← Chapters

အခန်း ၂၈၄

Vol. 20 Ch. 284

အခန်း ၂၈၄

Vol. 20 Ch. 284

အပိုင်း(၂၈၄) မကောင်းဆိုးဝါးကို အတူနှိမ်နင်းဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်

လီရွှမ်ကျင်း၏ အကူအညီပေးသော စကားများကို မုန့်ချင်ကျိုး အနည်းငယ်မျှ မမျှော်လင့်ထားခဲ့ပေ။

သူသည် တစ်ဖက်လူ၏ သရုပ်မှန်ကို သိရှိထားသော်လည်း ကောင်းကင်ထောက်တိုင်နယ်ပယ်မှ ဝါရင့်ကျင့်ကြံသူ တစ်ဦးအနေဖြင့် ခိုင်လုံသောအထောက်အထား မပြနိုင်ပါက မည်သူကမျှ သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

အဆိုးဆုံးမှာ သူ၏ဂုဏ်သတင်း ညစ်နွမ်းသွားပြီး လျှို့ဝှက်ရည်ရွယ်ချက်ရှိသူများ၏ စုံစမ်းစစ်ဆေးမှုကို ခံရကာ သူ၏သရုပ်မှန် ပေါ်ထွက်လာခြင်း ဖြစ်နိုင်သည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က မုန့်ချင်ကျိုး၏ လုပ်ရပ်များနှင့် မိသားစု(၅)ခု၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ဆီးခဲ့မှုတို့ ပေါင်းလိုက်ပါက ကောင်းကင်ကြည့်ဆောင်က သူ့ကို အူလှိုက်သည်းလှိုက် မုန်းတီးနေသင့်သည်။

နန်းဆောင်သခင် (၁၀)ဦးအနက် တစ်ဦးဖြစ်သော လီရွှမ်ကျင်းက ဘာကြောင့် သူ့ကို ကူညီရမည်နည်း။

ဧကန္တ...

သူ့ရဲ့ ကောင်းကင်စောင့်ကြည့်သူ သရုပ်မှန် ဖော်ထုတ်ခံရတာက ထင်ထားတာထက် ပိုမိုကြီးမားတဲ့ သက်ရောက်မှု ရှိတဲ့ပုံပဲ။

ထူးဆန်းတယ်။

"ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်လို့ရပါတယ်။ ဒါပေမဲ့ အဓိကအချက်က ကောင်းကင်ပြည်နယ် ပေါင်းစည်းရေးပဲ။ ကံကြမ္မာနဲ့အာဏာ တစ်စိတ်တစ်ပိုင်းကို လုံခြုံရေးအတွက် မိသားစု(၄)ခုကို ခွဲဝေပေးမယ်။ တကယ်လို့ ကျိမိသားစုက သဘောတူရင် ငါတို့ အခု စာချုပ်ချုပ်လို့ရပြီ။"

အနည်းငယ် ဆွေးနွေးပြီးနောက်။

ချူရှီရန်က သူ၏ နောက်ဆုံးအခြေအနေကို တင်ပြလိုက်သည်။

"ညှိနှိုင်းစရာ မရှိတော့ဘူးလား။" ကျိဝူရွှမ်က သူ၏ဓမ္မပုံရိပ်ကို ရုပ်သိမ်းလိုက်သည်။ သူ၏ပုံရိပ်ကို မမြင်ရတော့သော ကျိမိသားစုပိုင် ကြယ်တာရာကောင်းကင်ထိုင်ခုံပေါ်တွင် သူက မရေမတွက်နိုင်သော မျက်လုံးများ၏ အကြည့်အောက်၌ မတ်တတ်ရပ်ကာ လက်ချောင်းထိပ်များကို အနည်းငယ် ပွတ်သပ်နေပြီး သူ၏ မျက်လုံးများမှာ မှုန်ဝါးကာ နက်နဲနေလေသည်။

"မရှိဘူး။" ချူရှီရန်က ခေါင်းခါလိုက်သည်။

ယွမ်ပြောသလိုပင် ကျိဝူရွှမ်က ပိုမြင့်သောနယ်ပယ်တစ်ခုကို ဝင်ရောက်သွားသည်နှင့် မိသားစု(၄)ခုက ခုခံရန်အခွင့်အရေး လုံးဝ ဆုံးရှုံးသွားလိမ့်မည်။ ကျိဝူရွှမ်၏ အတိတ်မှ အပြုအမူများကို ကြည့်လျှင် သူ့တွင် ပထမဆုံးဧကရာဇ်၏အမူအရာ နည်းပါးပြီး ရက်စက်သောနည်းလမ်းများ ပိုများနေသည်။

ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ အားလုံးက သူအသုံးချသော ကိရိယာများပင်။ အကောင်းဆုံးက သူတို့ကို ကျွန်ပြုမည်၊ အဆိုးဆုံးကတော့ သူတို့၏ မူဝါဒများကို ဖယ်ရှားပစ်မည် ဖြစ်သည်။

မျိုးနွယ်စု(၄)ခုနှင့် ကျိမိသားစုကြားတွင် ကာလရှည်ကြာ ရန်ငြိုးတစ်ခု ရှိသည်။ ဧကရာဇ်နှင့် ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုတို့ ပူးပေါင်းကာ ကျိရှီးယွဲ့ကိုဖိနှိပ်ပြီး ကောင်းကင်ပြည်နယ် ကံကြမ္မာအတွက် တိုက်ခိုက်ခဲ့ကြစဉ် သူ သေဆုံးခဲ့ရသည်။ သူတို့က နှစ်ပေါင်းများစွာ အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်ကြားရှိ အမုန်းတရားမှာ ဖြေရှင်းရန် ခက်ခဲလှသည်။ အကာအကွယ် ဆုံးရှုံးသွားသည်နှင့် ကျိဝူရွှမ်က သူနှင့် သေချာပေါက် စာရင်းရှင်းလိမ့်မည်။

ထိုသို့ဖြစ်မည့်စား အဆုံးထိ တိုက်ခိုက်ခြင်းက ပိုကောင်း၏။ အနိုင်အရှုံးက မသေချာသေးပေ။

"ကောင်းပြီလေ။"

ကျိဝူရွှမ်က တိုးတိုးလေး ရယ်လိုက်ပြီး ပခုံးများ အနည်းငယ် ကုန်းသွားလေသည်။ သူက မျက်နှာကို ဖုံးကွယ်ထားလိုက်ပြီး လက်ချောင်းများကြားမှ အရူးတစ်ပိုင်း မျက်လုံးတစ်လုံးကို ဖော်ပြနေလေသည်။ သူ၏ သွေးဆာနေပြီးနီရဲနေသော အကြည့်များက မိသားစု(၄)ခု၏ ခေါင်းဆောင်များအပေါ် စူးစိုက်ထားကာ ပြောလိုက်သည်။

"အဲဒီလိုဆိုရင်တော့ စစ်ပွဲကြီးတစ်ခု စလိုက်ကြတာပေါ့။"

"ငါ ရှင်မလား သေမလားဆိုတာက မင်းတို့ အားလုံးနဲ့ မင်းတို့ အားကောင်းသလား အားနည်းသလား ဆိုတာပေါ်မှာ မူတည်တယ်။"

"နှုတ်ဆက်ပါတယ်။"

ဤမျှပင်။

ကျိဝူရွှမ်က နောက်သို့လှည့်ကာ ထွက်သွားလေသည်။ သူ မထွက်ခွာခင် နောက်သို့ လှည့်ကြည့်ကာ မုန့်ချင်ကျိုးကို တိုးတိုးလေး ပြောလိုက်သည်။ "မင်း ကောင်းကောင်းပုန်းနေတာ ပိုကောင်းမယ်။ မဟုတ်ရင် ငါ မင်းကို ရှာတွေ့သွားလိမ့်မယ်။"

သို့သော် ထိုသူက မျက်မမြင်ဖြစ်နေပြီး နှုတ်ခမ်းလှုပ်ရှားမှုကို နားမလည်နိုင်ကြောင်း သတိရသွားရာ သူက ဒေါသတကြီးဖြင့် ခေါင်းကိုရိုက်လိုက်ပြီး တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားလေသည်။

စုချင်ချိုးက အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီးနောက် ဧကရာဇ်၏နားထဲသို့ တီးတိုး ပြောလိုက်သည်။

