← Chapters

အခန်း ၂၉၀

Vol. 20 Ch. 290

အခန်း ၂၉၀

Vol. 20 Ch. 290

အပိုင်း(၂၉၀) အို ဝိညာဉ် ပြန်လာလော့၊ သေတော့မည့်ဘိုးဘေး

ယွမ်ယန်နယ်ပယ်ကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်လိုက်ပြီးမှသာလျှင် ချင်လွမ်ထျန်းမှ လီမိသားစုသည် ကြောက်မက်ဖွယ်အရာတစ်ခုခု ဖြစ်ပျက်သွားပြီကို နောက်ကျမှ သိရှိသွားကြသည်။

ကံကောင်းထောက်မစွာဖြင့် လီယွမ်ခုံးနှင့် သူ၏မြေး လီရှစ်တို့သည် အရေးကြီးသောအချိန်တွင် ရှေ့သို့ ထွက်လာပြီး ယွမ်ယန်နယ်ပယ်မှ ထွက်ခွာကာ မည်သူမျှ မဝင်ရောက်ရန် အမိန့်ပေးပြီး အခြေအနေအလုံးစုံကို တာဝန်ယူလိုက်ကြသည်။

ယွမ်ယန်နယ်ပယ်က အချိန်-နေရာလွတ် မုန်တိုင်းတစ်ခုထဲတွင် ပိတ်မိနေပြီး သာမန် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများ အသက်ရှင်သန်ရန် ခက်ခဲစေသည်။ ထိမိသူများက သေဆုံးမည် သို့မဟုတ် ဒုက္ခိတဖြစ်သွားမည်ဖြစ်သည်။

သို့သော် [အချိန်-နေရာလွတ်။ပင်လယ်လှိုင်းကြမ်း] ကျဆင်းလာသည့် အခိုက်အတန့်တွင် လီမိသားစုရွာမှ ကလေးငယ် လှုပ်ရှားလာပြီး လူတိုင်းကို ယွမ်ယန်နယ်ပယ်မှ အပြင်သို့ ပို့ဆောင်ပေးခဲ့သည်။

"ဒါက တောရိုင်းမြေက အစွမ်းထက်ဆုံး ပါရမီရှင်ရဲ့ တကယ့်စွမ်းအားလား။"

ချူမိသားစုမှ သူရဲကောင်း(၃)ဦးသည် အလယ်အလတ်တန်းစား စကြဝဠာတစ်ခု တဖြည်းဖြည်း က်စီးသွားပြီး အချိန်-နေရာလွတ်မုန်တိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

"အစ်မ... ငါတို့ ကောင်းကင်ပြည်နယ်က တောရိုင်းမြေကို လွယ်လွယ်လေး အနိုင်ယူနိုင်မယ်လို့ တကယ် ထင်လား။" လုံမြောင်ဟွာက တွေဝေရင်း မေးလိုက်သည်။

လုံမြောင်ယင်က တွန့်ဆုတ်နေလေသည်။

ယခင်ကဆိုလျှင် သူက မဆိုင်းမတွပင် အဖြေတစ်ခု ပေးခဲ့ပေမည်။

ထိုဓားချက်၏ ပြိုင်ဖက်ကင်းတောက်ပမှုကို မြင်တွေ့လိုက်ရချိန်တွင် သူ၏နှလုံးသားထဲ လေးလံသော ကျောက်တုံးကြီးတစ်လုံး နစ်ဝင်သွားသလို ခံစားရစေပြီး စိတ်ကိုဆန့်ကျင်သော စကားလုံးများ မပြောနိုင်အောင် တားဆီးထာသည်။

