← Chapters

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း (၃၃၆) ဘီလူးများ၏ ဝိုင်းရံပိတ်ဆို့မှုကို ဖြတ်ကျော်ခြင်း

စစ်သုံးယာဉ်အတွင်း၌ ယောင်ရန်သည် ပြောင်းလဲနေသော ကောင်းကင်ယံကို ကြည့်ကာ ပြောလိုက်လေ ၏။

"မြူတွေက ပြန်ပြီး ပါးသွားပြီပဲ... ကောင်းကင်ကိုတောင် မြင်နေရပြီ..."

၎င်းကို ကြားလိုက်ရသည့်အခါ လုံယုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အပြင်ဘက်သို့ တစ်ချက် ကြည့် လိုက်လေသည်။

သူသည် မြူများဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကို တွေးတောစွာဖြင့် စိုက်ကြည့်နေစဉ် ရှီရွှမ်းက ရုတ် တရက် ပြောလိုက်လေ၏။

"တပ်ကြပ်... အရှေ့မှာ မျိုးရိုးဗီဇပြောင်း ဘီလူးတွေ အများကြီးပဲ..."

သူ၏ စကားကြောင့် လုံယုနှင့် ယောင်ရန်တို့ စိတ်ဝင်စားသွားကြလေသည်။ ရှေ့သို့ ကြည့်လိုက်သည့် အခါ သူတို့၏ မျက်နှာအမူအရာများမှာ တည်ကြည်သွားခဲ့လေသည်။

လုံယုသည် ရှေ့ခန်းမှ စကားပြောစက်ကို ယူလိုက်ပြီး ပြောလိုက်လေ၏။

"တပ်ကြပ်လီ... တိုက်ပွဲအတွက် ပြင်ထားတော့..."

စကားပြောစက်မှတစ်ဆင့် သတင်းစကားကို ကြားလိုက်ရသည့်အခါ လီထျန်းယုသည် ၎င်းကို ကောက် ယူကာ ပြန်လည်ဖြေကြားလိုက်သည်။

"လက်ခံရရှိပါတယ်..."

ကျွင်းချန် စစ်အခြေစိုက်စခန်း သို့ ချဉ်းကပ်လာသည်နှင့်အမျှ သူတို့သည် ရှေ့မှ အခြေအနေကို ရှင်ရှင်း လင်းလင်း မြင်တွေ့နေရပြီ ဖြစ်၏။ အခြေစိုက်စခန်းကို ဝိုင်းရံထားသော မျိုးရိုးဗီဇပြောင်း ဘီလူး အမြောက်အမြားကို ကြည့်ရင်း ယောင်ရန်သည် အတွင်းသို့ ဝင်ရောက်ရန် ခက်ခဲလိမ့်မည်ကို သတိပြု မိသွားခဲ့လေသည်။

ယောင်ရန်သည် သူမ၏ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ပြတင်းပေါက်ကို ဖွင့်ကာ ကားခေါင်မိုးပေါ်သို့ တက်လိုက်လေသည်။ သူမ ဟန်ချက်ညီအောင် ထိန်းလိုက်သည့်အခါ လုံယုမှာ ထိုနေရာတွင် ရောက်ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ရ၏။

မျိုးရိုးဗီဇပြောင်း ဘီလူးများ၏ အပြင်ဘက်ဆုံး စက်ဝိုင်းဆီသို့ ချဉ်းကပ်လာသည့်အခါ ယောင်ရန်သည် သူမ၏ လက်ဖဝါးထဲတွင် သစ်စွမ်းအင်များကို စုစည်းလိုက်လေသည်။ စစ်သုံးယာဉ်သည် ဘီလူးအုပ် ကြီးထဲသို့ မောင်းဝင်သွားသည့် ခဏ၌ ယောင်ရန်နှင့် လုံယုတို့သည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက် ကြလေတော့သည်။

"ရွှစ်... ရွှစ်... ရွှစ်... "

လုံယုသည် မျိုးရိုးဗီဇပြောင်း ဘီလူးများဆီသို့ လေဓားသွားများကို ပစ်လွှတ်လိုက်ပြီး ယောင်ရန်ကမူ ရှီရွှမ်းအတွက် လမ်းပွင့်စေရန် နွယ်ပင်များကို ခေါ်ယူကာ ဘီလူးများကို စစ်သုံးယာဉ်နှင့် ဝေးရာသို့ ရိုက်ထုတ်လိုက်လေသည်။

