← Chapters

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း (၃၃၄) တာဝန်များ ခွဲဝေခြင်း

မွန်းတည့်ချိန်တွင် ယောင်ရန်သည် သိုလှောင်ရုံအတွင်းရှိ ရေတိုင်ကီအကြီး ခြောက်လုံးကို သန့်စင်သော ရေကန်ကရေဖြင့် ဖြည့်တင်းခြင်း အလုပ်ကို အပြီးသတ်လိုက်လေသည်။ သူမသည် သောက်ရေအတွက် အသုံးပြုသော ရေတိုင်ကီများထဲသို့လည်း ရေကန်ကရေ အစက်အနည်းငယ်ကို ထည့်သွင်းပေးခဲ့လေ ၏။

သောက်ရေထဲသို့ ရေကန်ကရေကို ထည့်သွင်းခြင်းဖြင့် စွမ်းအားများ နိုးထခြင်း မရှိသေးသော အဖွဲ့ဝင် များအား မျိုးရိုးဗီဇပြောင်းလဲခြင်းမှ ကာကွယ်ပေးနိုင်ရုံသာမက စွမ်းအားများ နိုးထလာနိုင်ခြေကိုလည်း ပိုမိုမြင့်မားစေမည် ဖြစ်ပေသည်။

အသက်ကြီးသူများအတွက်မူ စွမ်းအားများ နိုးထလာနိုင်ခြေ နည်းပါးနိုင်သော်လည်း ရေကန်မှရေသည် သူတို့ ၏ ကျန်းမာရေးကို ကောင်းမွန်စေပြီး သာမန်လူများထက် ပိုမို အသက်ရှည်စေရန် ကူညီပေးလိမ့် မည်ဖြစ်ပေ၏။

ရေတိုင်ကီများပေါ်တွင် အမှတ်အသားများ ကပ်ပြီးနောက် ယောင်ရန်သည် ဟွမ်ကျိဟွေးကို သွားရောက် ရှာဖွေခဲ့လေသည်။ သူမသည် ဟွမ်ကျိဟွေးကို လေ့ကျင့်ရေးခန်းမထဲ၌ တွေ့ရှိခဲ့ပြီး သူမ၏အနားသို့ လှည်လျှောက်လှမ်းသွားခဲ့လေ၏။

"ကျိဟွေး... ကျွန်မ သိုလှောင်ရုံထဲမှာ သောက်ရေနဲ့ စွမ်းအားရှင်တွေအတွက် ရေတွေကို ပြင်ဆင်ပေး ထားပြီးပြီ... ရေတိုင်ကီတွေပေါ်မှာလည်း အမှတ်အသားတွေ ကပ်ထားတယ်... နောက်ပိုင်းမှာ ရေဘူး တွေထဲ ရေပြန်ဖြည့်တဲ့အခါ ရောမသွားအောင် သတိထားလိုက်ပါဦးနော်..."

ဟွမ်ကျိဟွေးက ခေါင်းငြိမ့်ပြလိုက်ပြီး မေးလိုက်လေသည်။

"အစ်မယောင်ရန်... ဒီနေ့ပဲ သွားတော့မှာလား..."

"ဟုတ်တယ်..."

ယောင်ရန်က ပြန်လည်ဖြေလိုက်၏။

"ဒီနေ့မနက်မှာ စစ်သည်နှစ်ယောက် ပြန်သတိရလာပြီလေ... ကျွင်းချန် စစ်အခြေစိုက်စခန်းက စစ်သည် တွေကလည်း မျိုးရိုးဗီဇပြောင်းလဲမှု ပျောက်ကင်းစေတဲ့ဆေးကို အရေးတကြီး လိုအပ်နေတာဆိုတော့ ကျွန်မတို့ အချိန်ထပ်ဆွဲနေလို့ မဖြစ်တော့ဘူး..."

ဟွမ်ကျိဟွေးသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ မေးလိုက်ပြန်လေသည်။

"ဒီတစ်ခါသွားရင် ဘယ်လောက်ကြာမှာလဲ..."

ယောင်ရန်သည် သူမ၏ အစီအစဉ်ကို စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"သေချာတော့ မသိသေးဘူး... မျိုးရိုးဗီဇပြောင်း ဘီလူးတွေ၊ မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်တွေနဲ့ အပင်တွေ ပိုများလာတာကြောင့် ကျွန်မတို့ လူအင်အား ပိုပြီး စုဆောင်းဖို့ လိုအပ်လိမ့်မယ်... အလုပ်တွေ ပြီးဖို့ဆိုရင် အနည်းဆုံး ရက်အနည်းငယ်တော့ ကြာနိုင်တယ်..."

