← Chapters

အခန်း ၂၈၁

Vol. 20 Ch. 281

အခန်း ၂၈၁

Vol. 20 Ch. 281

အပိုင်း(၂၈၁) ကြီးစိုးမှုမဟာဗျူဟာ၊ ဝင်ရောက်စွက်ဖက်ခြင်း

"ချူမိသားစုခေါင်းဆောင်နဲ့ အစီအစဉ်တစ်ခု ဆွေးနွေးထားတယ်။ ရှေးဟောင်း လူသားဧကရာဇ်ခေတ်က စနစ်ကို အခြေခံပြီးတော့ မိသားစု(၄)ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားမယ်။ ကျိမိသားစုက ခေါင်းဆောင်အဖြစ်နဲ့ ပုံစံတူမင်းဆက်စနစ်တစ်ခုကို တည်ဆောက်မယ်။ မိသားစု(၄)ခုက ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုနဲ့ ညီမျှပြီးတော့ ရှေးဟောင်းစနစ်ကို ဆက်ခံမယ်။ မင်း ဘယ်လိုထင်လဲ။"

ပေတစ်သန်းမြင့်မားပြီး ခမ်းနားသော ဓမ္မပုံရိပ်နှင့်အတူ လီရွှမ်ကျင်းက မြင့်မားသော ထိုင်ခုံတစ်ခုပေါ် မတ်မတ်ထိုင်ကာ ဆွေးနွေးရန် လိုအပ်နေသော်လည်း ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။ ဤသည်မှာ မိသားစု(၄)ခုအတွက် အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်ပြီး ညှိနှိုင်းရန်နေရာမရှိကြောင်း ထင်ရှားပေသည်။

မိသားစု(၄)ခုသည် လူသားဧကရာဇ်ခေတ်၏ မဏ္ဍိုင်လေးခုကို ဆက်ခံခဲ့ပြီး ရွှေခေတ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့က ထပ်မံ၍ မတိုးတက်နိုင်တော့သော်လည်း သူတို့၏လက်ထဲတွင် ကျဆင်းသွား၍ မရနိုင်ပေ။

တစ်ချိန်က ဂုဏ်ကျက်သရေရှိခဲ့သော မိသားစုတစ်ခုသည် စစ်ဆေးမှုများနှင့် ထိန်းညှိမှုများအောက်သို့ ရောက်ရှိသွားပြီ ၎င်း၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြားသူများက လုယူသွားသောအခါ၊ ၎င်းသည် ကျဆင်းခြင်း၏ ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်လေ့ရှိသည်။ မရေမတွက်နိုင်သော မျိုးဆက်များ ကုန်လွန်ပြီးနောက်တွင်ပင် မိသားစုကို ကျဆင်းစေခဲ့သော ထိုအဆင့်မြင့်အဖွဲ့ဝင်များက သူတို့၏မျိုးဆက်များ၏မုန်းတီးခြင်းနှင့် အရှက်ရစရာအဖြစ် သတ်မှတ်ခြင်းကို ခံရမည်ဖြစ်သည်။

လုံမိသားစု၏ မိခင်ကြီးနှင့် လင်းမိသားစု၏ ခေါင်းဆောင်တို့ နှစ်ဦးစလုံးက ထိုအကြံပြုချက်ကို အလွန် ကောင်းမွန်သည်ဟု ယူဆကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ဤသည်မှာ ကျိမိသားစု၏ဆန္ဒများကို ပြေလည်စေမည်ဖြစ်ပြီး စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခြင်းမှ တားဆီးနိုင်မည့်အပြင် မိသားစု၏ ခွန်အားအလုံးစုံကိုလည်း ထိန်းသိမ်းထားနိုင်ကာ ပြင်းထန်သော ထိခိုက်မှုများမှ ကာကွယ်နိုင်မည်ဖြစ်သည်။

ကျိဝူရွှမ် က လက်တန်းကို လက်ညှိုးဖြင့် ခေါက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားတာက လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ မိသားစု(၄)ခုရဲ့ ခေါင်းဆောင်ပိုင်းက ကျိမိသားစုဝင်တွေကို ဝင်ရောက်ခွင့်ပြုပြီးတော့ မိသားစုရဲ့ ဆုံးဖြတ်ပိုင်ခွင့်တစ်ဝက်ကို ရယူခွင့် ပေးရမယ်။"

