖြစ်လေသည်။
ရန်ကိုင်သည် ကျားဟိန်းသံမြို့၏ အလံတိုင်ပမာ ဖြစ်လေသည်။ သူသာ ကျဆုံးသွားသည်နှင့် ကျားဟိန်းသံမြို့သည်လည်း ချက်ချင်း လဲပြိုသွားရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် နတ်ဆိုးတစ်သန်း မဆိုထားနှင့်။ နတ်ဆိုးတစ်သိန်းခန့် ရှိနေမည်ဆိုလျှင်ပင် ကျားဟိန်းသံမြို့မှာ ဆက်၍ တောင့်ခံနိုင်တော့မည် မဟုတ်။
သို့ပါသော်ငြား ဤကဲ့သို့သော အခိုက်အတန့်မျိုးတွင် လူတိုင်းမှာ ကြိတ်၍ ဆုတောင်းရင်း အခြေအနေကို ရပ်စောင့်ကြည့်နေရုံသာ တတ်နိုင်ကြတော့သည်။
ရန်ကိုင်မှာ နတ်ဆိုးစစ်တပ်ဆီသို့ ပေါ်တင်ကြီး ပြေးဝင်လာခဲ့လေရာ နတ်ဆိုးစစ်တပ်အနေဖြင့် ရန်ကိုင်အား မမြင်စရာ အကြောင်းမရှိပေ။ တစ်ခဏအကြာတွင် နတ်ဆိုးတစ်ထောင်ကျော်ခန့် ရှိသော အဖွဲ့တစ်ဖွဲ့သည် နတ်ဆိုးစစ်တပ်အတွင်းမှ ရန်ကိုင်အား တိုက်ခိုက်ရန်အတွက် ပျံထွက်လာကြလေသည်။ ထိုနတ်ဆိုးစစ်တပ်၏ ခေါင်းဆောင်မှာမူ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည်။
ထိုနတ်ဆိုးဘုရင်သည် သူမ၏ ရင်ဘတ်ကို ဖုံးရုံလေးသာ ဖုံးထားသော မပေါ်တပေါ် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့လေသည်။ စကတ်အရှည်ကို ဝတ်ဆင်ထားခဲ့ပါသော်ငြား စကတ်အရှည်၏ အောက်ပိုင်းမှာ ကွဲထွက်နေခဲ့လေရာ သူမ၏ ဖြူလွလွ ပေါင်တံသားများကို အထင်းသား မြင်နေရလေသည်။ ချပ်ချပ်ရပ်ရပ် ခါးလေးနှင့် သွယ်လျလှသည့် ခြေတံရှည်များ ရင်ဖိုဖွယ်ရာ ကျော့ရှင်းလှသည့် လည်တိုင်များသည် အမှန်တကယ်ကိုမှ စွဲမက်ဖွယ်ကောင်းလှပေသည်။ မို့မောက်မောက် ရင်အစုံမှာလည်း အချိန်မရွေး ခုန်တက်တော့မည့် ယုန်ပေါက်လေး နှစ်ကောင်ပမာ မို့အစ်အစ် ဖြစ်နေလေ၏။ ထိုအပြင် သူမ၏ နှင်းဖြူရောင် အသားအရေထက်ရှိ ...ပုံစံ ပုံစံခွကါများမှာ သူမ၏ အလှတရားကို ပိုလို့ပင် ထူးခြားနေစေလေ၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်လျှင် ထိုနတ်ဆိုးဘုရင်မှာ ကဝေနတ်ဆိုးမှန်း ရန်ကိုင် သိသွားသည်။
ရန်ကိုင်နှင့် မိုင်အနည်းငယ်ခန့်သာ ဝေးတော့သည့် အချိန်တွင် ကဝေနတ်ဆိုးသည် ရန်ကိုင်အား ပြုံးပြရင်းမှ လက်ညှိုးဖြင့် ထိုးလိုက်လေသည်။ ချက်ချင်းဆိုသလို သူမနှင့်အတူ ပါလာသည့် နတ်ဆိုးတစ်ထောင်ကျော်သည် ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။