ဟွမ်ကျိဟွေး၏ စိုးရိမ်နေသော မျက်နှာအမူအရာကို သတိပြုမိလိုက်သဖြင့် ယောင်ရန်က သူမ၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်လေ၏။

"မစိုးရိမ်ပါနဲ့... သိုလှောင်ရုံထဲမှာ နှစ်ပေါင်းများစွာ စားလို့ရတဲ့အထိ ရိက္ခာတွေ အလုံအလောက် ရှိပါ တယ်... ဒါ့အပြင် ကျွန်မတို့ဘာသာ အစားအစာတွေ ထုတ်လုပ်နေတာပဲလေ... ရေအရင်းအမြစ်ကို လည်း မင်းက ကိုင်တွယ်ထားမှာဆိုတော့ အားလုံး အဆင်ပြေမှာပါ..."

ဟွမ်ကျိဟွေးသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်လေသည်။

"နားလည်ပါပြီ... အစ်မတို့ မရှိတဲ့အချိန်မှာ ကျွန်မတို့ရဲ့ အိမ်ကို ကျွန်မတို့ ကာကွယ်ထားပါ့မယ်..."

ဟွမ်ကျိဟွေး၏ မျက်ဝန်းထဲမှ ပြတ်သားမှုကို မြင်လိုက်ရသည့်အခါ ယောင်ရန် ပြုံးလိုက်မိလေသည်။

"ကျွန်မ တခြားသူတွေကိုလည်း တာဝန်တွေ လွှဲပေးဖို့ ရှိသေးတယ်... မင်းလည်း ဆက်ပြီး လေ့ကျင့် နေဦးနော်..." ဟု သူမက မှာကြားလိုက်၏။

"ဟုတ်ကဲ့..."

ဟွမ်ကျိဟွေးက ပြန်ဖြေလိုက်လေသည်။

ယောင်ရန်သည် လေ့ကျင့်ရေးခန်းမမှ ထွက်လာခဲ့ပြီးနောက် အဖိုး၊ အဖွားများနှင့် တန်ချီချီကို တွေ့ဆုံရန် ရေစိုက်ပျိုးခန်းများနှင့် ဖန်လုံအိမ်များဆီသို့ ဦးတည်သွားခဲ့လေသည်။ သူမသည် သူမ၏ ထွက်ခွာ မည့် အစီအစဉ်ကို အသိပေးပြီး မှာကြားစရာများကို မှာကြားခဲ့လေ၏။

ထို့နောက် သူမသည် ဖန်လုံအိမ်များနှင့် ရေစိုက်ပျိုးခန်းများရှိ ရေတိုင်ကီများကို ရေပြန်ဖြည့်ပေးခဲ့ပြီး ရေတိုင်ကီ တစ်လုံးစီထဲသို့ ရေကန်ကရေ ဆယ်စက်စီ ထည့်သွင်းပေးလိုက်လေသည်။ ဤရေကို မြေသြဇာအဖြစ် အသုံးပြုခြင်းဖြင့် တန်ချီချီနှင့် အဖိုးအဖွားများ သည် ဟင်းသီးဟင်းရွက်များ၊ ဆေး ဖက်ဝင်အပင်များနှင့် ကောက်ပဲသီးနှံများကို စိုက်ပျိုးရာတွင် မည်သည့်အခက်အခဲမျှ ရှိလိမ့်မည် မဟုတ်တော့ပေ။

သူမ၏ တာဝန်များကို ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် ယောင်ရန်သည် အန်တီဟန်နှင့် အန်တီစီမာ တို့ကို ရှာဖွေရန် မီးဖိုချောင်သို့ သွားခဲ့လေသည်။

သူတို့နှစ်ဦးမှာ နေ့လယ်စာ ပြင်ဆင်ရန် အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရသည့်အခါ သူမက ပြော လိုက်လေ၏။

"အန်တီဟန်၊ အန်တီစီမာ... ကျွန်မ ခဏနေရင် အာယု၊ ရှီရွှမ်းတို့နဲ့အတူ အပြင်ကို ထွက်သွားတော့မယ်... ကျွန်မတို့ တပ်ကြပ်လီတို့နဲ့အတူ ကျွင်းချန် စစ်အခြေစိုက်စခန်းကို လိုက်သွားမှာပါ... ကျွန်မတို့ မရှိတဲ့ အချိန်မှာ အစားအသောက် ဝေပုံကျ သတ်မှတ်တာတွေကို အန်တီတို့နှစ်ယောက်ကိုပဲ အပ်ခဲ့ပါရစေ..."