ထိုစကားများက မိသားစု(၄)ခု၏ အဖွဲ့ဝင်များကို ဒေါသထွက်စေခဲ့သည်။

မိသားစုအတွင်းရှိ အဆင့်မြင့်ရာထူးတစ်ခုကို ရယူပြီး အာဏာ၏တစ်ဝက်ကို သိမ်းပိုက်ခြင်းက လွန်ကဲသော တောင်းဆိုချက်တစ်ခု ဖြစ်သည်။ ဤလှုပ်ရှားမှုမှာ အလွန်ပါးနပ်ပြီး မိသားစု(၄)ခုကို လုံးဝ လည်ပင်းညှစ်လိုက်ခြင်းပင်။ အနာဂတ်တွင် အာဏာရလာသည်ဖြစ်စေ မရလာသည်ဖြစ်စေ၊ မိသားစု(၄)ခုက ကျိမိသားစု၏ လက်အောက်တွင် ထာဝရရှိနေမည်ဖြစ်ပြီး ပြန်လည်နိုးထလာရန် အခွင့်အရေး ဘယ်တော့မှ ရရှိတော့မည် မဟုတ်ပေ။

၎င်းမှာ အလွန်ပင် ရက်စက်လွန်းလှ၏။

"မရဘူး။" ချူရှီရန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ဒီအခြေအနေက ပြင်းထန်လွန်းတယ်။ အဲဒီလိုဆိုရင်တော့ ငါတို့က ကျိမိသားစုနဲ့ သူသေကိုယ်သေ တိုက်ခိုက်ပြီးတော့ တကယ့်တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်တာ ပိုကောင်းမယ်။"

ချူမိသားစုသည် ရဲစွမ်းသတ္တိအတွက် အမြဲတမ်း လူသိများခဲ့ပြီး ၎င်း၏ တည်ထောင်သူမှာလည်း အမြော်အမြင်ရှိသူ ဖြစ်သည်။ သူတို့ကို ဧကရာဇ်လက်အောက်ရှိ အပြင်းထန်ဆုံး တိုက်ခိုက်ရေး အင်အားစုနှင့် ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုအနက် အစွမ်းထက်ဆုံးအဖြစ် ချီးကျူးခဲ့ကြသည်။ ဤမျှ မတရားသော စာချုပ်ကို သူတို့ မည်သို့ လက်ခံနိုင်မည်နည်း။

"လူငယ်လေး... မင်းရဲ့ပါရမီက ခေတ်အဆက်ဆက် ပြိုင်ဖက်ကင်းတယ်ဆိုပေမယ့် မိသားစု(၄)ခုလုံးမှာ သူတို့ရဲ့လျှို့ဝှက်လက်နက်တွေ ရှိတယ်ဆိုတာ မင်း သိထားသင့်တယ်။ တကယ်လို့ မင်းက အရမ်းအတင်းအကြပ် လုပ်လွန်းရင် ဗိုက်မပေါက်ကွဲမသားအောင် သတိထားပါ။" လုံမိသားစုမိခင်ကြီးက အေးစက်စွာ ပြောလိုက်သည်။

ကျိဝူရွှမ်က ပျင်းရိစွာ နောက်သို့မှီချလိုက်ပြီး ရယ်လိုက်သည်။

"ငါ့ရဲ့လိုအင်က အရမ်းကြီးလွန်းတယ်လို့ မင်း ထင်နေတာလား။"

"ဟီးဟီး..."

"အသက် နည်းနည်းပိုကြီးရုံနဲ့ လူငယ်တွေကို လှည့်စားဖို့ မကြိုးစားနဲ့။ လူသားဧကရာဇ်အုပ်ချုပ်တဲ့ ခေတ်တုန်းက ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုမှာ ဧကရာဇ်ကို နောက်လိုက်ပြီး ပထမဆုံး လူသားဧကရာဇ်က မသေနိုင်တဲ့ အခြေခံအုတ်မြစ်ကို တည်ထောင်ရာမှာ ကူညီပေးခဲ့တဲ့ ကုသိုလ်တွေ ရှိခဲ့တယ်။ အဓိက မိသားစုကြီး လေးခုကို မြေယာတွေ ပေးသနားခဲ့တာက မှန်ကန်ပါတယ်။"

