← Chapters

အခန်း ၂၈၇

Vol. 20 Ch. 287

အခန်း ၂၈၇

Vol. 20 Ch. 287

အပိုင်း(၂၈၇) တုန်းမင်၏ အားနည်းချက်၊ ကောင်းကင်ဝိညာဉ်တူ

"ငါတို့ နိုင်မှာလား။"

"လုံးဝ ပိတ်ဆို့ခံထားလိုက်ရပြီ။"

"ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်က နတ်ဘုရား (၁၀၀)ကျော်ရဲ့ စွမ်းအားတွေကို ထိန်းချုပ်ထားတယ်။ အဲဒါတွေက အားနည်းတာတွေ ဖြစ်ပေမယ့် သူတို့ရဲ့ အားသာချက်က အရေအတွက် များပြားပြီးတော့ ပေါင်းစပ်အသုံးပြုလို့ ရတာပဲ။ ပြီးတော့ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်က ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အလယ်အလတ်အဆင့်မှာ ရှိနေပြီးတော့ ဘိုးဘေး(၃)ဦးက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ သူတို့က သူ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။"

လုံမိသားစုမှ အမြွှာညီအစ်မနှစ်ဦးက အခင်းအကျင်းကို ထိန်းချုပ်ကာ ဘေးမှနေ၍ ကူညီပေးနေစဉ် နဝမမြောက်နန်းဆောင်သခင်အတွက်မူ ခြင်ကိုက်ခံရသလို ဖြစ်နေပြီး စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း မထိခိုက်စေပေ။

လုံမြောင်ယင်က တစ်ခဏမျှ စဉ်းစားကာ အနက်ရောင်ဝတ်လူငယ်ကို ကြည့်ရင်း သူ့ဘာသာ တွေးလိုက်သည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်ကရော ဘယ်လိုလဲ။ သူက ကျိဝူရွှမ်နဲ့ ယှဉ်နိုင်တယ် မဟုတ်ဘူးလား။ သူက အကူအညီတစ်ခုခု ပေးနိုင်လောက်တယ်။"

လုံမြောင်ဟွာက လှောင်ပြောင်ကာ နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။

"သူက နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ တကယ်လို့ ငါတို့ တိုက်ခိုက်ရင် ငါ သူ့ကို လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်ထားနိုင်တယ်။ နောက်ဆက်တွဲ ဂယက်လှိုင်းတွေကြောင့် သူ မသေဖို့ပဲ ဆုတောင်းသင့်တယ်။"

"ဒါပေမဲ့ ဒါက သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘူးလေ။"

"ယွမ်ယန်နယ်ပယ်က ကောင်းကင်တာအို နိယာမတွေနဲ့ ပိတ်ဆို့ခံထားရတယ်။ သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်မှာ စွမ်းရည်တစ်ခုခု ရှိရင်တောင် သူ ဝင်လာလို့ မရဘူး။ ဘာအသုံးကျမှာလဲ။"

အမြွှာညီအစ်မများ၏ ငြင်းခုံမှုကြောင့် ထိုစကားကိုကြားသော အခြားသူများအားလုံး မျက်နှာပြာနှမ်းသွားသည်။

မှန်ပေသည်

ဘိုးဘေး(၃)ဦးသည် အားနည်းချက်ရှိသော အနေအထားသို့ ရောက်ရှိနေပြီး ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာများ ပြသနေသည်။ အလွန်ဆုံး အချိန်တိုအတွင်းတွင် ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင် သေချာပေါက် အနိုင်ရသွားလိမ့်မည်။ နောက်ဆုံးတွင် ယွမ်ယန်နယ်ပယ်ထဲတွင် ပိတ်မိနေမည့်သူများမှာ မိသားစု(၄)ခု၏ မျိုးဆက်များသာ ဖြစ်လိမ့်မည်။ သူတို့က သူတို့၏ကိုယ်ပိုင် ထောင်ချောက်ကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

"ချီးပဲ... လီရွှမ်ကျင်းက မတိုက်ခိုက်ခင် ဘာလို့ ငါတို့ကို အရင်ထွက်ခွင့်မပေးခဲ့တာလဲ။ သူက အရမ်း မဆင်မခြင် လုပ်ခဲ့တာပဲ။" လင်းမိသားစုခေါင်းဆောင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

