← Chapters

အခန်း ၂၉၁

Vol. 20 Ch. 291

အခန်း ၂၉၁

Vol. 20 Ch. 291

အပိုင်း(၂၉၁) အကြောင်းအကျိုး၊ သူရဲကောင်းများ၏ ခဏတာ တည်ရှိမှု

"ဓားသူတော်စင်... ငါနဲ့အတူ လမ်းလျှောက်မလား။"

"ရတာပေါ့။"

"ရယ်ရတယ်နော်။ အခု ငါတို့နှစ်ယောက်လုံး မျက်မမြင်ဖြစ်နေပြီဆိုတော့ လှေတစ်စင်းတည်း စီးနေရသလိုပဲ မဟုတ်လား။"

"စိတ်မပူပါနဲ့။ ကျုပ် မျက်မမြင်တာက အမြဲတမ်း မဟုတ်ပါဘူး။ ခင်ဗျားနဲ့မတူဘဲ ကျုပ်က နောက်ကျရင် ပြန်ကောင်းလာမှာပါ။"

ချင်လွမ်ထျန်းနယ်မြေ။

ရှုခင်းက ပန်းချီကားတစ်ချလိုလှပပြီး စိမ်းလန်းစိုပြေသော တောင်တန်းများနှင့် သစ်တောများကြားတွင် သမင်ဖြူများ ရံဖန်ရံခါ ပေါ်လာတတ်ကာ၊ ခြုံပုတ်များကြားတွင် တွားသွားနေသော သွေးနှောချီလင်သားရဲ တစ်ကောင်က ကောင်းမြတ်သော နိမိတ်လက္ခဏာများကို ယူဆောင်လာပေးသည်။ မြစ်အောက်ခြေတွင် နဂါးများ ကူးခတ်နေပြီး တကယ့်ကို ထူးခြားလှပေသည်။

မျက်မမြင် နှစ်ဦးက နှစ်ပေါင်းများစွာ မတွေ့ရသော သူငယ်ချင်းဟောင်းများကဲ့သို့ ကောင်းကင်ယံတွင် လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။

ကံမကောင်းစွာဖြင့် သူတို့နှစ်ဦးလုံး မျက်မမြင်ဖြစ်နေသောကြောင့် သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး၏ ကျယ်ပြောလှမှုကို မခံစားနိုင်ကြပေ။

"ဒါက တန်လို့လား။ ခင်ဗျား သေသွားရင် လီမိသားစုက အဓိက မိသားစုကြီး(၅)ခုရဲ့ အောက်ဆုံးမှာ ရှိလိမ့်မယ်။ လီယဲ့က ဒဏ်ရာအပြင်းအထန်ရထားပြီးတော့ ခင်ဗျားလည်း သိပ်အကြာကြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ လီမိသားစုကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ။"

မုန့်ချင်ကျိုးက လေထဲမှ ဝိုင်ဘူးတစ်ဘူးကို ဖန်တီးလိုက်ပြီး တစ်ကျိုက်သောက်ကာ ပြောလိုက်သည်။

လီရွှမ်ကျင်းက လက်များကို နောက်ပစ်ကာ တိမ်တိုက်များကြားတွင် လမ်းလျှောက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက တန်တယ်၊မတန်ဘူးဆိုတဲ့မေးခွန်း မဟုတ်ဘူး။ အစတုန်းက ကောင်းကင်ပြည်နယ်မှာ မျိုးနွယ်စု (၄)ခုနဲ့ ဂိုဏ်း(၁၈)ခု ရှိတယ်။ လွန်ခဲ့တဲ့ နှစ်(၁၀၀)ကျော်က ကောင်းကင်ပြည်နယ် ကျိမိသားစုရဲ့ ကြီးပွားတိုးတက်မှုကို ထောက်ပံ့ပေးခဲ့ပြီးတော့ သူတို့ကို အဓိကမျိုးနွယ်စုတွေရဲ့စာရင်းထဲ ဝင်ခွင့်ပြုလိုက်တော့ မျိုးနွယ်စု(၅)ခုနဲ့ ဂိုဏ်း(၁၈)ခု ဖြစ်လာစေခဲ့တယ်။ အဲဒီအချိန်ကစပြီး ကောင်းကင်ပြည်နယ်ရဲ့ လုပ်ရပ်တွေမှာ ပိုပြီးတော့ နက်ရှိုင်းတဲ့အဓိပ္ပာယ်တစ်ခု ရှိရမယ်ဆိုတာကို ငါ အာရုံခံမိခဲ့တယ်။"

