← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း (၃၄၀) တိုက်ဆိုင်မှု

သူတို့၏ ရဲဘော် ပြောလိုက်သည်ကို ကြားသည့်အခါ ကျန်စစ်သည်များသည် ခေါင်းငြိမ့်ပြလိုက်ကြပြီး၊

"ငါတို့ ကင်းလှည့်တာကိုပဲ ဆက်လုပ်ကြမယ်..."

"ကောင်းပြီလေ..."

စစ်သည်တစ်ဦးသည် ဖုကျုံးရှန်းကို ရှာရန် ထွက်သွားစဉ် ယောင်ယွဲ့ချွမ်သည် ကားပါကင်သို့ ရောက်ရှိ လာခဲ့လေ၏။ သူ လာသည်ကို မြင်သောအခါ ဝန်ထမ်းတစ်ဦးက မေးလိုက်လေသည်။

"တပ်ကြပ်ယောင်... ဘာလို့ ဒီကို ရောက်လာတာလဲ..."

ယောင်ယွဲ့ချွမ်သည် အသင့်ရှိနေသော ယာဉ်များကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"ငါ့အတွက် ကျွင်းချန်မြို့ကို အသွားအပြန် လုပ်နိုင်မယ့် သံချပ်ကာယာဉ်တစ်စီးနဲ့ လောင်စာဆီ အလုံအ လောက် လိုချင်တယ်... ပြီးတော့ အနည်းဆုံး တစ်ပတ်စာလောက် ခံမယ့် ရိက္ခာတွေကိုလည်း ပြင်ပေး ထားပါ..."

ဝန်ထမ်းသည် သူ၏ တက်ဘလက်ကို စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေ ၏။

"တပ်ကြပ်ယောင်... ကျွင်းချန်မြို့မှာ လုပ်ရမယ့် တာဝန်မျိုး မရှိပါဘူး... တာဝန်ပေးအပ်လွှာကို ပြပေးလို့ ရမလား..."

ယောင်ယွဲ့ချွမ်သည် ခိုးထွက်ရန် ကြံစည်ထားခြင်း ဖြစ်သဖြင့် သူ၏လက်ထဲတွင် မည်သည့် စာရွက်စာ တမ်းမျှ မရှိပေ။ သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။

"ငါ့ရဲ့ ညီမလေး ယောင်ရန်ကို သွားခေါ်မလို့လေ... မင်း ငါ လိုချင်တာတွေကို ပြင်ပေးမလား... ဒါမှမဟုတ် မပြင်ပေးဘူးလား..."

ဝန်ထမ်းမှာ သူ၏ စကားကြောင့် မှင်သက်သွားခဲ့ရ၏။

ယောင်ယွဲ့ချွမ်၏ ယုံကြည်ချက်ရှိလှသော အမူအရာကို မြင်လိုက်ရသည့်အခါ ဝန်ထမ်းက နောက်ဆုံး တွင် ပြောလိုက်လေသည်။

"ခဏလောက် စောင့်ပေးပါဦး တပ်ကြပ်ယောင်... ရိက္ခာတွေ မထုတ်ပေးခင်မှာ တပ်ကြပ်ဖုကို အရင် သတင်းပို့ရပါလိမ့်မယ်..."

ဖုကျုံးရှန်း သိမသွားခင် ထွက်သွားရန် လိုအပ်ကြောင်း သိထားသဖြင့် ယောင်ယွဲ့ချွမ်သည် မျက်မှောင် ကြုတ်လိုက်ပြီး မျက်တောင်မခတ်ဘဲ လိမ်ညာလိုက်လေသည်။

"ငါ ဦးလေးဖုကို သတင်းပို့ပြီးသားပါ... ငါ့အတွက် ကားနဲ့ ရိက္ခာတွေကိုသာ မြန်မြန် ပြင်ပေးစမ်းပါ... ငါ့ဘက်က နောက်ကျသွားလို့ ငါ့ညီမလေးမှာ တစ်ခုခု ဖြစ်သွားရင် မင်း တာဝန်ယူနိုင်လို့လား..."

