← Chapters

အခန်း ၂၇၉

Vol. 20 Ch. 279

အခန်း ၂၇၉

Vol. 20 Ch. 279

အပိုင်း(၂၇၉) သရုပ်မှန်ကို စမ်းသပ်ခြင်း၊ ဧကရာဇ်ကို မစော်ကားနဲ့

"လီရှောင်က.. ကျိမိသားစုရဲ့ ချီလင်သားတော်ကို ကြိုဆိုပါတယ်။"

"ကျေးဇူးပြုပြီး ယွမ်ယန်နယ်ပယ်ထဲဝင်ပါ။ မျိုးနွယ်စု(၅)ခုအတွက် နေရာတွေ ပြင်ဆင်ထားပြီးဖြစ်လို့ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဘိုးဘေးက တံခါးပိတ်ကျင့်ကြံခန်းကနေ ထွက်လာတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပပါမယ်။"

လီရှောင်က ပြုံးလျက်ဦးညွှတ်လိုက်ပြီး ဦးညွှတ်လိုက်ချိန်တွင် သူ၏ ရွှေရောင်ဝတ်ရုံ အင်္ကျီလက်များ ခေါက်သွားကာ သူ၏ကိုယ်ဟန်မှာ သေလုနီးပါးဖြစ်ခဲ့ရသည်ကို မေ့သွားသကဲ့သို့ပင်။

မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲက ကောင်းကင်ပြည်နယ်၏ အတက်အကျနှင့် အမြဲပင် ကြီးပွားချမ်းသာနေသော ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်မိသားစု(၄)ခု ရှင်သန်နိုင်ရေးတို့အတွက် အရေးအကြီးဆုံး ကိစ္စဖြစ်သည်။

ကိုယ်ရေးကိုယ်တာ ရန်ငြိုးများက မိသားစု၏အကျိုးစီးပွား နောက်ကွယ်မှာသာ ရှိနေရမည်။ လီရှောင်က မတရားသလို ခံစားသော်လည်း မိသားစုခေါင်းဆောင်အနေဖြင့် မည်သည့်အရာက အရေးကြီးပြီး မည်သည်က အရေးမကြီးကြေင်းကို သူ အတိအကျ သိသည်။

"ဘာလဲ... မင်းတို့အားလုံးက ငါ့ကို လောဘတကြီးနဲ့ ကြည့်နေကြတာလား။ ငါ့ကို မကြိုဆိုကြဘူးလား။"

ကျိဝူရွှမ်က ခြင်များကို မောင်းထုတ်သကဲ့သို့ အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ၏လမ်းကို ပိတ်ဆို့နေသော လီရှောင်ကို ဘေးသို့ဖယ်သွားစေသည်။ ထို့နောက် သူက လီမိသားစု ခြံဝင်းအတွင်း လမ်းလျှောက်ကာ အရာအားလုံးကို အလိုရှိသလို လေ့လာနေပုံရသည်။

လီမိသားစု၏ ထူးချွန်သောလူငယ်မျိုးဆက်အချို့က သူ့အကြည့်ကို နောက်မဆုတ်ဘဲ ရင်ဆိုင်ရဲသည်ကို မြင်သောအခါ ရင့်ကျက်မှုမရှိသေးသူများက ဘေးဘက်သို့ ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်ကြသည်။

ကောင်းကင်ပြည်နယ်တွင် လီမိသားစုဝင်တိုင်းက နဂါးတစ်ကောင်ကဲ့သို့ဖြစ်ပြီး မျိုးနွယ်စုဝင်များ အားလုံးသည် ဘိုးဘေးများထံမှအမွေရရှိထားသော ရှေးဟောင်းလူသားစရိုက်များ ပိုင်ဆိုင်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။

"အခု ငါတို့တွေ မျက်နှာချင်းဆိုင် ဆုံမိပြီဆိုတော့ မင်းတို့ရဲ့ ဂုဏ်သတင်းတွေက မင်းတို့ကို ယုံကြည်မှု မပေးနိုင်တော့ဘူးမလား။"