"ကျိဝူရွှမ်က သူ သခင်လေးကို သဘောကျတယ်။ ပြီးတော့လည်း သခင်လေးကို ဆက်ရှာနေမယ်လို့ ပြောသွားတယ်။"

"ဘာပြောလိုက်တယ်။"

မုန့်ချင်ကျိုး လန့်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းများပင် ထောင်သွား၏။

"တကယ်ပါ။ နှုတ်ခမ်းလှုပ်ရှားမှုကနေတစ်ဆင့် စိတ်ကူးယဉ်ဆန်ဆန်တောင် ဖော်ပြသွားသေးတယ်။ ဒါက တကယ့် အချစ်စစ်ပဲ ဖြစ်ရမယ်။ တိတ်ဆိတ်ပြီး နက်နဲတယ်။" စုချင်ချိုးက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး စိတ်ခံစားမှုများ ပြည့်နှက်နေလေသည်။

"ချီးပဲ... နန်တုံက သေတော့မယ်။"

မုန့်ချင်ကျိုး၏ မျက်နှာမှာ ချက်ချင်းပင် အလွန်အကျည်းတန်သွားလေသည်။

"..." လီတိုင်ယွမ်က ဤမြင်ကွင်းကို တိတ်ဆိတ်စွာစောင့်ကြည့်ရင်း တိုးတိုးလေး သက်ပြင်းချလိုက်သည်။ အခြေအနေက ဤအထိ ရောက်လာပြီဖြစ်ရာ ဤလူနှစ်ဦး၏သရုပ်မှန်ကို သူ မည်သို့ မသိဘဲ နေနိုင်မည်နည်း။

တောရိုင်းမြေမှ အချိန်-နေရာလွတ် ဓားသူတော်စင်နှင့် သူ၏အစေခံ။

သူကိုယ်တိုင် မမြင်ခဲ့ရသော်လည်း ကျိဝူရွှမ် တုံ့ပြန်မှုနှင့် စုချင်ချိုး တိတ်တဆိတ် ရေးမှတ်ထားသော မှတ်တမ်းများက ၎င်းကို အတည်ပြုနိုင်သည်။

ကောင်းကင်ကြည့်ဆောင်က ပေးအပ်ထားသောတာဝန် နောက်ဆုံးတွင် ကျရှုံးသွားခဲ့လေပြီ။

"ရှင်တို့နှစ်ယောက်က စကားပြောဖို့ အချိန်ရနေသေးတာလား။" လီတိုင်ယွမ်က ပြောလိုက်သည်။ "ရှင့်တို့ သရုပ်မှန်တွေ ဖော်ထုတ်ခံလိုက်ရပြီ။ ပြီးတော့ ထွက်ပြေးဖို့ စဉ်းစားမယ့်အစား၊ ပြဇာတ်တစ်ခု ကြည့်နေသလိုမျိုး လုပ်နေသေးတယ်ပေါ့။"

"တကယ်ကို ဂရုမစိုက်ကြဘူးပဲ။"

မုန့်ချင်ကျိုးနှင့် စုချင်ချိုးတို့ နှစ်ဦးစလုံး တည်ငြိမ်စွာ ပြုံးလိုက်ကြသည်။

စွန့်ပစ်နိုင်သော အတုအယောင် ခန္ဓာကိုယ်တစ်ခုက ဆုံးရှုံးမှုတစ်ခု ဖြစ်သော်လည်း စုချင်ချိုးအတွက်မူ မထွက်ခွာမီတွင် မုန့်ချင်ကျိုးက သူ့အား အချိန်-နေရာလွတ် နိယာမများ ပါဝင်သော ဓားအဆောင်တစ်ခု ပေးထားခဲ့ပြီး ၎င်းသည် သူ ဘယ်ရောက်နေနေ တိုက်ရိုက် ပြန်ခေါ်လာပေးနိုင်လေသည်။

ကောင်းကင်ကြည့်ဆောင် သို့မဟုတ် မသေသေးဘဲ အသက်ရှင်လျက် ရှိနေဆဲဖြစ်သော ရှေးဟောင်း နတ်ဘုရားများ သို့မဟုတ် ရေနက်ပိုင်းရှိမိကျောင်းများက လှုပ်ရှားလာခြင်း မရှိလျှင် သူတို့၏ တိုက်ခိုက်ရေး ခွန်အားကို အခြေခံ၍ ကောင်းကင်ပြည်နယ်တွင် သူတို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။

