အခန်း ၃၃၅
Vol. 34 Ch. 335
အခန်း (၃၃၅) ထွက်ခွာခြင်း
ယောင်ရန်သည် စဉ်းစားဆင်ခြင်စွာဖြင့် ဆက်လက်ပြောဆိုလေသည်။
"နေရာလွတ် အတွင်းမှာ တောင်တန်း၊ မြစ်ချောင်း၊ သစ်တောနဲ့ ပင်လယ်တွေ ပေါ်ပေါက်လာကတည်းက လယ်ယာမြေတွေကို ရေသွင်းဖို့နဲ့ တိရစ္ဆာန်တွေကို အစာကျွေးဖို့ မြစ်ရေကိုပဲ အသုံးပြုခဲ့လိုက်တာ... ရက်တော်တော်ကြာတဲ့ထိ စောင့်ကြည့်ပြီးတဲ့နောက်မှ မြစ်ရေဟာ တောင်ပေါ်က မြစ်ဖျားခံလာတာဖြစ် လို့ ရေကန်ကရေနဲ့ အာနိသင်ချင်း အတူတူပဲလို့ ကျွန်မ ထင်မိတယ်..."
"အကျိုးဆက်အနေနဲ့ ကောက်ပဲသီးနှံတွေနဲ့ တိရစ္ဆာန်တွေဟာ အရမ်းကို လျင်မြန်စွာနဲ့ပဲ ကြီးထွားလာ ကြတယ်... အခုဆိုရင် အသားတွေ အများကြီး ရှိနေပြီဖြစ်လို့ ကျွန်မရဲ့ သိုလှောင်ရုံက လုံးဝ ပြည့်နေပြီ... ကံကောင်းတာက တိရစ္ဆာန်တွေအတွက် နေရာအလုံအလောက် ရှိနေသေးပေမဲ့ သူတို့ရဲ့ ပွားများနှုန်း ကတော့ စိုးရိမ်စရာကောင်းလောက်အောင် မြန်ဆန်နေတယ်..."
သူမက ခေတ္တမျှ ရပ်နားလိုက်ပြီးမှ မေးလိုက်လေသည်။
"ရှင်ရော ဘယ်လိုထင်လဲ... အသားတွေ ဒါမှမဟုတ် တိရစ္ဆာန်အချို့ကို ရောင်းလို့ရနိုင်ပါ့မလား..."
ယောင်ရန်၏ စကားကို နားထောင်ပြီးနောက် လုံယုသည် ခေတ္တမျှ စဉ်းစားကာ ပြန်လည်ဖြေလိုက်လေ ၏။
"လင်းယိကတစ်ဆင့် ရောင်းမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်..."
"ကိုတို့တွေ သူ့ကို အကြိမ်အနည်းငယ်လောက် ကူညီဖူးသလို သူ့ရဲ့ အသက်နဲ့ ယွမ်ရီဟွေးရဲ့ အသက်ကို လည်း ကယ်ခဲ့ဖူးတယ်လေ... အဲဒီလို အခြေအနေတွေအရ သူက ကိုတို့ရဲ့ ယုံကြည်မှုကို သစ္စာဖောက်မှာ ဒါမှမဟုတ် သတင်းအချက်အလက်တွေ ပေါက်ကြားအောင် လုပ်မှာ မဟုတ်ဘူးလို့ ကို ထင်တယ်... ပြီး တော့ သူက အဆက်အသွယ်လည်း အရမ်းများတယ်ဆိုတော့ အသားတွေနဲ့ အစားအစာတွေ ရောင်းဖို့က သူ့အတွက် ပြဿနာ ရှိမှာ မဟုတ်လောက်ဘူး..."
ယောင်ရန်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
"ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်..."
"ဒါဆိုရင် ဒီတစ်ခါ ကောက်ပဲသီးနှံတွေနဲ့ အသားတွေကို ဘယ်လောက်အထိ ရောင်းဖို့ စီစဉ်ထားလဲ..." ဟု လုံယုက မေးလိုက်လေသည်။
ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ် အတွင်းသို့ ပို့လွှတ်လိုက်ရာ တိရစ္ဆာန်အုပ်စုအသစ် ထပ်မံ၍ မွေးဖွားလာသည်ကို တွေ့လိုက်ရပေသည်။
သူမသည် စိတ်ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချကာ ပြန်ဖြေလိုက်လေသည်။
"သူ ရောင်းနိုင်သလောက် အကုန်ပါပဲ..."