လေဟာနယ်နိယာမစွမ်းအင်တို့ လှုပ်ခတ်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အလေးအနက် အမူအရာဖြင့် လက်သီးဖြင့် ထိုးချလိုက်လေသည်။
ရန်ကိုင်၏ လက်သီးချက်ဆီမှ မည်သည့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိသလို အဖျက်စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ သို့ပါသော်ငြား ရန်ကိုင် လက်သီးဖြင့် ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးတစ်ထောင်၏ အလယ်တွင် အနက်ရောင် အစက်ကလေး တစ်စက် ရုတ်တရက် ပေါ်လာခဲ့လေသည်။
ထိုအနက်ရောင် အစက်ကလေးသည် ပေါ်လာစဉ်က နှမ်းစေ့အရွယ်လောက်သာ ရှိခဲ့ပါသော်ငြား မျက်တောင်တစ်ခတ်အတွင်းမှာပင် မီတာရာပေါင်းများစွာ ကျယ်ဝန်းသော တွင်းနက်ကြီး တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ကြောက်မက်ဖွယ်ရာ ဆွဲငင်အားတို့မှာ ထိုတွင်းနက်ကြီးဆီမှ အဆက်မပြတ်ကို ထွက်ပေါ်လာနေခဲ့လေရာ အလစ်အငိုက်မိသွားသော နတ်ဆိုးများမှာ တွင်းနက်ကြီးထဲသို့ တရစပ် ဆွဲယူခြင်း ခံလိုက်ရလေသည်။ အသက်ရှင်ကျန်ရစ်နေသော နတ်ဆိုးများမှာလည်း ထိုဆွဲငင်အားကို အသည်းအသန် တောင့်ခံနေကြရသည်။
သို့ပါသော်ငြား ထိုနတ်ဆိုးများသည်လည်း တစ်ခဏမျှလောက်သာ တောင့်ခံနိုင်ခဲ့ပြီးသည့်နောက် တွင်းနက်ကြီးဆီသို့ ရောက်ရှိသွားကုန်ကြလေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဆိုးတစ်ထောင်ကျော် ပျောက်ကွယ်သွားခဲ့လေသည်။ ထိုနတ်ဆိုးအားလုံးကို တွင်းနက်ကြီးမှ ဝါးမျိုသွားခဲ့ခြင်း ဖြစ်သည်။ ထိုတွင်းနက်ကြီးသည် ပေါ်လာပြီးသည်နှင့် မကြာခင်မှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ထိုတွင်းနက်ကြီးနှင့်အတူ နတ်ဆိုးများသည်လည်း ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားကုန်ကြလေ၏။
ကဝေနတ်ဆိုးမှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း နားမလည်နိုင်သေးခင်မှာပင် သူမ ခေါ်လာသည့် နတ်ဆိုးအားလုံး ရှင်းပစ်ခြင်း ခံလိုက်ရလေသည်။ ထို့နောက် အလင်းတစ်ချက် လက်သွားခဲ့ပြီးသည့်နောက် မိုင်အနည်းငယ်ခန့် အကွာတွင် ရှိနေသော ရန်ကိုင်သည် ကဝေနတ်ဆိုး အရှေ့၌ ရုတ်တရက်ကြီး ပေါ်လာခဲ့လေသည်။ ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် ကြမ်းတမ်းခက်ထန်လှသော အရှိန်အဝါကြောင့် ကဝေနတ်ဆိုး၏ မျက်နှာလေး ဖြူရော်သွားခဲ့ပြီး အလန့်တကြား ထအော်တော့လေသည်။