"ဝုန်း... ဝုန်း... ဝုန်း…"

မျိုးရိုးဗီဇပြောင်း ဘီလူးများသည် လေထဲသို့ လွင့်စင်သွားကြပြီး အခြားဘီလူးများနှင့် တိုက်မိကာ အသားစအဖြစ် ကြေမွသွားခဲ့လေသည်။ သို့သော်လည်း သူတို့၏ နောက်ကွယ်ရှိ ဘီလူးများသည် လျင်မြန်စွာ ပြန်လည်စုစည်းကာ စစ်သုံးကုန်တင်ကားများဆီသို့ အုပ်စုလိုက် တိုးဝင်လာကြပြန်၏။

"ဒိုင်း... ဒိုင်း... ဒိုင်း..."

စစ်သည်များသည် ဘီလူးများကို ဆက်တိုက် ပစ်ခတ်နေကြသော်လည်း အချို့မှာ ယာဉ်များပေါ်သို့ တွယ်ကပ်နိုင်ခဲ့ကြလေသည်။ လီထျန်းယုသည် ၎င်းကို သတိပြုမိသွားပြီး အော်ဟစ်၍အမိန့်ပေးလိုက် တော့သည်။

"ယာဉ်တွေပေါ်ကို သူတို့ ပေးမတက်နဲ့..."

လုံယုနှင့် အခြားသူများသည် ဝိုင်းရံပိတ်ဆို့မှုကို ဖြတ်ကျော်ရန် တိုက်ခိုက်နေကြစဉ် တံတိုင်းပေါ်တွင် တာဝန်ကျနေသော စစ်သည်များသည် အဝေးမှ ဆူညံသံများကို သတိပြုမိသွားကြပြီး ဝူလျန်ထံသို့ အလျင်အမြန် သတင်းပို့လိုက်ကြလေသည်။

ဝူလျန်၏ ရုံးခန်းအတွင်းသို့ စစ်သည်တစ်ဦး အပြေးအလွှား ဝင်လာပြီး သတင်းပို့လိုက်လေသည်။

"တပ်ကြပ်ဝူ... လူတစ်စုက ဘီလူးတွေရဲ့ ဝိုင်းရံမှုကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတယ်... သူတို့က ပင်မဝင်ပေါက်နဲ့ မီတာနှစ်ရာလောက်ပဲ ဝေးတော့တယ်..."

ဝူလျန်သည် သူဖတ်နေသော အစီရင်ခံစာမှ ခေါင်းမော့ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက် လေ၏။

"မင်း ဘာပြောလိုက်တာလဲ..."

စစ်သည်က ထပ်မံ၍ ပြောလိုက်လေသည်။

"စစ်သုံးယာဉ်တွေနဲ့ လူတစ်စုက ဘီလူးတွေရဲ့ ဝိုင်းရံမှုကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာပါ... သူတို့ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ ဘီလူးအုပ်ကြီးထဲကို မောင်းဝင်သွားတာပါ..."

၎င်းကို ကြားလိုက်ရသည့်အခါ ဝူလျန်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့၏။ သူသည် ရုတ်တရက် ထရပ် လိုက်ပြီး သူ၏ လက်နက်ကို ဆွဲယူကာ ရုံးခန်းထဲမှ ထွက်လာခဲ့လေသည်။ တံတိုင်းဆီသို့ သွားရာလမ်း တွင် သူက ညွှန်ကြားလိုက်လေသည်။

"ပင်မဝင်ပေါက်က စစ်သည်တွေကို တံခါးဖွင့်ဖို့ ပြင်ခိုင်းလိုက်... ငါ အချက်ပြလိုက်တာနဲ့ သူတို့တွေ ချက်ချင်း ဖွင့်ရမယ်..."

ထိုအတောအတွင်း ယောင်ရန်နှင့် အခြားသူများသည် မျိုးရိုးဗီဇပြောင်း ဘီလူးအုပ်ကြီး၏ ဝိုင်းရံမှုကို ခံနေကြရလေသည်။ ဘီလူးအမြောက်အမြားသည် တံတိုင်းကို စွန့်ခွာကာ သူတို့ရှိရာသို့ အာရုံစိုက်လာ ကြသည်ကို မြင်ရသည့်အခါ လီထျန်းယုသည် အံကြိတ်ကာ အော်ပြောလိုက်လေသည်။

"တပ်ကြပ်လုံ... ကျွန်တော်တို့ဆီမှာ ကျည်ဆန်တွေ ကုန်တော့မယ်..."