ကောင်းကင်ယံတွင် ခိုင်မြဲစွာ ရပ်တည်နိုင်သော ကျင့်ကြံသူများကြား တိုက်ပွဲတွင် သူတို့က လုံးဝကို ကူကယ်ရာမဲ့ ဖြစ်နေကြသည်။ အကယ်၍ သူတို့သာ အနည်းငယ် နီးကပ်သွားပါက နောက်ဆက်တွဲ ဂယက်လှိုင်းများကြောင့် အမှုန့်ဖြစ်သွားလိမ့်မည်။ သေမင်းက တစ်လှမ်းချင်း နီးကပ်လာသည်ကို သူတို့ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ကြသည်။ ဤခံစားချက်မှာ ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားရသကဲ့သို့ဖြစ်ပြီး အလွန် နာကျင်ရလေ၏။

၎င်းနှင့်ပတ်သက်၍။

မုန့်ချင်ကျိုးက တည်ငြိမ်နေပြီး စုချင်ချိုးသည် တိုက်ပွဲအခြေအနေကို ပြောပြနိုင်စေရန် အကွာအဝေး တစ်ခုတွင် နေနေလေသည်။ ထို့နောက် သူ၏နတ်ဘုရားပိုင်နက်ကို အသုံးပြု၍ ဧရိယာကို စကင်ဖတ်ကာ တိုက်ပွဲကို စိတ်ထဲတွင် ပုံဖော်ကြည့်လေသည်။

[စစ်ပွဲစွမ်းအား] နှင့် [အသွေးအသားစွမ်းအား] ပေါင်းစပ်မှုသည် တကယ်တမ်း ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မသေနိုင်လုနီးပါး အခြေအနေအထိ မြှင့်တင်ပေးနိုင်ပြီး ၎င်းမှာ [ဟုန်းမုန့်ဖန်တီးခြင်းသွေးကြော]၏ အားနည်းသော ဗားရှင်းနှင့် ညီမျှသည်။

[ကပ်ဘေးစွမ်းအား] + [ကပ်ဆိုးစွမ်းအား]သည် ရန်သူများအပေါ် အပျက်သဘောဆောင်သည့် ထိခိုက်မှုများစွာကို ဖြစ်ပေါ်စေနိုင်ပြီး အကျိုးသက်ရောက်မှုများမှာ အဆပေါင်းများစွာ ထပ်နေကာ သူတို့၏ ထိခိုက်ပျက်စီးမှု ပမာဏကို များစွာတိုးမြင့်လာစေသည်။

[သတ်ဖြတ်ခြင်းစွမ်းအား] + [စစ်ရေးစွမ်းအား] + [ထိုးဖောက်ခြင်းစွမ်းအား]သည် တစ်ချက်တည်းဖြင့် သေစေနိုင်သော အဆုံးစွန်တိုက်ကွက် တစ်ခုနှင့် ညီမျှသည်။ အသက်အပြည့်သည် သတ်ဖြတ်ရန် သတ်မှတ်ချက် ဖြစ်သည်။

မုန့်ချင်ကျိုး၏ မျက်ခုံးများ ပြင်းထန်စွာ တုန်ခါသွားပြီး နှလုံးမှာ ဗုံတစ်လုံးကဲ့သို့ ခုန်ပေါက်နေလေသည်။

ချီးပဲ။

နတ်ဘုရားတွေရဲ့ စွမ်းအားကို ဒီလိုသုံးလို့ရနေတာပဲ။

ပေါင်းစပ်တိုက်ခိုက်မှု။

ငါ့နှလုံးသားတွေ တုန်ခါနေတယ်။ ငါ လိုချင်တယ်...

"ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်ကို သတ်လိုက်ရင် ဒီစွမ်းအားတွေကို စုပ်ယူနိုင်မလား..."