သူမ၏ အသံသည် အလွန်ကိုမှ နားစူးရုံမက မမြင်နိုင်သည့် စိတ်စွမ်းအင်လှိုင်း အသွင်သို့ ပြောင်း၍ ရန်ကိုင်၏ အသိစိတ်ပင်လယ်ကိုပင်လျှင် လာရောက်ရိုက်ခတ်လေသည်။
ကဝေနတ်ဆိုးသည် နတ်ဆိုးမျိုးနွယ်စုထဲရှိ ကလန်တစ်ရာအနက် ထူးခြားလှသည့် ကလန်တစ်ခု ဖြစ်သည်ဟု ပြော၍ ရသည်။ ကဝေနတ်ဆိုးများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထိုမျှ သိပ်မရှိလှ။ သို့ပါသော်ငြား ၎င်းတို့၏ စိတ်စွမ်းအင်သည် အဆင့်တူ နတ်ဆိုးများထက် အဆပေါင်းများစွာ ပိုသာပေသည်။ ထိုအကြောင်းကြောင့် သူတို့၏ ရုပ်ခွန်အားမှာ အားနည်းလှသည့်တိုင် အထင်သေး၍ မရသည့် နတ်ဆိုးများထဲ ကဝေနတ်ဆိုးလည်း ပါကြလေ၏။ အန္တရာယ်မရှိသည့်ပုံ ပေါက်နေသော ကဝေနတ်ဆိုးတစ်ကောင်သည် သတိသာ မထားလျှင် မိမိ၏ အသက်ကို ခြွေယူသွားနိုင်ပေသည်။
ထို့နောက်တွင် ကဝေနတ်ဆိုးသည် ယဲ့ယဲ့လေး ပြုံးရင်းမှ ရန်ကိုင်၏ ရင်ဘတ်ပေါ်သို့ သူမ လက်ကို တင်လိုက်လေ၏။ ရန်ကိုင်၏ နှလုံးကို ဆွဲထုတ်ချင်နေသည့်အလား သူမ၏ လက်သည်းချွန်ချွန်လေးများသည် ရန်ကိုင်၏ နှလုံးတည့်တည့်ဆီသို့ ချိန်ရွယ်နေခဲ့လေသည်။
သို့ပါသော်ငြား ရန်ကိုင်၏ ရင်ဘတ်အား သူမ လက်နှင့် သွားထိမိသည်နှင့် တစ်ပြိုင်နက် ကဝေနတ်ဆိုး မျက်မှောင်ကြုတ်သွားသည်။ အကြောင်းမှာ ရန်ကိုင်၏ ခန္ဓာကိုယ်သည် အလွန်တရာကိုမှ မာကျောနေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူမဘက်မှ ကြိုးစားနေသည့်တိုင် ရန်ကိုင်၏ ရင်ဘတ်အား သူမ လက်ဖြင့် ထိုးဖောက်၍ မရခဲ့ပေ။
"ဘယ်လိုနေလဲ" အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရာ ကဝေနတ်ဆိုး၏ အမူအရာ လုံးဝကို ပြောင်းလဲသွားတော့သည်။ ထို့နောက် မော့ကြည့်လိုက်ရာ ရန်ကိုင်မှ သူမအား ကျီစယ်လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်နေကြောင်းကို တွေ့လိုက်ရလေ၏။
ကဝေနတ်ဆိုး ချက်ချင်းကို မယုံကြည်နိုင် ဖြစ်သွားတော့လေသည်။
[ဒီကောင်ရဲ့ ကျင့်ကြံခြင်းက ငါနဲ့ အဆင့်အတူတူပဲကို ဘယ်လိုလုပ်ပြီး ဘာမှ မဖြစ်ရတာလဲ]
အသိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ကဝေနတ်ဆိုးမှာ ပြန်ဆုတ်ရန် ကြိုးစားတော့လေသည်။ ကဝေနတ်ဆိုးများသည် အနီးကပ် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူများ မဟုတ်သည့်အလျောက် ရန်ကိုင်နှင့် ယခုကဲ့သို့ အနီးကပ်နေခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းသာ ဖြစ်ပေသည်။ အများအားဖြင့် ကဝေနတ်ဆိုးများမှာ ရန်သူနှင့် ခပ်လှမ်းလှမ်း ခွာ၍ စိတ်စွမ်းအင်ကို သုံးကာ တိုက်ခိုက်လေ့ ရှိကြသည်။