သူမ၏ စိတ်ညှိုးငယ်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ လုံယုက တဟားဟား ရယ်မောလိုက် လေတော့သည်။
သူသည် သူမ၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ပြီး ပြောလိုက်လေ၏။
"တခြားလူတွေက အစားအစာ မလောက်ငမှာကို စိုးရိမ်နေကြတာ... မင်းကတော့ အစားအစာတွေ အများကြီး ရှိနေလို့ စိတ်ဖိစီးနေရတယ်ပေါ့လေ..."ေ
ယောင်ရန်က ပုခုံးနှစ်ဖက်ကို တွန့်ပြလိုက်ပြီး အားကိုးရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။
"ဒီနေရာလွတ်က အစားအစာတွေကို ဒီလောက်အထိ ထုတ်လုပ်နိုင်မယ်မှန်း သိရင် အစားအစာတွေကို ဒီလောက်အထိ အများကြီး စုဆောင်းထားမိမှာ မဟုတ်ဘူး... အဲဒီအစား နောက်ထပ် ပြန်ပြီး မရနိုင်တော့ တဲ့ လောင်စာဆီတွေ ဒါမှမဟုတ် တခြား ရိက္ခာတွေကိုပဲ ပိုပြီး ဝယ်ထားလိုက်ရမှာ..."
ယောင်ရန်၏ သိုလှောင်ရုံကို ယခင်က မြင်တွေ့ဖူးခဲ့သော လုံယုသည် သူမ၏ နောင်တရနေသော အမူ အရာကို မြင်လိုက်ရသည့်အခါ စကားပင် မပြောနိုင်တော့ပေ။
*ရန်ရန်... မင်းရဲ့ ရိက္ခာတွေက နိုင်ငံတစ်ခုလုံးကို အနည်းဆုံး နှစ်ပေါင်း နှစ်ရာလောက်အထိ ထောက်ပံ့ ပေးလို့ ရနေတာတောင် မင်းက ထပ်ပြီး ဝယ်ချင်သေးတာလား... ချမ်းသာတဲ့ ချစ်သူတစ်ယောက်ကို ရထားရတာက ဒီလိုမျိုးလား... ငါကိုယ်ငါ အရမ်း ဆင်းရဲတယ်လို့ ခံစားနေရပြီ...*
သူမ၏ ချစ်သူ ဘာတွေ တွေးနေမှန်း မသိသော ယောင်ရန်သည် အန်တီဟန်က မီးဖိုချောင်မှ အစားအစာ များ သယ်ဆောင်လာသည်ကို သတိပြုမိသွားပြီး ပြောလိုက်လေသည်။
"အာ... နေ့လယ်စာတွေ အဆင်သင့် ဖြစ်ပြီပဲ... ကျွန်မ သွားယူလိုက်ဦးမယ်..."
လုံယုသည် အစားအစာ သွားယူသော သူမ၏ ကျောပြင်ကို ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေမိ လေတော့သည်။ နေ့လယ်စာ စားပြီးနောက်တွင်မူ လီထျန်းယုနှင့် အခြားသူများသည် ကျွင်းချန် စစ်အ ခြေစိုက်စခန်း သို့ ပြန်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်၏။
စစ်သည်များသည် ယောင်ရန် ပြင်ဆင်ပေးထားသော ရေကန်ကရေများကို စစ်သုံးကုန်တင်ကားများ ပေါ်သို့ တင်နေကြစဉ် လီထျန်းယုသည် ဟွမ်ချန်နှင့် အခြားသူများဘက်သို့ လှည့်လိုက်လေသည်။
သူက ပြုံးလျက် ပြောလိုက်လေသည်။
"ဒီမှာ ဧည့်ခံပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... နောက်မှ ပြန်တွေ့ကြတာပေါ့..."
ဟွမ်ချန်ကလည်း ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်လေ၏။
"တပ်ကြပ်လီ နောက်တစ်ခါ လာလည်မှာကို ကျွန်တော်တို့ စောင့်နေပါ့မယ်..."
ဟွမ်ချန်က စစ်သည်များနှင့် နှုတ်ဆက်နေစဉ် လုံယုက ကျားရှန်းကို ကြည့်ကာ မှာလိုက်လေသည်။
"ဒီနေရာကို မင်းရဲ့ လက်ထဲမှာပဲ အပ်ခဲ့မယ်နော်..."