"ငါ့ကို ပြောစမ်းပါ။ မင်းတို့ကို ငါ အပြစ်မတင်ပါဘူး။"

လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျိဝူရွှမ်က သူ၏စစ်သားများကို စစ်ဆေးနေသော တပ်မှူးတစ်ဦးကဲ့သို့ လီမိသားစု၏ လူငယ်မျိုးဆက်များကြားတွင် လမ်းလျှောက်သွားပြီး သူ၏အမူအရာနှင့် အပြုအမူကို အပြည့်အဝ ထိန်းချုပ်ထားလေသည်။

လီရှောင်၏ မျက်လုံးများ အနည်းငယ် တုန်ခါသွားပြီး တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိသဖြင့် အအော်လိုက်သည်။

"လေးစားသမှုလေးတော့ ပြကြစမ်းပါ။ ကျိမိသားစုရဲ့ ချီလင်သားတော်က ကျင့်ကြံမှုမှာ ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ ကျင့်ကြံမှုမှာ အသက်ကြီးငယ် ခွဲခြားတာမရှိဘူး။ လမ်းခရီးက နီးချင်နီးမယ်၊ ဝေးချင် ဝေးမယ်။ ဒါပေမဲ့ အမြင့်ဆုံးအဆင့်ကို ရောက်တဲ့သူက ပထမပဲ။ ကျိမိသားစုရဲ့ ချီလင်သားတော်ကို ငါတို့ရဲ့ ဘိုးဘေးလို သဘောထားပြီး ဆက်ဆံသင့်တယ်။"

သတိပေးချက်မရှိဘဲ ပြောလိုက်သော ဤစကားများက ဒေါသထွက်နေပြီး သွေးပူနေသော အမျိုးသားများ၏ စိတ်ခံစားမှုများကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

လီကျောက်က တိုးတိုးလေး ဆဲဆိုလိုက်သည်။ "တောက်... သူက မထိုက်တန်ပါဘူး။"

"အိုး။"

"သွေးပူနေတဲ့လူတွေ တကယ် ရှိနေတာပဲ။"

ကျိဝူရွှမ်သည် စူးရှသော အာရုံခံနိုင်စွမ်းရှိပြီး ရုတ်တရက်ပင် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ လှည့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏ပုံရိပ်မှာ တလက်လက် တောက်ပနေပြီး ရှာဖွေရခက်လွန်းသဖြင့် အနီးအနားတွင်ရှိနေသော ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ကျင့်ကြံသူအချို့ပင် အနည်းငယ်မျှသော သဲလွန်စကို ဖမ်းမမိနိုင်ခဲ့ပေ။

ဖြောင်း။

ကျိဝူရွှမ် လီကျောက်အနားတိုးသွားပြီး လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ရှင်းလင်းပြတ်သားသော တောက်ပသည့် အနီရောင်လက်ချောင်းရာ (၅)ခုမှာ လီကျောက်၏ပါးပြင်ပေါ်တွင် စွဲထင်သွားလေသည်။

"ချီလင်သားတော်... သူ့အသက်ကို ချမ်းသာပေးပါ။" လီရှောင်က ထိတ်လန့်တကြား အော်လိုက်သည်။

"နောက်ကျသွားပြီ။"

ကျိဝူရွှမ်က ပြုံးလိုက်ပြီး ကြွေလိုဖြူဖွေးနေသော သွားများက အေးစက်သော အလင်းရောင်ကို ရောင်ပြန်ဟပ်နေလေသည်။ ရုတ်တရက် သူက လီကျောက်၏လည်ပင်းကို ဆွဲကိုင်ကာ လေထဲသို့ မြှောက်တင်လိုက်ပြီး လီကျောက်၏ ဝိညာဉ်စွမ်းအားကို ချက်ချင်း ပိတ်ဆို့လိုက်သည်။