"အချိန်-နေရာလွတ် ဓားသူတော်စင်၊ မုန့်ချင်ကျိုး၊ ဟုတ်တယ်မလား။" ချူရှီရန်က ခေါင်းကို လှည့်ကာ အနက်ရောင်ဝတ် လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။

"ဟုတ်တယ်၊ မုန့်ချင်ကျိုး... အစေခံစုချင်ချိုးနဲ့အတူ မိသားစု(၅)ခုရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ ကောင်းကင်ပြည်နယ်ကို ရောက်လာတာ။" မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်သည်။

ချူရှီရန်က တစ်ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"တောရိုင်းမြေအတွက် အချိန်ဆွဲဖို့နဲ့ မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ဆီးဖို့လား။"

"မှန်တယ်၊။ ရည်မှန်းချက် အောင်မြင်သွားပြီ။ အားလုံးပဲ နှုတ်ဆက်ပါတယ်။ တစ်နေ့ ပြန်တွေ့တာပေါ့။"

မုန့်ချင်ကျိုးက လက်ယှက်ကာ နှုတ်ဆက်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

"နေဦး။"

ချူရှီရန်က ရှေ့မှလူကို အကဲခတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အဲဒီအစေခံမလေးက သူ့ဘာသာ ထွက်သွားချင်သွားလိမ့်မယ်။ ဒါပေမဲ့ သူ့ကို ငါတို့ မတားနိုင်ရင်တောင် ဒီအတုအယောင် ခန္ဓာကိုယ်ကိုတော့ ဒီမှာ ထားခဲ့ရမယ်။"

အခြားမိသားစုခေါင်းဆောင်များနှင့် မိသားစု(၄)ခုမှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးတွင် တောက်လောင်နေသော မျက်လုံးများ ရှိနေကြသည်။

ဤအဆင့်အထိ ရောက်လာသူများထဲတွင် မည်သူမှ ငတုံး မဟုတ်ပေ။ ကျိဝူရွှမ်၏ စကားများအရ အချိန်-နေရာလွတ် ဓားသူတော်စင်၏ အတုအယောင်ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားတစ်ပါး ရှိနေသည်ကို ကောက်ချက်ချနိုင်သည်။

နတ်ဘုရားဆိုသည်မှာ ကောင်းကင်တာအိုနှင့် သက်ဆိုင်သည်။ နတ်ဘုရားတစ်ပါး သေဆုံးသွားသည်နှင့် နတ်ဘုရားအနှစ်သာရက ကောင်းကင်တာအိုဆီ အလိုအလျောက် ပြန်ရောက်သွားသည်။ သို့သော် ယခုတွင် ခြွင်းချက်တစ်ခု ရှိနေပြီး ၎င်းရဲ့ သုတေသနတန်ဖိုးက အလွန်ပင် ကြီးမားလွန်းလှသည်။ နတ်ဘုရားများကို ကျွန်ပြုနိုင်ပြီး ၎င်းကို ကျိမိသားစုအား ဆန့်ကျင်တိုက်ခိုက်ရန် အသုံးပြုနိုင်လိမ့်မည်။ ကောင်းကင်ပြည်နယ်နှင့် တောရိုင်းမြေကို လွှမ်းမိုးနိုင်ရန်မှာ စကားသက်သက် မဟုတ်တော့ပေ။

"ဟေး၊ အဘိုးကြီး။"

"ရှင့်ရဲ့စကားက မှားနေတယ်။ ကျွန်မ ထွက်သွားနိုင်မှတော့ သခင်လေးရဲ့ ဒီအတုအယောင် ခန္ဓာကိုယ်ကလည်း ထွက်သွားနိုင်တာပေါ့။ ဘယ်အရာကများ ရှင့်ကို ဒီလောက် မောက်မာအောင် လုပ်ပိုင်ခွင့် ပေးထားတာလဲ။" စုချင်ချိုးက ပါးပြင်ကို သုတ်လိုက်ရာ သူ၏ မူလအသွင်အပြင်သို့ ပြန်ရောက်သွားလေသည်။ သူက ခါးထောက်ကာ မတ်တတ်ရပ်ပြီး ကျယ်ပြန့်သော ဘဲဥပုံမျက်လုံးများဖြင့် စူးရဲစွာကြည့်ကာ အော်ဟစ် ဆဲဆိုလိုက်သည်။

