အခန်း ၃၃၉
Vol. 34 Ch. 339
အခန်း (၃၃၉) သဲလွန်စများ
ယောင်ရန်နှင့် လုံယုတို့၏ အမူအရာများကို ကြည့်ကာ ရှီရွှမ်းက တဟားဟား ရယ်မောလိုက်လေ၏။
"နံနက်စာ စားပြီးရင် ကျွန်တော် ပြပါ့မယ်..."
သူတို့ သုံးဦး အစားအစာ သုံးဆောင်နေစဉ် လီထျန်းယုနှင့် သူ၏ အဖွဲ့မှာ ရေကန်ကရေ အလုံးပေါင်း (၅၀၀၀) ကို ဒုတိယတပ်မတော်၏ ဆေးရုံသို့ ပို့ဆောင်ပြီးစီးသွားခဲ့လေပြီ ဖြစ်လေသည်။
တပ်ကြပ်တုသည် ရေကန်ကရေ ပုလင်းငယ်တစ်လုံးကို ယူ၍ သံသယဖြင့် ကြည့်ကာ မေးလိုက်၏။
"တပ်ကြပ်လီ... ဒီရေက တကယ်ပဲ မျိုးရိုးဗီဇပြောင်းလဲမှုကို ပျောက်ကင်းစေနိုင်တယ်ဆိုတာ သေချာရဲ့ လား..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ ခိုင်မာစွာ ဖြေလိုက်လေသည်။
"ကျွန်တော် အပြည့်အဝ သေချာပါတယ် တပ်ကြပ်..."
တပ်ကြပ်တုသည် ပုလင်းကို ဖွင့်ကာ အနံ့ခံကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
"ငါ့အမြင်မှာတော့ ဒီရေက သာမန်ရေနဲ့ပဲ တူပါတယ်..."
သူ၏ သံသယအပေါ် လီထျန်းယုသည် မကျေမနပ် ဖြစ်သွားကာ အေးစက်စွာ ပြောလိုက်လေသည်။
"အကယ်လို့ တပ်ကြပ်တုက သံသယရှိနေတယ်ဆိုရင် ဆရာဝန်တွေကိုပဲ စမ်းသပ်ခိုင်းလိုက်ပါဦး..."
တပ်ကြပ်တုသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ အမိန့်ပေးလိုက်လေ၏။
"ဒီရေကို လူနာတွေကို တိုက်လိုက်ကြ..."
သူ၏ အမိန့်ကြောင့် ဆရာဝန်များနှင့် သူနာပြုများသည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြလေသည်။ အချို့ က ရေကန်ကရေ ပုလင်းများကို လူနာဆောင်များဆီသို့ သယ်ဆောင်သွားကြပြီး စစ်သည်များကမူ ကျန်ရှိသော ရေများကို ဆေးရုံ၏ ဆေးဝါးသိုလှောင်ရုံအတွင်း၌ သိမ်းဆည်းလိုက်ကြလေသည်။
ဆေးရုံခုတင်တစ်ခု၏ ဘေးတွင် ရပ်နေသော တပ်ကြပ်တုသည် ဆရာဝန်တစ်ဦးက လူနာတစ်ဦးကို ရေကန်ကရေ တစ်ငုံ တိုက်ကျွေးနေသည်ကို စောင့်ကြည့်နေခဲ့၏။ လူနာက ရေကို သောက်လိုက် သည်နှင့်တစ်ပြိုင်နက် တပ်ကြပ်တု၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရပေ တော့သည်။
လူနာ၏ ခန္ဓာကိုယ်မှ မျိုးရိုးဗီဇပြောင်းလဲနေသော အစိတ်အပိုင်းများမှာ သိသိသာသာ ပြောင်းလဲလာခဲ့ ပေသည်။ ဖောင်းကြွ၍ ပေါက်ထွက်တော့မည့်ပုံ ပေါက်နေသော မျက်လုံးများမှာလည်း ပုံမှန်အခြေအနေ သို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားခဲ့လေ၏။
မျိုးရိုးဗီဇပြောင်းလဲမှုများ ရပ်တန့်သွားသည်နှင့် ထိပ်တန်းဆရာဝန်ကြီးက လူနာကို ချက်ချင်း စစ်ဆေး ကြည့်လိုက်လေသည်။
တပ်ကြပ်တုသည် အနားသို့ တိုးကပ်သွားကာ စိုးရိမ်တကြီး မေးလိုက်၏။
"ဘယ်လိုနေလဲ..."