"အဲဒါကြောင့် ငါက ကျိမိသားစုနဲ့ နီးကပ်ဖို့ ပွင့်ပွင့်လင်းလင်းနဲ့ တိတ်တဆိတ် ကြိုးပမ်းအားထုတ်မှု အမျိုးမျိုးကို လုပ်ခဲ့ပြီးတော့ ပထမဆုံးလူသားဧကရာဇ်ရဲ့ဗိမာန်မှာ မကြာခဏ ပူဇော်ပသမှုတွေ လုပ်ခဲ့တယ်။ အဲဒါက ကောင်းကင်စောင့်ကြည့်သူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီးတော့ ငါ့ကို သူတို့အဖွဲ့ထဲဝင်ဖို့ စည်းရုံးချင်ခဲ့ကြတယ်။"

"အစပိုင်းမှာတော့ ငါ့မှာ အတွေးတွေ သိပ်အများကြီး မရှိခဲ့ဘူး။ အစောကြီးကတည်းကနေ ငါက ကောင်းကင်ကြည့်ဆောင်အတွင်းက အနာဂတ်ရဲ့ အရေးကြီးတဲ့ အဖြစ်အပျက်မျအကြောင်းတွေကို ငါ လေ့လာနိုင်လိမ့်မယ်လို့ပဲ ခံစားခဲ့ရတယ်။"

ဤအချက်သို့ ရောက်သောအခါ၊ လီရွှမ်ကျင်းက အနည်းငယ် ရပ်တန့်သွားပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။

"လည်ချောင်းနာနေလို့ ဝိုင်တစ်ကျိုက် သောက်လိုက်တာနဲ့ သက်သာသွာမှာ။"

မုန့်ချင်ကျိုးက စကားဝိုင်းကို သဘောကျနေစဉ် ထိုစကားကိုကြားလိုက်ရာ ချက်ချင်း သတိဝင်သွားသည်။ သူက ဝိုင်ဘူးကို ကျောနောက်တွင်ဖွက်ထားပြီး အထင်သေးစွာ ပြောလိုက်သည်။

"ခင်ဗျားလို ယောက်ျားတစ်ယောက်နဲ့ သွယ်ဝိုက်ပြီး အနမ်းမဖလှယ်ချင်ဘူး။ ခင်ဗျား သောက်ချင်ရင် ခင်ဗျားဘာသာလုပ်။"

လီရွှမ်ကျင်းက ရယ်မောလိုက်ပြီး လေထဲမှဝိုင်ဘူးကိုယူရန် ပေါ့ပေါ့ပါးပါး လက်ဆန့်ထုတ်လိုက်သည်။ သူက အဆို့ကိုဖွင့်ကာ ခေါင်းကိုနောက်သို့လှန်၍ တစ်ကျိုက်သောက်လိုက်ပြီးနောက် နှုတ်ခမ်းပေါ်တွင် ကျန်ရှိနေသော အရည်များကို သုတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ပျော်စရာပဲ။"

"ဆက်ပြောလေ။"

လီရွှမ်ကျင်းက အနည်းငယ် ခေါင်းညိတ်ပြီး ဆက်ပြောသည်။

"လွန်ခဲ့တဲ့ နှစ်(၁၀၀)က ကောင်းကင်ကြည့်ဆောင် ပထမဆုံး ပေါ်ပေါက်လာတုန်းက ငါ ချက်ချင်းပဲ အဲဒီထဲကို ဝင်ရောက်ခဲ့ပြီးတော့ ငါ့ရဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံမှုနဲ့အတူ နေရာယူခဲ့တယ်။ လူသားဧကရာဇ်အစီအစဉ်ကို ဖန်တီးခြင်းနဲ့ ကျိဝူရွှမ်ကို လူသားဧကရာဇ်အဖြစ် ရွေးချယ်ခြင်း စတဲ့ သတင်းတွေ အများအပြားကို ငါ တကယ်ပဲ ရရှိခဲ့တယ်။"