အန်တီဟန်နှင့် အန်တီစီမာတို့က ခေါင်းငြိမ့်ပြလိုက်ကြလေ၏။

"အားလုံး အာဟာရ မျှတစွာ စားသောက်နိုင်ဖို့ ကျွန်မတို့ သေချာ ဂရုစိုက်လိုက်ပါ့မယ်..."

သူတို့၏ အဖြေကို ကျေနပ်သွားသည့်အတွက် ယောင်ရန်က ပြုံးလိုက်ရင်း၊

"ဒီက ရေစီမံခန့်ခွဲမှုကိုတော့ ကျိဟွေးကို တာဝန်ပေးထားတယ်... ချက်ပြုတ်ဖို့အတွက် ရေလိုအပ်ရင် သူ့ကို တောင်းလိုက်လို့ ရပါတယ်..."

အန်တီဟန်နှင့် အန်တီစီမာတို့နှစ်ဦးလုံးမှာ ရေသည် မည်မျှအထိ ရှားပါးကြောင်းနှင့် သူတို့၏ တစ်ခု တည်းသော ရေအရင်းအမြစ်မှာ ယောင်ရန်နှင့် ဟွမ်ကျိဟွေးတို့၏ ရေစွမ်းအင်သာ ဖြစ်ကြောင်း နား လည်ထားကြလေသည်။

ယောင်ရန် ထွက်ခွာသွားပါက ဟွမ်ကျိဟွေးသည် လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်း အတွင်းရှိ တစ်ဦးတည်းသော ရေထုတ်လုပ်ပေးနိုင်သူ ဖြစ်လာပေလိမ့်မည်။ သူမ၏ စွမ်းအားမှာ ခိုလှုံရာစခန်း၏ နေ့စဉ် လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးရန် မလုံလောက်သေးသဖြင့် သူတို့သည် ရေကို ချွေတာစွာ အသုံးပြုရန် လိုအပ်ပေသည်။

ရေကို ဂရုတစိုက် စီမံခန့်ခွဲရန် အရေးကြီးကြောင်းကို သိမြင်လိုက်ကြသဖြင့် သူတို့က ခေါင်းငြိမ့်ပြကာ ဖြေလိုက်ကြလေသည်။

"နားလည်ပါပြီ..."

ယခုအခါ ယောင်ရန်သည် သူမ၏ နေ့စဉ်တာဝန်များကို တခြားသူများအား လွှဲအပ်ပေးပြီးပြီ ဖြစ်သဖြင့် ပိုမိုစိတ်အေးသွားခဲ့ရပြီး နေ့လယ်စာအတွက် မေးမြန်းလိုက်လေ၏။

"ဒီနေ့ နေ့လယ်စာအတွက် ဘာတွေ ပြင်ဆင်ထားလဲဟင်..."

အန်တီစီမာက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"မီးဖိုချောင် သိုလှောင်ခန်းထဲမှာ အသားခြောက်တွေ ကျန်သေးတာနဲ့ အသားဟင်းအချို့ရယ်၊ သမီး သင်ပေးထားတဲ့ ဆေးဖက်ဝင် အစားအစာအချို့ရယ်ကို ပြင်ဆင်နေတာလေ..."

အန်တီဟန်ကလည်း ထပ်လောင်းပြောဆိုလိုက်၏။

"မနေ့ညက ငါ့သားကြီး ပြောတာတော့ သမီး ဒီနေ့ ထွက်သွားမယ်ဆိုလို့ သမီးတို့ ခရီးမှာ စားဖို့အတွက် အစားအစာအခြောက်အချို့ကိုလည်း ပြင်ဆင်ပေးနေပါတယ်..."

ယောင်ရန်၏ နေရာလွတ်အတွင်းရှိ သိုလှောင်ရုံထဲတွင် အဆင်သင့် စားသုံးနိုင်သော အစားအစာများစွာ ရှိနေသော်ငြားလည်း သူမအပေါ် ဂရုစိုက်မှုကို ခံစားလိုက်ရသည့်အတွက် သူမ၏ ရင်ထဲတွင် နွေးထွေး သွားခဲ့ရပေသည်။

သူမက သူတို့ကို ပြုံးပြရင်း ပြောလိုက်လေသည်။

"ကျွန်မတို့ ရေခဲခန်းထဲမှာ အေးခဲထားတဲ့ အစားအသောက်တွေ၊ အသားတွေနဲ့ ပင်လယ်စာတွေ အများ ကြီး ရှိပါသေးတယ်..."