သို့ပါသော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် ပတ်ဝန်းကျင်ဟင်းလင်းပြင် တစ်ခုလုံးမှာ အေးခဲသွားသည့်အလား ကဝေနတ်ဆိုး မည်သို့ပင် ကြိုးစားနေစေကာမူ အနည်းငယ်မျှပင် လှုပ်၍ မရတော့ပေ။ သူမ၏ ပန်းနုရောင် အသားအရေလေးမှာလည်း ရုတ်ချည်းဆိုသလို ဖြူရော်သွားတော့လေ၏။
"လက်ဆောင်ဆိုတာ ပြန်မပေးရင် ဘယ်သင့်တော်ပါ့မလဲ" ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ ထို့နောက် သူ့လက်ဖြင့် ကဝေနတ်ဆိုး၏ မို့မောက်နေသော ရင်အစုံကို အားပါးတရ ဆွဲဖျစ်လိုက်လေ၏။
ကဝေနတ်ဆိုး မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်ရင်းမှ အော်ညည်းပြလျက် ဒေါသတကြီး ပြောလိုက်လေ၏။ "နာတယ်"
သူမ အမူအရာလေးတိုင်းသည် အမှန်တကယ်ကို စွဲမက်ဖွယ်ရာ ကောင်းနေခဲ့သည်။ သာမန်လူတစ်ဦးသာဆိုလျှင်တော့ သူမ၏ မျက်နှာထား ဟန်ပန်အမူအရာလေးကို ကြည့်ရုံဖြင့် အရူးတစ်ပိုင်း ဖြစ်သွားနိုင်၏။
သို့ပါသော်ငြား ရန်ကိုင်ကမူ တုတ်တုတ်မျှပင် မလှုပ်ခဲ့ဘဲ ပို၍ အားထည့်ကာ ဆွဲဖျစ်လိုက်လေသည်။
"နာတယ်" ကဝေနတ်ဆိုးမှာ စတင်၍ ပျာယာခတ်လာခဲ့ပြီး ကန်ကျောက်ရန် ကြိုးစားတော့သည်။ သို့ပါသော်ငြား ရန်ကိုင်၏ ဟင်းလင်းပြင် အချုပ်အနှောင်မှ မည်ကဲ့သို့များ ရုန်းထွက်နိုင်ပါမည်နည်း။
အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုလျှင် လက်ရှိ ကဝေနတ်ဆိုးနှင့် ရန်ကိုင်မှာ မတူကွဲပြားသည့် မျိုးနွယ်စု နှစ်ခု တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သတ်ဖြတ်ရန် ကြိုးစားနေသည်နှင့် မတူဘဲ ချစ်သူနှစ်ဦး တစ်ဦးနှင့်တစ်ဦး ပရောပရည် လုပ်နေသည်နှင့်ပင် တူနေပေသေးသည်။
"ရောင်းရင်းရန် ဘာလုပ်နေတာလဲ" ကျားဟိန်းသံမြို့၏ မြို့နံရံပေါ်မှ ထိုမြင်ကွင်းအား လှမ်းကြည့်နေသော လီကျောက်၏ မျက်နှာကြီးမှာ မဲ့ရွဲ့နေခဲ့လေသည်။ ရန်ကိုင်ကို ကြည့်ရင်း သူ့စိတ်ထဲ မယုံကြည်နိုင် ဖြစ်နေမိသလို အနည်းငယ်လည်း မနာလိုမိသလို ခံစားနေရသည်။
"တဏှာရူးကောင်" ကောင်းရွှယ်ထင်းကမူ အံကို တင်းတင်းကြိတ်ရင်းမှ မျက်နှာနီနီကြီးဖြင့် အော်ပြောလိုက်သည်။
မြို့နံရံပေါ်ရှိ အခြားသော ကျင့်ကြံသူများမှာမူ ထိုမြင်ကွင်းအား စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။ သူတို့ စိတ်ထဲလည်း ယခင်ကလောက် စိုးရိမ်ပူပန်နေခြင်း မရှိတော့ပေ။
