← Chapters

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း (၃၃၇) သီးသန့် စကားပြောခြင်း

နောက်ဆုံး စစ်သုံးကုန်တင်ကား ဝင်ရောက်သွားပြီးသည်နှင့် ဝူလျန်က အမိန့်ပေးလိုက်လေသည်။

"တံခါးပိတ်လိုက်တော့..."

စစ်သည်များသည် တံခါးကို အလျင်အမြန် ပိတ်လိုက်ကြပြီး တံခါးအတွင်း၌ ကျန်ရှိနေသော မျိုးရိုးဗီဇ ပြောင်း ဘီလူးများကို သုတ်သင်လိုက်ကြလေ၏။

"ဝုန်း... "

တံခါး ဝုန်းခနဲ ပိတ်သွားသည့်အခါ ယောင်ရန်သည် လုံယုကို စိုးရိမ်တကြီးဖြင့် စစ်ဆေးကြည့်လိုက်လေ သည်။ သူမသည် သူ၏ သွေးခုန်နှုန်းကို စစ်ဆေးရင်း မေးလိုက်လေသည်။

"ရှင် အဆင်ပြေရဲ့လား..."

လုံယုက သူမ၏ လက်များကို ဆုပ်ကိုင်ကာ၊

"အဆင်ပြေပါတယ်... ခဏလောက် နားလိုက်ရင် ရပါပြီ..."

သူ၏ မျက်နှာ အမူအရာ ပြန်လည်ကောင်းမွန်လာသည်ကို မြင်ရသဖြင့် သူမက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

"ဒီလောက်အထိ မစွန့်စားသင့်ဘူး..."

လုံယုက သူမ၏ မျက်နှာပေါ်ရှိ စေးကပ်နေသော အမည်းရောင် သွေးစအချို့ကို လက်ဖြင့် ဖယ်ရှား ပေးရင်း ပြောလိုက်လေ၏။

"အခြေအနေက အရမ်း အန္တရာယ်များနေတာမို့လို့... ကို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူးလေ..."

ယောင်ရန်သည် သူ၏ အကြောင်းပြချက်ကို နားလည်သော်လည်း စိုးရိမ်စိတ်ကမူ မပျောက်ပျယ်သွား ခဲ့သေးပေ။ စွမ်းအင်များကို အလွန်အကျွံ အသုံးပြုခြင်းသည် သူ၏ ခန္ဓာကိုယ်နှင့် သက်တမ်းအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင်သောကြောင့် ဖြစ်ပေသည်။

သူမ၏ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ လုံယုသည် သူမ၏ ပုခုံးပေါ်သို့ မှီလိုက်ပြီး ကလေး တစ်ယောက်ကဲ့သို့ ချွဲနွဲ့လိုက်လေသည်။

"ရန်ရန်... ကို အရမ်းပင်ပန်းနေပြီ..."

ယောင်ရန် သက်ပြင်းချလိုက်ပြီး သူ၏ ကျောကို ပုတ်ပေးကာ ပြောလိုက်လေသည်။

"နေရာချပြီးရင် ရှင် နားနေတုန်း ကျွန်မ အရသာရှိတာ တစ်ခုခု ပြင်ဆင်ပေးမယ်လေ..."

ထိုအခါမှ လုံယုက သူမ စိတ်မဆိုးတော့မှန်း သိသွားပြီး စိတ်ကြည်လင်စွာ ပြောလိုက်လေသည်။

"အင်း... ရန်ရန်က ကို့ ကို အချစ်ဆုံးဆိုတာ သိသားပဲ..."

"....."