ကျားရှန်းကလည်း ပြန်ဖြေလိုက်လေ၏။
"မစိုးရိမ်ပါနဲ့ ခေါင်းဆောင်... လူတိုင်းကို ကျွန်မ ကာကွယ်ထားပါ့မယ်..."
ထို့နောက် လုံယုက လီထျန်းယုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"တပ်ကြပ်လီ... သွားဖို့ အချိန်တန်ပြီ..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ စစ်သည်များကို အမိန့်ပေးလိုက်၏။
"အားလုံး ထွက်ခွာကြမယ်..."
လုံယု၊ ယောင်ရန်နှင့် ရှီရွှမ်းတို့သည် စစ်သုံးယာဉ်များပေါ်သို့ တက်လိုက်ကြပြီး ဟွမ်ချန်က ပြောလိုက် လေသည်။
"အားလုံး အဆင်သင့် ပြင်ထားကြ..."
ကျားရှန်းနှင့် အခြားသူများသည် သူတို့၏ လက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြပြီး ဟွမ်ချန်ကို ခေါင်းငြိမ့်ပြလိုက်ကြ၏။ ဟွမ်ချန်က တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မျိုးရိုးဗီဇပြောင်း ဘီလူး တစ်အုပ်သည် သူတို့ရှိရာသို့ တရကြမ်း ပြေးဝင်လာကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားရှန်းနှင့် အခြားသူများသည် မျိုးရိုးဗီဇပြောင်း ဘီလူးများကို စတင် တိုက်ခိုက်ကြပြီး စစ်သုံးယာဉ်များ ကားပါကင်မှ ထွက်ခွာနိုင်ရန် လမ်းရှင်းပေးလိုက်ကြလေသည်။
စစ်သုံးယာဉ်အတွင်း ထိုင်နေသော ယောင်ရန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ဟွမ်ချန်နှင့် အခြားသူ များသည် မျိုးရိုးဗီဇပြောင်း ဘီလူးများကို လွယ်လင့်တကူပင် သတ်ဖြတ်နေကြသည်ကို မြင်လိုက်ရ၏။
သူမ သက်ပြင်းချလိုက်သည်ကို သတိပြုမိသွားသဖြင့် လုံယုက သူမ၏ လက်ကို ဆုပ်ကိုင်ကာ တိုးတိုး လေး ပြောလိုက်လေသည်။
"သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လောက်အောင် သန်မာကြပါတယ်... သူတို့ကို မင်းယုံကြည် ပေးလိုက်ပါ..."
ယောင်ရန်က သူ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်၏။
"အင်း..."
စစ်ယာဉ်တန်းသည် ဝေးရာသို့ ရောက်ရှိသွားသည့်အခါ ကျားရှန်းက ပြောလိုက်လေသည်။
"အားချန်... ဒီမှာ သန့်ရှင်းရေးလုပ်လိုက်ဦး... ကျွန်မကတော့ ပင်မဝင်ပေါက်ကို သွားစစ်ဆေးလိုက်ဦး မယ်..."
ဟွမ်ချန်ကလည်း သူ အသစ်ရရှိထားသော မီးစွမ်းအင်ကို စမ်းသပ်လိုစိတ် ပြင်းပြနေသဖြင့် ပြန်ဖြေ လိုက်လေ၏။
"နားလည်ပါပြီ..."
သူတို့က ဘီလူးများကို သုတ်သင်ရှင်းလင်းရန် အလုပ်ရှုပ်နေကြစဉ် စစ်ယာဉ်တန်းသည် လျှပ်စစ်ခြံစည်း ရိုး ဆီသို့ ရောက်ရှိလာခဲ့လေသည်။
ခြံစည်းရိုးအနားတွင် ဘီလူးများစွာ မရှိသည်ကို မြင်ရသည့်အခါ လုံယုက လျှပ်စစ်စီးကြောင်းကို ဖြတ် တောက်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။
"အရှိန်မြှင့်လိုက်တော့..."