အံကြိတ်သံများ ကြားသည့်အတွက်ကြောင့် လှည့်ကြည့်လိုက်ရာ ယုရုမန်နှင့် ဖုလင်တို့မှာလည်း ထိုမြင်ကွင်းအား ကြည့်ရင်း အံတကြိတ်ကြိတ် ဖြစ်နေကြောင်းကို ကောင်းရွှယ်ထင်း တွေ့လိုက်ရလေ၏။
ရန်ကိုင်သည် မိစ္ဆာဆန်ဆန် ပြုံးလျက် ကဝေနတ်ဆိုးအား ကြည့်နေရင်းမှ ရုတ်တရက် သူ့အမူအရာ လေးနက်သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏။ "နင့်ရုပ်ရည်က သူ့ထက် နည်းနည်းလေး ပိုဆိုးနေတာပဲ"
ထို့နောက် တစ်ခုခု ပေါက်ကွဲထွက်သွားသည့်အလား ဖောင်းခနဲ မြည်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ကဝေနတ်ဆိုးမှာလည်း နာကျင်စွာ အော်ဟစ်ရင်းမှ ငုံ့ကြည့်လိုက်ရာ သူမ၏ ညာဘက်ရင်ဘတ်ဆီမှ သွေးများ တရဟော စီးကျနေကြောင်းကို တွေ့လိုက်ရလေ၏။ သူမ၏ မို့မောက်မောက် တောင်ပို့လေးမှာ ပျောက်ခြင်းမလှ ပျောက်နေခဲ့ပြီး ထိုနေရာမှ သွေးများမှာ တရဟောကို စီးထွက်နေလေ၏။
ထိုအဖြစ်အပျက်ကြောင့် ကဝေနတ်ဆိုးမှာ အရူးတစ်ပိုင်း ဖြစ်သွားသည့်ပမာ အော်ဟစ်နေရင်းမှ စိတ်ထဲတွင်လည်း ကြိတ်ကာ တွေးနေလေ၏။
[ဒီကောင် ဘာတွေလာပြောနေတာလဲ]
ထို့နောက်တွင် သူမ၏ အော်သံများ ရုတ်ချည်း ရပ်တန့်သွားတော့သည်။ အကြောင်းမှာ ရန်ကိုင်မှ လက်သီးချက်နှင့် ကဝေနတ်ဆိုး၏ နာကျင်မှုကို အဆုံးသတ်ပေးလိုက်သည့်အတွက်ကြောင့်ပင်။ သွေးစက်များသည် မိုးစက်မိုးပေါက်များပမာ ကောင်းကင်ပေါ်မှ ဖြာဆင်းကျလာလေ၏။ ရန်ကိုင်မှ လက်သီးတစ်ချက်ဖြင့် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါးအား ထိုကဲ့သို့ အဆုံးသတ်ပေးလိုက်သည်မှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းလှပေသည်။ ရုပ်ခွန်အားနှင့် ပတ်သက်လာသော် အတော်လေးကိုမှ အားနည်းလှသည့် ကဝေနတ်ဆိုးတစ်ကောင် ဖြစ်နေမည်ဆိုလျှင်ပင် နတ်ဆိုးမျိုးနွယ်စုမှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေကြလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် နတ်ဆိုးစစ်တပ်ဆီသို့ တဟုန်ထိုး ဆက်လက် ပြေးဝင်သွားလေ၏။ ပြေးဝင်သွားနေရင်းမှ သူ့လက်အား ဝှေ့ယမ်းကာ ဧရာမ လဓားသွားကြီး တစ်စင်းကို ဖန်တီး၍ မှင်တက်နေသော နတ်ဆိုးများဆီသို့ ပစ်လွှတ်လိုက်သည်။