ကားထဲတွင် ထိုင်နေသော ရှီရွှမ်းမှာမူ သူတို့၏ စကားများကို ကြားလိုက်ရသည့်အခါ စကားပင် မပြော နိုင်တော့ပေ။

ယောင်ရန်နှင့် လုံယုတို့ ကားခေါင်မိုးပေါ်တွင် အနားယူနေစဉ် လီထျန်းယုနှင့် စစ်သည်များသည် အခြား စစ်သုံးယာဉ်များပေါ်မှ ဆင်းလာခဲ့ကြလေသည်။

ရှီရွှမ်း ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ လီထျန်းယုသည် သူ၏အနားသို့ ချဉ်းကပ်ခဲ့လာပြီး မေးလိုက်လေ၏။

"အစ်ကိုရွှမ်း... အားလုံး အဆင်ပြေကြရဲ့လား... ဘယ်သူမှ ဒဏ်ရာ မရကြဘူးမလား..."

ရှီရွှမ်းက ချွဲနွဲ့နေသော သူ၏ ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ လီထျန်းယုဘက်သို့ လှည့်ကာ ခေါင်းခါပြလိုက်လေသည်။

"အဆင်ပြေပါတယ်... ခေါင်းဆောင်နဲ့ ယောင်ရန်ကတော့ ခဏလောက် အနားယူဖို့ လိုလိမ့်မယ်..."

လီထျန်းယုက သက်ပြင်းချနိုင်သွားပြီး ပြုံးလျက်ပြောလေသည်။

"လမ်းရှင်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်... မဟုတ်ရင် ကျွန်တော်တို့တွေ တံခါးအပြင် မှာတင် ပိတ်မိနေဦးမှာ..."

ထိုစဉ် ဝူလျန်၏ အသံက နောက်ကွယ်မှ ထွက်ပေါ်လာခဲ့လေသည်။

"တပ်ကြပ်လီ... နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့..."

ရှီရွှမ်းနှင့် လီထျန်းယုတို့ လှည့်ကြည့်လိုက်ရာ ဝူလျန် လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။

လီထျန်းယုက ခေါင်းငြိမ့်ပြကာ ၊

"တပ်ကြပ်ဝူ... ခုနက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ဝူလျန်က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"တပ်ကြပ်လီက အခြေစိုက်စခန်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေနဲ့ ယှဉ်ရင် ဒါက ဘာမှ မဟုတ်ပါ ဘူး..."

သူ၏ အကြည့်သည် လုံယုနှင့် ယောင်ရန်ဆီသို့ ရောက်သွားလေသည်။ သူတို့နှစ်ဦး ကားခေါင်မိုးပေါ်တွင် စကားပြောနေသည်ကို မြင်သောအခါ ဝူလျန်က နှုတ်ဆက်လိုက်လေ၏။

"တပ်ကြပ်လုံ၊ မစ္စယောင်... မတွေ့ရတာ ကြာပြီနော်..."

ယောင်ရန်က ပြုံး၍ ပြန်လည်နှုတ်ဆက်လိုက်လေသည်။

"တပ်ကြပ်ဝူ... နေကောင်းရဲ့လား..."

ဝူလျန်က၊

"နေကောင်းပါတယ်..."

"မစ္စယောင်မှာ တည်းခိုဖို့ နေရာ မရှိရင် ကျွန်တော်တို့ နေရာ စီစဉ်ပေးပါ့မယ်..." ဟု ကမ်းလှမ်းလိုက်လေ သည်။

ယောင်ရန် ပြန်မပြောနိုင်ခင်မှာပင် လီထျန်းယုက ကြားဖြတ်၍ ပြောလိုက်လေသည်။

"တပ်ကြပ်ဝူကို ဒုက္ခမပေးချင်ပါဘူး... မစ္စယောင်၊ တပ်ကြပ်လုံနဲ့ အစ်ကိုရွှမ်းတို့က ဒုတိယတပ်မတော်ရဲ့ ဧည့်သည်တွေမို့လို့ ကျွန်တော်တို့ပဲ စီစဉ်ပေးလိုက်ပါ့မယ်..."