"ထောင်စုနှစ်တစ်ခုအတွင်းမှာ တစ်ကြိမ်ပဲ ဖြစ်ပေါ်တတ်တဲ့ ဒီရွှေခေတ်ဟာ အတိတ်နဲ့ အနာဂတ်ရဲ့ ကံကြမ္မာတွေ ဆုံဆည်းရာနေရာ ဖြစ်နိုင်တယ်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျိမိသားစုရဲ့ ချီလင်သားတော်က ကောင်းကင်ပြည်နယ်မှာ မွေးဖွားလာနိုင်တယ်ဆိုရင် တောရိုင်းမြေကလည်း သိပ်မဆိုးနိုင်ပါဘူး။ ဒီလိုမှမဟုတ်ရင် ကံကြမ္မာရဲ့စွမ်းအားနဲ့ လူသားဧကရာဇ်နေရာကိုရဖို့က အရမ်းကို လွယ်ကူလွန်းနေမှာပေါ့။"

လုံမြောင်ယင်က ဝန်ခံခြင်း သို့မဟုတ် ငြင်းဆိုခြင်းမရှိဘဲ ဝေဝါးသော အဖြေတစ်ခု ပေးလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ..."

"အစ်မ... တကယ်လို့ အနာဂတ်မှာ ငါတို့ တောရိုင်းမြေနဲ့ စစ်ဖြစ်ရင် ဒီဓားကို ငါတို့ ရင်ဆိုင်ရမှာလားလို့ နင် ပြောခဲ့တယ်နော်..." လုံမြောင်ဟွာက ထပ်မေးလိုက်သည်။

လုံမြောင်ယင်က အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားလေသည်။

...

...

တစ်ချိန်တည်းမှာပင်။

ပျက်စီးလုနီးပါးဖြစ်နေသော ယွမ်ယန်နယ်ပယ်အတွင်း၌။

နဝမမြောက်နန်းဆောင်သခင်က ရင်ဘတ်ကို ဖိကိုင်ထားပြီး အသက်စွမ်းအင်များ အလျင်အမြန်ပင် လျော့နည်းလာကာ သူ၏ ဝိညာဉ်(၃)ခုနှင့် နာမ်(၇)ခုတို့ ပြာအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်၍ သွားတော့မည်ကို ခံစားနေရသည်။ သူ၏ရှေ့ရှိ အနက်ရောင်ဝတ်လူငယ်ကို ကြည့်ကာ ပပြောလိုက်သည်။

"မင်းရဲ့ တိုးတက်မှုနှုန်းက တကယ်ကို အံ့မခန်းပဲ။ ပြောပါဦး။ ဟောင်တုက ဘာလို့ ပျောက်သွားတာလဲ။"

မုန့်ချင်ကျိုးက ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။ "သူ ပျောက်သွားတာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။"

ရှုံးနိမ့်မှုက မလွဲမသွေ ဖြစ်လာခဲ့သည်။ နဝမမြောက်နန်းဆောင်သခင်သည် ဓားချက်တစ်ခုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ လုံးဝ ပျက်စီးမသွားခဲ့သော်လည်း အချိန်တိုအတွင်း ပြန်လည် နာလန်ထူရန် ခက်ခဲမည်ဖြစ်သည်။

သို့သော်လည်း။

လီရွှမ်ကျင်း၏ အတွေးများကို သူ မည်ကဲ့သို့ မခန့်မှန်းနိုင်ဘဲ နေမည်နည်း။

သူတို့က သူ့ကို ကမ္ဘာသိအောင် ဖော်ထုတ်ချင်ရုံသက်သက်ပင်။ နဝမမြောက် နန်းဆောင်သခင်၏ ရာဇဝတ်မှုများကို ဖော်ထုတ်ပြီး ကောင်းကင်ကြည့်ဆောင်တစ်ခုလုံးကို သူနှင့်အတူ ဆွဲချပြီး ကောင်းကင်တာအို အကဲဖြတ်ချက်အရ သူ့ကို ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်လာစေချင်နေခြင်းပင်။

"ဓားသူတော်စင်... ဒီသူခိုးကို ဖမ်းပြီးတော့..." လီရွှမ်ကျင်းက ခက်ခဲစွာ ပြောလိုက်သည်။

"နောက်ကျသွားပြီ။"