လဓားသွားကြီးမှာ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးများအား အပိုင်းပိုင်း ခုတ်ထစ်ပစ်သွားခဲ့လေရာ အနီးအနားတွင် ရှိနေသော နတ်ဆိုးများမှာ ကမန်းကတန်းဖြင့် ဆုတ်ပြေးရလေသည်။
လဓားသွားကြီးသည် မီတာတစ်ထောင်ကျော်ခန့် ပျံသန်းသွားပြီးသည့်နောက်မှသာ စွမ်းအားကုန်ကာ ပျောက်ကွယ်သွားခဲ့လေ၏။ သို့ပါသော်ငြား လဓားသွား မပျောက်ကွယ်သွားမီ အပိုင်းပိုင်းအစစ ဖြစ်နေသော အလောင်းများ ပုံထပ်နေသည့် လမ်းကြောင်းကျယ်ကြီး တစ်ခုကို ချန်ရစ်သွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် နတ်ဆိုးစစ်တပ်မှာ အမှန်တကယ်ကို ဒေါသူပုန်ထသွားကြပြီး နတ်ဆိုးဘုရင်များ၏ အမိန့်နှင့်အတူ ရန်ကိုင်အား စတင်၍ ဝန်းရံ တိုက်ခိုက်လာကြလေသည်။
ရန်ကိုင်မှာမူ ဝါးလုံးကွဲအော်ရယ်ရင်းမှ သူ့လက်ကို မြှောက်လိုက်လေ၏။ ထို့နောက် သူ့လက်ကို ဆုပ်လိုက်ချိန်တွင် သူ့လက်ထဲ၌ အနန္တဓား ရောက်နေလေသည်။ တစ်ချိန်တည်း၌ ကျောက်တုံးကိုယ်ပွားသည်လည်း ဘယ်ဆီဘယ်ကမှန်းမသိ ဗြုန်းစားကြီး ပေါ်လာပြီးသည့်နောက် ၎င်း၏ ကျောက်လက်သီးများကို တဒုန်းဒုန်း ထုရိုက်ရင်းမှ နတ်ဆိုးများကို စိစိညက်ညက် ကြေအောင် ခြေပစ်တော့လေသည်။ ထိုသို့ဖြင့် ကျောက်ဘီလူးကြီးတစ်ကောင်နှင့် လူသေးသေးလေး တစ်ဦးသည် နတ်ဆိုးစစ်တပ်ထဲသို့ နှစ်ဦးသား ပြေးဝင်သွားရင်းမှ နတ်ဆိုးများ၏ အသက်အား သေမင်းပမာ ခြွေယူပစ်နေခဲ့လေသည်။
မည်သူမျှ ထိုနှစ်ဦးအား ရပ်တန့်နိုင်ခြင်း မရှိကြပေ။ နတ်ဆိုးစစ်တပ် အရေအတွက်မှာ တစ်သန်းခန့် ရှိနေသည့်တိုင် မည်သူမျှ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့၏ တိုက်ခိုက်မှုကို ခုခံယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပေ။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျားဟိန်းသံမြို့ထဲရှိ လူများမှာ လုံးဝကို အံ့အားသင့်နေကြတော့လေသည်။ ကျားဟိန်းသံမြို့ဆီသို့ တရွေ့ရွေ့နှင့် ချီတက်လာနေသည့် နတ်ဆိုးစစ်တပ်ကြီးမှာလည်း ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွား၏ သောင်းကျန်းမှုကြောင့် အရှေ့သို့ ဆက်မတက်နိုင်တော့ဘဲ ထိုနှစ်ဦးအပေါ်ကိုသာ အာရုံစိုက်နေရတော့သည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်တို့ နှစ်ဦးအား တားဆီးနိုင်ခဲ့ခြင်း မရှိလေရာ သွေးများမှာ မြစ်ချောင်းများပမာ စီးဆင်းလာကြပြီး အလောင်းများမှာလည်း တဖြည်းဖြည်းနှင့် တောင်နှယ် ပုံထပ်လာကြတော့လေသည်။