လက်က တဖြည်းဖြည်း တင်းကျပ်လာသည်နှင့်အမျှ လီကျောက်၏မျက်နှာ နီရဲလာပြီး မုဆိုးဖမ်းမိသော ရွှံ့ငါးတစ်ကောင်ကဲ့သို့ နာကျင်စွာရုန်းကန်ရင်း ညည်းတွားနေလေသည်။ လီမိသားစု၏ ဂုဏ်သိက္ခာရှိသော ဒုတိယမျိုးဆက် ခေါင်းဆောင်မှာ ယခုအခါ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဘဲ သူ၏အသက်မှာ ဆံချည်မျှင် တစ်မျှင်ပေါ်တွင် တွဲလွဲခိုနေလေသည်။

ထို့ပြင် ၎င်းမှာ…

ကျိဝူရွှမ်သည် ကစားလိုသောစိတ်ဖြင့် လီကျောက်ကို ချက်ချင်းမသတ်ဘဲ တဖြည်းဖြည်း နှိပ်စက်ရန် တမင်တကာ ရွေးချယ်ခဲ့ခြင်းကြောင့်သာ အခြားသူများကို သတိပေးသည့် အကျိုးသက်ရောက်မှုကို ရရှိသွားခြင်း ဖြစ်သည်။

"ငါက လီမိသားစုရဲ့ အကြီးအကဲပါ။ လီကျောက်ရဲ့ ကိုယ်စား တောင်းပန်ပါတယ်။ မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲက နီးကပ်နေပြီ။ လီကျောက်ရဲ့အသက်ကို လောလောဆယ် ချမ်းသာပေးလို့ ရမလား။" လီယွမ်ခုံးက အလျင်စလို ပြောလိုက်သည်။

ကျိဝူရွှမ်က မျက်ခုံးပင့်လိုက်ပြီး မတုန်မလှုပ်ဘဲ လီကျောက်ကို ကိုင်ထားဆဲပင် ဖြစ်သည်။ သူ၏ လက်ချောင်းများကြားမှ တာအိုအနှစ်သာရ အနည်းငယ် ယိုစိမ့်ထွက်လာပြီး လောကတွင် အထက်မြက်ဆုံး ဓားတစ်လက်ကဲ့သို့ လီကျောက်ကို တဖြည်းဖြည်း ခွဲစိတ်ကာ သူ၏ဝိညာဉ်ကို တဖြည်းဖြည်း ဖျက်ဆီးပြီး သူ၏ကျင့်ကြံမှုနှင့် တာအိုအသီးအပွင့်ကို တစ်လက်မချင်းစီ ကုတ်ခြစ်ပစ်နေလေသည်။

"ကောင်းကင်ကိုကျူးကျော်လို့ မရဘူး။ ဧကရာဇ်ကို စော်ကားလို့ မရဘူး။ မင်းတို့ နားမလည်ဘူးလား။"

"လီမိသားစုကို ပညာရှိတွေရဲ့ဇာတိမြေအဖြစ် သိကြတယ်။ သူတို့ရဲ့ဘိုးဘေးက သူ့ကိုယ်သူ ပညာရှိ တစ်ယောက်ရဲ့ တပည့်အဖြစ် အမြဲတမ်းသတ်မှတ်ပြီး သူ့ရဲ့ တိုက်ရိုက်မျိုးဆက်တွေကို စည်းကမ်းတွေနဲ့ ယဉ်ကျေးမှုတွေကို သွန်သင်ပေးခဲ့တယ်။ ဒီနှစ်တွေအားလုံး သွန်သင်ပေးခဲ့ပြီးတော့ ဘယ်လိုလုပ် မောက်မာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့အရာမျိုး ထွက်လာတာလဲ။"

ကျိဝူရွှမ်၏မျက်လုံးများ အေးစက်နေပြီး လှောင်ပြောင်လိုက်သည်။

"ဒီလိုဆို ဘယ်လိုလဲ။ လီရွှမ်ကျင်းကို ငါ သင်ခန်းစာပေးမယ်၊ လီမိသားစုရဲ့ လူငယ်မျိုးဆက်တွေကိုလည်း သင်ခန်းစာပေးမယ်။ ညင်ညင်သာသာ ဖျောင်းဖျနေရုံနဲ့ အသုံးမဝင်တော့ဘူး။ ပြင်းထန်တဲ့ နည်းလမ်းတွေကို သုံးရမယ်။"