"အခုတော့ အခြေအနေက လုံးဝဆန့်ကျင်ဘက် ဖြစ်နေပြီ။ မင်းတို့ မိသားစု(၄)ခုက ကျိမိသားစုရဲ့ ဆန့်ကျင်ဘက်ဘက်မှာ ရှိနေပြီးတော့ အင်အားနည်းနေတာက လုံးဝ အားနည်းချက် ဖြစ်နေတယ်။ မင်းတို့က ဘိုးဘေးတွေရဲ့ အခွင့်အရေးကို ဆက်ခံချင်နေသေးတာလား။ အဲဒါက စိတ်ကူးယဉ်နေတာပဲ။"

ကျိဝူရွှမ်သည်လည်း အလွန် ထက်မြက်သူ ဖြစ်သည်။ သူက မိသားစု(၄)ခု၏ သဘောသဘာဝကို အလွန် ရှင်းလင်းစွာ သိရှိထားပြီး အခြေအနေကို မည်သို့အကဲဖြတ်ရမည်ကို သိရှိထားသည်။

ခွန်အားကို တမင်တကာ ပြသခြင်းဆိုသည်မှာ အခြားသူများကို အသိဉာဏ်မဲ့စွာ အနိုင်ကျင့်ခြင်း မဟုတ်ဘဲ ညှိနှိုင်းရေးစားပွဲတွင် လိုအပ်သော ယုံကြည်မှုရှိခြင်းကို ဆိုလိုသည်။ မဟုတ်ပါက စစ်မြေပြင်တွင် ရရှိထားသော အားသာချက်များသည် ညှိနှိုင်းရေး စားပွဲတွင် တစ်ခဏချင်းအတွင်း လုံးဝဆုံးရှုံးသွားနိုင်သည်။

တစ်ဦးစီ၏ အကျိုးအမြတ်ကို အများဆုံး ရရှိစေခြင်းဖြင့်သာ ညှိနှိုင်းခြင်း၏တန်ဖိုး ရှိမည်ဖြစ်သည်။ အကယ်၍ မဟုတ်ပါက အဘယ်ကြောင့် ညှိနှိုင်းနေဦးမည်နည်း။ အောင်ပွဲက သေချာနေပြီဖြစ်ရာ တိုက်ရိုက်သာ တိုက်ခိုက်လိုက်ပေတော့မည်။

"ငါ မင်းတို့ အဘိုးကြီးတွေကို စကားပွဲထဲကနေ ပွင့်ပွင့်လင်းလင်း ပြောပြမယ်။"

"ဒီနေ့ မိသားစု(၄)ခုက အလျှော့ပေးမလား၊ ဒါမှမဟုတ်..."

"မျိုးနွယ်စု(၄)ခုလုံးက သမိုင်းမှတ်တမ်းတွေထဲကနေ လုံးဝရှင်းလင်းခံရမလား ဆိုတာပဲ။"

ရေခဲကဲ့သို့ အေးစက်သော ကျိဝူရွှမ်၏အသံ ဆုံးသွားသည်နှင့် အားကောင်းပြီး နက်ရှိုင်းသော အရှိန်အဝါများ ဆက်တိုက် ချင်လွမ်ထျန်းနယ်မြေ၏ နယ်စပ်မှ ပေါ်ထွက်လာလေသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ(၁၀)ဦး၏ တာအိုနိယာမများသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာပြီး ကောင်းကင်ယံနှင့် ကောင်းကင်ပြည်နယ်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေ၏။ တောက်ပနေသော နေမင်းကြီးက ဤစွမ်းအားအောက်တွင် မှေးမှိန်သွားပြီး ပုန်းအောင်းနေသော အင်အားကြီး ကျင့်ကြံသူ အများအပြားသည် ထိတ်လန့်သွားကြသည်။ မိုင်(၁၀၀)အတွင်းရှိ လရောင်ထွန်းလင်းနယ်ပယ် အောက်ရှိသူများမှာ ချက်ချင်း သေဆုံးသွားကြသည်။ သာမန်လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူများသည် သွေးများ ဆူပွက်လာသည်ကို ခံစားရပြီး သေလုနီးပါး ဖြစ်သွားကြသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦး ရောက်ရှိလာခြင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။