ထိပ်တန်းဆရာဝန်ကြီးက သူ၏ လက်များကို ရုပ်လိုက်ပြီး အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်လေသည်။
"တပ်ကြပ်တု... ဒါဟာ ဆေးပညာလောကရဲ့ အံ့ဖွယ် ဖြစ်စဉ်တစ်ခုပါပဲ... လူနာရဲ့ မျက်လုံးတွေက လုံးဝ ပြန်လည် ကောင်းမွန်သွားခဲ့ပါပြီ..."
ထိုစကားကို ကြားလိုက်ရသည့်အခါတွင်မှ တပ်ကြပ်တု၏ မျက်နှာပေါ်၌ ပထမဆုံးအကြိမ်အဖြစ် အပြုံး ရိပ်တစ်ခု ထင်ဟပ်လာခဲ့ပေသည်။
သူသည် လီထျန်းယု၏ ပုခုံးကို ပုတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"တပ်ကြပ်လီ... မင်း တကယ့်ကို ကြီးမားတဲ့ အလုပ်တစ်ခုကို လုပ်ပေးနိုင်ခဲ့တာပဲ... မင်းရဲ့ ကြိုးစားမှုတွေ အတွက် ကျေးဇူးတင်ပါတယ်... အခုဆိုရင် စစ်သည်ပေါင်း (၅၀၀၀) ကျော်ကို ကယ်တင်နိုင်တော့မှာပဲ..."
လီထျန်းယုက သက်ပြင်းချနိုင်သွားပြီး၊
"ဒါတွေအားလုံးက မစ္စယောင်နဲ့ တပ်ကြပ်လုံတို့ရဲ့ ကျေးဇူးကြောင့်ပါ... သူတို့သာ မရှိရင် ဆေးဝါးတွေကို ဒီလောက် ဘေးကင်းကင်းနဲ့ သယ်လာနိုင်မှာ မဟုတ်ပါဘူး..." ဟု ဆိုကာ ခေါင်းခါပြလိုက်လေ၏။
ယနေ့ တံတိုင်းအပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို အစီရင်ခံစာ ရရှိထားပြီးဖြစ်သော တပ်ကြပ်တုကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
"မင်းပြောတာ မှန်တယ်... အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါ သူတို့ကို ငါတို့တွေ သေချာပေါက် ကျေးဇူးတင်ရမယ်..."
ထို့နောက် သူသည် ထိပ်တန်းဆရာဝန်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဆရာကြီး... စစ်သည်တွေကို ကယ်တင်ဖို့အတွက် ဒီဆေးဝါးကို အမြန်ဆုံး အသုံးပြုပေးပါဦး..."
ထိပ်တန်းဆရာဝန်ကြီးက ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်လေ၏။
"တပ်ကြပ်... စစ်သည်အားလုံးအတွက် ဆေးဝါးက လုံလောက်မှု မရှိပါဘူး... နောက်ထပ် ဆေးဝါးတွေ ထပ်ပြီး ရနိုင်မလား..."
တပ်ကြပ်တုက မျက်မှောင်ကြုတ်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိလေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက ပြောလိုက်လေသည်။
"အခြေအနေ အရမ်းဆိုးတဲ့သူတွေကိုပဲ အရင် ဦးစားပေးလိုက်ပါ... ဆေးဝါးတွေ ထပ်ရအောင် ငါ ကြိုးစားကြည့်ပါ့မယ်..."
ထိပ်တန်းဆရာဝန်ကြီးက ခေါင်းငြိမ့်ပြကာ "ကောင်းပါပြီ တပ်ကြပ်..." ဟု ပြောလိုက်လေ၏။
တပ်ကြပ်တုသည် သူ ဤနေရာတွင် ဆက်ရှိနေရန် မလိုအပ်တော့ကြောင်း သိလိုက်သဖြင့် နှုတ်ဆက်၍ လီထျန်းယုနှင့်အတူ ဆေးရုံမှ ထွက်ခွာလာခဲ့လေသည်။
"အလုပ်တွေကို ဆက်လုပ်ကြပါဦး..."
လမ်းတွင် တပ်ကြပ်တုက မေးလိုက်လေသည်။
"တပ်ကြပ်လုံနဲ့ မစ္စယောင်တို့ အခု ဘယ်မှာ တည်းနေကြလဲ..."
"တပ်ကြပ်ဝူက သူတို့အတွက် ဗဟိုဧရိယာမှာ ဗီလာတစ်လုံး စီစဉ်ပေးထားတယ်လို့ ကြားပါတယ်..." ဟု လီထျန်းယုက ပြန်ဖြေလိုက်လေသည်။
တပ်ကြပ်တုက တဟားဟား ရယ်မောလိုက်ပြီး ၊
"သူတို့ကို အဖွဲ့ထဲ ပါအောင် ကြိုးစားနေတာက ငါတို့တစ်ဖွဲ့တည်း မဟုတ်ပုံပဲ..."