"ဒီလိုမျိုးပေါ့။"

သူ၏လက်ငါးချောင်း စုသွားသည်နှင့်အမျှ လီကျောက်၏ ရုန်းကန်နေမှုများ ရပ်တန့်သွားပြီး၊သူ၏ မျက်ဆံများ သွေးရဲလာကာ ပါးစပ်အနည်းငယ်ပွင့်သွားပြီး သူ၏နဖူးတွင် သွေးထွက်နေသော ဒဏ်ရာတစ်ခု ပေါ်လာလေသည်။

အသိဉာဏ်ပင်လယ်ထဲတွင် တည်ရှိနေသော နတ်ဘုရားဝိညာဉ် သတ်ဖြတ်ခံလိုက်ရပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏အသက်ဝင်မှု လုံးဝပျက်စီးသွားလေသည်။

ဘုတ်…

လီကျောက်၏လည်ပင်း ကျိုးသွားပြီး သူ၏ခေါင်းနှင့်ခန္ဓာကိုယ် ကွဲကွာသွားကာ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေသည်။

သွေးများက စမ်းရေပန်းလို ပန်းထွက်လာပြီး ကျိဝူရွှမ်၏မျက်နှာတစ်ဝက်ကို အနီရောင် ဆိုးလိုက်သvdk ဖြစ်သွားစေကာ သူ့ကို နတ်ဆိုးတစ်ဝက် နတ်ဘုရားတစ်ဝက်နှင့် တူသွားစေပြီး အခြားသူများအားလုံးကို အကန့်အသတ်မရှိ မောက်မာမှုများဖြင့် အပေါ်စီးမှ ကြည့်နေလေသည်။

"လီ... ကျောက်..."

လီယွမ်ခုံးက မြေကြီးပေါ်ရှိ အလောင်းကို မယုံနိုင်စွာ ငေးကြည့်နေလေသည်။ အိုမင်းပြီး မှုန်ဝါးနေသော သူ၏မျက်လုံးများထဲတွင် ကြမ်းကြုတ်သောအရောင်တစ်ခု တဖြည်းဖြည်းပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။

"ကျေးဇူးပြုပြီး ဘိုးဘေး... ကြားဝင်ပေးပါ။ ဒီလူယုတ်မာကို အပြစ်ပေးပါ။"

လီမိသားစုတင်မကဘဲ လုံ၊ လင်းနှင့် ချူမိသားစုတို့ကလည်း မိသားစု(၅)ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အရေးကြီးဆုံးအချိန်တွင် ကျိဝူရွှမ်က လူတိုင်း၏မျက်စိရှေ့ လူသတ်ရဲလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် သူက ကိုယ့်လူကိုယ် ကာကွယ်တတ်သူအဖြစ် နာမည်ကြီးသော လီရွှမ်ကျင်း၏ မျိုးဆက်ကို သတ်ပစ်ခဲ့သည်။ မိသားစု(၄)ခုက သူ့ကို လုံးဝဆန့်ကျင်ပြီး ကျိမိသားစုနှင့် သူသေကိုယ်သေ တိုက်ခိုက်လာမည်ကို သူ တကယ် မစိုးရိမ်နေခြင်းပေလား။

လေထုမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားလေ၏။

လူတိုင်းက လီမိသားစုရွာဘက်ကိုကြည့်ကာ သူတို့၏ဘိုးဘေးများက ဂုဏ်သိက္ခာကို ကယ်တင်နိုင်မည်ဟု မျှော်လင့်နေကြသည်။

သို့သော် အချိန်အတော်ကြာ ကုန်လွန်သွားပြီး နောက်ဆုံး သစ်ရွက်တစ်ရွက် လွင့်ကျလာသည်။

လီမိသားစုဝင်များ အမှန်တရားကို သဘောပေါက်သွားသောအခါမှသာ သူတို့သည် ကြောက်ရွံ့မှုနှင့် ဒေါသများကို ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါနေလေသည်။

"ဟားဟားဟား..."