တစ်ခဏချင်းမှာပင် သတင်းက ကောင်းကင်ပြည်နယ် တစ်ခုလုံးကို ပြန့်နှံ့သွားပြီး အင်အားစုအားလုံးမှာ မိသားစု(၅)ခုက သူတို့ကို လုံးဝဆန့်ကျင်လာမည်ကို ကြောက်ရွံ့ကာ ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် ကောင်းကင်ပြည်နယ်၏ တစ်ဝက်ခန့်မှာ နစ်မြုပ်သွားနိုင်၏။

"သူရဲဘောကြောင်ပြီး ကိုယ်ကျိုးရှာတဲ့ ဂိုဏ်း(၁၈)ခုရဲ့ ခေါင်းဆောင်တွေလား။ သူတို့က ကျိမိသားစုကို တကယ်ပဲ လိုလိုလားလား အညံ့ခံလိုက်ပြီလား။" ချူရှီရန်၏အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။

လူအုပ်ထဲတွင် ရပ်နေသော မุန့်ချင်ကျိုးသည်လည်း ခမ်းနားသော ပုံရိပ်(၁၀)ခုမှ ထွက်ပေါ်လာသော အသက်ရှူကျပ်လောက်သည့် ဖိအားကို ခံစားလိုက်ရပြီး အနည်းငယ် အံ့အားသင့်သွားသည်။

"ကျိဝူရွှမ်မှာ ထူးခြားတဲ့ပါရမီ ရှိတဲ့အပြင်ကို ကျင့်ကြံမှုပါရမီထက်မလျော့တဲ့ ဉာဏ်ပညာနဲ့ မဟာဗျူဟာတွေလည်း ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။"

ဤစစ်ဆင်ရေးက အမေရိကန်ကြီးစိုးမှုနှင့် ဆင်တူသည်။ ပထမဦးစွာ လေယာဉ်တင်သင်္ဘောများကို နေရာချထားပြီး ကမ်းရိုးတန်းကို ခြိမ်းခြောက်ကြည့်ရှုနေသည်။ ထို့နောက်တွင် ခြိမ်းခြောက် ညှိနှိုင်းမှုများလုပ်ရန် အရာရှိများကို စေလွှတ်သည်။ သဘောတူညီချက် မရလျှင် စစ်တိုက်ပေမည်။

အကယ်၍ သဘောတူညီချက် ရနိုင်မည်ဆိုလျှင် ထိုနေရာတွင် တပ်များချထားပြီး ရန်သူ၏အာဏာကို လုံးဝပိတ်ဆို့ချုပ်နှောင်ထားပေမည်။

အရာရာချောမွေ့သွားလျှင် သူတို့က အချိုရည်တိုက်ပြီး တဖြည်းဖြည်း ပိုသန်မာလာအောင် ကူညီရန် မူဝါဒပိုင်းဆိုင်ရာ ထောက်ပံ့မှုနှင့် အကူအညီအမျိုးမျိုး ပေးလိမ့်မည်။ သူတို့က ရန်သူကို ထိန်းချုပ်သည့်အပြင် လူများ၏နှလုံးသားကိုပါ သိမ်းပိုက်နိုင်ပြီး ကမ္ဘာနှစ်ခုလုံး၏ အကောင်းဆုံးကို ရရှိပေလိမ့်မည်။

"မဖြစ်ဘူး။ ဒီအတိုင်း ဆက်သွားနေရင် မိသားစု(၄)ခုက အလျှော့ပေးသွားဖို့ အရမ်းများတယ်။"

"အခြေအနေကို ရှုပ်ထွေးအောင်လုပ်ဖို့ နည်းလမ်းတစ်ခု ရှာကြည့်မယ်။"

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးနောက် မိသားစု(၄)ခု၏ ခေါင်းဆောင်များ တိတ်ဆိတ်နေစဉ် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။

"ဟူး။"

"သခင်လေးကျိက တကယ့်ကို ပညာရှိပြီး ရဲရင့်တာပဲ။ အနာဂတ်မှာ ထီးနန်းတက်ပြီးတော့ ဧကရာဇ် ဖြစ်လာမယ့်သူနဲ့ ထိုက်တန်ပါတယ်။"