မုန့်ချင်ကျိုးက နောင်တရစွာဖြင့် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ဓားဆွဲထုတ်လိုက်တဲ့ အခိုက်အတန့်မှာပဲ သူက ရလဒ်ကို သိသွားပြီ။ ဒါကြောင့် သူက သူ့ရဲ့ ဝိညာဉ်(၃)ခုနဲ့ နာမ်(၇)ခုကို သူ့ဘာသာသူ ချေမှုန်းပစ်လိုက်တယ်။"

"ခင်ဗျား ဘာတွေးနေတယ်ဆိုတာကို သူသိလို့ သေဖို့ ရွေးချယ်ခဲ့တာပဲ။"

ထိုစကားကို ကြားရာတွင် လီရွှမ်ကျင်းက အံ့အားသင့်သွားပြီးနောက် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး ခေါင်းကို စိတ်ပျက်လက်ပျက် ငိုက်စိုက်ချကာ အသက်ရှူသံမှာ တိမ်လာပြီး နှေးကွေးလာလေသည်။

"ငါ သေတော့မယ်ဆိုတာကို သိနေမှတော့ ဟောင်တုပျောက်သွားတဲ့ အကြောင်းရင်းအမှန်ကိုပြောပြ။ သူက မင်းနဲ့တိုက်ပွဲအပြီးမှာ ပျောက်သွားခဲ့တာ။ ပြီးတော့ နောက်ဆုံးမှာ သူ့ရဲ့ နတ်ဘုရား အဆင့်အတန်းက မင်းလက်ထဲကို ရောက်လာတယ်။ အဲဒါ မင်းနဲ့ ဘာမှမဆိုင်ဘူးလို့တော့ မပြောနဲ့။" နဝမမြောက် နန်းဆောင်သခင်က မုန့်ချင်ကျိုးကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

လူသားတိုင်းတွင် ကရုဏာစိတ် ရှိကြသည်။

အချိန်-နေရာလွတ် ဓားသူတော်စင်က စိတ်ထားနူးညံ့ပြီး အမှန်တရားကို ဖော်ထုတ်ရဲသရွေ့ ကောင်းကင်စောင့်ကြည့်သူက သေချာပေါက် သိသွားလိမ့်မယ်လို့ သူ လောင်းကြေးထပ်ထားခဲ့သည်။

ချင်လွမ်ဘိုးဘေး၏ အဓိကတာအိုနိယာမများ၏ အကာအကွယ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ ယွမ်ယန်နယ်ပယ် ပြိုကျသွားပြီး နန်းဆောင်သခင်၏ အသက်စွမ်းအင်များ ပျက်စီးသွားလေပြီ။ ဤမျှများပြားသော အဓိကအဖြစ်အပျက်များနှင့်အတူ ကောင်းကင်စောင့်ကြည့်သူက ၎င်းတို့ကို သတိပြုမိမည်မှာ သေချာပြီး ယခုတွင် အဝေးမှ စောင့်ကြည့်နေကောင်း စောင့်ကြည့်နေလိမ့်မည်။

"ကောင်းပြီလေ။"

"ခင်ဗျားကို သူရဲကောင်းတစ်ယောက်အနေနဲ့ လေးစားပါတယ်။ ဒါကြောင့် ခင်ဗျားကို အမှန်အတိုင်း ပြောပြမယ်။" မုန့်ချင်ကျိုးက သူ့ကို မပြောချင်သကဲ့သို့ အသွင်အပြင် ရှိနေလေသည်။

နဝမမြောက်နန်းဆောင်သခင်၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ရုတ်တရက် တောက်ပလာ၏။

"တကယ်တော့..."