"မဖြစ်နိုင်ဘူး၊ အဲဒါ လုံးဝ မဖြစ်နိုင်ဘူး။ စနစ်က စွမ်းအားတွေကို စုပ်ယူဖို့ ကြိုတင်လိုအပ်ချက်က [နတ်ဘုရားအနှစ်သာရ]ကို ရယူဖို့ပဲလို့ ပြောထားတယ်။ ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်က နတ်ဘုရားတွေရဲ့ ဓမ္မပုံရိပ်တွေကို နားလည်သဘောပေါက်ရုံပဲ ရှိနေသေးတာ။ သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ စွမ်းအား အနည်းငယ်ကိုသာ အတုယူထားတာ။ အဲဒါကို စစ်မှန်တဲ့ စွမ်းအားလို့ သတ်မှတ်လို့ မရဘူး။"

"နှမြောစရာပဲ။"

မုန့်ချင်ကျိုးက နောင်တရစွာဖြင့် ခေါင်းခါလိုက်ပြီး အတော်လေး စိတ်ပျက်သွားလေသည်။

ထိုအရာက လုံးဝ အံ့မခန်းပင်။ အကယ်၍ နတ်ဘုရားများ၏ စွမ်းအား အကန်ုလုံးကို စုစည်းလိုက်လျှင် အချိန်-နေရာလွတ် နိယာမများထက် လျော့မနေသော စွမ်းအားများ ရှိလာပေလိမ့်မည်။

အကယ်၍ ထိုသို့သာဆိုလျှင် သူရောက်ရှိသော နယ်ပယ်တိုင်းတွင် ပြိုင်ဖက်ကင်း ဖြစ်လာမှာဖြစ်ပြီး သူ့နယ်ပယ်ကို ကျော်လွန်ပြီး တိုက်ခိုက်ခြင်းက ထမင်းစား ရေသောက်သလို လွယ်ကူလာလိမ့်မည်။ သူက ကျိဝူရွှမ်ကို နယ်ပယ်ကျော်လွန်ပြီး တိုက်ခိုက်ရလျှင်ပင် သားဖြစ်သူကို ရိုက်နှက်ခြင်းနှင့် ဘာမှကွာခြားမည် မဟုတ်ပေ။

"သခင်လေး။ သွားကြရအောင်။ ဒီမှာ သူတို့တွေ ခွေးတွေလို တိုက်ခိုက်ကြပါစေ။ အဲဒါက ကောင်းကင်ပြည်နယ်က မိသားစု(၅)ခုရဲ့ အခြေခံအုတ်မြစ်ကို အားနည်းသွားစေလိမ့်မယ်။" စုချင်ချိုးက ဓားအဆောင်ကို ထုတ်ယူကာ ဧကရာဇ်၏ ထင်မြင်ချက်ကို တောင်းခံလိုက်သည်။

မုန့်ချင်ကျိုး လက်ဝှေ့ယမ်းကာ ဓားအဆောင် ပြန်ချထားရန် ညွှန်ပြလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

"မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျရှုံးသွားပြီ။ ကျိမိသားစုနဲ့ မိသားစု(၄)ခုကြားက ပဋိပက္ခက လုံးဝကို ပြန်လည်သင့်မြတ်လို့ မရနိုင်တော့ဘူး။ ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားပြီ။ ဒီအချိန်မှာ ငါတို့က မိသားစု(၄)ခုရဲ့ ထိပ်တန်းကျင့်ကြံသူအရေအတွက်ကို လျှော့ချလိုက်ရင် အဲဒါက ကျိဝူရွှမ်အတွက် လက်ဆောင်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။"

"အင်အားစု နှစ်ခု ဟန်ချက်ညီမှပဲ ငါတို့ အချိန်ပိုရနိုင်မယ်။ အဲဒီလိုမှ မဟုတ်ရင် လီရွှမ်ကျင်းက ငါ့ကို ဒီမှာ ဘာလို့ အတင်းနေခိုင်းရတာလဲလို့ မင်း ထင်လဲ။ သူလည်း အဲဒီလိုပဲ တွေးနေလောက်တယ်။"

"ငါ ထင်တယ်။"

"လီရွှမ်ကျင်းက ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်ကို သတ်ဖို့ ငါ သူ့ကို ကူညီလိမ့်မယ်လို့ မျှော်လင့်ပြီး ငါ့အပေါ် ပုံအောထားတာပဲ။"