မုန့်ချင်ကျိုးက ဝင်ပြောလိုက်သည်။ "ဒါဆို ကျန်တဲ့ နန်းဆောင်သခင် (၈)ယောက်နဲ့ လီတိုင်ယွမ်ကို ဝင်ပူးခဲ့တဲ့ နန်းဆောင်သခင်ရဲ့သရုပ်မှန်ကို ခင်ဗျား သိလား။ ပြီးတော့ ကောင်းကင်ကြည့်ဆောင် ဌာနချုပ်က ဘယ်မှာလဲဆိုတာလည်းခ င်ဗျား သိသင့်တယ်။"

ထိုစကားကို ကြားသောအခါ လီရွှမ်ကျင်းက ပြုံးပြီး ခေါင်းခါလိုက်သည်။

"ဓားသူတော်စင်... မင်း ငါ့ကို ပြောပြအောင် လှည့်စားဖို့ ကြိုးစားနေတာကို တော်လိုက်တော့။ ငါက မပြောဘူးဆိုတာ မင်း သိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက အရမ်းအောင်မြင်ခဲ့ပေမယ့် ငါတို့ရဲ့စခန်းတွေက ဆန့်ကျင်ဘက်ဖြစ်နေပြီး ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းမြေကြားမှာ အဆုံးကျရင် စစ်ပွဲတစ်ခု ဖြစ်လာမှာ။"

"ကျိမိသားစုကို မနိုင်စေချင်ရင်တောင် ကောင်းကင်ပြည်နယ် တစ်ခုလုံး အရာအားလုံးကို ဆုံးရှုံးသွားတာ မလိုလားဘူး။ တကယ်လို့ အဲဒီလိုဖြစ်လာရင် ကောင်းကင်ပြည်နယ် မိသားစု(၅)ခုက သမိုင်းဖြစ်သွားလိမ့်မယ်။"

"ကောင်းကင်စောင့်ကြည့်သူနဲ့ မိသားစု(၅)ခုက ငါနဲ့ ဘာဆိုင်လို့လဲ။ ဓားသူတော်စင်... မင်းသိချင်ရင် မင်းဘာသာမင်း စစ်ဆေးကြည့်လိုက်ပါလား။"

မုန့်ချင်ကျိုးက နှုတ်ခမ်းကို စူလိုက်သော်လည်း ဂရုမစိုက်ပုံရသည်။

သူတို့နှစ်ဦးက ချင်လွမ်ထျန်းနယ်မြေအတွင်း လမ်းလျှောက်လာခဲ့ပြီး နောက်ဆုံးတွင် လီမိသားစုရွာသို့ ဦးတည်သွားကြသည်။ တဖြည်းဖြည်းနှင့် လီရွှမ်ကျင်း၏ အနက်ရောင် ဆံပင်များက လုံးဝ အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး အသွေးအသားများမှာ အနည်းငယ် ပွင့်လင်းမြင်သာမှုရှိလာကာ သူ၏အတွင်းကလီစာများနှင့် သွေးကြောများကို ဖော်ပြနေလေသည်။