ဝန်ထမ်းသည် သူ၏ စကားကြောင့် မျက်နှာ ဖြူလျော့သွားပြီး အလျင်အမြန် ပြောလိုက်လေတော့သည်။

"သံချပ်ကာယာဉ်နဲ့ ရိက္ခာတွေကို ချက်ချင်း ပြင်ပေးပါ့မယ်... တပ်ကြပ်ယောင်... စီးမယ့်ယာဉ်ကို အရင် ရွေးချယ်ပေးပါဦး..."

ဝန်ထမ်းသည် ရိက္ခာများနှင့် စာရွက်စာတမ်းများ ပြင်ဆင်ရန် အပြေးအလွှား သွားနေစဉ် ယောင်ယွဲ့ချွမ် သည် ကျည်ကာမှန်များ တပ်ဆင်ထားပြီး စွမ်းဆောင်ရည် မြင့်မားသည့် အသန်မာဆုံး သံချပ်ကာယာဉ် ကို ရွေးချယ်လိုက်လေသည်။

မကြာမီမှာပင် ဝန်ထမ်းသည် ရိက္ခာများ၊ ကျည်ဆန်များနှင့် လောင်စာဆီများကို ယူဆောင်လာပြီး အခြား ဝန်ထမ်းများ၏ အကူအညီဖြင့် သံချပ်ကာယာဉ်ပေါ်သို့ တင်ပေးလိုက်ကြ၏။

ယောင်ယွဲ့ချွမ်ထံသို့ သော့ကို ကမ်းပေးရင်း ဝန်ထမ်းက သတိပေးလိုက်လေသည်။

"တပ်ကြပ်ယောင်... လမ်းမှာ သတိထားပါဦး... မကြာခင်မှာ ရာသီဥတုက ပိုပြီး ဆိုးရွားလာနိုင်တယ်လို့ စောင့်ကြည့်ရေးအဖွဲ့ဆီက သတင်းရထားပါတယ်..."

ယောင်ယွဲ့ချွမ်သည် သူ၏လက်ထဲမှ သော့ကို ယူလိုက်ပြီး ပြုံး၍ ပြောလိုက်လေသည်။

"သတိပေးတဲ့အတွက် ကျေးဇူးပဲ..."

ထို့နောက် သူသည် သံချပ်ကာယာဉ်အတွင်းသို့ ဝင်လိုက်လေသည်။

ဝန်ထမ်းသည် ထိန်းချုပ်ခန်းသို့ လျှောက်သွားကာ ပြောလိုက်လေ၏။

"တံခါးဖွင့်ပေးလိုက်..."

"လက်ခံရရှိပါတယ်..."

သံချပ်ကာယာဉ်အတွင်း၌ ယောင်ယွဲ့ချွမ်သည် တံခါးပွင့်လာသည်ကို စောင့်နေခဲ့သည်။ ဝန်ထမ်းထံမှ အချက်ပြမှုကို ရရှိသည်နှင့် သူသည် လီဗာကို နင်းလိုက်ပြီး လျှို့ဝှက်ဌာနချုပ် ထဲမှ မောင်းထွက်လာခဲ့ လေတော့သည်။

မြူများဖုံးလွှမ်းနေသော လမ်းမပေါ်သို့ မောင်းဝင်သွားရင်း ယောင်ယွဲ့ချွမ်က တိုးတိုးလေး ရေရွတ်လိုက် လေ၏။​

"ညီမလေး... ငါ့ကို စောင့်နေပါ... မင်းကို အိမ်ပြန်ခေါ်လာခဲ့မယ်..."

နံနက်စာ စားပြီးနောက် ယောင်ရန်၊ လုံယုနှင့် ရှီရွှမ်းတို့သည် ကျွင်းချန် စစ်အခြေစိုက်စခန်း ၌ အနားယူ နေခဲ့ကြလေသည်။

မွန်းတည့်ချိန်တွင် ယောင်ရန် နိုးလာခဲ့သော်လည်း လုံယုနှင့် ရှီရွှမ်းတို့မှာ အိပ်ပျော်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။ သူမတွင် လုပ်စရာ အထွေထူး မရှိသဖြင့် သူတို့အတွက် စာတစ်စောင် ထားခဲ့ပြီးနောက် အပြင်သို့ ထွက်လာခဲ့လေသည်။ သူမသည် ဗီလာမှ ထွက်လာပြီး ဗီလာဧရိယာ၏ ပင်မဝင်ပေါက်ဆီသို့ ဦးတည် လျှောက်လှမ်းသွားခဲ့လေသည်။

ကင်းစောင့်နေသော စစ်သည်များသည် သူမ ချဉ်းကပ်လာသည်ကို မြင်သောအခါ မေးမြန်းလာလေ၏။

"မစ္စ... အပြင်သွားမလို့လား..."

ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်... ဒီနေ့မှ ဒီကို ရောက်တာဆိုတော့ အခြေစိုက်စခန်းထဲကို ပတ်ကြည့်မလို့ပါ..."

ကင်းစောင့်စစ်သည်က နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီး သတိပေးလိုက်လေသည်။

"ဆင်းရဲသားရပ်ကွက် အနီးအနားကို မသွားမိအောင် သတိထားပါဦး... အခုလောလောဆယ် အဲဒီဘက် က အခြေအနေတွေက လည်ပတ်ကြည့်ရှုဖို့ မသင့်တော်လို့ပါ..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ယောင်ရန်သည် ဆင်းရဲသားရပ်ကွက် သို့ နောက်မှ သွားကြည့်ရန် စိတ်ထဲ၌ မှတ်သားထားလိုက်လေ၏။ သူမက ပြုံးလျက် ပြန်လည် ပြောလိုက်လေသည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရဲဘော်..."

ဗီလာဧရိယာမှ ထွက်လာပြီးနောက် ယောင်ရန်သည် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေခဲ့မိပေသည်။ မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် သူမ၏ ပတ်ဝန်းကျင် ရှုခင်းများမှာ ပြောင်းလဲသွားခဲ့လေ ၏။

အကယ်၍ ဗီလာဧရိယာကို သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသော လူနေရပ်ကွက်တစ်ခုအဖြစ် တင်စားနိုင်ပါ က ယခု သူမ ရောက်ရှိနေသော နေရာမှာမူ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများနှင့် စိတ်ပျက်အားငယ်မှုများ လွှမ်း မိုးနေသည့် မြို့လယ်ခေါင်ဒေသတစ်ခုနှင့် တူလှပေသည်။

မျက်နှာများကို ဖုံးကွယ်ထားပြီး ခေါင်းငုံ့ကာ လမ်းလျှောက်နေကြသော လူများကို ကြည့်ရင်း ယောင်ရန် မျက်မှောင်ကြုတ်လိုက်မိ၏။ သူမ၏ မှတ်ဉာဏ်များအရ ကျွင်းချန် စစ်အခြေစိုက်စခန်း သည် ဤမျှအ ထိ ဆိုးရွားခြင်းမရှိဘဲ ပိုမို စည်ပင်ဝပြောရမည် ဖြစ်သည်။

ယောင်ရန်သည် အခြေစိုက်စခန်း၏ လက်ရှိ အခြေအနေနှင့် သူမ၏ မှတ်ဉာဏ်များကို နှိုင်းယှဉ်နေစဉ် အမျိုးသားတစ်ဦးသည် သူမ၏ ရှေ့၌ ရုတ်တရက် ရပ်လိုက်ပြီး လမ်းပိတ်ထားလိုက်လေသည်။

သူမ၏ ဓားရှည်ကို မဆွဲယူမီမှာပင် ထိုအမျိုးသားက ပြောလာလေသည်။

"မစ္စယောင်... ကျွန်တော်ပါ..."

ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ယောင်ရန် ခေတ္တမျှ ရပ်တန့်သွားပြီး သူ့အား ကြည့်လိုက် လေ၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်လေသည်။

"အစ်ကိုယွမ်လား..."

ထိုအမျိုးသားသည် သူ၏ မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားသော ပဝါကို အောက်သို့ ဆွဲချလိုက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"မစ္စယောင်... ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး..."

ယွမ်ရီဟွေးက အနည်းငယ် အံ့အားသင့်သော လေသံဖြင့် ပြောလိုက်လေ၏။

ယောင်ရန်က သူ၏ ဝတ်စုံကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။

"ဘာလို့ ဒီလို ဝတ်ထားတာလဲ... အသံသာ မကြားရင် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ဖို့ လာတာလို့ တောင် အထင်မှားသွားနိုင်တယ်..."

ယွမ်ရီဟွေးမှာ သူမ၏ စကားကြောင့် ခေတ္တမျှ စကားပင် မပြောနိုင်တော့ဘဲဖြစ်သွားခဲ့လေသည်။

"စကားပြောဖို့ တခြားနေရာ ရှာရအောင်... ဒီနေရာမှာ အကြာကြီး နေဖို့က မကောင်းဘူး..."