စုချင်ချိုးက နားလည်သလိုလိုနှင့် သေချာမသိသလို ဖြစ်နေသည်။ သူက နားလည်ဟန်ဆောင်ကာ ရှုပ်ထွေးစွာ ခေါင်းညိတ်လိုက်ပြီး ရှည်လျားပြီး ရှင်းလင်းသော "ဪ…" ဟူသည့် အသံတစ်ခု ပြုလုပ်ကာ "သဘောပေါက်ပြီ" ဟု ပြောလိုက်သည်။

မုန့်ချင်ကျိုးက ရယ်လိုက်ပြီး ဤကောင်မလေး လုံးဝနားမလည်ကြောင်း သေချာသိရှိသော်လည်း ဆက်လက်ရှင်းပြရန် ပျင်းရိသဖြင့် ပင်မခန္ဓာကိုယ်နှင့် ဆက်သွယ်ရန် ဆက်လက် လုပ်ဆောင်လေသည်။

သူတို့ ကောင်းကင်ပြည်နယ်ထဲ ဝင်လာသည်မှာ လဝက်လောက် ရှိနေလပြီ။

[ကောင်းကင်ဘုံသို့သွားရာလမ်း]၏ တိုးတက်မှုက ၁၈၀%သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ဘုံသို့ သွားရာလမ်း အလယ်အလတ်အဆင့်သို့ ရောက်ရန် ၂၀%သာ လိုတော့သည်။ (၁၀)က်ကျော်အတွင်း မဟာကျင်း တိုင်းပြည်သည် သူ့ကို တိုးတက်မှု တန်ဖိုး ၃၀%ခန့် ပေးစွမ်းခဲ့ပြီး ၎င်းမှာ အလွန်များပြားသောပမာဏ ဖြစ်သည်။

"ငါ့ရဲ့ အစစ်အမှန်တိုက်ခိုက်ရေးခွန်အားက ကောင်းကင်ထောက်တိုင် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ ပြီးတော့ ဒီကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်ထက် အများကြီး ပိုအားကောင်းလောက်တယ်။"

"ကျိဝူရွှမ်...ကို လက်တစ်ဖက်တည်းနဲ့ ငါ အလွယ်တကူ အနိုင်ယူနိုင်လောက်တယ်။"

"ဒါပေမဲ့ ဒီလူကို အလောတကြီး သတ်လို့ မရသေးဘူး။ ကောင်းကင်ကြည့်ဆောင်ကို မဖယ်ရှားနိုင် သေးသရွေ့တော့ သူက အမြဲတမ်း ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဦးမှာပဲ။"

မုန့်ချင်ကျိုးက တိတ်ဆိတ်စွာအာရုံခံလိုက်ရာ သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

နောက်ထပ် သုံးမိနစ်။

အချိန်-နေရာလွတ် ဓားအသိသည် အဝေးမှ ကူးစက်လာလိမ့်မည်။ အတုအယောင်ခန္ဓာကိုယ်နှင့် ပင်မခန္ဓာကိုယ်ကြားရှိ အားနည်းသော ဆက်သွယ်မှုမှတစ်ဆင့် စွမ်းအားတစ်စိတ်တစ်ပိုင်းကို ငှားရမ်းနိုင်ပြီး ၎င်းမှာ ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်အဆင့်၏ အစွမ်းကုန်တိုက်ခိုက်မှု တစ်ခုနှင့် အကြမ်းဖျင်း ညီမျှသည်။

တကယ်တမ်းတွင် လီရွှမ်ကျင်းက လီတိုင်ယွမ်၏ခေါင်းကို ဓားဖြင့် ထိုးဖောက်လိုက်ကတည်းက သူသည် ပင်မခန္ဓာကိုယ်နှင့် တိတ်ဆိတ်စွာ ဆက်သွယ်ပြီး ၎င်း၏ခွန်အားကို ငှားရမ်းနေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် မုန့်ချင်ကျိုးသည် စကးပြောစွမ်းရည်များကို အသုံးပြု၍ ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင်နှင့် အချိန်ဆွဲရန်သာ စကားများနေခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ပြည်နယ်ပယ်မှ ကောင်းကင်ကြည့်ဆောင်၏ ဌာနချုပ်ကို မရှာတွေ့သေးသရွေ့ အစစ်အမှန် ခန္ဓာကိုယ်သည် လောကကြီးတွင် ဘယ်သောအခါမျှ ပေါ်လာမည် မဟုတ်ပေ။ မဟုတ်ပါက ၎င်းသည် ကောင်းကင်ကြည့်ဆောင်၏ ဖမ်းယူခြင်းကိုခံရပြီး အချိန်တိုင်း ဖော်ထုတ်ခံရမည်ဖြစ်သည်။