"ကျုပ်နဲ့ တိုက်ခိုက်ပြီးတော့ သူက ကျုပ်ရဲ့ ပြိုင်ဖက်ကင်းသူရဲကောင်းဆန်မှုက နက်နက်ရှိုင်းရှိုင်း အထင်ကြီးသွားစေတယ်။ ဒါကြောင့် သူက အပြစ်ရှိသလို ခံစားရပြီးတော့ သူ့ရဲ့တောင်းပန်မှုကို ဖော်ပြဖို့အတွက် သူက တိုက်ရိုက်အညံ့ခံပြီး ကျုပ်ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုခဲ့တာ။" မုန့်ချင်ကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မျှော်လင့်တကြီး စောင့်ဆိုင်းနေသော နဝမမြောက် နန်းဆောင်သခင်က ဤအဖြေကို ရရှိလိုက်သည်။ သူ၏မျက်လုံးများ ပြူးထွက်လာပြီး မုန့်ချင်ကျိုးကို စူးရဲစွာ ကြည့်ကာ ဆဲဆိုလိုက်သည်။ "မင်းမှာ အရှက်မရှိဘူးလား။။"

"ဟေး။"

"ဝိညာဉ်အကြွင်းအကျန်လေးတစ်ခုက ငါ့ကို စော်ကားရဲတယ်ပေါ့။"

"သေလိုက်စမ်း။"

လက်ချောင်းကို တစ်ချက်ခေါက်လိုက်ရုံဖြင့် မုန့်ချင်ကျိုး၏ ဓားအသိသည် နဝမမြောက် နန်းဆောင်သခင်၏ ကျန်ရှိနေသော ဝိညာဉ်အသိစိတ်ကို ချေမှုန်းပစ်လိုက်လေသည်။

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ကပ်ဘေးကို ကုန်းတွင်းပိုင်းသို့ သွားစေကာ မိသားစု(၅)ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုးကိုင်ခဲ့ပြီး ယွမ်ယန်နယ်ပယ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော အဓိကတရားခံမှာ ကွပ်မျက်ခံလိုက်ရလေပြီ။

မုန့်ချင်ကျိုးက ရင်ဘတ်ထဲမှ အဖုအထစ်များ ပျောက်ကွယ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ပြေလျော့သွားသောအပြုံးတစ်ခု သူ၏နှုတ်ခမ်းများပေါ်တွင် ပေါ်လာလေသည်။

ငါ ကောင်းကင်ပြည်နယ်မှာ ရှိနေတာ လဝက်လောက် ရှိပြီ။

ရည်မှန်းချက်သုံးခုထဲက နှစ်ခုကို အောင်မြင်ပြီးပြီ။ ကောင်းကင်ကြည့်ဆောင်ကို ရှာဖွေဖို့ တာဝန်ပဲ ကျန်တော့တယ်။

"တိုင်ယွမ်။"

ဝှစ်…

လီရွှမ်ကျင်းက ရုတ်တရက် သူ၏စိတ်ဓာတ်များ မြင့်တက်လာကာ မျက်လုံးအိမ်များတွင် သွေးများသာ ကျန်ရှိတော့သော လီတိုင်ယွမ်၏ ဗလာကျင်းနေသော ခန္ဓာကိုယ်အခွံကို ဖမ်းယူလိုက်သည်။ သူက လီတိုင်ယွမ်၏ နဖူးပေါ်တွင် မျက်လုံးစုံမှိတ်ကာ စမ်းသပ်နေလေသည်။

အချိန်အတော်ကြာပြီးနောက် သူက အတွေးနက်နေပုံရပြီး သူ့ဘာသာ ရေရွတ်နေသည်။

"မဖြစ်နိုင်ဘူး။ တိုင်ယွမ် ပထမဆုံး ဝင်ပူးခံရတုန်းက ငါ့ရဲ့စွမ်းအားတွေကို တိတ်တဆိတ် အသုံးပြုပြီး သူ့ရဲ့ဝိညာဉ် တစ်စွန်းတစ်စကို အသိဉာဏ်ပင်လယ်ရဲ့ ထောင့်တစ်နေရာမှာ ဖုံးကွယ်ထားခဲ့တာ။ အဲဒါ ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ။"

ချူရှီရန်က အပြင်းအထန် ဒဏ်ရာရထားသော သူ၏ခန္ဓာကိုယ်ကို သယ်ဆောင်ကာ အနားသို့ လျှောက်လာပြီး သူ၏မျက်လုံးများတွင် ရှုပ်ထွေးသော စိတ်ခံစားမှုများ ပြည့်နှက်နေကာ ပြောလိုက်သည်။

"အဘိုးကြီးလီ... မင်း..."