ထိုမြင်ကွင်းကိုမြင်ရာ မိသားစု(၄)ခုမှလူငယ်လေးများ အားလုံး၏ မျက်လုံးများ တောက်ပသွားသည်။

ဘယ်လောက်တောင် လှပလိုက်တဲ့ အမျိုးသမီးလဲ။

သူက တကယ်ပဲ အချိန်-နေရာလွတ်ဓားသူတော်စင်ရဲ့ အစေခံတစ်ယောက်လား။ ကံကောင်းတဲ့ကောင်ပဲ။

"အရမ်းလှတာပဲ၊ သူက အချိန်-နေရာလွတ် ဓားသူတော်စင်အတွက် ကုတင်ကိုနွေးအောင် လုပ်ပေးခဲ့ရမှာ သေချာတယ်။ နှမြောစရာပဲ။ လှပတဲ့ပန်းပွင့်လေးက နွားချေးပုံထဲ ရောက်နေရတယ်။" လူတစ်ဦးက ပေါင်ကို ရိုက်လိုက်သည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတာ အဓိပ္ပာယ်မရှိတာ။ သူက နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်း ဒါမှမဟုတ် အထွတ်အထိပ်မှာပဲ ရှိလောက်တယ်။ အဲဒီလိုမှ မဟုတ်ရင် သူက ဘာလို့ ပုန်းကွယ်ပြီး ကောင်းကင်ပြည်နယ်ထဲကို တိတ်တဆိတ် ဝင်လာရမှာလဲ။ သူက ကျိဝူရွှမ်ကို ဖိနှိပ်နိုင်စွမ်း တကယ်ရှိရင် သူ ကောင်းကင်ပြည်နယ်ထဲကို ဒီအတိုင်း ဝင်လာရုံနဲ့တင် မလုံလောက်ဘူး။" စုချင်ချိုးကို တပ်မက်နေသူ အချို့ကလည်း သဘောမတူစွာဖြင့် ပြောဆိုကြသည်။ သူတို့က စုချင်ချိုးသည် ကောင်းကင်ပြည်နယ်၏ မြို့ကြီးများမှ လူငယ်ပါရမီရှင်များကို မမြင်ဖူးသည့် တောရိုင်းမြေမှ အရိုင်းမလေး တစ်ယောက်ဖြစ်မည်ဟု ထင်နေကြသည်။

လီရှစ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သူ၏ကိုယ်ပိုင်လူများဖြင့် ဝိုင်းရံထားသည်ကို တွေ့ရှိသောအခါ ဆဲဆိုလိုက်သည်။

"နားမလည်ရင် ပါးစပ်ပိတ်ထားကြ။ အင်အားကြီးတယ်ဆိုရင်တောင် ကောင်းကင်ပြည်နယ်ကို ပွင့်ပွင့်လင်းလင်း ကျူးကျော်လာရင် ကျိမိသားစုကို ကူညီပြီးတော့ ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းဖို့ အကြောင်းပြချက် ပေးသလို ဖြစ်မနေဘူးလား။"

လူတိုင်း ဆွေးနွေးနေကြစဉ်…

စုချင်ချိုးက ဓားအဆောင်တစ်ခုကို ထုတ်ယူကာ လက်တစ်ဖက်ဖြင့် မုန့်ချင်ကျိုး၏ အင်္ကျီကို ဆွဲကိုင်ပြီး ၎င်းတို့ကို ချေမွကာ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအချိန်တွင် မုန့်ချင်ကျိုးက တိတ်တဆိတ် အားကောင်းသော လှုပ်ရှားမှုတစ်ခုကို အားဖြည့်နေပြီး သတိမထားမိသော လီတိုင်ယွမ်ကို ပစ်မှတ်ထားနေလေသည်။

ရုတ်တရက်။

ယဉ်ကျေးသိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ညီအစ်ကိုမုန့်... ခဏစောင့်ပါ။ ငါ ပြောစရာရှိတယ်။ ခင်ဗျား နားထောင်ပေးနိုင်မလား။"