သူ ကူညီခဲ့ရသည့် အကြောင်းရင်းက အရမ်းကို ရိုးရှင်းပေသည်။

မုန့်ချင်ကျိုးကလည်း ဤကောင်းကင်ကြည့်ဆောင်မှ နန်းဆောင်သခင်ကို သတ်ချင်ခဲ့ရာ ဤခရီးစဉ်မှာ ရည်မှန်းချက်နှစ်ခုကို အောင်မြင်ပြီးသား ဖြစ်သွားမှာဖြစ်ကာ ကောင်းကင်ကြည့်ဆောင် ဌာနချုပ်ကို ရှာဖွေရန် တာဝန်သာ ကျန်တော့မည် ဖြစ်ပေသည်။

...

...

[အမှောင်ညစွမ်းအား]

[အသိစိတ်နှင့် အာရုံငါးပါးလုံး အမှောင်ထဲတွင် ဖုံးလွှမ်းသွားပြီး လုံးဝမျက်ကန်း ဖြစ်သွားသည်]

နဝမမြောက်နန်းဆောင်သခင်၏အကြည့် အေးစက်နေပြီး ကောင်းကင်ထောက်တိုင်နယ်ပယ် ဘိုးဘေး (၃)ဦးစလုံးကို အမည်းရောင်ကန့်လန့်ကာတစ်ခုဖြင့် ဖုံးလွှမ်းသွားစေကာ အမှောင်ညစွမ်းအားကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်လေသည်။

တစ်ခဏချင်းမှာပင်။

လီရွှမ်ကျင်း၏ ဓားလမ်းကြောင်း လွဲသွားပြီး သူ၏ဦးတည်ရာနှင့်ဟန်ချက်ကို ဆုံးရှုံးသွားကာ ရှေ့သို့ ခလုတ်တိုက်မိသွားလေသည်။

ဘုန်း…

လီယဲ့က သံတူကိုမြှောက်ပြီး ချူရှီရန်၏ကျောကို ရိုက်ချလိုက်ရာ အရိုးများ ကျိုးကြေသွားပြီး အသားများ အရည်ပျော်သွားသကဲ့သို့ ကြောက်မက်ဖွယ်အသံတစ်ခု ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် ချူရှီရန်၏ လှံက လီယဲ့၏ပေါင်ကို ဖောက်ထွင်းသွားပြီး ခြေထောက်ကို လုံးဝ ပြတ်လုနီးပါး ဖြစ်သွားစေသည်။

"ဘုတ်…"

"ချီးပဲ။ အဲဒီလှည့်ကွက် ထပ်လုပ်ပြန်ပြီ။"

"တိုက်ခိုက်ဖို့ နည်းလမ်းမရှိတော့ဘူး။ ဒါက အပြင်းအထန် တိုက်ခိုက်နေတာထက်စာရင် တစ်ဖက်သတ် အရိုက်ခံရတာနဲ့ ပိုတူတယ်။"

ချူရှီရန်က မြေကြီးပေါ်တွင် ဒူးထောက်ကာ အသက်ပြင်းပြင်း ရှူနေလေသည်။ သူ၏ အနောက်ရှိ ဉာဏ်အလင်းစစ်နတ်ဘုရားက စုတ်ပြတ်သတ်နေပြီး ပြိုကျတော့မည့်ပုံ ပေါက်နေလေသည်။

"သူက ဘာစွမ်းအင်မှမကုန်ဘူးဆိုတာကို ငါ မယုံဘူး။ ရှေးဟောင်းနတ်ဘုရားတွေတောင်မှ သူတို့ရဲ့ စွမ်းအားတွေကို အကန့်အသတ်မရှိ အသုံးမပြုနိုင်ခဲ့ဘူး။"