သူ၏အချိန်က နီးကပ်လာပြီ ဖြစ်သည်။

ရွာအဝင်ဝတွင်။

ကလေးများက အုပ်စုလိုက် ဆော့ကစားကာ ရွှင်မြူးနေကြပြီး အလုပ်မရှိသော အမျိုးသားများသည် နှစ်ယောက်၊သုံးယောက်စုရုံးကာ ငါးဖားရှာခြင်း သို့မဟုတ် အရက်သောက်ရင်း ကြွားဝါနေကြသည်။ အမျိုးသမီးများက သစ်သားပုံးများကို သယ်ဆောင်ကာ ရေကန်သို့ အဝတ်လျှော်ရန် သွားနေပြီး လယ်သမားများက နွားလှည်းများကိုမောင်းနှင်ကာ လယ်ကွင်းများသို့ ထွန်ယက်ရန် သွားနေကြသည်။ အင်းဆက်ပိုးမွှားများ၏အသံများနှင့် လူများကဗျာရွတ်ဆိုနေသည့် တိုးညင်းသော အသံတစ်ခုလည်း ရှိနေ၏။

လီရွှမ်ကျင်းက အလွန် အိုမင်းနေပြီ ဖြစ်သည်။ သူက ရွာအဝင်ဝရှိ မိုးမခပင်အောက်တွင်ထိုင်ကာ သူ၏ ဓားအိမ်ကို အားပြုထားလေသည်။ သူ၏ ဗလာကျင်းနေသောမျက်လုံးအိမ်များသည် အဝေးကို ငေးကြည့်နေပြီး သူ၏နှုတ်ခမ်းများပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အပြုံးတစ်ခု ရှိနေလေသည်။ သူက သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း ပတ်ဝန်းကျင်ရှိ အသံများကို နားထောင်ကာ အတော်လေး ကျေနပ်နေပုံရသည်။

အနက်ရောင်ဝတ်လူငယ်သည် သူ၏ဘေးတွင် ရပ်နေပြီး မိနစ်အနည်းငယ်ကြာ စကားပြောရန် ရံဖန်ရံခါ ခေါင်းလှည့်ကာ တစ်ခါတစ်ရံတွင် သူတို့က ငြင်းခုံကြပြီး ၎င်းသည် ဆံပင်ဖြူ အဘိုးအိုကို ဒေါသထွက်စေကာ ကျယ်လောင်စွာ ဆဲဆိုစေလေသည်။

မျက်မမြင်နှစ်ယောက် မသိခဲ့သည်မှာ...

ရွာထဲမှ စည်ကားနေသော အသံများအားလုံးက ထင်ယောင်ထင်မှား တစ်ခုသာ ဖြစ်၏။ ကစားနေပြီး ရယ်မောနေသော ကလေးများမှလွဲ၍ ကျန်သောသူများက ကိုယ်ပိုင်အလုပ်များနှင့် အလုပ်ရှုပ်နေကြရင်း မျက်ရည်များကို သုတ်ကာ လီရွှမ်ကျင်း၏ ကုန်းနေသောကျောပြင်ကို ကြည့်ပြီရင်း ရှိုက်ငိုနေကြသည်။

"ဘိုးဘေး..."

ကျွီ…

တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး လီတိုင်ယွမ်က တံခါးပေါက်ကို အားပြုကာ ယိုင်နဲ့ယိုင်နဲ့ ထွက်လာလေသည်။ သူက လီရွှမ်ကျင်း၏ကျောပြင်ကို ချက်ချင်း မြင်လိုက်ရပြီး အံ့သြတကြီး အော်လိုက်သည်။ သူက ရှေ့ကို သွားချင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က တားဆီးထားလေသည်။

"ချူမိသားစုခေါင်းဆောင်။ အရင်က ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ဝင်ပူးခံထားရပေမယ့် အဲဒီအချိန်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေသေးတယ်။"

လီတိုင်ယွမ်က လက်ယှက်ကာ ဦးညွှတ်လိုက်ပြီး လေးနက်ပြီး ယဉ်ကျေးသော အမူအရာကို ပြသလိုက်သည်။

သူ စကားပြောပြီးနောက် ဘေးမှ လျှောက်သွားရန် ကြိုးစားခဲ့သော်လည်း အခြားသောပုံရိပ်တစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။