ယောင်ရန်သည် ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ကြည့်လိုက်ရာ လူတစ်စုက သူတို့ကို အဝေးမှနေ၍ စောင့်ကြည့်နေသည်ကို သတိပြုမိလိုက်လေ၏။ သူတို့၏ မျက်ဝန်းများထဲမှ ရန်လိုမှုများကို အထင်အ ရှား မြင်တွေ့နေရသဖြင့် ယောင်ရန်သည် သူတို့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သိရှိလိုက်လေသည်။

ထိုလူများထံမှ အကြည့်ကို လွှဲလိုက်ပြီးနောက် သူမက တည်ငြိမ်စွာ ပြောလိုက်လေ၏။

"လမ်းပြပေးပါဦး..."

ယွမ်ရီဟွေး လမ်းပြရာနောက်သို့ လိုက်ပါရင်း အရိပ်များထဲတွင် ပုန်းအောင်းနေကြသော လူများ၏ ရန်လိုသော အကြည့်များအောက်မှ ထိုနေရာကို လျင်မြန်စွာ ထွက်ခွာခဲ့ကြလေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ သူတို့သည် လမ်းကြားတစ်ခုထဲမှ ထွက်လာခဲ့ကြ၏။ ယွမ်ရီဟွေး သည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး မေးလိုက်လေသည်။

"မစ္စယောင်... ခုနက ဘာလို့ အဲဒီနေရာကို ရောက်နေတာလဲ..."

သူ၏ စိုးရိမ်မကင်း ဖြစ်နေမှုကို ခံစားလိုက်ရသဖြင့် ယောင်ရန်က ပြန်ဖြေလိုက်လေ၏။

"အခြေစိုက်စခန်းကို လိုက်ကြည့်နေတာပါ... အဲဒီနေရာမှာ တစ်ခုခု မှားယွင်းနေလို့လား..."

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြကာ အသံတိုးတိုးဖြင့် ရှင်းပြလေသည်။

"အဲဒီနေရာက ကြေးစားစစ်သည်တွေ စုဝေးရာနေရာပဲ... သူတို့အထဲမှာ လူကောင်းဆိုတာ ရှားတယ်..."

ကြေးစားစစ်သည်များ ဟူသော စကားကို ကြားလိုက်ရသည့် ခဏ၌ ယောင်ရန်၏ မျက်ဝန်းများ ဝင်း လက်သွားခဲ့တော့သည်။ သူမက အသံကို နှိမ့်၍ မေးလိုက်လေသည်။

"ဒီမှာ ကြေးစားစစ်သည်တွေ ရှိတာလား..."

"ရှိတာပေါ့..." ယွမ်ရီဟွေးက ပြန်ဖြေလိုက်၏။

"အဲဒီ ကြေးစားစစ်သည်တွေဟာ ရိက္ခာတွေ ရဖို့အတွက်ဆိုရင် ဘာမဆို လုပ်ကြတာ... လုပ်ကြံသတ် ဖြတ်ရေး တာဝန်တွေကိုတောင် လက်ခံကြတယ်လို့ ကြားဖူးတယ်... မစ္စယောင်... နောက်ပိုင်းမှာ သတိ ထားပါဦး... အဲဒီဘက်ကို တစ်ယောက်တည်း မသွားပါနဲ့..."

သူမကို သတိပေးလိုက်သည်ကို ကြားရသည့်အခါ ယောင်ရန် မျက်ခုံးပင့်လိုက်မိလေသည်။ သူ၏ ဝတ်စုံ ကို စိုက်ကြည့်ရင်း သူမက မေးလိုက်လေသည်။

"ဒါဆို အစ်ကိုကကော အဲဒီမှာ ဘာလုပ်နေတာလဲ..."

ယွမ်ရီဟွေးသည် သူမ၏ မေးခွန်းကြောင့် အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ပြန်လည် ဖြေလိုက် လေတော့သည်။

"ရိက္ခာတွေ သယ်ယူပို့ဆောင်ဖို့အတွက် လူတွေကို ငှားလို့ ရမလားလို့ သွားကြည့်တာပါ..."

All Chapters