"သူ့ရဲ့အသွင်အပြင်က ရိုင်းစိုင်းပေမယ့် ဒီကောင်က နတ်ဘုရားတွေရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားပြီးတော့ စွမ်းအား ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တယ်။ နတ်ဘုရားတွေရဲ့ ဘုရင်တောင် မလုပ်နိုင်တဲ့ အရာတစ်ခုပဲ။"

လီယဲ့က ခြေဆိုင်းကာ လျှောက်နေပြီး သနားစရာကောင်းလောက်အောင် သွေးများအန်နေလေသည်။

(၃)ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး မည်သည့်ခွန်အားမျှ မစုစည်းနိုင်တော့ပေ။ သူတို့ ယာယီဆုတ်ခွာပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်ထားသော်လည်း ခန္ဓာကိုယ်ပေါ်တွင် စုပုံနေသော အပျက်သဘော ထိခိုက်မှုများသည် သူတို့၏ တာအိုနိယာမများ၊ အသိစိတ်၊ အသွေးအသား နှင့် အတွင်းစကြဝဠာနေရာတို့ကို အဆက်မပြတ် တိုက်စားနေလေသည်။

အကယ်၍ ထိုထက်ပိုပြီး အချိန်ဆွဲနေမည်ဆိုလျှင် နဝမမြောက်နန်းဆောင်သခင်ကိုယ်တိုင် လှုပ်ရှားစရာ မလိုဘဲ သူတို့ ပျက်စီးသွားပေလိမ့်မည်။

"ထပ်တိုက်ကြမယ်။"

"လူကြီးမင်းတို့... အကယ်၍ မင်းတို့ ငါ့ကို ယုံကြည်ဖို့ဆန္ဒရှိရင် ငါနဲ့အတူ သူသေကိုယ်သေ တိုက်ကြ။ စစ်ကူတွေ သေချာပေါက် ရောက်လာလိမ့်မယ်။"

လီရွှမ်ကျင်းက ပြောလိုက်သည်။

သူက ယိုင်နဲ့ယိုင်နဲ့ မတ်တတ်ရပ်ပြီးနောက် မျက်လုံးနှစ်လုံးကို ကလော်ထုတ်ကာ လက်သီးဖြင့် ချေမွလိုက်ရာ အစအနများက အရောင်အသွေးစုံလင်သော ဓားသွားများကဲ့သို့ ပြန့်ကျဲသွားပြီး [အမှောင်ည စွမ်းအား]၏ အမှောင်ကန့်လန့်ကာကို လှီးဖြတ်သွားလေသည်။

မျက်လုံး၏ အပိုင်းအစတစ်ခုစီက နေမင်းတစ်စင်းကဲ့သို့ လွင့်မျောနေပြီး တောက်ပကာ အဆုံးမရှိသော အမှောင်ထုကို ဖယ်ရှားပေးလေသည်။

"မင်းမှာတောင် ဒီလောက်သတ္တိရှိရင် ငါက ဘယ်လိုလုပ် နောက်ကျန်ခဲ့နိုင်မှာလဲ။ ငါ မင်းနဲ့အတူ အဆုံးထိ တိုက်မယ်။ ဒီလောက် စိတ်အားထက်သန်မှုကို မခံစားရတာ နှစ်တွေ အတော်လေး ကြာခဲ့ပြီ။"

"ဒါက အမှတ်ရစရာတွေကို ပြန်ပေါ်လာစေတာပဲ..."

ချူရှီရန်က အမြင်အာရုံကို ပြန်လည်ရရှိသွားပြီး မျက်လုံးအိမ်များ ဗလာကျင်းကာ သွေးထွက်နေသော လီရွှမ်ကျင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီးနောက်တွင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ လက်ငါးချောင်းကို ဖြန့်ပြီး သူ၏နှလုံးထဲသို့ ထိုးသွင်းလိုက်သည်။ သူ၏ ခွန်အားများ တိုးလာပြီး နှလုံးကို တင်းကျပ်စွာ ညှစ်ထားလိုက်သည်။

နတ်ဆိုးဟိန်းဟောက်သံကဲ့သို့ ပါးစပ်မှ ပေါက်ကွဲထွက်လာသည်။

[သေစေနိုင်တဲ့အားနည်းချက်ကို ထိုးထွင်းသိမြင်ခြင်း... ပွင့်စမ်း]

ဝုန်း..