၎င်းမှာ ဖြူရော်နေပြီး ဒဏ်ရာများမှ ပြန်လည်သက်သာလာဆဲဖြစ်သော လီယဲ့ပင်။

"မသွားပါနဲ့။ သူ့ကို ဒီလိုမျိုး အေးအေးချမ်းချမ်း သွားခွင့်ပြုလိုက်ပါ။" လီယဲ့က သူ၏မျက်လုံးများ မှေးမှိန်ကာ အက်ရှသောအသံဖြင့် ပြောလိုက်သည်။

လီတိုင်ယွမ်က မျက်ရည်များကို အတင်းအကျပ် ထိန်းထားကာ အသံများ တုန်ရီနေသည်။ "ဒါပေမဲ့ ကျွန်မ ဘိုးဘေးကို လိုက်ပို့ချင်တယ်။ ကျွန်မကို ကယ်ဖို့အတွက် သူ့ရဲ့အသက်ကို စတေးခဲ့တာ ဘိုးဘေးပဲလေ။ ပြီးတော့ ကျွန်မကို ပြန်ခေါ်လာဖို့အတွက် ကျန်ရှိနေတဲ့အသက်ကို သုံးပြီးတော့ ဝိညာဉ်ပေါင်းကူးတံတားကို ဖွင့်ပေးခဲ့တာလည်း ဘိုးဘေးပဲ..."

"အဲဒါတွေအားလုံးက ကျွန်မရဲ့အမှားပါပဲ။"

"ဖြစ်နိုင်ရင် ဘိုးဘေးကို ကယ်ဖို့အတွက် ကျွန်မရဲ့အသက်ကို ပေးမှာပဲ။"

လီယဲ့က ခေါင်းခါပြီး ပြောလိုက်သည်။

"မမိုက်မဲပါနဲ့။ နှင်းခဲပြာက အဲဒီကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်ကို သတ်ခဲ့တာ မင်းအတွက် တစ်ခုတည်း မဟုတ်ဘူး။ သူ အဲဒီလိုလုပ်ရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိတယ်။ ပြီးတော့ မင်းက အရေးအပါဆုံး အကြောင်းရင်းတော့ မဟုတ်ဘူး။ ဒါကြောင့် အပြစ်ရှိသလို မခံစားပါနဲ့။"

"မင်း ဒီကျေးဇူးကို ဆပ်ချင်ရ၍် ကောင်းကောင်း နေထိုင်ပြီးတော့ အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ ကျိမိသားစုရဲ့ ချီလင်သားတော်တို့လိုပဲ လီမိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်ရွယ်ချက်ကို တစ်နေ့နေ့မှာ ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစား။ ဒီနည်းနဲ့သာ ရွှမ်ကျင်းရဲ့ ပြင်းပြတဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ထိုက်တန်အောင် မင်း နေထိုင်နိုင်လိမ့်မယ်။"

လီတိုင်ယွမ်က ခေါင်းငုံ့လိုက်ရာ မျက်လုံးများ တဖြည်းဖြည်း ခိုင်မာလာလေသည်။

သူ မည်သည့်ကတိမျှ မပေးခဲ့ပေ။ အကြောင်းမှာ ၎င်းတို့သည် အချည်းနှီးသော စကားလုံးများသာ ဖြစ်နေဦးမည် ဖြစ်၍ပင်။ သို့သော် သူသည် အနာဂတ်တွင် လီမိသားစုကို ထောက်ပံ့ပေးမည့်သူ ဖြစ်လာမည်ဟု နှလုံးသားထဲတွင် သိရှိနေလေသည်။

ဘိုးဘေးက သူ့အား အသိပညာအားလုံးကို လက်ဆင့်ကမ်းပေးခဲ့ပြီး အလွန်အဖိုးတန်သော လျှို့ဝှက် ရတနာတစ်ခုကို ချန်ထားခဲ့ကာ ၎င်းသည် သူ့အား အချိန်တိုအတွင်း နံနက်ခင်းအလင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ဖောက်ထွင်းဝင်ရောက်နိုင်စေမည်ဖြစ်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ရောက်ရှိရန်ပင် အလားအလာ ရှိစေမည် ဖြစ်သည်။