ရှေ့ဆုံးကား၏ ခေါင်းမိုးပေါ်တွင် ရပ်နေသော လုံယုသည် နောက်ထပ် ဘီလူးတစ်အုပ်ကို လေဓားသွား များဖြင့် သတ်ဖြတ်လိုက်ပြီး ပြောလိုက်လေ၏။

"ယာဉ်တွေကို ကာကွယ်ဖို့ မင်းရဲ့ မြေစွမ်းအင်ကို သုံးလိုက်တော့..."

လုံယုသည် တစ်ခုခုကို ကြီးကြီးမားမား ပြင်ဆင်နေသည်ကို သတိပြုမိလိုက်သဖြင့် လီထျန်းယုသည် အချိန်ဆွဲမနေတော့ပေ။ သူသည် သူ၏ မြေစွမ်းအင်ကို အသုံးပြုကာ ယာဉ်များ၏ ဘေးပတ်ပတ်လည် တွင် ထူထဲသော အကာအကွယ်တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်လေသည်။ သို့သော်လည်း ယောင်ရန် နှင့် လုံယုတို့မှာ ကားခေါင်မိုးပေါ်တွင် ရှိနေဆဲဖြစ်သဖြင့် သူတို့၏ ကားကိုမူ အကာအကွယ် မလုပ်ဘဲ ချန်ထားခဲ့လေ၏။

ယောင်ရန်သည် ရှီရွှမ်းအတွက် လမ်းရှင်းပေးရန် နွယ်ပင်များကို အသုံးပြုနေစဉ် လေထုထဲ၌ စွမ်းအင် များ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ခဏအကြာတွင် ပြင်းထန်သော ဖိအားတစ်ခု သူတို့ကို ဝိုင်းရံသွားခဲ့လေ၏။ လုံယု ပြုလုပ်တော့မည့် အရာကို ရိပ်မိလိုက်သဖြင့် သူမသည် ကိုယ်ကို အောက်သို့ နှိမ့်ချလိုက်ပြီး ကားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်လေသည်။

နောက်တစ်ခဏ၌ ကြီးမားလှသော လေဆင်နှာမောင်းကြီး တစ်ခု စတင်ဖြစ်ပေါ်လာတော့သည်။

"ဝှီး..."

စက္ကန့်အနည်းငယ်အတွင်းမှာပင် ကြီးမားသော လေဆင်နှာမောင်းကြီး ထွက်ပေါ်လာပြီး မျိုးရိုးဗီဇ ပြောင်း ဘီလူးများကို စုပ်ယူသွားခဲ့လေတော့သည်။

လုံယုသည် လေဆင်နှာမောင်းကို ကြီးမားသော လေဓားသွားတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်ကို တွေ့ လိုက်ရသည့်အခါ ယောင်ရန်သည် သူမ၏ ချစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်မိလေသည်။ ကြီးမားလှ သော လေဓားသွားကို ထိန်းချုပ်ကာ လေဆင်နှာမောင်းကဲ့သို့ လှုပ်ရှားစေခြင်းမှာ စွမ်းအင် အမြောက် အမြားကို ကုန်ဆုံးစေသောကြောင့် ဖြစ်လေ၏။

သူမသည် အံကြိတ်ကာ လုံယု၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေရန်အတွက် တတ်နိုင်သမျှ မျိုးရိုးဗီဇ ပြောင်း ဘီလူးများကို နွယ်ပင်များဖြင့် သတ်ဖြတ်ပစ်လိုက်လေသည်။

လေဆင်နှာမောင်းကြီး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ တံတိုင်းပေါ်ရှိ စစ်သည်များသည် ထိတ်လန့်တကြား ငေးကြည့်နေမိကြတော့သည်။ ဝူလျန်သည် မြင့်မားသော တံတိုင်းပေါ်သို့ ရောက်ရှိ လာသည့်အခါ အောက်ဘက်မှ တိုက်ပွဲမြင်ကွင်းကို ကြည့်ရင်း ခဏမျှ မှင်သက်သွားခဲ့ရ၏။ ထို့နောက် သူ သတိပြန်ဝင်လာပြီး အော်ဟစ် အမိန့်ပေးလိုက်လေသည်။

"တိုက်ပွဲအတွက် ပြင်ထားကြ..."