တုန်းမင်၏ မူလဓမ္မပုံရိပ်သည် နောက်တစ်ကြိမ် ထပ်မံစုစည်းလာပြီး ပိုမိုခိုင်မာလာလေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးရောင်ကျောက်စိမ်း၏အရောင်ကို ပြသနေပြီး စစ်နတ်ဘုရား၏ မျက်ဆံများမှာ သွေးရောင် နေမင်းကြီးကဲ့သို့ တောက်ပနေကာ ကောင်းကင်နှင့်ကမ္ဘာကို ဖောက်ထွင်းသွားသော လှံရှည်ကြီး တစ်လက် ပါရှိလေသည်။

အစွမ်းထက်ဆုံး တိုက်ခိုက်ရေးသမားဖြစ်သည့် ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခု၏ အထူး ကျွမ်းကျင်မှုမှာ [သေစေနိုင်တဲ့အားနည်းချက်ကိုထိုးထွင်းသိမြင်ခြင်း]ပင်။ ၎င်းသည် လုံးဝ မလိုအပ်ပါက အသုံးမပြုသင့်သော သူသေကိုယ်သေ တိုက်ခိုက်ရေးအစွမ်းတစ်ခု ဖြစ်သည်။ အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် အလောင်းအစား လုပ်လိုက်ခြင်းနှင့် ညီမျှသည်။

၎င်းကို ဘယ်လောက်ကြာကြာ အသုံးပြုလဲ ဆိုသည်မှာ အရေးမကြီးပေ။ သေခြင်းရှင်ခြင်း ဇကာက ၎င်းကို စတင်အသုံးပြုလိုက်ချိန်ကတည်းက သတ်မှတ်ပြီးသား ဖြစ်နေသည်။

အကယ်၍ ၎င်းက သေလမ်းဖြစ်ပါက တစ်စက္ကန့်မျှ အသုံးပြုခြင်းကပင် သေချာပေါက် သေဆုံးစေမည် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းကို (၇)ရက် (၇)ည ဆက်တိုက် အသုံးပြုနေလျှင်ပင် သေမည်မဟုတ်ပေ။

"သူတို့အားလုံး အသက်ကြီးနေပြီ။ ဒါပေမဲ့ အသက်တွေကို ဂရုမစိုက်တဲ့နဲ့ လူငယ်လေးတွေလို ပြုမူနေကြတယ်။"

"ကောင်းပြီလေ။ ငါလည်း ဒီတစ်ကြိမ် မင်းတို့နဲ့အတူ ရူးသွပ်ပေးမယ်။"

လီယဲ့က ခက်ထန်စွာ ပြုံးလိုက်ပြီးနောက် မျက်လုံးများ ခိုင်မာသွားလေသည်။ သူက သူ၏နဖူးပေါ်တွင် လက်ချောင်း နှစ်ချောင်းကိုစုကာ အသိဉာဏ်ပင်လယ်ထဲမှ ဝိညာဉ်ကြိုးမျှင်တစ်ခုကို ဆွဲထုတ်ပြီး သံတူနှင့် ချိတ်ဆက်လိုက်လေသည်။

[ကောင်းကင်ဝိညာဉ်သံတူ]

ဝိညာဉ်ကို လက်နက်နှင့် ချိတ်ဆက်ခြင်းအားဖြင့် ၎င်း၏စွမ်းအားက အဆပေါင်းများစွာ တိုးလာသည်။ လက်နက်ပျက်စီးသွားသည်နှင့် ဝိညာဉ်လည်း ပျက်စီးသွားမည်ဖြစ်ရာ သေခြင်းရှင်ခြင်း ချိတ်ဆက်မှုတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

"တိုက်ကြမယ်…"

ခမ်းနားသော မဏ္ဍိုင်ကြီး(၃)ခုက အသက်စွမ်းအင်များ တောက်လောင်နေပြီးနောက် နဝမမြောက် နန်းဆောင်သခင်ဆီသို့ ပြေးဝင်သွားကာ ဟိန်းဟောက်လိုက်ကြလေသည်။

…

All Chapters