"အဲဒါတွေက လပေါင်းများစွာ စားလို့ရတာမို့လို့ လူတိုင်း အာဟာရ မျှတစွာ စားသောက်နိုင်ဖို့နဲ့ အပြင်က ဘီလူးတွေကို တိုက်ခိုက်ဖို့ အင်အားရှိအောင် အသားဟင်းတွေကို သေချာ ပြင်ဆင်ပေးပါဦး... ကျွန်မ ပြန်လာတဲ့လမ်းမှာလည်း လတ်ဆတ်တဲ့ အသားတွေကို ရအောင် ရှာခဲ့ပါ့မယ်... ဒါကြောင့် အေးခဲအသား တွေကို စိတ်ချလက်ချ အသုံးပြုကြပါ..."

အန်တီစီမာက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ... သမီး မှာတဲ့အတိုင်းပဲ လုပ်ဆောင်ပါ့မယ်..."

သူတို့မှာ နေ့လယ်စာ ပြင်ဆင်ရန် အလုပ်များနေဆဲဖြစ်သည်ကို မြင်ရသဖြင့် ယောင်ရန်က ထပ်လောင်း ပြောဆိုလိုက်လေ၏။

"ကျွန်မ ထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူးနော်... အန်တီတို့ အလုပ်တွေကို ဆက်လုပ်ကြပါဦး..."

မီးဖိုချောင်မှ ထွက်လာပြီးနောက် ယောင်ရန်သည် ထမင်းစားခန်းသို့ သွားခဲ့ရာ လုံယုကို တွေ့လိုက်ရ၏။ သူမသည် သူ့အနားသို့ သွားကာ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

လုံယုက သူမဘက်သို့ လှည့်၍ မေးလိုက်လေသည်။

"အလုပ်တွေ ခွဲဝေပေးတာ ပြီးသွားပြီလား..."

"အင်း..." ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်၏။

သူမက အသံကို အသာနှိမ့်၍ ပြောလိုက်လေသည်။

"မနေ့ညက သိုလှောင်ရုံတွေထဲမှာ ရိက္ခာတွေ သွားဖြည့်ထားခဲ့တယ်... အဲဒါတွေက အနည်းဆုံး တစ်နှစ် စာလောက်တော့ လောက်မှာပါ... လတ်ဆတ်တဲ့ အစားအစာတွေကတော့ မြန်မြန် ပုပ်သိုးလွယ်တာမို့လို့ သိပ်မထားခဲ့လိုက်ဘူး... ဒါပေမဲ့ ရေခဲခန်းထဲက အေးခဲအသားတွေနဲ့ ပင်လယ်စာတွေကတော့ လအနည်း ငယ်လောက် အထိတော့ ခံဦးမှာပါ..."

"ပြန်လာရင် လတ်ဆတ်တဲ့ အသားတွေ ရှာခဲ့မယ်လို့လည်း အန်တီဟန်နဲ့ အန်တီစီမာတို့ကို ပြောထား ခဲ့သေးတယ်... အဲဒါမှ နောက်ပိုင်းကျရင် ကျွန်မရဲ့ နေရာလွတ်ထဲကနေ ဘယ်သူမှ သံသယ မဝင်အောင် အသားတွေ ထုတ်ပေးလို့ ရမှာ..."

ထိုစကားကို ကြားသောအခါ လုံယုက ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"မင်းရဲ့ ကြိုးစားမှုတွေအတွက် ကျေးဇူးတင်ပါတယ်... မင်းသာ မရှိရင် ကို တို့တွေ အခုလို လတ်ဆတ်တဲ့ အစားအစာတွေနဲ့ အသားတွေကို စားခွင့်ရမှာ မဟုတ်ပါဘူး..."

ချစ်သူ၏ ချီးကျူးမှုကို ခံလိုက်ရသည့်အတွက် ယောင်ရန် ပျော်ရွှင်သွားခဲ့ရလေသည်။

သူမက ပြုံးလျက် တိုးတိုးလေး ပြောလိုက်လေသည်။

"အာယု... နောက်ဆုံး အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ နေရာလွတ်က အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပြီ... အခုဆိုရင် လယ်မြေတွေ၊ ငါးကန်တွေနဲ့ မြက်ခင်းပြင်တွေရဲ့ အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနဲ့ တူသွားပြီ... ဒါပေမဲ့ ရေကန်ကရေရဲ့ အာနိသင်ကတော့ ပိုပြီးတော့ အားကောင်းလာတာကို ကျွန်မ သတိပြုမိတယ်..."

All Chapters