သူ တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ ဆက်ပြောသည်။ "မင်းအတွက် အချိန်က သိပ်မကျန်တော့ဘူး။ တိုင်ယွမ်ကို နှိုးတဲ့ကိစ္စကို ငါ့ဆီ တာဝန်ထားခဲ့ပါ။ ချင်လွမ်ထျန်းနယ်မြေကို သွားကြည့်လိုက်ပါလား..."

ထိုစကားကို ကြားသောအခါ လီရွှမ်ကျင်းက အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားပြီး ရုတ်တရက် သူ၏ အသိစိတ်များ ပြန်လည် ရရှိလာကာ ပြောလိုက်သည်။

"ဟုတ်တယ်..."

"ငါ သေတော့မယ်။ အဆုံးသတ်က မလွဲမရှောင်သာ ဖြစ်နေပြီဆိုတော့ ငါ့မျိုးနွယ်စုဝင်တွေရဲ့ အသက်ကို ရှည်စေဖို့အတွက် နောက်ဆုံး တန်ဖိုးနည်းနည်းကို ညှစ်ထုတ်လိုက်တာ ကောင်းမယ်။"

သူ စကားပြောပြီးသွား၏။

လီရွှမ်ကျင်း၏ မျက်လုံးများမှ ရုတ်တရက် အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကျန်ရှိနေသော အနှစ်သာရ သွေးများကို ဆွဲထုတ်ကာ လီတိုင်ယွမ်၏ မှေးမှိန်ပြီးပျက်စီးနေသော အသိဉာဏ် ပင်လယ်ထဲသို့ လောင်းထည့်ရန် ကောင်းကင်ကိုဖီဆန်သော နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။

ရွှေရောင်အသိဉာဏ်ပင်လယ်က ဟောင်းနွမ်းပျက်စီးနေပြီး အပေါက်များဖြင့် ပြည့်နှက်နေလေသည်။

သို့သော်လည်း…

ထိုအခိုက်အတန့်တွင် ကောင်းကင်သို့သွားရာ ကြီးကျယ်ခမ်းနားသော လမ်းမကြီးတစ်ခု ဘယ်ကမှန်းမသိ ပေါ်လာပြီး လမ်း၏နှစ်ဖက်စလုံးတွင် မီးအိမ်များ ထွန်းညှိထားကာ တစ်စုံတစ်ယောက်က အော်လိုက်သည်။ "တိုင်ယွမ်...ပြန်လာခဲ့။"

"အို ဝိညာဉ်... ပြန်လာလော့။"

ကျီးကန်းများ၏ ဝမ်းနည်းဖွယ် အော်မြည်သံနှင့် ဆောင်းဦးရာသီရှိ အိုမင်းသော ပိုးစာပင်ကြီး၏ ဝမ်းနည်းဖွယ် ညည်းတွားသံကဲ့သို့ စိတ်ခံစားမှုများမှာ နက်ရှိုင်းပြီး ရင်နင့်စရာကောင်းကာ လွမ်းဆွတ်ဖွယ် ခံစားချက်ကို ဖြစ်ပေါ်စေလေသည်။

အချိန် မည်မျှကြာသွားမှန်း မသိရသော်လည်း အော်ခေါ်သံများက လုံးဝ မရပ်တန့်ခဲ့ပေ။

နောက်ဆုံးတွင်။

ပျက်စီးနေသော အသိဉာဏ်ပင်လယ်၏ သတိမထားမိသော ထောင့်တစ်နေရာတွင် သံချပ်ကာနှင့် အပေါ်မှ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခန့်ညားပြီး လှပသော အမျိုးသမီးတစ်ဦးသည် အသံကို လိုက်၍ ကောင်းကင်သို့သွားရာ လမ်းမကြီးပေါ်သို့ တွေဝေစွာ လျှောက်လှမ်းလာလေသည်။

...