ထိုအချိန်မှာပင် လုံယုသည် ဘီလူးအုပ်ကြီးကို ရှင်းလင်းရန်အတွက် ဧရာမ လေဆင်နှာမောင်းကြီးကို ထိန်းချုပ်လိုက်ရာ ဘီလူးများကို လေထဲသို့ လွင့်စင်သွားစေပြီး အပိုင်းပိုင်းအစစ ပြတ်တောက်သွားစေခဲ့ လေတော့သည်။

စစ်ယာဉ်တန်း၏ နောက်ကွယ်ရှိ လီထျန်းယုသည် လေဆင်နှာမောင်းက ဘီလူးများကို ပိုင်းဖြတ်နေသည် ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် တံတိုင်းကို ဝိုင်းရံထားသော ဘီလူးများ၏ ထက်ဝက်ခန့်မှာ ပျောက်ကွယ်သွားခဲ့လေတော့သည်။

လုံယု၏ ဖြူလျော့နေသော မျက်နှာကို သတိပြုမိသွားသဖြင့် ယောင်ရန်က စိုးရိမ်တကြီး အော်ဟစ်လိုက်လေသည်။

"အာယု... အခု ရပ်လိုက်တော့... ကျွန်မ လမ်းရှင်းလိုက်မယ်..."

လုံယုသည် အံကြိတ်ကာ နောက်ဆုံး ဘီလူးတစ်အုပ်ကို ရှင်းလင်းရန် လေဆင်နှာမောင်းကို ထိန်းချုပ် လိုက်ပြီးနောက် ဒူးထောက်ကျသွားကာ အသက်ကို ပြင်းပြင်းရှူနေရတော့သည်။

လေဆင်နှာမောင်း ပျောက်ကွယ်သွားသည့်အခါ ယောင်ရန်သည် လုံယုကို လျင်မြန်စွာ တွဲလိုက်ပြီး ရေကန်ကရေ တစ်ပုလင်းကို ထုတ်ယူကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။

"မြန်မြန်... ဒါကို သောက်လိုက်ဦး..."

သူမသည် သူ့အား လက်တစ်ဖက်ဖြင့် တွဲထားရင်း ကျန်ရှိနေသော ဘီလူးများကို ဖယ်ရှားရန်အတွက် နွယ်ပင်များကို ထပ်မံဆင့်ခေါ်လိုက်လေ၏။

"ဝုန်း... ဝုန်း... ဝုန်း... "

တံတိုင်းပေါ်တွင်ရှိသော ဝူလျန်သည် ကားခေါင်မိုးပေါ်ရှိ လူများကို နောက်ဆုံးတွင် ထင်ရှားစွာ မြင်လိုက်ရပေသည်။ ယာဉ်တန်းမှာ တံခါးနှင့် မီတာငါးဆယ်ခန့်သာ ဝေးတော့သည်ကို မြင်ရသည့်အခါ သူက အမိန့်ပေးလိုက်လေသည်။

"တံခါးဖွင့်ပေးလိုက်..."

သူ၏ အမိန့်ကို ကြားလိုက်ရသည့်အခါ စစ်သည်များသည် ပင်မဝင်ပေါက်ကို အလျင်အမြန် ဖွင့်ပေး လိုက်ကြလေတော့၏။ ဘီလူးများ အခြေစိုက်စခန်းအတွင်းသို့ မဝင်ရောက်နိုင်ခင်မှာပင် ဝူလျန်က အော်ဟစ်လိုက်လေတော့သည်။

"တိုက်ခိုက်ကြ..."

သူ၏ အမိန့်အတိုင်း စစ်သည်များသည် ပင်မဝင်ပေါက် အပြင်ဘက်ရှိ ဘီလူးများကို ဆက်တိုက် ပစ်ခတ် ကာ ဟန့်တားထားလိုက်ကြတော့သည်။

စစ်သည်များ၏ အကူအညီကြောင့် လမ်းပိတ်နေသော ဘီလူးအရေအတွက်မှာ သိသိသာသာ လျော့နည်​ေသွားခဲ့ရလေသည်။

ထိုအခွင့်အရေးကို မြင်လိုက်ရသည့်အခါ ရှီရွှမ်းသည် လီဗာကို နင်းလိုက်ပြီး အခြေစိုက်စခန်းအတွင်းသို့ မြန်နှုန်းမြင့်စွာဖြင့် မောင်းဝင်သွားခဲ့လေတော့သည်။

All Chapters