အရိုင်းဆန်ပြီး အကန့်အသတ်မဲ့ ရယ်မောသံတစ်ခု ထွက်ပေါ်လ၏။

ကျိဝူရွှမ်က လီယွမ်ခုံး၏ အိုမင်းနေသောမျက်နှာကို ရိုက်ချလိုက်ပြီး လလှောင်ပြောင်လိုက်သည်။

"မင်း လီရွှမ်ကျင်းကို ခေါ်နေတာလား၊ ဒါမှမဟုတ် လီယဲ့ကိုလား။"

"တစ်ယောက်က စာကြမ်းပိုး၊ နောက်တစ်ယောက်က သံမဏိလို စိတ်ဓာတ်ရှိတဲ့ ပန်းပဲဆရာ။ ကြည့်ကောင်းပေမယ့် အသုံးမကျတဲ့ အဘိုးကြီးနှစ်ယောက်ပဲ။ သူတို့တွေက မင်းအတွက် ရပ်တည်ပေးမယ်၊ အသက်တစ်ချောင်းအတွက် ငါနဲ့ သူသေကိုယ်သတိုက်ခိုက်ဖို့ သွေးထွက်သံယို လောင်းကစားတစ်ခုအတွက် မိသားစုရဲ့အသက်မွေးဝမ်းကျောင်းကို အရဲစွန့်လိမ့်မယ်လို့ မင်း တကယ်မျှော်လင့်နေတာလား။"

"မင်း သူတို့ကို အထင်ကြီးလွန်းနေပြီ။ ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ဘိုးဘေးလဲ။ အာဏာနဲ့ ခွန်အားရဲ့ ရှေ့မှာ နတ်ဘုရားတွေတောင်မှ မာနကိုချိုးဖျက်ပြီး လူသားတွေကို ဦးညွှတ်ရတယ်၊ ဒီအဘိုးကြီး နှစ်ယောက်ဆို ပိုဆိုးသေးတယ်။"

ယွမ်ယန်နယ်ပယ်အတွင်းမှ အကြည့်အချို့ ရောက်ရှိလာ၏။

လုံမိသားစု၏မိခင်ကြီး၊ အမြွှာညီအစ်မ၊ ချူမိသားစု၏ သူရဲကောင်း(၃)ဦး၊ မျိုးနွယ်စုဝင်(၁၀၀)နှင့် လင်းမိသားစုဝင်များအားလုံးက မည်သည့်ထင်မြင်ချက်မျှမပေးဘဲ စောင့်ကြည့်နေကြသည်။

ကျိဝူရွှမ်သည် မဆင်မခြင် ပြုမူတတ်သော လူရိုင်းတစ်ယောက် မဟုတ်ကြောင်း မည်သူမဆို သိနိုင်သည်။ သူ၏ ရုတ်တရက်လူသတ်မှုမှာ အကြောင်းပြချက်တစ်ခု ရှိရမည် ဖြစ်သည်။

မည်သည်ကြောင့် ထိုမျှ ဒုက္ခခံနေရကြောင်းကို မိသားစု(၄)ခုက အတော်လေး သိချင်နေကြသည်။

"ထူးဆန်းတယ်..."

ကျိဝူရွှမ်က ဂန္ထဝင်ဗီလိန်အပြုံးတစ်ခုကိုပြုံးလျက် သံသယရှိဖွယ်လူများကို ရှာဖွေရန် သူ၏ နတ်ဘုရားအာရုံက ချင်လွမ်ထျန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားစဉ် သူ၏မျက်လုံးထောင့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။

သို့သော် သူမျှော်လင့်နေသာပုံရိပ်က လုံးဝ ပေါ်မလာခဲ့ပေ။

"အဲဒီကောင်က ကြွားရတာကိုကြိုက်ပြီးတော့ အားနည်းတဲ့သူတွေဘက်က အမြဲတမ်း ရပ်တည်ပေးဖို့ အသင့်ရှိတယ်။ ယုတ္တိတန်တန်တွေးကြည့်ရင် သူသာ အဲဒီမှာ ရှိနေရင် ငါ လူသတ်တာကို တားဆီးမှာပဲ။"

"တကယ် ထူးဆန်းတယ်..."