လူတိုင်း အံ့အားသင့်သွားကြသည်။

လီရွှမ်ကျင်းက ပုံမှန်အမူအရာဖြင့် မတ်တတ်ရပ်လိုက်ရာ သူ၏ ကျယ်ပြန့်သောဝတ်ရုံလက်များက လေထဲတွင် လွင့်ဝဲနေလေသည်။ သူ၏မျက်လုံးထောင့်များတွင် အရေးအကြောင်းများ စုပုံနေပြီး သူက အနက်ရောင်ဝတ် လူငယ်ကို မျက်လုံးမှေးကာ ကြည့်နေလေသည်။

လှုပ်ရှားရန်ပြင်နေသော ချူရှီရန်၊ လုံမိသားစု၏မိခင်ကြီးနှင့် လင်းမိသားစု၏ ခေါင်းဆောင်တို့ အားလုံးမှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။

"ပြောပါ။" မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်သည်။

"ငါ ဒီစကြဝဠာကို တိတ်တဆိတ် ပြုပြင်ထားပြီးတော့ အချိန်-နေရာလွတ် နိယာမတွေကို ကန့်သတ်ပြီး သီးခြားဖြစ်အောင် လုပ်ထားတယ်။ မင်းက ကောင်းကင်နယ်ပယ်ကို ရောက်မှာပဲ ဖောက်ထွက်နိုင်မှာ..."

"ဒါပေမဲ့ အဲဒါ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်။ ဒါကြောင့် ထွက်ပြေးဖို့တောင် မစဉ်းစားနဲ့။"

လီရွှမ်ကျင်းက မုန့်ချင်ကျိုးဆီ ဖြည်းညှင်းစွာ လျှောက်သွားပြီး လက်ငါးချောင်းကို အနည်းငယ်ဆုပ်ကာ လေထဲမှ ဓားတစ်လက်ကို ဖန်တီးလိုက်ပြီး ပြောလိုက်သည်။

"မင်းက တောရိုင်းမြေတစ်ခုလုံးမှာ နာမည်ကြီးတဲ့ ပြိုင်ဖက်ကင်း ဓားသူတော်စင်တစ်ယောက်လို့ ငါ ကြားဖူးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါလည်း ဓားကို ကျင့်ကြံတယ်။"

"မင်းရဲ့လမ်းညွှန်မှုကို ငါ တောင်းခံချင်ပါတယ်။"

မုန့်ချင်ကျိုးက တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ပိုင်နက်အတွင်း၌ ပုံမှန်မဟုတ်သောအရာတစ်ခုခုကို အာရုံခံလိုက်မိသည်။ သူက စုချင်ချိုးကို အလောတကြီး မလုပ်ရန် ညွှန်ပြသည့် အနေဖြင့် တိတ်တဆိတ် လက်ပြလိုက်သည်။

လူတိုင်း စိတ်ရှုပ်ထွေးသွားကြ၏။

လီရွှမ်ကျင်း၏ ဓားအရှိန်အဝါ ကြီးမားလာသည်နှင့်အမျှ ဟိန်းဟောက်နေသော ဓားစွမ်းအင်သည် စကြဝဠာ တစ်ခုလုံးကို ပြည့်နှက်သွားပြီး ကောင်းကင်သို့ ရောက်ရှိနေသည့် ဧရာမဓားကြီးတစ်ခု၏ ပုံရိပ်သည် ရှေးခေတ်ကာလမှ ပစ္စုပ္ပန်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပုံရကာ ၎င်း၏ထက်မြက်မှုသည် ကောင်းကင်ယံဆီသို့ တည့်တည့် ချိန်ရွယ်ထားလေသည်။

ဝှစ်…

ဓားတစ်လက် ကျဆင်းလာ၏။

မုန့်ချင်ကျိုးက ရှောင်တိမ်းခြင်းမရှိဘဲ အနည်းငယ်သာ မျက်မှောင်ကြုတ်လိုက်သည်။

"သခင်လေး..." စုချင်ချိုး အနည်းငယ် ကြောက်လန့်သွားပြီး ဓားအဆောင်ကို ချေမွချင်ခဲ့သော်လည်း ဧကရာဇ်အပေါ် ယုံကြည်မှုကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။

ပြိုင်ဘက်က အားကောင်းသော ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သခင်လေး၏ အစစ်အမှန်ခန္ဓာကိုယ်က မရောက်သေးသည့်အတွက် သူတို့က သေချာပေါက် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