အသံက ကြီးမားသော သဘာဝလွန်စွမ်းအားဖြင့် ပြန့်လွင့်သွားပြီး လူတိုင်း၏နားထဲ ပဲ့တင်ထပ်သွား၏။

လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။

"မင်းက ဘယ်သူလဲ။" ကျိဝူရွှမ်က သူ့ကို စူးစိုက်ကြည့်လိုက်ရာ ထိုလူကို မြင်ဖူးသလို မှုန်ဝါးဝါး ခံစားလိုက်ရသော်လည်း ယခင်က မည်သည့်နေရာတွင် မြင်ဖူးကြောင့် မမှတ်မိတော့သဖြင့် မေးလိုက်သည်။

"ကျွန်တော်က သခင်မလေးလီတိုင်ယွမ်ရဲ့ နောက်လိုက်တစ်ယောက်ပါ။ ကျွန်တော့်နာမည်ကတော့ ပြောဖို့ မထိုက်တန်ပါဘူး။" မုန့်ချင်ကျိုးက ပြုံးလျက် ပြောလိုက်သည်။

နောက်လိုက် ဟုတ်လား...

ကျိဝူရွှမ်က အော်လိုက်သည်။ "ဒီကနေ ထွက်သွားစမ်း။ မင်းမှာ စကားပြောခွင့်တောင် ရှိလို့လား။"

အန္တရာယ်ကို အာရုံခံမိသော လီတိုင်ယွမ်က အလျင်စလို ထောက်ခံကာ၊ မုန့်ချင်ကျိုး၏အင်္ကျီကိုဆွဲပြီး အလျင်စလို ပြောလိုက်သည်။

"ဟုတ်တယ်။ ဒီမှာ ရှင် စကားပြောခွင့်တောင် ရှိလို့လား။ ထွက်သွား။"

မုန့်ချင်ကျိုးက ထင်းရှူးပင်ကဲ့သို့ ခိုင်မာစွာ ရပ်တည်နေပြီး မတုန်မလှုပ်ဘဲ အံ့သြဟန်ဆောင်ကာ ပြောလိုက်သည်။

"သခင်မလေး တိုင်ယွမ်... ဘာလို့ ကျွန်တော့်ကို တားနေတာလဲ။ ကျွန်တော်တို့ အားလုံးက သခင်လေး ကျိကို တွေးနေကြတာဆိုတော့ ရှေ့ထွက်ပြီး ချီးကျူးစကား နည်းနည်းလောက် ပြောသင့်တယ် မဟုတ်ဘူးလား။"

"ပြီးတော့ သခင်လေးကျိနဲ့ နှစ်ယောက်တည်းစကားပြောဖို့ သခင်မလေး အမြဲတမ်း ဆန္ဒရှိခဲ့တာ မဟုတ်ဘူးလား။ ဒါ အရမ်းကောင်းတဲ့ အခွင့်အရေးပဲ။"

လီတိုင်ယွမ် အလွန်ထိတ်လန့်သွားသဖြင့် နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်များ အားလုံး ပြင်းထန်စွာ နာကျင်သွားပြီး မုန့်ချင်ကျိုးကို ဓားနှင့်ထိုးသတ်ချင်စိတ် ပေါက်သွားလေသည်။

တကယ်ပါပဲ။

သူ့ကို မယုံခဲ့သင့်ဘူး။ သူက အခြေအနေကို ပိုဆိုးအောင် လုပ်နေတာပဲ။

"နေပါဦး..."

"မင်းက လီတိုင်ယွမ်ရဲ့ နောက်လိုက်လား။" ကျိဝူရွှမ် ရုတ်တရက် သတိရသွားသည်မှာ ဤလီမိသားစု၏ ဆက်ခံသူက ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင် ပြောခဲ့သော လက်ထောက်ဖြစ်ကြောင်းပင်။

ဧကန္တ..