ကျိဝူရွှမ်က အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်သဲလွန်စကိုမျှ မတွေ့ရသေးဘဲ ခေါင်းကုတ်လိုက်မိသည်။

၎င်းမှာ သရဲဇာတ်လမ်း တစ်ပုဒ်လိုပင်။

သူ့ဆုံးဖြတ်ချက်အပေါ် သူက အလွန်ပင် ယုံကြည်မှု ရှိနေခဲ့သည်။ အချိန်-နေရာလွတ် ဓားသူတော်စင် ထွန်းတောက်လာသည်ကို ကြည့်လျှင် ထိုသူ၏စရိုက်က အလွန်အမင်း ဖြောင့်မတ်ပြီး စိတ်အားထက်သန်သော အမျိုးအစားပင်။

အခြေအနေက မပြင်းထန်လောက်သေးဘူးလား။

ဟုတ်တယ်။ ငါ ပိုပြီးတော့ ရွံစရာကောင်းအောင် လုပ်ဖို့လိုတယ်။

"လီတိုင်ယွမ်... မင်း။ ပြီးတော့ လုံမိသားစုရဲ့ အမြွှာညီအစ်မနှစ်ယောက်၊ လင်းမိသားစု... မိန်းမလှ တစ်ယောက်လည်း ရှိတဲ့ပုံပဲ။ ချူမိသားစုမှာက အကိုင်းအခက် နည်းတယ်။ လူငယ်ထိပ်တန်းပုဂ္ဂိုလ်(၃)ဦးလို့ ခေါ်တဲ့ အမျိုးသားအဖွဲ့ဝင်(၃)ဦးပဲ ရှိတယ်။ မိန်းကလေးတွေ မရှိတာ နှမြောစရာပဲ။"

"ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကြိုတင်လိုအပ်ချက်ကတော့ ဒီမိန်းကလေးတွေအားလုံးကို အစေခံတွေ အလုပ်အကျွေးတွေဖြစ်ဖို့ ငါ့ကို ပေးရမယ်။"

ကျိဝူရွှမ်က အထူးယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်။

စောင့်ကြည့်နေသူများသည် သူ့ကို အနည်းငယ်နားမလည်နိုင်စွာဖြင့် ထူးဆန်းစွာ ကြည့်လိုက်ကြသည်။

ကျိမိသားစုရဲ့ ပါရမီရှင်က ဘာဖြစ်နေတာလဲ။ သူက ဘာလို့ အကြောင်းပြချက်မရှိဘဲ မိန်းကလေး တစ်ယောက်ကို အတင်းအကျပ် ပြန်ပေးဆွဲဖို့ ကြိုးစားနေရတာလဲ။ ရူးသွားပြီလား။

"အဟမ်း အဟမ်း..."

"တကယ်လို့ ချီလင်သားတော်က စိတ်ဝင်စားတယ်ဆိုရင် ဒီကိစ္စကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးသွားရင် ဆွေးနွေးလို့ရပါတယ်။ မိန်းကလေးတစ်ယောက် အရွယ်ရောက်လာရင် အိမ်ထောင်ပြုသင့်ပါတယ်။ ပြီးတော့ မိသားစု(၅)ခုကလည်း လိုက်ဖက်တဲ့အတွက် တော်တော်လေး သင့်လျော်ပါတယ်။ ဒါပေမဲ့... အခု ဒီအကြောင်း ပြောတာက မသင့်လျော်ဘူး မဟုတ်လား။" လီရှောင်က ပြောလိုက်သည်။

ကျိဝူရွှမ်သည် နားမလည်နိုင်စွာဖြင့် ခေါင်းကိုကုတ်လိုက်သည်။

ဒါက မယုံနိုင်စရာပဲ။ ငါ မုန့်ချင်ကျိုးကို အမြဲတမ်း အထင်လွဲနေခဲ့တာလား။ သူက တကယ်တမ်း မှော်ပညာမှာ ဆရာသခင်တစ်ယောက်များလား။

ချီးပဲ။ အဲဒီလို လုံးဝမထင်ရဘူး။

…

All Chapters