...

"အဘိုးကြီး... ခင်ဗျား သေတော့မယ်။ ခင်ဗျားမှာ နောက်ဆုံးပြောချင်တာတွေ ရှိသေးလား။"

မုန့်ချင်ကျိုးသည် လီတိုင်ယွမ်၏ အသိဉာဏ်ပင်လယ်က သူ့ဘာသာသူ ပြုပြင်နေသည်ကို သတိပြုမိလိုက်သည်။ တကယ့်လီတိုင်ယွမ် နိုးထလာပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့အပြင်၊ ထိုအဘိုးကြီး လီရွှမ်ကျင်းက သူ၏ အသိပညာအားလုံးကို လီတိုင်ယွမ်ထံ ချန်ထားခဲ့ပြီး သူ့ကို သူ၏ဆက်ခံသူအဖြစ် သေချာပေါက် ပြုစုပျိုးထောင်နေခြင်း ဖြစ်သည်။

"ဘာလဲ။ ဓားသူတော်စင်က ငါ့အတွက် လုပ်ပေးမလို့လား။" လီရွှမ်ကျင်းက ပင်ပန်းနွမ်းနယ်စွာ ပြုံးလိုက်သည်။

"ဟီးဟီး။ ခင်ဗျား အတွေးလွန်နေပြီ။ ကျုပ်က သိချင်ရုံသက်သက်ပါ။" မုန့်ချင်ကျိုး ပခုံးတွန့်လိုက်သည်။

ချူရှီရန်က သတိလစ်နေသော လီယဲ့နှင့် လီတိုင်ယွမ်တို့ကို ယွမ်ယန်နယ်ပယ်မှ သယ်ဆောင်သွားသည်။ သူက ကျန်ရှိသော အချိန်များတွင် လီရွှမ်ကျင်းကို အနှောင့်အယှက် မပေးချင်ပေ။

သူငယ်ချင်းဟောင်းများနှင့် စကားပြောနေမည့်အစား သူ့ကို မိသားစုအနှံ့ ခရီးသွားခွင့်ပေးလိုက်ပြီး မိသားစုကို ကာကွယ်ရန် နည်းလမ်းအချို့ ချန်ထားခဲ့စေလိုက်သည်။

"ဒါနဲ့ အဘိုးကြီး။"

"ခင်ဗျား ကျုပ်ကို ဆုကြေး မပေးရသေးဘူး။" မုန့်ချင်ကျိုးက ပြောလိုက်သည်။

လီရွှမ်ကျင်းက အံ့သြစွာဖြင့် မေးလိုက်သည်။ "ဘာဆုကြေးလဲ။"

"ခင်ဗျားရဲ့မှတ်ဉာဏ်က တကယ်ကို ဆိုးတာပဲ။ ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်ကိုသတ်ဖို့ ခင်ဗျားကို ကူညီပေးတဲ့အတွက် ဆုကြေး ဘာလဲ။"

"အဲဒါကို တွက်လို့ရလား။ ငါ မသိဘူးလို့ မထင်နဲ့။ မင်းလည်း သူ့ကို အမြဲတမ်း သတ်ချင်နေခဲ့တာပဲ။ တကယ်လို့ ငါတို့ တကယ်ပဲ စာရင်းရှင်းမယ်ဆိုရင် မင်းက တစ်ကြိမ်ပဲ တိုက်ခိုက်ခဲ့တာ။ ငါကတော့ ငါ့အသက်ကို ဆုံးရှုံးခဲ့ရတယ်။ မင်းက ငါ့ကို ဆုကြေးပေးသင့်တာ မဟုတ်ဘူးလား။"

"အဟမ်း... နောက်တာပါ။ နောက်တာပါ။ ခင်ဗျားက ဘာလို့ နောက်တာကို လက်မခံနိုင်ရတာလဲ အဘိုးကြီး။"

"ဟဲဟဲ…”

…

All Chapters