ကောင်းကင်ကြည့်ဆောင်ရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒီနောက်လိုက်က မီးလောင်ရာလေပင့်ဖို့နဲ့ မိသားစု (၄)ခုကို မြန်မြန်နှိမ်နင်းဖို့အတွက် ကူညီပေးဖို့ တမင်တကာ ရှေ့ထွက်လာတာများလား။

"ငါ လုပ်စရာ တခြားဘာမှ မရှိတော့ဘူးဆိုတော့ မင်းပြောတာကို နားထောင်ရတာ ကောင်းလိမ့်မယ်။" ကျိဝူရွှမ်၏သဘောထားမှာ ၁၈၀ဒီဂရီ လုံးဝပြောင်းလဲသွားပြီး ကြင်နာစွာ ပြုံးပြလိုက်သည်။

ဤမျှပင်။

လီတိုင်ယွမ်၏အမြင်အာရုံ အမည်းရောင်များ ဖုံးလွှမ်းသွားပြီး ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။

သူ တားချင်ခဲ့သော်လည်း နောက်ကျသွားလေပြီ။

အနက်ရောင်ဝတ်လူငယ်က ယုံကြည်မှုရှိသော အပြုံးဖြင့် လူတိုင်း၏ အကြည့်အောက်တွင် ကျွမ်းကျင်စွာ ပြောဆိုလိုက်သည်။

"သခင်လေးကျိရဲ့ မဟာဗျူဟာက အပြစ်အနာအဆာကင်းတယ်။ အင်အားကြီး ပုဂ္ဂိုလ်(၁၀)ယောက်ကို အခွင့်ကောင်းယူပြီးတော့ အခြေအနေတွေကို အရမ်းပြင်းထန်အောင် တမင်တကာ သတ်မှတ်လိုက်တယ်၊ အဲဒါက မိသားစုခေါင်းဆောင် (၄)ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစစ်တွေကို မြင့်တက်သွားစေတယ်။ သူ့ရဲ့ နောက်တစ်ဆင့်က တွန့်ဆုတ်နေသယောင် ဟန်ဆောင်ပြီးတော့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ဖို့လို့ ခန့်မှန်းမိတယ်။ ဥပမာ အဆင့်မြင့်ရာထူးတွေရဲ့ ၃၀%ကိုပဲ သိမ်းပိုက်ပြီး သြဇာလွှမ်းမိုးမှု အနည်းငယ်ကို ရယူတာမျိုး၊ ဒါမှမဟုတ် ဘာသြဇာလွှမ်းမိုးမှုမှမလိုဘဲ ရိုးရိုးရှင်းရှင်း သိမ်းပိုက်ခွင့်ပြုတာမျိုး စသဖြင့်ပေါ့..."

"မိသားစု(၄)ခုရဲ့ ခေါင်းဆောင်တွေက ဒါကို ဓမ္မပုံရိပ်ဆီ ပို့လိုက်ပြီးတော့ ပြောမယ်။ "ဟေး၊ ဒါ မဆိုးပါဘူး။ အနည်းဆုံးတော့ ကျိမိသားစုက ခြေလှမ်းကြီးတစ်လှမ်း နောက်ဆုတ်ပေးလိုက်တယ်။ ပြီးတော့ အခြေအနေတွေလည်း ဆွဲဆောင်မှု ရှိတယ်။ ငါတို့ သဘောတူလိုက်မလား။ အင်အားကြီးတဲ့သူတွေက တခြားသူတွေကို အနိုင်ကျင့်နေတယ်၊။ အခြေအနေကလည်း ဒီလိုဆိုတော့ ငါတို့တွေ ခေါင်းငုံ့ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး။' ဆိုပြီးပေါ့။"

"ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်။ ကျိမိသားစုက ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းမြေ နှစ်ခုလုံးကို လုံးဝသိမ်းပိုက်ပြီး ကံကြမ္မာနဲ့အာဏာကို လုံးဝ ချုပ်ကိုင်ပြီးသွားရင် နောက်တစ်ဆင့်က ဘာဖြစ်သင့်လဲ။"

လီရှစ်က ဆက်ပြောသည်။ "လူသားဧကရာဇ်အဖြစ် ထီးနန်းတက်ဖို့လား။"

မုန့်ချင်ကျိုးက လက်ဖျောက်တီးကာ ကျေနပ်စွာ ပြုံးလိုက်သည်။ "ကွက်တိပဲ... မင်း မှန်တယ်။ မင်းက ဧကရာဇ်နေရာကို ရထားပြီ။ တကယ်လို့ မင်းက အဲဒီအခြေအနေမှာ ရှိနေမယ်။ ပြီးတော့ သူတို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူချင်တဲ့ သစ္စာဖောက်လက်အောက်ခံ(၄)ယောက် မင်းမှာ ရှိနေမယ်ဆိုရင် မင်း ဘာလုပ်မလဲ။"