ဝူလျန်၏ အပြုံးမှာ အနည်းငယ် ပျောက်ကွယ်သွားပြီး ပြန်လည် တုံ့ပြန်လိုက်လေသည်။

"တပ်ကြပ်လီ... ခင်ဗျား မသိသေးတာ ဖြစ်မှာပါ... မစ္စယောင်က ကျွန်တော်တို့ တပ်ကြပ်ရွှီရဲ့ တူမတော် စပ်တာမို့လို့ ပထမတပ်မတော်မှာပဲ တည်းခိုမှာပါ..."

သူတို့နှစ်ဦးကြားမှ တင်းမာမှုကို ရိပ်မိလိုက်သဖြင့် ယောင်ရန်က လျင်မြန်စွာ ကြားဝင်လိုက်လေ၏။

"တပ်ကြပ်ဝူ... ဦးလေးရွှီက ကျွန်မကို ဒီနေရာမှာ အိမ်တစ်လုံး ပေးဖို့ ရှိသေးတယ်လို့ မှတ်မိနေတယ်... ဒီတစ်ခါ လာလည်တုန်း အဲဒီမှာပဲ နေပါ့မယ်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝူလျန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊

"ရတာပေါ့... ကျွန်တော် တပ်ကြပ်ရွှီကို အခုပဲ သတင်းပို့ပြီး အိမ်ကို အဆင်သင့်ဖြစ်အောင် ပြင်ခိုင်းလိုက် ပါ့မယ်..."

ယောင်ရန်၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသည့်အခါ လီထျန်းယုသည် မကျေမနပ် ဖြစ်သွားသော် လည်း တိတ်ဆိတ်နေခဲ့လေ၏။ ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ကားခေါင်မိုးပေါ်မှ ဆင်းကာ လီထျန်းယု၏ အနားသို့ လျှောက်သွားခဲ့လေသည်။

"တပ်ကြပ်လီ... ခဏလောက် စကားပြောလို့ ရမလား..." ဟု သူမက မေးလိုက်လေသည်။

လီထျန်းယုက ခေါင်းငြိမ့်ပြသဖြင့် သူတို့နှစ်ဦးသည် သီးသန့် စကားပြောနိုင်ရန်အတွက် ဘေးသို့ ခေတ္တ သွားလိုက်ကြလေ၏။

မည်သူမျှ မကြားနိုင်သည့် နေရာသို့ ရောက်သောအခါ လီထျန်းယုက မေးလိုက်လေသည်။

"မစ္စယောင်... ဘာများ ပြောချင်လို့လဲ..."

ယောင်ရန်က ဝူလျန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ပြောလိုက်လေသည်။

"တပ်ကြပ်လီ... ကျွန်မ ရှင့်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်တာက တပ်ကြပ်တုကြောင့်ပါ... သူ ကျွန်မ အပေါ် ရန်လိုတဲ့ စိတ်မရှိဘူးဆိုတာ သေချာမှပဲ ရှင်တို့ဆီမှာ နေဖို့ ကိစ္စကို လက်ခံနိုင်မှာပါ..."

လီထျန်းယုသည် သူမ ယခင်က ပြောခဲ့သည်များကို သတိရလိုက်သဖြင့် သူ၏ မျက်နှာ အနည်းငယ် ညှိုးငယ်သွားခဲ့လေ၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက မေးလိုက်လေသည်။

"မစ္စယောင်... တပ်ကြပ်တုက ကျွန်တော့်ကို စောင့်ကြည့်နေတုန်းပဲလို့ တွေးနေတာလား..."

ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။

"ဟုတ်တယ်... ကျွန်မတို့ ရောက်လာကတည်းက လူအချို့က ကျွန်မတို့ကို အသေအချာ စောင့်ကြည့်နေ တာကို သတိထားမိတယ်... အဲဒီလူတွေက ရှင့်ရဲ့ ဒုတိယတပ်မတော်က လူတွေလို့ ကျွန်မ သံသယရှိ တယ်..."

လီထျန်းယုသည် မျက်မှောင်ကြုတ်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိလေ၏။ ခေတ္တမျှ ကြာပြီး နောက် သူက ပြောလိုက်လေသည်။

"ကျွန်တော် နားလည်ပါပြီ..."