မလှုပ်ရှားခင်တွင် လီရွှမ်ကျင်းသည် လီမိသားစုတွင် မဏ္ဍိုင်တစ်ခု ဆုံးရှုံးသွားလျှင်ပင် တစ်စုံတစ်ဦးက ချက်ချင်းတာဝန်ယူမည် ဖြစ်ကြောင်း သေချာစေရန် နောက်ဆက်တွဲ အကျိုးဆက်များ အားလုံးကို စဉ်းစားခဲ့ပြီးပြီ ဖြစ်သည်။

"အဲဒါကျောင်းဆရာလား။ သူက ဘာလို့ ဒီလောက်တောင် အိုမင်းနေတာလဲ။" ကလေးတစ်ယောက်က လူအုပ်ဆီသို့ လျှောက်လာပြီး နားမလည်စွာ မေးလိုက်သည်။

ချူရှီရန်က ခေါင်းလှည့်ကြည့်လိုက်ပြီး ရောက်လာသူကို မြင်သောအခါ သူ၏မျက်ဆံများ အနည်းငယ် ကျုံ့သွားလေသည်။

သူက ချင်လွမ်ဘိုးဘေး၏ အဓိကနိယာမ လီကျိရှန်းပင်။

...

"နောက်ဆုံး မေးခွန်းတစ်ခု မေးချင်တယ်။ ချင်လွမ်ဘိုးဘေးရဲ့ အဓိကတာအိုနိယာမတွေမှာ သူ့ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေ ပါဝင်နေလား။" မုန့်ချင်ကျိုးက မေးလိုက်သည်။

လီရွှမ်ကျင်းက အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ လီကျိရှန်းက ချင်လွမ်ဘိုးဘေးနဲ့ ဘာဆက်နွှယ်မှုမှ မရှိပါဘူး။ သူက ချင်လွမ်ဘိုးဘေးရဲ့ အဓိကတာအိုနိယာမ ဖြစ်တာတော့ မှန်တယ်။ ဒါပေမဲ့ နှစ်ထောင်ချီပြီး ပြုစုပျိုးထောင်ပြီးတဲ့နောက်မှာတော့ လီကျိရှန်းဟာ လီမိသားစုမှာ အကြိမ်ရာပေါင်းများစွာ လူဝင်စားခဲ့ပြီးတော့ စရိုက်အသစ်တစ်ခု တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့တာ ကြာပါပြီ။ သူက သူကိုယ်တိုင် ထူးခြားတဲ့ လီကျိရှန်းပဲ။"

"ဒါကြောင့် နတ်ဘုရားလေးကြိုးနဲ့ သူ့ကို စမ်းသပ်ခဲ့တုန်းက လီကျိရှန်းဟာ နတ်ဘုရားစွမ်းအားရဲ့ တန်ပြန်တိုက်ခိုက်မှုကို မဖြစ်ပေါ်စေခဲ့တာပဲ။"

မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်ပြီး အကြောင်းရင်းကို ရုတ်တရက် သဘောပေါက်သွားလေသည်။

အဲဒီလိုကိုး။ အဲဒီနောက်ကွယ်မှာ တခြားအကြောင်းပြချက်ရှိမယ်လို့ ထင်ခဲ့တာ။

"ခင်ဗျား မျိုးနွယ်စုဝင်တွေနဲ့ စကားမပြောတော့ဘူးလား။ ခင်ဗျားကို အဖော်ပြုပေးဖို့အတွက် အပြင်လူ တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ဒီအတိုင်း ထားခဲ့တော့မလို့လား။"

"အပြင်လူတစ်ယောက် ဖြစ်တာက ပိုကောင်းပါတယ်။ အနည်းဆုံးတော့ မင်း ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်။ မင်းအသံကို ကြားတာနဲ့တင် ငါ ဆက်မနေချင်တော့ဘူး။ ငါ့ရဲ့မျိုးနွယ်စုဝင်တွေ ဝိုင်းရံပြီး သေရမယ်ဆိုရင် ငါ သေဖို့တွန့်ဆုတ်နေမှာကို စိုးရိမ်မိတယ်။"