ထိုအမိန့်ကို ကြားလိုက်ရသည့်အခါ ရှီရွှမ်းသည် လီဗာကို နင်းလိုက်ပြီး ကျန်ရှိနေသော ဘီလူးများကို ဖြတ်ကြိတ်ကာ မောင်းနှင်သွားခဲ့လေတော့သည်။
ယာဉ်သည် မြန်နှုန်းမြင့်စွာဖြင့် ရှေ့သို့ မောင်းနှင်နေစဉ် လုံယုသည် ကားခေါင်မိုးပေါ်သို့ တက်လိုက်၏။ သူသည် သူ၏ လေစွမ်းအင်ကို အသုံးပြု၍ လေထုကို ထိန်းချုပ်ကာ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ခုန်ဆင်း လိုက်လေသည်။
ထို့နောက် သူသည် ခြံစည်းရိုးကို လျင်မြန်စွာ ဖွင့်ပေးလိုက်သဖြင့် ရှီရွှမ်းနှင့် အခြား စစ်သုံးယာဉ်များ ဖြတ်ကျော်မောင်းနှင်သွားနိုင်ခဲ့ကြပေ၏။ နောက်ဆုံးယာဉ် ဖြတ်သွားပြီးသည့်အခါ လုံယုသည် ခြံစည်း ရိုးကို ပြန်ပိတ်၍ လျှပ်စစ်စီးကြောင်းကို ပြန်လည် ဖွင့်ပေးလိုက်လေသည်။
သူသည် ခြေဖဝါးများပေါ်ရှိ လေစွမ်းအင်ကို ထိန်းချုပ်ကာ လေထဲသို့ ခုန်တက်လိုက်ပြီး မြန်နှုန်းမြင့် စွာဖြင့် ဝဲပျံသွားခဲ့လေသည်။ ဆယ်စက္ကန့်အတွင်းမှာပင် သူသည် ရှီရွှမ်းနှင့် ယောင်ရန်တို့ရှိရာသို့ အမီ လိုက်နိုင်ခဲ့ပေ၏။
သူတို့၏ နောက်ကွယ်ရှိ လီထျန်းယုနှင့် စစ်သည်များသည် လုံယုက ကားခေါင်မိုးပေါ်သို့ ကျရောက် လာပြီး ပြတင်းပေါက်မှတစ်ဆင့် ယာဉ်အတွင်းသို့ ဖျတ်လတ်စွာ ပြန်လည်ဝင်ရောက်သွားသည်ကို အံ့အားသင့်စွာ ကြည့်နေမိကြတော့သည်။
သူ၏ ချောမွေ့လှသော လှုပ်ရှားမှုကို မြင်တွေ့လိုက်ရသည့်အခါ စစ်သုံးဟမ်ဗီးယာဉ်ကို မောင်းနှင်နေ သော စစ်သည်က အံဩတကြီး အော်ဟစ်လိုက်လေတော့သည်။
"ဘုရားရေ... တပ်ကြပ်လုံက ပျံနိုင်တာပဲ..."
ကျန်လူများကလည်း ထိုစကားကို ကြားသောအခါမှ သတိပြန်ဝင်လာကြပြီး လီထျန်းယုကို မေးခွန်း ထုတ်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
လီထျန်းယုက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်။
"ငါ့ကို မကြည့်ကြနဲ့... သူ အဲဒီလို ပျံနိုင်တာကို ငါလည်း အခုမှပဲ ပထမဆုံး မြင်ဖူးတာ..."
သူ၏ အဖြေကြောင့် စစ်သည်များမှာ စိတ်ပျက်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့ ၏ တုံ့ပြန်မှုကို သတိပြုမိသွားသော လီထျန်းယုသည် သူ၏ လက်အောက်ငယ်သားများကို မျက်စောင်း ထိုးလိုက်ပြီးနောက် အိပ်စက်ရန်အတွက် မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
အမြင်အာရုံ မကြည်လင်မှုနှင့် မျိုးရိုးဗီဇပြောင်း ဘီလူးများနှင့် မျိုးရိုးဗီဇပြောင်းလဲသူများ တိုးပွားလာမှု တို့ကြောင့် စစ်ယာဉ်တန်းသည် ကျွင်းချန် စစ်အခြေစိုက်စခန်း သို့ ရောက်ရှိရန် အချိန်ပိုမို ကြာမြင့်ခဲ့ပေ သည်။
နှစ်ရက်အကြာတွင်မူ သူတို့သည် အဝေးတစ်နေရာမှ ကျွင်းချန် စစ်အခြေစိုက်စခန်း ၏ မြင့်မားလှသော တံတိုင်းကြီးများကို နောက်ဆုံးတွင် လှမ်းမြင်လိုက်ရလေတော့သည်။