ယောင်ရန်က ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ပြောလိုက်လေ၏။

"တပ်ကြပ်လီ... ကျွန်မတို့ရဲ့ အဖွဲ့ထဲကို ပါဝင်ဖို့ ကမ်းလှမ်းချက်ကိုလည်း ရှင် သေသေချာချာ စဉ်းစားပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

လီထျန်းယုက သူမကို ခဏမျှ စိုက်ကြည့်ပြီးမှ ပြန်လည် ဖြေကြားခဲ့လေသည်။

"အဲဒီလူတွေနဲ့ တပ်ကြပ်တုရဲ့ ပတ်သက်မှုကို ကျွန်တော် အရင် စုံစမ်းကြည့်ဦးမယ်... ပြီးမှ အဖြေပေးပါ့ မယ်..."

သူ၏ အဖြေကို ကျေနပ်သွားသည့်အတွက် ယောင်ရန်က ပြောလိုက်လေသည်။

"ဒါဆိုရင် ရှင့်ဆီက သတင်းကောင်းကို စောင့်နေပါ့မယ်..."

သူမသည် အခြားသူများရှိရာသို့ ပြန်လျှောက်လာပြီး၊

"တပ်ကြပ်ဝူ... အခုတော့ ရှင်တို့ရဲ့ အကူအညီကိုပဲ ယူရတော့မှာပေါ့..."

လီထျန်းယုသည်လည်း သူတို့နှင့် ပြန်လည်ပူးပေါင်းလိုက်ပြီး လုံယုကို ပြောလိုက်လေသည်။

"တပ်ကြပ်လုံ... ကျွန်တော် စစ်တန်းလျားကို ပြန်တော့မယ်... တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို အဲဒီမှာ လာရှာလို့ ရပါတယ်..."

လုံယုက ခေါင်းငြိမ့်ပြလိုက်လေ၏။

"ကောင်းပါပြီ..."

ထို့နောက် လီထျန်းယုသည် သူ၏ စစ်သည်များဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။

"စစ်တန်းလျားကို ပြန်ကြမယ်..."

ဒုတိယတပ်မတော်မှ စစ်သည်များ ထွက်ခွာသွားသည့်အခါ လုံယုသည် ယောင်ရန်၏ အနားသို့ တိုးကပ် ကာ တိုးတိုးလေး မေးလိုက်လေသည်။

"ရန်ရန်... လီထျန်းယုနဲ့ ဘာတွေ ဆွေးနွေးခဲ့တာလဲ..."

ယောင်ရန်က အသံကို နှိမ့်၍ ပြန်ဖြေလိုက်လေသည်။

"ကျွန်မတို့နှစ်ယောက်တည်း ရှိတဲ့အခါကျမှ ပြောပြမယ်လေ..."

သူမ၏ သတိထားပုံကို လုံယုက နားလည်လိုက်သဖြင့် ခေါင်းငြိမ့်ပြလိုက်လေ၏။

လီထျန်းယု ထွက်သွားပြီးနောက် ဝူလျန်က ပြောလိုက်လေသည်။

"မစ္စယောင်၊ တပ်ကြပ်လုံနဲ့ အစ်ကိုရွှမ်းတို့... ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ..."

သူတို့သည် စစ်သုံးယာဉ်များပေါ်သို့ တက်လိုက်ကြပြီး ရှီရွှမ်းသည် ဝူလျန်၏ ကားနောက်မှ လိုက်ပါ၍ သူတို့ တည်းခိုရမည့် ယာယီနေအိမ် ဆီသို့ မောင်းနှင်သွားခဲ့လေတော့သည်။

မိနစ်အနည်းငယ်ကြာ မောင်းနှင်ပြီးနောက် ယောင်ရန်သည် ရုတ်တရက် ပြောလိုက်လေသည်။

"ဒါက ဗီလာဧရိယာကို သွားတဲ့ လမ်း မဟုတ်ဘူးလား..."

All Chapters