မည်သည်ကြောင့် မထွက်သွားမှန်း…

သူ နားမလည်နိုင်ခဲ့ပေ။

သို့သော် နောက်တစ်ခဏတွင် ဓားစွမ်းအင်က အသားကို ထိုးဖောက်သွားသည့်အသံ ထွက်ပေါ်လာပြီး သွေးများ နေရာအနှံ့သို့ ပက်ဖြန်းသွားကာ ခေါင်းသည် ရှေ့မှနောက်သို့ ဖောက်ထွင်းခံလိုက်ရပြီး အသိဉာဏ် ပင်လယ်နှင့် ဝိညာဉ်ကို တိုက်ရိုက်ချေမှုန်းပစ်ကာ ကျင့်ကြံမှုနှင့် တာအိုအသီးအပွင့်ကို ဖျက်ဆီးပစ်လိုက်သည်။

စကြဝဠာတစ်ခုလုံး တိတ်ဆိတ်သွားပြီး လုံးဝငြိမ်သက်သွား၏။

မရေမတွက်နိုင်သောလူများက ထိုမြင်ကွင်းကို မယုံနိုင်စွာ စိုက်ကြည့်နေကြပြီး သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူတို့၏လည်ချောင်းများ လှုပ်ရှားကာ ဂလုဂလုအသံများ ထွက်ပေါ်လာလေသည်။

စုချင်ချိုး၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။ "သခင်လေး။ ဒါက ဘာကြီးလဲ..။"

...

"ဘိုးဘေး၊ ဒါက ဘာ... ဘာအဓိပ္ပာယ်လဲ" လီတိုင်ယွမ်၏မျက်လုံးများ တဖြည်းဖြည်း အလင်းရောင် ကင်းမဲ့သွားပြီး၊ ပါးစပ်ထောင့်မှ သွေးများအန်ကျလာကာ နားမလည်နိုင်မှုနှင့် ကူကယ်ရာမဲ့မှုများဖြင့် ကြည့်နေ၏။

လီရွှမ်ကျင်းက ဓားကိုဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးများမှာ ရေခဲလို အေးစက်နေလေသည်။

"သဘောပေါက်ပြီ၊ အခု နားလည်သွားပြီ ထင်တယ်။" မုန့်ချင်ကျိုး တိုးတိုးလေး သက်ပြင်းချလိုက်သည်။

နှလုံးကွဲမတတ် နာကျင်မှုတစ်ခုက လီရွှမ်ကျင်း၏ မျက်လုံးတွင် ဖြတ်သန်းသွားသော်လည်း သူက ၎င်းကို ဖိနှိပ်ထားရန် အတင်းအကျပ် ကြိုးစားကာ ဒေါသတကြီး အော်လိုက်သည်။

"ငါက ကောင်းကင်ကြည့်ဆောင်ရဲ့ နဝမမြောက် နန်းဆောင်သခင် လီရွှမ်ကျင်းပဲ။ မကောင်းဆိုးဝါးကို နှိမ်နင်းဖို့အတွက် ငါနဲ့အတူပူးပေါင်းဖို့ မင်းတို့အားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါတယ်။"

စကားလုံးများ ကျဆင်းသွားသည်နှင့်အမျှ….

သေလုဆဲဆဲ ဖြစ်နေသော လီတိုင်ယွမ်သည် ရုတ်တရက် ကောင်းကင်ကို ဟိန်းဟောက်လိုက်ရာ သူ၏ ဆံပင်များ လွင့်ဝဲနေပြီး ကောင်းကင်ထောက်တို အလယ်အလတ်အဆင့် အရှိန်အဝါက မည်သည့်ဖုံးကွယ်မှုမှ မရှိဘဲ စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

အနက်ရှိုင်းဆုံးငရဲမှ မကောင်းဆိုးဝါးများ၏ အသံကဲ့သို့ အက်ရှပြီး ဟိန်းဟောက်နေသော အသံတစ်ခုက ထွက်ပေါ်လာသည်။

"ချီးပဲ…"

"လီရွှမ်ကျင်း... မင်းက ကောင်းကင်ကြည့်ဆောင်ကို သစ္စာဖောက်ရဲတယ်ပေါ့။”

…

All Chapters