လီရှစ် တစ်ခဏမျှ စဉ်းစားလိုက်ပြီး မဆိုင်းမတွ ပြန်ဖြေလိုက်သည်-။

"သေချာတာပေါ့ သူတို့ကို သတ်ပစ်မှာပေါ့။ ငါက လူသားဧကရာဇ် ဖြစ်နေပြီပဲ။ အကြံအစည်တွေ လှည့်ကွက်တွေ ထပ်လုပ်နေဖို့ လိုသေးလို့လား။ တကယ်လို့ သူတို့က သဘောမတူဘူးဆိုရင် ငါ သူတို့ကို သတ်ပစ်လိုက်မယ်။ လက်သီးက လုံလောက်အောင် ကြီးမားရင စည်းမျဉ်းအားလုံးကို လျစ်လျူရှုလို့ ရတယ်။"

မုန့်ချင်ကျိုးက နောက်ထပ်တစ်ခုခု ပြောချင်နေသေးသည်။

"နေဦး။ ခဏလေးနေပါဦး။"

ကျိဝူရွှမ်၏အပြုံး တဖြည်းဖြည်း အေးခဲသွားသည်။ သူ နားထောင်လေလေ တစ်ခုခု မှားယွင်းနေသလို ခံစားရလေလေဖြစ်သဖြင့် ချက်ချင်း ဝင်ရောက်နှောင့်ယှက်လိုက်သည်။

ဒါက ငါ့ကို ကူညီဖို့ လုပ်တာလား။ ဒါက ငါ သေအောင်လုပ်ဖို့ ကြိုးစားနေတာ ရှင်းနေတာပဲ။

"သွားပြီ။" လီတိုင်ယွမ်က မျက်လုံးများကိုအုပ်ကာ ငိုလုမတတ် ဖြစ်သွားသည်။ အဲဒီယွမ်စုတ်က သူလည်း ကောင်းကင်ကြည့်ဆောင်က အဖွဲ့ဝင်တစ်ယောက်လို့ ကျိဝူရွှမ်ထင်သွားအောင် ငါ့ရဲ့နာမည်ကို တမင်တကာ အသုံးချခဲ့တာပဲ။ ရက်စက်လိုက်တာ။ ဘယ်လောက်တောင် ယုတ်မာလိုက်လဲ။

အခြားအရာများကို လျစ်လျူရှုကာ မုန့်ချင်ကျိုးက သူ၏ ရှည်လျားသောဟောပြောချက်ကို ဆက်လက် ပြောဆိုခဲ့သည်။

"ပြီးတော့..."

"မိသားစု(၄)ခုက နောက်ထပ်အခြေအနေတစ်ခု ထပ်ထည့်သင့်တယ်။ ဥပမာ ကျိမိသားစုက ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းပြီးတဲ့နောက်မှာ ကျိဝူရွှမ် လူသားဧကရာဇ်အဖြစ် ထီးနန်းတက်တာကို တားဆီးဖို့အတွက် ကံကြမ္မာနဲ့အာဏာ တစ်စိတ်တစ်ပိုင်းကို မိသားစု(၄)ခုဆီ ခွဲဝေပေးရမယ်။ အဲဒီအချိန်ကျရင် သူက စဉ်းတီတုံးပေါ်ကငါးတွေလို ဖြစ်သွားပြီး၊ တခြားသူတွေရဲ့ သနားညှာတာမှုအောက် ရောက်သွားလိမ့်မယ်။"

ကျိဝူရွှမ်၏မျက်ခွံများ ပြင်းထန်စွာ တုန်ခါသွားသည်။ မိသားစု ခေါင်းဆောင်(၄)ယောက်ကို ကြည့်သည့် သူ၏အကြည့်များမှာ ပိုမိုထူးဆန်းလာပြီ တွေးတောနေသော အမူအရာတစ်ခုကိုပင် ဖော်ပြနေလေသည်။ ရုတ်တရက် သူက ဒေါသများ လွှမ်းမိုးသွားပြီး အော်လိုက်တော့သည်။

"ပါးစပ်ပိတ်ထားစမ်း။”

…

All Chapters