မုန့်ချင်ကျိုး၏မျက်နှာ ညိုမည်းသွား၏။

ချီးပဲ။ အဲဒါက ဘယ်လိုစကားမျိုးလဲ။ စေတနာကို အလွဲသုံးစား လုပ်နေတာ။

"ခင်ဗျား မြန်မြန်သေလေ၊ မြန်မြန် လူဝင်စားလေပဲ။ ခင်ဗျားရဲ့ နောက်ဘဝမှာ ကျွန်တော့်ရဲ့ လက်အောက်ခံဖြစ်ဖို့ အခွင့်အရေးရရင် ဇိမ်ကျကျ နေရမယ်လို့ အာမခံတယ်။"

"ကောင်းပါပြီ..."

"မုန့်ချင်ကျိုး..."

"ဟမ်။ ဘာဖြစ်လို့လဲ။"

"ငါ မင်းကို အကူအညီတစ်ခု တောင်းလို့ ရမလား။"

"ပြောလေ။"

"တကယ်လို့ မင်းနိုင်ရင် လီတိုင်ယွမ်ရဲ့အသက်ကို ချမ်းသာပေးပြီး လီမိသားစုသွေးကြော ဆက်လက် တည်တံ့အောင် လုပ်ပေးနိုင်မလား။ သေချာတာပေါ့။ အကယ်၍ ကျိဝူရွှမ် နိုင်ရင်၊ မဟာကျင်းတိုင်းပြည်ရဲ့ မီးတောက်လေးတစ်ခု ဆက်လက် ရှင်သန်နေစေဖို့အတွက် သူတို့ကို တိတ်တဆိတ်ကူညီပေးဖို့ လီယဲ့ကို ငါ ညွှန်ကြားထားပြီးသားပါ။ နှစ်ဖက်စလုံးအတွက် အနည်းငယ် လှုပ်ရှားစရာနေရာ ချန်ထားခဲ့တာပေါ့။"

"ခင်ဗျားက မျက်ရည်ချူတဲ့ဖဲချပ်ကို ကစားဖို့အတွက် နောက်ဆုံးခရီးမှာ ကျုပ်ကို လိုက်ပို့စေချင်တာပေါ့။ အဘိုးကြီး... ခင်ဗျားက သေခါနီးမှာတောင် အကြံအစည်တွေ လုပ်နေတုန်းပဲ။"

လီရွှမ်ကျင်း၏မျက်နှာ အနည်းငယ် နီရဲသွားပြီး ပြောလိုက်သည်။ "ဒါဆို မင်း သဘောတူလား မတူဘူးလားလို့ ငါ မေးနေတာပါ။"

"ကောင်းပါပြီ... ဒါဆိုလည်း။"

"ကျေးဇူးတင်ပါတယ်။"

သူ၏ နောက်ဆုံ စကားလုံးများကို ပြောဆိုပြီးနောက် လီရွှမ်ကျင်းသည် သူ၏ဓားကို အားပြုလိုက်ရာ ခန္ဓာကိုယ်မှာ ပြာအဖြစ် ပြောင်းလဲသွားပြီး မှေးမှိန်နေသော နေဝင်ချိန်အလင်းတွင် ပျောက်ကွယ်သွားလေသည်။

ညကောင်းကင်ယံက ကျယ်ပြောပြီး လပြည့်ဝန်းက တောက်ပစွာ လင်းလက်နေ၏။

အနက်ရောင်ဝတ် လူငယ်တစ်ဦးက မိုးမခပင်အောက်တွင် တစ်ဦးတည်း ရပ်နေပြီး သူ၏ဘေးနားရှိ မြေကြီးထဲတွင် ဓားတစ်လက် စိုက်ထားလေသည်။

အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက်။

သူက ဝိုင်ဘူးကို ကောက်ကိုင်ကာ မြေကြီးပေါ်သို့ ဝိုင်လောင်းချလိုက်ပြီး ပြောလိုက်၏။

"ဂရုစိုက်ပါ…"

…

All Chapters