ခဏမျှ အကြာတွင် သူက ထပ်လောင်းပြောဆိုလိုက်၏။
"အခုတော့ သွားပြီး အနားယူလိုက်ပါဦး... နောက်မှ အပြင်ကို ထပ်သွားရနိုင်လို့ပါ..."
လီထျန်းယုက အလေးပြုလိုက်ပြီး၊
"ဟုတ်ကဲ့ပါ တပ်ကြပ်..."
သူ ဆေးရုံမှ ထွက်လာစဉ် လီထျန်းယုသည် စစ်သည်တစ်ဦးနှင့် စကားပြောနေသော တပ်ကြပ်တုကို နောက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုမြင်ကွင်းကို မြင်ရသည့်အခါ သူ၏ မျက်ဝန်းများမှာ ခေတ္တမျှ ဝင်းလက်သွားပြီးမှ လှည့်ထွက်လာခဲ့တော့သည်။
အားလုံးက သူတို့၏ ကိုယ်ပိုင်တာဝန်များဖြင့် အလုပ်ရှုပ်နေကြစဉ် လူတစ်စုမှာ ကျွင်းချန် စစ်အခြေစိုက် စခန်း ၏ အနီးအနားသို့ ရောက်ရှိလာခဲ့ကြလေသည်။
သံချပ်ကာယာဉ်၏ ခေါင်းမိုးပေါ်တွင် ထိုင်နေသော အမျိုးသားတစ်ဦးသည် မှန်ဘီလူးကို အသုံးပြု၍ အခြေစိုက်စခန်း အပြင်ဘက်မှ အခြေအနေများကို စောင့်ကြည့်နေခဲ့လေ၏။
အဝေးတစ်နေရာတွင် လှည့်လည်သွားလာနေကြသော မျိုးရိုးဗီဇပြောင်း ဘီလူးများကို သူ စိုက်ကြည့်နေ စဉ် သူ၏ လက်အောက်ငယ်သား တစ်ဦးက အနားသို့ တိုးကပ်လာကာ ပြောလိုက်လေသည်။
"တပ်ကြပ်ဝူ... ကျွင်းချန်မြို့က တခြားအဖွဲ့တွေဆီကနေ နောက်ဆုံးရ သတင်းအချက်အလက်တွေ ရထားပါတယ်..."
ဝူယဲ့ဟောင်သည် မှန်ဘီလူးကို ချလိုက်ပြီး ထိုသူကို ကြည့်ကာ မေးလိုက်လေ၏။
"သူတို့ ဘာပြောလဲ..."
လက်အောက်ငယ်သားသည် သူ၏ လက်ပ်တော့ပ်ကို စစ်ဆေးကြည့်လိုက်ပြီး တင်ပြလိုက် လေသည်။
"အဖွဲ့ ဘီ ကနေ မစ္စယောင်ရန်နဲ့ ဆင်တူတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ဆုံးရ ပုံရိပ်ကို ပို့လိုက်ပါ တယ်... သူမဟာ လွန်ခဲ့တဲ့ ခြောက်လက ကျွင်းချန်မြို့ကနေ ထွက်ခွာသွားခဲ့တာကို ပြသနေပါတယ်... အဲဒီ အမျိုးသမီးကိုပဲ ရက်အနည်းငယ်အကြာမှာ ရှန်းဝူ အပန်းဖြေစခန်း မှာ တွေ့ခဲ့ရပါတယ်..."
"အက်စစ်မိုး ရွာသွန်းပြီးနောက်မှာတော့ အဲဒီအမျိုးသမီးဟာ ကျွင်းချန်မြို့ကို ပြန်လည် ရောက်ရှိလာပုံ ရပြီး ရေဒါကနေ ပျောက်ကွယ်သွားခဲ့ပါတယ်... ဒီနေ့မှာတော့ သူမကို ပြန်လည် တွေ့ရှိခဲ့ရပြီး ကျွင်းချန် စစ်အခြေစိုက်စခန်း ထဲကို ဝင်ရောက်သွားခဲ့ပါပြီ..."
ဝူယဲ့ဟောင်သည် ထိုတင်ပြချက်ကို နားထောင်ပြီးနောက် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိတော့သည်။ ခဏ မျှ တိတ်ဆိတ်သွားပြီးနောက် သူသည် လက်အောက်ငယ်သားထံမှ လပ်တော့ပ်ကို ယူကာ အချက် အလက်များကို ဖတ်ရှုပြီး ပြောလိုက်လေသည်။
"ကျွင်းချန် စစ်အခြေစိုက်စခန်း ကို ဦးတည်လိုက်ကြ..."
"ဟုတ်ကဲ့ပါ တပ်ကြပ်ဝူ..."
လက်အောက်ငယ်သားက ခေါင်းငြိမ့်ပြလိုက်၏။
လက်ပ်တော့ပ်ကို ပြန်ပေးပြီးနောက် ဝူယဲ့ဟောင်သည် သူ၏ လက်ပတ်နာရီကို တစ်ချက်နှိပ်လိုက်ပြီး ခေတ္တမျှ စောင့်လိုက်သည့်အခါ ယောင်ယွဲ့ချွမ်၏ အသံ ထွက်ပေါ်လာခဲ့လေသည်။
"အစ်ကိုကြီး... ကျွန်တော့်ဆီ ထူးထူးဆန်းဆန်း ဖုန်းတွေဘာတွေဆက်လို့ပါလား... ဘာကိစ္စရှိလို့လဲ..."
သူ၏ နောက်ပြောင်လိုသော လေသံကို ကြားရသော်လည်း ဝူယဲ့ဟောင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက် လေသည်။
"မစ္စယောင်ရန်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာတွေ့ထားပြီ... ဒီနေ့ပဲ သူမကို တွေ့ရနိုင်တယ်..."
ယောင်ယွဲ့ချွမ်၏ အသံမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့၏။
"ဘယ်မှာလဲ... သူမ အခု ဘယ်မှာလဲ..."
"သူမက ကျွင်းချန် စစ်အခြေစိုက်စခန်း မှာ ရှိနေတယ်..."
ဝူယဲ့ဟောင်က ပြန်ဖြေလိုက်လေသည်။
သူ ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်အောက်ငယ်သားက လာရောက် သတင်း ပို့လာလေသည်။
"တပ်ကြပ်... ကျွန်တော်တို့ ထွက်ခွာဖို့ အဆင်သင့် ဖြစ်ပါပြီ..."
၎င်းကို ကြားလိုက်ရသည့်အခါ ဝူယဲ့ဟောင်က ယောင်ယွဲ့ချွမ်ကို ပြောလိုက်လေ၏။
"ငါ အခြေစိုက်စခန်းထဲ ရောက်တဲ့အခါကျမှ မင်းကို ထပ်ပြီး ဆက်သွယ်လိုက်မယ်..."
ထို့နောက် သူသည် ယောင်ယွဲ့ချွမ်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဖုန်းကို ပိတ်လိုက်လေတော့သည်။ သူက လက်အောက်ငယ်သားဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"သွားကြစို့..."
ယွီချန်မြို့တွင် ရှိနေသော ယောင်ယွဲ့ချွမ်မှာမူ ဖုန်းကို ရုတ်တရက် ပိတ်လိုက်သည့်အတွက် ဝူယဲ့ဟောင်ကို ဆူပူကြိမ်းမောင်းပြီးခါစ ရှိသေး၏။ သူသည် အလျင်အမြန်ပင် သူ၏ ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး သူ၏ လက်နက်နှင့် ကျောပိုးအိတ်ကို ဆွဲယူကာ သူ၏ အခန်းထဲမှ အပြေးအလွှား ထွက်လာခဲ့လေတော့သည်။
ကင်းလှည့်နေသော စစ်သည်များသည် သူ ပြင်ဆင်ပြီး ထွက်လာသည်ကို မြင်သောအခါ ထိုအထဲမှ တစ်ဦးက မေးလိုက်လေသည်။
"တပ်ကြပ်ယောင်... ဘယ်ကို သွားမလို့လဲ... တပ်ကြပ်ဖုက ပရော်ဖက်ဆာရှော ရဲ့ သုတေသနမှာ ကူညီ ပေးဖို့ မှာထားတာ မဟုတ်ဘူးလား..."
"ငါ့ရဲ့ ညီမလေးကို သွားရှာဖို့ လိုအပ်တယ်... တကယ်လို့ ဦးလေးဖုက မေးလာခဲ့ရင် ငါ ကျွင်းချန် စစ်အ ခြေစိုက်စခန်း ကို သွားတယ်လို့သာ ပြောလိုက်ပါ..." ဟု ဆိုကာ သူသည် အလျင်အမြန် ထွက်ခွာသွား ခဲ့လေတော့သည်။
သူ လမ်းထောင့်တစ်ခုသို့ ကွေ့ဝင်သွားသည်ကို ကြည့်ရင်း စစ်သည်များသည် ဇဝေဇဝါဖြင့် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီးမှ ထိုအထဲမှ တစ်ဦးက ပြောလိုက်လေသည်။
"ဒါကို တပ်ကြပ်ဖုဆီ သတင်းပို့လိုက်မယ်..."